top of page

သတင်းထုတ်ပြန်ချက်

  • Dec 29, 2023
  • 1 min read






သတင်းထုတ်ပြန်ချက်

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်

 

၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ (၂၇) ရက်နေ့၌ စတင်ခဲ့ပြီး နှစ်ပတ်ကျော်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်မှ ရက္ခိုင်နှင့် ပလက်ဝဒေသ စစ်မျက်နှာများအပြင် ရက္ခိုင့်တပ်တော်၏ စစ်ရေးလိုအပ်ချက်အရ လှုပ်ရှားရာနယ်မြေများ၌ “စစ်ဆင်ရေး”ကို စတင်နိုင်ခဲ့သည်။ စစ်ဆင်ရေးစတင်သည့်နေ့မှ ယနေ့အထိ တစ်ရက်မပျက် ဆက်တိုက်စစ်ဆင်ရေးကို ဆင်နွှဲနိုင်ခဲ့သည်။

 

ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲ့အစည်းများနှင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အတူတကွ ဆင်နွှဲနေသကဲ့သို ရက္ခိုင်၊ ပလက်ဝဒေသနှင့် အခြားသော ဒေသများ၌လည်း တစ်ဖွဲ့တည်း ဆင်နွှဲ လျက်ရှိသည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် စစ်ဆင်ရေး စတင်သည့်နေ့မှစ၍ ရက္ခိုင်နှင့် ပလက်ဝဒေသရှိ မိမိတို့ပစ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက် ရယူထားပြီးဖြစ်သလို တချိုပစ်မှတ်များမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားလျက်ရှိသည်။

 

မိမိတို့  ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆၊ ၂၇၊ ၂၈) ရက်နေ့များတွင်လည်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များထဲမှ တချို့ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ နောက်ထပ်ကျန်ရှိနေသေးသည့် စစ်ဆင်ရေးပစ်မှတ်များကိုလည်း ဆက်လက် တိုက်ခိုက် သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းအား လည်းကောင်း---

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၆) နာရီ (၁၀) မိနစ်အချိန်တွင် ပလက်ဝမြို့  ခဝဲဗျူဟာကုန်းအား လည်းကောင်း---

 

ထိုအပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအားလည်းကောင်း---

 

ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့သည်။

 

မိမိတို့ သိမ်းပိုက်ရယူထားသော ရန်သူ့စခန်းကုန်းများမှ ရန်သူ့အလောင်း အမြောက်အမြား၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ ပုပ်ပွပြီး အနံ့အသက်မကောင်းစွာဖြင့် နေရာအနှံ့ ပြန့်ကြဲသေဆုံးနေသော ရန်သူ့အလောင်းများစွာတိုအား ကောင်းစွာမြေမြှုပ်သင်္ဂြိုဟ်ထားပြီးဖြစ်သည်။

 

တစ်ပြိုင်နက်တည်းတွင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများအား လိုက်လံချေမှုန်းလျက်ရှိသည်။

 

လက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ဤသတင်းထုတ်ပြန်ချက်နှင့်အတူ အာမခံကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။

 

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

 
 
 

1 Comment


Rinar 05
Rinar 05
Dec 29, 2023

Fighting ပါတပ်တော်

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page