top of page

သတင်းထုတ်ပြန်ချက်

  • Jul 23, 2022
  • 1 min read

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဂျူလိုင်လ (၂၃) ရက်


၂၀၂၂ ခုနှစ်၊ ဂျူလိုင်လ (၁၇) ရက်နိတွင် ရက္ခိုင့်တပ်တော်မှ စစ်ဆီးမိန်းမြန်းရန် ခေါ်ယူခသော ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရီးမှူး ဦးလှရွှေ (၅၃) နှစ် နန့် ယင်း၏ ယာဉ်မောင်း မောင်ကျော်နိုင် (၃၀) နှစ် ရို့ နှစ်ဦးကို ဒေနိ ဂျူလိုင်လ (၂၃) ရက်နိ၌ ကောင်းမွန်စွာ ပြန်လည်လွှတ်ပီးလိုက်ပြီး ဖြစ်ပါသည်။


စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်အတွင်း ရပ်ရွာများသို့ဝင်ရောက်ပြီး အပြစ်မဲ့အရပ်သားပြည်သူများကို ULA/AA နန့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ ပုဒ်မအမျိုးမျိုးတပ် ထောင်ချခြင်းရို့ကို ပြုလုပ်လျက်ဟိနီပါသည်။ ထို့ကြောင့် ရက္ခိုင့်တပ်တော်အနီဖြင့်လေ့ အခြေအနီ၏လိုအပ်ချက်အရ ဦးလှရွှေနန့် မောင်ကျော်နိုင်ရို့ကို စစ်ရီးနန့်ပတ်သက်မှု ဟိမဟိ ခေါ်ယူစစ်ဆီး မိန်းမြန်းရခြင်းဖြစ်သည်။


မိမိရို့ ULA/AA အနီနန့် လက်နက်ကိုင်ဆောင်ထားခြင်းမဟိသော စစ်ကောင်စီတပ်၏ လက်အောက်ခံ ဝန်ထမ်းများကို အခြေအနီ၏ လိုအပ်ချက်အရ ခေါ်ယူစစ်ဆီးမိန်းမြန်းမှုများ ပြုလုပ်ခကေလေ့ စစ်ဖက်နန့်မသက်ဆိုင်ကြောင်းသိဟိရပါက ကောင်းကောင်းမွန်မွန် ပြန်လည်လွှတ်ပီးဖူးသော သာဓကများစွာ ရှိတွင် ဟိဖူးပါသည်။


ယခုတကြိမ်တွင်လေ့ မြို့နယ်အုပ်ချုပ်ရီးမှူး ဦးလှရွှေ နန့် ယာဉ်မောင်း မောင်ကျော်နိုင်ရို့ နှစ်ဦးမှာ မိမိရို့မှ စစ်ဆီးမီးမြန်းချက်အရ စစ်ဖက်ဆိုင်ရာနန့် ပတ်သက်မှု မဟိသည့်အတွက် ဒေနိ ဂျူလိုင်လ (၂၃) ရက်နိ မွန်းတည့် (၁၂) နာရီ (၁၅) မိနစ်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနန့်ကျောက်ဆိပ်ရွာကြား၌ ပြန်လည်လွှတ်ပီးလိုက်ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


AA Info Desk



Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page