top of page

အကြမ်းဖက် စစ်ကော်မရှင်မှ အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံးဒဏ်ရာရ၊ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ပျက်စီး

  • Nov 19, 2025
  • 1 min read

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ည (၈) နာရီခန့် အချိန်တွင် ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ အလယ်ရွာသစ်ကျေးရွာနှင့် တောင်ငူကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းမှ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

 

ဤကဲ့သို့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အလယ်ရွာသစ်ကျေးရွာမှ အပြစ်မဲ့ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောင်ငူကျေးရွာရှိ အထက်တန်းကျောင်းသူအရွယ် (၁) ဦးအပါအဝင် အမျိုးသမီး (၃) ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ဦးတို့မှာလည်း အပြင်းစား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ထို့အပြင် အလယ်ရွာသစ်ကျေးရွာရှိ အခြေခံပညာမူလတန်း စာသင်ကျောင်း (၁) ကျောင်း၊ တောင်ငူကျေးရွာရှိ အခြေခံပညာ အလယ်တန်း စာသင်ကျောင်း (၁) ကျောင်းနှင့် အရပ်သား လူနေအိမ် (၁) လုံးတို့မှာလည်း ရန်သူ့လေကြောင်းမှဗုံးထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည်။

 

စစ်ရှုံးဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်သည် ကျောက်ဖြူမြို့ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်အား ပိုမိုသတိထားကြပါရန် ထပ်မံအသိပေးအပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေးအာရက္ခတပ်တော်

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page