လက်နက်စက်ရုံ တည်ဆောက်ဖို့ ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်




Unicode


11 March 2020၂၀၁၉ ခုနှစ် ဧပြီလက လိုင်ဇာမြို့တွင် တွေ့ရသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / နန်းလွင်နှင်းပွင့် / ဧရာဝတီ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင်းမှာ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြားက နယ်မြေ စိုးမိုးဖို့ အားပြိုင်ပြီး အပြန်အလှန် တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေက ရပ်တန့်ခြင်း မရှိသေးပါဘူး။ပလက်ဝ ဒေသခံ ၆ သောင်းခန့်ဟာ စစ်ဘေးဒဏ်ခံနေရတဲ့ အပြင် စားနပ်ရိက္ခာ ခက်ခဲမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ဒီ့ပြင် မြေပြင်က AA တပ်ဖွဲ့ဝင်တွေက ပလက်ဝက ရခိုင်ပြည်ဒေသခံ ခူမီးမျိုးနွယ်စုဟာ ရခိုင်လူမျိုး ဖြစ်တယ်လို့ ပြော ဆိုကြတဲ့ အပေါ်မှာလည်း အငြင်းပွားမှုတွေနဲ့ အမြင်မကြည်မှုတွေ ရှိနေကြပါတယ်။ပလက်ဝက တိုက်ပွဲတွေရဲ့ အခြေအနေ၊ ပလက်ဝမြို့နယ် အပေါ် AA ရဲ့ စစ်ရေး ရည်မှန်းချက်၊ ခူမီးမျိုးနွယ်စုတွေ အပေါ် သဘောထားနဲ့ ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။


မေး ။ ။ မတ် ၇ ရက် ပလက်ဝမြို့နယ် မီးချောင်းတံတားနားက တိုက်ပွဲမှာ တပ်မတော်ဘက်က မီးလောင်ဗုံးတွေ ကျဲချ တယ် ဆိုပြီး AA ဘက်ကထုတ်ပြန်တာ တွေ့ရတယ်။ မီးလောင်ဗုံး အမျိုးအစားက ဘာလဲ။ ဘယ်လိုပုံစံမျိုးလဲ။


ဖြေ ။ ။ ကျနော်တို့ အဲဒီ အမျိုးအစားတွေ အတိအကျတော့ မပြောနိုင်သေးပါဘူး။ အရင်ထက် ပိုကြီးမားတဲ့ ဗုံးကြီးတွေ ပစ်ချနေတာတော့ ဟုတ်တယ်။ မီးလောင်ဗုံးတွေပေါ့။ ကျနော်တို့ အတိအကျတော့ အခုလောလောဆယ် မပြောနိုင် သေးဘူး။ ကျနော်တို့ ခန့်မှန်းတာက Thermobaric Bomb ပေါင်၂၅၀ ၊ ပေါင် ၅၀၀ ဗုံးတွေ ဖြစ်ဖို့ များပါတယ်။ ပေါက် ကွဲအား ပြင်းထန်ပြီး အနီးနားရှိတဲ့ အောက်ဆီဂျင်တွေပါ လောင်ကျွမ်းတာပေါ့။သူက Waves တွေနဲ့ ရိုက်ပြီး ကွဲတော့ ဘန်ကာထဲက လူတွေပါ နားစည်တွေ ကွဲတယ်။ ဒီလို ရိုက်ခတ်မှု ရှိတာမျိုးပါ။ အနီးအနား ပတ်ဝန်းကျင်နားမှာလည်း ကျကွဲတာကိုး။ ကလေးတွေ ဘာတွေ နားပင်းသွားတာတို့၊ နားက သွေးထွက် လာတာတို့ အဆုတ်တွေ မွန်းပြီး သတိလစ်သွားတာတို့ Thermobaric ဗုံးကြီးတွေနဲ့ တူပါတယ်။


မေး ။ ။ ဒီလို ပြင်းအားကြီးတဲ့ ဗုံးကျဲ တိုက်ခိုက်မှုက ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်မြေပြင်မှာရော ကြုံရလား။ ပလက်ဝမှာ ပထမဆုံး ကြုံရတာလား။


ဖြေ ။ ။ တခြားနေရာတွေမှာလည်း ချခဲ့တာ ရှိပါတယ်။ ကျနော်တို့ တောင်ကုန်းတွေမှာ တိုက်ပွဲတွေ အရမ်း ပြင်းလာ ပြီ။ သူတို့ရဲ့စစ်ကြောင်းတွေ အဘက်ဘက်က ပိတ်မိနေတဲ့ အနေအထားတွေမှာဆိုရင် သုံးပါတယ်။ အခုနောက်ပိုင်း တော့ အသုံးများတာပေါ့။ ကျနော်တို့ ရဲဘော်တချို့ နားက အသံမကြားတော့တာတို့ အခုနောက်ပိုင်း သတင်းပို့တာ တွေမှာ တွေ့ရပါတယ်။


မေး ။ ။ မီးချောင်း တံတားက ဗျူဟာကုန်းက ကျောက်တော်နဲ့ ပလက်ဝကြား ရေကြောင်းကို အဓိက ထိန်းချုပ်နိုင်မယ့် နေရာဖြစ်လို့ AA က ထိုးစစ်ဆင်နေတာလို့ ကြားရပါတယ်။ ဟုတ်ပါသလား။


ဖြေ။ ။ တိုက်ပွဲတခုကတော့ ရည်ရွယ်ချက်တွေက တခု မကပါဘူး။ အများကြီးတော့ ရှိမှာပါ။ အဲဒီနေရာက ရေကြောင်း ရော တခြားနယ်မြေ စိုးမိုးရေးအရရော အရေးပါတာလည်း ဟုတ်ပါတယ်။ အဲဒီလိုပါပဲ ရည်ရွယ်ချက်တွေကတော့ အများကြီး ရှိမှာပါ။အကြောင်းပြုပြီး ဖြစ်တာကတော့ မီးချောင်းတံတား ဗျူဟာကုန်းကို အကြောင်းပြုပြီး တိုက်ပွဲဖြစ်နေတာပေါ့။ ဒါပေမယ့် အဲဒီ တခွင်လုံးမှာ သူ့ရဲ့စစ်ကူတွေက ကျောက်တော်ဘက်က တက်လာတဲ့ တပ်ရင်းက ကျနော်တို့ ဖမ်းမိထားတဲ့ သုံ့ ပန်းတွေဆီကနေ သိရတာက အနည်းဆုံး ၄ ရင်း ရှိမယ်။ တပ်မ ၅၅၊ ဒေသခံ တပ်ရင်း ရှိမယ်။ ကျောက်တော်ဘက်က လာနေတာ ၅ ရင်းလောက် ရှိတယ်။ပလက်ဝ မြောက်ဘက် မီးချောင်းရဲ့ မြောက်ဘက်ကနေလာပြီး တိုးနေတာလည်း ၂ ရင်း၊ ၃ ရင်းတော့ ရှိမယ်။ တပ်မ ၅၅ ရဲ့ ပုံမှန် စစ်ကြောင်း ဖွဲ့စည်းပုံက အင်အား ၁၅၀နဲ့ ၁၈၀ ကြားပေါ့။ ကျနော်တို့ စုံစမ်းလို့ သိထားတာ။ ဆိုတော့ စစ် ကူက မြေပြင်ကနေ လာတာ ရှိတယ်။ ရဟတ်ယာဉ်နဲ့ လာပြီး ပို့တာ ၈ စင်းရှိပြီ။ ရဟတ်ယာဉ်နဲ့ လာပြီးပို့တာက တပ်မ ၇၇ တပ်ရင်းတွေ ဖြစ်တယ်။ ကျနော်တို့ ဖမ်းမိထားတဲ့ သူတို့ တချို့စစ်သားတွေ သူတို့က ဒဏ်ရာရတဲ့ စစ်သားတချို့ ကို ပတ်တီးစည်းပြီး ဒီတိုင်းထားခဲ့တယ်။ကျနော်တို့ ဆေးကုပြီးတော့ ကယ်ထားတာတွေ တချို့ ရှိတယ်။ အဲဒါတွေကို စစ်ဆေးကြည့်တော့ တပ်မ ၇၇ ၊ ခမရ ၇။ မနေ့ကလည်း ၄ စင်း ပြန်လာချတယ်။ အဲဒီ၂ ဖွ့ဲလုံးနဲ့လည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ စစ်ကူဝင်လာတဲ့ တပ်ရင်းတွေလည်း ပိတ်မိနေတဲ့ သဘောပေါ့။ ဆိုတော့ သူတို့က အသဲအသန် နေ့ရော ညပါ ဗုံးကျဲပြီးတော့ အဲဒီ တခွင်လုံးကို တိုက်ခိုက်နေပါတယ်။


မေး ။ ။ တပ်မတော်ဘက်က ပြင်းအားကြီးတဲ့ ဗုံးတွေနဲ့ ရေရှည်တိုက်ခိုက်လာရင် AA ဘက်က စစ်သားတွေ တောင့်ခံ နိုင်ပါ့မလား။


ဖြေ ။ ။ ကျနော်တို့ စစ်သားတွေကတော့ တော်တော်လေး တိုက်ရည်ခိုက်ရည်နဲ့ သတ္တိပိုင်းမှာတော့ ယုံကြည်မှုရှိ တယ်။ လက်နက်ပိုင်းမှာတော့ ကွာခြားတာပေါ့။ ဒါပေမယ့် ကျနော်တို့ဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာ သာလွန်မှုနဲ့ သတ္တိကောင်းမွန်မှုတွေ ကြိုးစားအားထုတ်မှုတွေ အများကြီး ရှိပါတယ်။ သူ့ရဲ့အားသာချက်နဲ့ သူပါပဲ။ သူ့ရဲ့ဗျူဟာ ကုန်းအဖွဲ့ကျတော့ သူတို့ ရိက္ခာတွေ တော်တော်ပြတ်သွားပြီ။ ဒီရက်ပိုင်းမှာ မတ် ၈ ရက်ကလိုမျိုး ဆိုရင် သူတို့ ရဟတ် ယာဉ် ၇ စင်း သုံးတယ်။ ၁၀ ကြိမ်မက လာဗုံးကျဲတယ်။ပြီးတော့ ဂျက်လေယာဉ်က အပေါ်က ဝဲပြီးတော့ ဒုံးတွေနဲ့ ပစ်တာတို့ ဗုံးကျဲတာတို့ ရှိတယ်။ တပြိုင်တည်းမှာပဲ ကုန် ပစ္စည်းတင်တဲ့ ကုန်တင်လေယာဉ်လို့ ခေါ်မလား။ အဲဒါနဲ့ လာပြီး အပေါ်ကနေ ဆန်ပြုတ်ထုတ်တွေ ရေခဲတွေ ရေသန့် ဖာတွေတော့ ချပေးနေတယ်။ တချို့ရဲဘော်တွေ ကျနော်တို့ အသေဖမ်းမိတဲ့ ရဲဘော်တွေဆိုရင် ပိန်ချုံးပြီးတော့ တော် တော်လေး အခြေအနေ မကောင်းတော့တာတွေ တွေ့ပါတယ်။ ဆိုတော့ သူ့အားသာချက်နဲ့ သူပါပဲ။ တိုက်ပွဲကတော့ တော်တော် ပြင်းပြင်းထန်ထန်နဲ့ တိုက်နေပါတယ်။


မေး ။ ။ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေကို AA ဘက်က ပစ်ခတ်နိုင်တာရော ရှိလား။


ဖြေ ။ ။ ကျနော်တို့ ဘက်ကလည်း လောလောဆယ်တော့ သူတို့ ရဟတ်ယာဉ်တွေ ပေါက်သွားတာတော့ ရှိတာပေါ့။ ကွဲသွားတာတော့ မရှိပါဘူး။ လောလောဆယ်တော့ ကျနော်တို့လည်း ကြိုးစားနေပါတယ်။ ကျနော်တို့က တကယ်လို့ လေကြောင်းရန်ကို ကာကွယ်နိုင်တယ်ဆိုရင် ထိရောက်အောင် တုံ့ပြန်နိုင်တယ် ဆိုရင်တော့ ဒီစစ်ပွဲက အပြောင်းအလဲ တခုတော့ ဖြစ်သွားမှာပဲ။ အဲဒါ အတွက်တော့ ကျနော်တို့ ကြိုးစားနေတယ်။ လောလောဆယ် ပေါက်အောင်တော့ လုပ် နိုင်တယ်။ ကွဲအောင်တော့ မလုပ်နိုင်သေးဘူးပေါ့ဗျာ။ သူတို့ ရဟတ်ယာဉ်တွေမှာ ဒဏ်ရာတွေ အများကြီး ရှိပါတယ်။


မေး ။ ။ မီးချောင်းတံတား ဗျူဟာကုန်း အပါအဝင် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရော AA ရဲ့ရိက္ခာသယ်တဲ့ လမ်းကြောင်း ကို တပ်မတော်ဘက်က ဖြတ်တိုက်နေတာ ရှိတယ်ဆို အဲဒါကရော အခြေအနေက ဘယ်လို ရှိပါသလဲ။


ဖြေ ။ ။ ရိက္ခာလမ်းကြောင်းတွေကတော့ သူဖြတ် ကိုယ်ဖြတ်ပါပဲ။ သူ့လမ်းကြောင်းကို ကိုယ်ဖြတ်သလို ကိုယ့်လမ်း ကြောင်းကိုလည်း သူဖြတ်ဖို့ ကြိုးစားတာတော့ ရှိတာပေါ့။ ကျနော်တို့ ဒီမှာ စိတ်မကောင်းတာကတော့ အရပ်သား ပြည်သူတွေရဲ့ ရိက္ခာလမ်းကြောင်းကပဲ အဖြတ်ခံနေရတာ စိတ်မကောင်းပါဘူး။မကြာခင်ကပဲ ကျနော်တို့ ကြေညာချက် ထုတ်ခဲ့တယ်။ ပြည်သူတွေအတွက် ရိက္ခာပို့မယ်ဆိုရင် တတ်နိုင်တဲ့ဘက်က ကူညီပေးမယ်လို့ ကျနော်တို့ ကြေညာတယ်။ ဒါပေမယ့် မကြာပါဘူး။ ဒီကျောက်တော် စကခ ၉ ၊ တပ်မ ဌာနချုပ်နားက ရိက္ခာသယ်တဲ့ ဟာတွေကို ပိတ်ဆို့လိုက်ပြီ ဆိုတော့ ကျနော်တို့ ကြားရတယ်။ ကျနော်တို့ကတော့ အဲဒါတွေကို ဘာမှ မတတ်နိုင်ပါဘူး။ ကျနော်တို့ ရှေ့ကို ရောက်လာရင်တော့ ကူညီပေးဖို့ ညွှန်ကြားထားပါတယ်။


မေး ။ ။ ကျမတို့ ဖေဖော်ဝါရီ ၂၀ ရက်ကျော်တုန်းက ပလက်ဝမှာ ရှိနေတော့ အရပ်သားတချို့နဲ့ တွေ့ပါတယ်။ ဖေဖော် ဝါရီ ၂၇၊ ၂၈ ကျောက်တော်ဘက်က တက်လာတော့ စက်လှေတစင်းကို ဆန် ၅ အိတ်ပဲ သယ်ခွင့်ရမယ်ဆိုပြီး ဆန် အိတ်တွေကို AA စစ်သားတွေက ယူထားလိုက်တယ်လို့ ပြောကြတယ်။ ဗွီကုန်းရွာနားမှာတဲ့။ ဒါတွေကရော အောက် ခြေမှာ ဘယ်လို ညွှန်ကြားထားလဲ။


ဖြေ ။ ။ ဖေဖော်ဝါရီ ၂၇၊ ကျနော်တို့ တချို့ကိစ္စတွေကတော့ ကျနော်တို့က အရပ်သားတွေရဲ့ ဆန်၊ ဒါက စစ်တပ်ရဲ့ ရိက္ခာဆိုတာ အရေအတွက်ကအစ ကျနော်တို့ ကြိုသိထားတာတွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့က အကုန်လုံး ကို ယူထားလိုက်တာ မဟုတ်ဘူး။ သူ့ရဲ့စစ်တပ်ရယ်၊ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ရိက္ခာတွေကို ကျနော်တို့ ယူထား လိုက်တာ ဖြစ်ပါတယ်။ အရပ်သားတွေရဲ့ဟာကို ကျနော်တို့ မယူပါဘူး။ တကယ်လို့ ကျနော်တို့ ယူထားတဲ့ဟာမှာပါခဲ့ ရင်တောင် ပိုက်ဆံဖြစ်ဖြစ် အချိန်မီ ပြန်ပေးပါတယ်။ အဲဒါလည်း ကြားမိမှာပါ။ ပညာရေးဝန်ထမ်းတွေရဲ့ လစာတွေက အစပေါ့။ ကျနော်တို့ ပြန်ပေးပါတယ်။


မေး။ ။ ပလက်ဝ ဧရိယာမှာ ရှိတဲ့ AA တပ်ဖွဲ့ဝင်တွေက သူတို့ ရိက္ခာရေး ဖြေရှင်းဖို့ ဘယ်လို ဆောင်ရွက်လဲ။ အရပ် သားတွေဆီက ဝယ်ယူတာလား။ ဘယ်လိုလုပ်ကြလဲ။ ကိုယ့်လမ်းနဲ့ ကိုယ်ဝယ်တာလား။လက်နက်စက်ရုံ တည်ဆောက်ဖို့ ရည်မှန်းချက် အခိုင်အမာ ရှိပါတယ် ဝယ်ယူရတာပါပဲ။ ခက်ခက်ခဲခဲ ဝယ်ယူတာပေါ့။ တခါတလေ ကျနော်တို့ ညွှန်ကြားထားတာ ရှိတယ်။ တိရစ္ဆာန် တွေ ကျွဲ နွားတွေ ဝယ်လို့ ရွာသားတွေ တောင်းခဲ့ရင် တောင်းတဲ့ ဈေးပဲပေးပါ။ ဈေးမဆစ်ပါနဲ့။ အဲဒါတွေ ကျနော်တို့ မှာ ထားတယ်။ တကယ်လို့ တိုင်တာတောတာ ရှိရင် သေသေချာချာ အရေးယူတယ်။ ကျနော်တို့ရွာကိုသွားပြီး လျော်ပေး တာရှိတယ်။ တချို့ကျတော့ လျော်ကြေးတွေ အပြည့်မရတာလည်း ရှိတာပေါ့။ ကျနော်တို့ကတော့ ပြောလာရင်တာ့ လျော်ပေးရမှာပေါ့။ ပြည်သူတွေဆီကနေ ဒါမျိုး လုပ်လို့ မရပါဘူး။


မေး ။ ။ ကျမတို့ ရောက်ခဲ့တဲ့ ရွာတချို့မှာ ဈေးတဝက်ပဲ ရတယ်တဲ့။ ကြောက်လို့ မပြောရဲတာတဲ့။ ပြောနေကြတာရှိ တယ်။ ဒီကိစ္စတွေကရော အထက်က ပိုက်ဆံ အပြည့်အဝ ပေးသလား။ ဘယ်လိုမျိုး ဖြစ်တာလဲ။


ဖြေ ။ ။ ဒါမျိုး သိရတဲ့အတွက် ဧရာဝတီကိုလည်း ကျေးဇူးတင်တယ်။ ကျနော်တို့ အဲဒီကိစ္စကို ပြန်စိစစ်မယ်။ ပိုက်ဆံ တော့ အလုံအလောက် ပေးထားတယ်။ အထူးသဖြင့် ပြည်သူဆီက ဒါမျိုး ဖြစ်ပြီဆိုရင် ကျနော်တို့ရဲ့ စည်းရုံးရေးတွေ ရော အကုန် အစစအရာရာ ထိခိုက်တာပဲ။ အထူးသဖြင့်တော့ ပြည်သူ့အကျိုးစီးပွား မထိခိုက်ဖို့ ကျနော်တို့ ဂရုစိုက်ရ မယ်။ ဒါမျိုး ကြားသိရတဲ့အတွက်လည်း ကျနော်တို့ ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။


မေး ။ ။ ပလက်ဝမြို့နယ်အတွက် စစ်ရေး ရည်မှန်းချက်ကရော ဘယ်လို ထားရှိထားပါသလဲ။


ဖြေ ။ ။ ပလက်ဝ ဒေသကတော့ ကျနော်တို့ ပထဝီအရ ပြောပြော၊ သမိုင်းအရ ပြောပြော၊ လက်ရှိ အခြေအနေ အတွက် ပြောပြော၊ အနာဂတ်အတွက် ပြောပြော ဘယ်လိုမှ ကျနော်တို့ လှုပ်ရှားမှုနဲ့ ခွဲခြားလို့မရတဲ့ ဒေသတခု ဖြစ်တယ်။ အဲဒါ ကြောင့် ကျနော်တို့က စစ်ဘက်ဆိုင်ရာ မူဝါဒ၊ နိုင်ငံရေး ရည်မှန်းချက်တွေကတော့ ကျနော်တို့မှာ အခိုင်အမာ ရှိထားပါ တယ်။ မြန်မာ့ တပ်မတော်ကို ဒီနေရာကနေ တိုက်ထုတ်ရမှာပဲ။ ရခိုင်ပြည်က တိုက်ထုတ်သလိုမျိုးပေါ့။ပြီးရင် အရေးကြီးဆုံးကတော့ အဲဒီဒေသက တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ကျနော်တို့ သေချာ အရမ်း ဂရုစိုက် တယ်။ တိုက်ပွဲကာလမှာ စစ်မြေပြင်မှာ ကြမ်းကြမ်း တမ်းတမ်းနဲ့ ကြုံရတဲ့ ခါးသီးစရာ အတွေ့အကြုံတွေတော့ ရှိမှာပါ။ သို့သော်လည်း ကျနော်တို့ အခွင့်အရေး ရတာနဲ့ သေချာကုစားပြီးမှ မျှမျှတတ ဖြစ်အောင် ကြိုးစားသွားပါမယ်။


မေး ။ ။ ပလက်ဝက နယ်စပ် တနေရာရာမှာရော ဌာနချုပ်တခု တည်ဆောက်ဖို့ ရှိလား။ လက်ရှိရော ပလက်ဝထဲမှာ စခန်းတွေ ချပြီး နေနေပြီလား။


ဖြေ။ ။ ကျနော်တို့ စခန်းတွေ အများကြီး ရှိပါတယ်။ ဒီလောက်များတဲ့ အင်အားကို အုပ်ချုပ်တဲ့ ကျနော်တို့ရဲ့ ကွပ်ကဲ ရေးဌာနတွေတော့ နေရာအသီးသီး ရှိတာပေါ့။ လျှို့ဝှက် ရှိပါတယ်။ အဲဒါကြောင့်လည်း စစ်ဆင်ရေးတွေကို ဒီလောက် ထိ စနစ်တကျနဲ့ ဖော်ဆောင်နိုင်တာ၊ စစ်ဆင်ရေးတွေ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့က ထိန်းချုပ်နယ်မြေဆို ပြီးတော့မှ ကိုယ့်ရဲ့ ဘိုးဘွားပိုင်နယ်တွေမှာ အကွက်လေး တကွက်ကို မက်မောနေတာ မဟုတ်ပါဘူး။ ကျနော်တို့မှာ ဒီထက်ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်။ ဒေသတခုလုံးကို ရအောင် တိုက်သွားမယ်။


မေး ။ ။ ပလက်ဝကို AA စစ်သားတွေ ဘယ်လို စတင် ဝင်ရောက်လာခဲ့သလဲ။


ဖြေ ။ ။ ကျနော်တို့ကတော့ ၂၀၁၁ အကုန်၊ ၂၀၁၂ လောက်ကတည်းက အဲဒီဘက်ကို ရောက်ပြီးသားပါ။ ရောက်ပြီး တော့ လိုအပ်တာတွေ ပြင်ဆင်ရတာပေါ့။ အသေးစိတ်တော့ ပြောဖို့လည်း မသင့်တော်သေးပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် တောင်ပေါ် ဒေသတွေ ဆိုရင်လည်း တောင်ပေါ် ဒေသတွေမှာ ကျနော်တို့ရဲ့ အမျိုးအနွယ်တွေ ရခိုင်လူမျိုးတွေရော အရင်ကတည်းက ရခိုင်တော်လှန်ရေး အဆက်ဆက်မှာ ပါဝင်ခဲ့တဲ့ လူကြီးသူမတွေ အများကြီး နေထိုင်ကြပါတယ်။ အဲဒါတွေက ကျနော်တို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ပြီးရင် ပလက်ဝ ဒေသရဲ့ မြန်မာနိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံရဲ့ အနိမ့်ကျဆုံးဒေသဆိုတော့ အစိုးရရဲ့ အဆက် အသွယ်လည်း သိပ်မရှိဘူး။ သူ့ရဲ့ပထဝီအနေအထား၊ သဘာဝ အနေအထားတွေကလည်း ကျနော်တို့ တိုးတိုးတိတ် တိတ် စိမ့်ဝင်ဖို့ အများကြီး အထောက်အကူ ဖြစ်ပါတယ်။ သူ့ရဲ့အခက်အခဲတွေကတော့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး အစစ အရာရာ အခက်အခဲ ရှိတာပေါ့။ဒါပေမယ့် အဲဒီ အခက်အခဲ အားနည်းချက်တွေကို အားသာချက် ဖြစ်အောင် ကျနော်တို့က ဒုက္ခ အပင်ပန်းခံပြီးတော့မှ တည်ဆောက်ပြီး ထိုးဖောက်ခဲ့ပါတယ်။ ကျနော်တို့ ၅ နှစ်၊ ၆ နှစ် အချိန်ယူပြီးမှ လျှို့ဝှက်စွာနဲ့ ကြိုးစား တည်ဆောက်ခဲ့ တယ်။ အဲဒါကြောင့်လည်း ဒီအခြေအနေမှာ ဒီလို ရပ်တည်ပြီးတော့မှ တိုက်ပွဲဝင်နိုင်တာပါ။


မေး ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းထဲကို ဝင်ဖို့ အတွက်ကရော ပလက်ဝထဲက ဝင်ခဲ့တာပေါ့။


ဖြေ ။ ။ အဲဒီကိစ္စကတော့ မှန်ပါတယ်။ ကျနော်တို့ ရန်သူလည်း အရမ်းသိချင်မှာပဲ။ အဲဒီ ကိစ္စတွေကို။ မှန်သင့်သ လောက်ကတော့ မှန်ပါတယ်။


မေး ။ ။ ဒီလောက်များတဲ့ လူအင်အား၊ လက်နက် အင်အားတွေကို ပြည်တွင်းလမ်းကပဲ ဖြတ်ပြီး အသုံးပြုခဲ့တာလား။ ဘယ်က ဘယ်လို ဝင်လာကြတာလဲ။


ဖြေ ။ ။ အဲဒါလည်း ကျနော်တို့ ရန်သူ အရမ်းသိချင်မှာပဲ။ သူလည်း သိသင့်သလောက်တော့ သိတာပေါ့။ ကျနော်တို့ နည်းလမ်းပေါင်းစုံပဲ။ မကြာခင်လည်း လက်နက်တွေ ထုတ်နိုင်မယ်လို့တော့ ထင်နေတာပဲ။ ထင်တာ မဟုတ်ပါဘူး။ ကြိုးစားနေတယ်။ ဒီ့ထက် အင်အားကြီးရင်တော့ Power က တဖက်နဲ့ တဖက် အချင်းချင်း Balance ဖြစ်သွားပြီဆိုရင်၊ အင်အားကြီးသွားပြီ ဆိုရင် စစ်တိုက်စရာ မလိုတော့ဘူးလေ။ ငြိမ်းချမ်းရေး ရပြီ။ ဒါကြောင့် ငြိမ်းချမ်းမယ့် နည်းလမ်း အတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ရက္ခိုင့် တပ်တော်ကို ပိုအင်အားကောင်းအောင် တည်ဆောက် သွားမယ်။


မေး ။ ။ ဗိုလ်ချုပ်ပြောပုံအရ ဆိုရင် လက်နက်စက်ရုံ တည်ဆောက်နေပြီလို့ ဆိုလိုတာလား။


ဖြေ။ ။ မဟုတ်ပါဘူး။ ပြုပြင်ထိန်းသိမ်းနိုင်တဲ့ အဆင့်တွေတော့ ကြိုးစားထားပါတယ်။


မေး။ ။ လက်နက်တွေ ထုတ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတော့ လက်နက်စက်ရုံ တည်ဆောက်ဖို့ စီစဉ်နေ တာရော ရှိလား။


ဖြေ။ ။ အဲဒီလို ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်။


မေး။ ။ စက်ရုံတည်ဆောက်မယ် ဆိုရင်ရော ဘယ်လို လက်နက် အမျိုးအစားတွေ ထုတ်နိုင်လောက်လဲ။


ဖြေ။ ။ ဒါကတော့ ပြောလို့ မရသေးဘူး။ ကြီးကြီးမားမား လုပ်နိုင်လေ ကောင်းလေပဲပေါ့။ ကိုယ့်ရဲ့လုံခြုံရေးနဲ့ အချုပ် အခြာအာဏာကို အာမခံနိုင်ဖို့ အတွက် ကျနော်တို့ကတော့ ရရင်ရသလောက် ကြိုးစားရမှာပဲလေ။


မေး။ ။ ပလက်ဝက သမိုင်းကြောင်း အရဆို ငြင်းခုံမှုတွေ ရှိနေကြတယ်နော်။ ဒီအပြင် ဒေသခံ ခူမီးမျိုးနွယ်စုက သူတို့ ဟာ ချင်းဖြစ်တယ်။ တိုက်ပွဲဖြစ်နေတာကို မကြိုက်ဘူး။ အောက်ခြေမှာလည်း ချင်းနဲ့ ရခိုင်ကြား ယုံကြည်မှုတွေ ပျက် ပြားတာ တွေ့ရတယ်။ ဒီလို တင်းမာနေမှု တွေဘယ်လို လျှော့ချဖို့ စဉ်းစားချက် ရှိပါသလဲ။

ဖြေ။ ။ ပလက်ဝမှာတော့ ခူမီးက နံပါတ် ၁ ပေါ့။ ပြီးရင် ရခိုင်ပေါ့။ ပြီးရင် ချင်းတွေ ရှိမယ်။ ချင်းမျိုးနွယ်စုတွေ အလျှို ချင်းတို့ ဒိုင်တို့ပေါ့။ ခူမီးထဲမှာလည်း နိုင်ငံရေး အရ နည်းနည်းပါးပါး နိုးကြားတဲ့ အုပ်စုတွေ ရှိမယ်။ အဓိက ကတော့ လက်ရှိ မြို့ပေါ်မှာ နေပြီး နိုင်ငံရေးအရ တက်ကြွတဲ့ အုပ်စုတွေကတော့ အရင်စစ်တပ် နောက်ခံရှိတဲ့ အုပ်စုတွေဆို တော့ ကျနော်တို့ကို ဆန့်ကျင်တဲ့ သဘောရှိတယ်။ သူတို့ရဲ့ ချိတ်ဆက်တွေနဲ့ တွေ့ရင်တော့ ကျနော်တို့ကို မနှစ်သက် တဲ့ စကားပြောမှာပဲ။ကျနော်တို့နဲ့ ထိတွေ့ဖူးတဲ့ အဆင်ပြေတဲ့ လူတွေကျတော့ မျှမျှတတ ပြောမှာပဲ။ ဒါကြောင့် ကိုယ်ကြားဖူးတဲ့ စကားက ဆန့်ကျင်ဘက် စကားဆိုရင် ဆန့်ကျင်ဘက် အုပ်စုက ပြောတဲ့ စကားတွေ ဖြစ်ဖို့ များပါတယ်။ ကျနော်တို့နဲ့ ထိတွေ့ဖူး တဲ့သူတွေ ကျနော်တို့ ကူညီဖူးတဲ့ သူတွေဆိုရင် အဆင်ပြေတဲ့ စကားတွေပဲ ကြားရပါလိမ့်မယ်။ တိုက်ပွဲကာလဆိုတော့ အရာခပ်သိမ်းကို အဆင်ပြေအောင် လူပေါင်းစုံ ကျေနပ်အောင် လုပ်ဖို့ကတော့ ကျနော်တို့မှာ အခက်အခဲ ရှိတယ်။ သို့သော် ကျနော်တို့မှာ လူမျိုးပေါင်းစုံ တန်းတူမျှတမှု လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုတွေ သူ့ ရဲ့အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ပတ်သက်ပြီး တန်းတူမျှတတဲ့ အခွင့်အရေးတွေကို သေချာ ပြဋ္ဌာန်း ထားတယ်။


မေး။ ။ ရွာတွေမှာ တရွာက ရခိုင်ရွာ၊ တရွာက ခူမီးရွာဆိုရင် ရခိုင်ရွာမှာ AA ရှိကို ရှိတယ် ဆိုပြီး တရွာနဲ့ တရွာ မကူး ရဲတာ၊ ကျမတို့ သတင်းလာယူတုန်းကလည်း ရခိုင်ရွာ သွားမယ်ဆို လုံးဝ မလိုက်တော့ဘူး။ ကိုယ့်ဘာသာ သွားချင် သွားပါဆိုပြီး ယုံကြည်မှု ပျက်နေတာ တွေ့ရတယ်။ ရခိုင်ဆိုရင် သတင်းပေးသူတွေ ဒေသထဲ AA တွေဝင်လာဖို့ လမ်းပြ သူတွေဆိုပြီး သူတို့က ထင်နေကြတယ်။ ဒါနဲ့ ပတ်သက်ရင်ရော ဘာများ ပြောချင်ပါသလဲ။


ဖြေ ။ ။ လူမျိုးစု အချင်းချင်းကြားက သဟဇာတဖြစ်မှုကို အနှောင့်အယှက် ပေးပြီး လှုံ့ဆော်နေတယ်။ ယုံကြည်မှုတွေ ပျက်အောင် လုပ်နေတာက အရင် စစ်တပ်အရာရှိ အုပ်စုဟောင်းကနေ လှုံ့ဆော်နေတာလို့ ကျနော်တို့ မြင်တယ်။ အရင်တုန်းက ကျနော်တို့ မရောက်လာခင် ၂၀၁၂ ရဲ့ ရှေ့ပိုင်းမှာ ဘာသာရေးအရ မသင့်မြတ်မှုတွေ ရှိတယ်။ အခု နောက်ပိုင်းမှာ ကျနော်တို့က ရခိုင် အသိုင်းအဝိုင်းတွေကိုရော ခူမီး အသိုင်းအဝိုင်းတွေကိုရော တတ်နိုင်သမျှ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တဦးနဲ့တဦး လေးစားမှုရှိဖို့လည်း အမြဲပြောတယ်။ ကျနော်တို့ တပ်ထဲက ခူမီးအရာရှိတွေဆိုရင် သူတို့ ခူမီး ဘာသာစကားနဲ့ သေသေချာချာ ပြောထားတာတွေကို ဗီဒီယိုမှတ်တမ်းတွေ ကျနော်တို့က သေချာ သိမ်းထားပါ တယ်။ အထောက်အထားတွေပေါ့။ကျနော်တို့က လူမျိုးစု အချင်းချင်း သဟဇာတ ဖြစ်ရေးကို ကြိုးစားနေတဲ့အချိန်မှာ အရင် စစ်အရာရှိဟောင်းတွေက လူမျိုးစု ပဋိပက္ခတွေကို လှုံ့ဆော်ပြီး ဒါမျိုးပြောတော့ သံသယတွေကတော့ ရှိနေမှာပဲ။ တကယ်ဆိုရင် ရခိုင်တွေနေတဲ့ ရွာကိုလာလို့ ခူမီးတွေ သေသွားတာလည်း မရှိသေးပါဘူး။ ဖမ်းသွားတာလည်း မရှိဘူး။ AA က အဓမ္မ စုဆောင်းရေး လုပ်တာလည်း မရှိသေးပါဘူး။ တခါတခါတော့ ရန်သူကို သွားပြီး သတင်းပေးတယ် ဆိုတာကို အထောက်အထားနဲ့ သိ တာတို့ သူ သတင်းပေးလိုက်လို့ ကျနော်တို့ ရဲဘော်တွေ သေဆုံးသွားတယ်တို့ အခြေအနေမျိုး ဆိုရင်တော့ ဖမ်းသွား တာ မလွှဲမရှောင်သာ အခြေအနေမျိုးမှာ ရှိပါတယ်။


မေး ။ ။ ခူမီး မျိုးနွယ်စုနဲ့ ပတ်သက်ရင် သူတို့က ရခိုင်ထဲပါလား။ ချင်းထဲပါသလား။ ဗိုလ်ချုပ်က ဘယ်လို လက်ခံထား ပါသလဲ။


ဖြေ ။ ။ မနုဿဗေဒ အရဆိုရင်တော့ တောင်ပေါ် လူမျိုးစုပေါ့။ တိဗက်တိုဘားမန်း အုပ်စုလို့ပဲ ပြောရမယ်။ ချင်းမှာ လည်း သူ့မှာ ၅၂ စု ရှိတယ်။ တခုနဲ့ တခုလည်း တခါတလေ ထပ်တူမကျတာ ရှိပါတယ်။ ဘာသာရေးအရလည်း ဂိုဏ်းဂနတွေ မတူညီကြပါဘူး။ တချို့ အုပ်စုဆိုရင် ရခိုင်နဲ့ ပိုအဆင်ပြေတယ်။ တချို့ဆိုရင် မပြေတာလည်း ရှိတယ်။ ဒါပေမယ့် အများကတော့ ပြေပါတယ်။ ခူမီးအုပ်စုမှာလည်း တစုထဲမှာတောင် ကျနော်တို့ကို ဆန့်ကျင်ဘက် မြင်တဲ့ စစ်အုပ်စု နောက်ခံ အုပ်စုတွေ ရှိသလို သာမန် တောင်သူ အရပ်သားတွေ ဆိုရင်လည်း သာသာယာယာ အေးအေး ဆေးဆေးပါပဲ။ခူမီး လူမျိုးစုကတော့ မျိုးရင်းကတော့ တိဗက်တိုဘားမန်းပဲ။ ချင်းအုပ်စုလို့ ပြောလို့ ရတယ်။ ဒါပေမယ့် ချင်းမှာလည်း ၅၂ မျိုး ရှိတယ်။ တခါတလေ သူတို့ နာဂကိုရော ကူကီးကိုရော ချင်းအုပ်စုထဲမှာ ပါတယ်လို့ ပြောတယ်။ နာဂတို့ ကူကီး တို့က ချင်းမဟုတ်ဘူးလို့ ပြောကြတယ်။ အမျိုးမျိုးပါပဲနော်။ အယူအဆကတော့ ကိုယ်ခင်ရာ ဆွေမျိုးလုပ်နေရတဲ့ အနေအထားပေါ့။ ကျနော်တို့ ရခိုင်တွေဘက်က ခူမီးကို ရခိုင်မျိုးနွယ်စုထဲကို ပါတယ်လို့ ပြောတာက မှားယွင်းမှု တခု လို့ ကျနော် ထင်တယ်။ ရောထွေးမှု တခုပေါ့။ကျနော်တို့ ရခိုင်ပြည်မှာ ခမီ မျိုးနွယ်စု ဆိုတာ ရှိတယ်။ ခမီမျိုးနွယ်စုကို ရခိုင်မျိုးနွယ်စု ဆိုပြီးမှ ကျနော်တို့ စာပေယဉ် ကျေးမှုမှာ ပြောထားတယ်။ ရခိုင်ရာဇဝင် သမိုင်းတွေမှာလည်း နှစ်ထောင်ချီပြီးမှ ရခိုင်နိုင်ငံတော်ထဲမှာ နေလာခဲ့တဲ့ လူ မျိုးစု တစုအဖြစ် ကျနော်တို့ သမိုင်းမှာ အထင်အရှား ရှိတယ်။ မှတ်တမ်းတွေလည်း ဒီအတိုင်းပဲ။ ရခိုင်ပြည်ထဲက ဗုဒ္ဓ ဘာသာရော ခရစ်ယာန် ကိုးကွယ်တဲ့ ခမီတွေရော ဒီအတိုင်းပဲ ညီအစ်ကို ဆက်ဆံရေး ရှိတယ်။ တကယ်တော့ ခူမီး နဲ့ ခမီ ဆိုတာလည်း အတူတူပါပဲ။ သူတို့က မြစ်ရဲ့ အပေါ်မှာ နေတော့ အပေါ် ခမီပေါ့။ သူတို့က သူတို့ကိုယ် သူတို့တော့ ခူမီးလို့ ပြန်ပြောလိုက်တယ်။ခရစ်ယာန် သာသနာကို ယုံကြည်တော့ သူနဲ့ သာသနာ နီးစပ်တဲ့ ချင်းတွေကို ခင်မင်တာပေါ့။ ဘာသာရေး ခံစားချက်နဲ့ နိုင်ငံရေး ခံစားချက် ရောပြီး ရခိုင်ကို ဆန့်ကျင်သလို ပြန်ဖြစ်သွားတာပေါ့။ ကျနော်မြင်တာကတော့ မြန်မာနိုင်ငံမှာ တောင်ပေါ် ဒေသမှာနေတဲ့ ခရစ်ယာန် ကိုးကွယ်သူ တချို့က ဗုဒ္ဓဘာသာကို ဆန့်ကျင်ဘက် အမြင်တွေ ရှိနေတာ ရှိ တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် သုံးသပ်ကြည့်တာ မြန်မာ စစ်တပ်က ခရစ်ယာန် ဘုရားကျောင်းတွေကို ဖျက် ဆီးတာတို့ လက်ဝါးကပ်တိုင်တွေကို ရိုက်ချိုးတာတွေ လုပ်လာတော့ ဒီဗုဒ္ဓဘာသာတွေ ဗမာတွေက ငါတို့ ခရစ်ယာန်ကို ချိုးနှိမ်တယ် ဖျက်ဆီးတယ် ဆိုတဲ့ ခံစားချက်က နဂို ရှိရင်းစွဲ ရှိတယ်။ အဲဒီမှာ ရောထွေးပြီး ကျနော်တို့က အမုန်းခံ လိုက်ရတာလို့ ကျနော် မြင်တယ်။ကျနော်တို့ ULA ထဲမှာရော ရခိုင်တွေထဲမှာရော ကျနော်တို့က ခူမီးနဲ့ ခမီဆိုတာကို သေသေချာချာ နားလည်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ပြီးတော့ သူဘာဖြစ်ချင်လဲပေါ့။ သူက ချင်းလို့ ခံယူချင်တယ်ဆိုလည်း ဒါ သူ့ရဲ့အခွင့်အ ရေးပါပဲ။ ကျနော်တို့ အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ ကျနော်တို့ဘက်ကလည်း အောက်ခြေမှာ နားလည်အောင် ပြောပြထားရဦးမယ်။ သူတို့ မကြိုက်တာတွေကို မပြောမိဖို့ပေါ့။


မေး။ ။ ပလက်ဝမှာ ပဋိပက္ခတွေ ဖြစ်လာတော့ ချင်းအသိုင်းအဝိုင်းမှာ AA ကို ပြန်ချဖို့ လက်နက် တပ်ဆင်ပေးဖို့ ပြော ဆိုသံတွေလည်း ကြားရတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ရင် သုံးသပ်ချက် ဘယ်လိုရှိပါသလဲ။


ဖြေ။ ။ အဲဒါကိုလည်း ကျနော်တို့ သေချာ ကြည့်တယ်။ ချင်းမျိုးနွယ်စု အမျိုးမျိုးပါတဲ့ ချင်းအမျိုးသားတွေထဲမှာ မြန်မာ စစ်တပ်ကနေ စစ်မှုထမ်းဟောင်းတွေ အများကြီး ရှိတယ်။ မြန်မာစစ်တပ်က တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ ဖြစ်ရင် အချင်းချင်း တိုက်တဲ့ အကွက်ကို သုံးနေကျ ဖြစ်တယ်။ သူက သူ့ရဲ့စစ်မှုထမ်းဟောင်းတွေကို ခေါ်လိုက်ပြီးမှ သူပြော ချင်တဲ့ စကားကို လူမျိုးစု စစ်မှုထမ်းဟောင်းတွေ ဆီကနေ သူ့ရဲ့မူဝါဒကို ပြောခိုင်းတယ်။ ဒါက ချင်းနဲ့ ရခိုင် ဖြစ်တာပါ ဆိုတဲ့ အသွင်ကို ယူပြီးတော့မှ နိုင်ငံရေး ကစားတာ။မမြင့်မြတ်တဲ့ နိုင်ငံရေး ကစားကွက်၊ ရေရှည်အကျိုးအတွက် အလားအလာ မကောင်းဘူး။ ဒါမျိုး ကစားကွက်တွေက။ သူတို့ စစ်မှုထမ်းဟောင်းတွေက ပြောတာပါ။ သေချာ စိစစ် ကြည့်ပါ အမြစ်ကို တွေ့ပါလိမ့်မယ်။ ချင်းတွေက ကျနော်တို့ ရခိုင်မှာလည်း အများကြီး ရှိတယ်လို့ ကျနော် ခဏခဏ ပြောဖူးပါတယ်။ ဘာပြဿနာမှ မရှိဘူး။ ရခိုင်အချင်းချင်းမှာ တောင် စစ်မှုထမ်းဟောင်းတွေကို ခေါ်ပြီးတော့ ပြည်သူ့စစ် လုပ်မလားဆိုပြီး လုပ်တယ်။ တခါတလေ ALP တို့ကို တောင်ခေါ်ပြီးတော့ ပြည်သူ့စစ်လုပ်မလား ဆိုပြီး သပ်လျှိုသွေးခွဲတာတွေ သူတို့ အမြဲတမ်း ကြိုးစားပါတယ်။


မေး ။ ။ ချင်းနဲ့ ရခိုင်အပြင် ပလက်ဝကို ဝင်လာရင် စစ်ဆေးရေး ဂိတ်တွေမှာရော ဗမာလူမျိုးဆိုတဲ့ မှတ်ပုံတင် ကိုင်လာ ရင် ဗမာဆိုရင် ဗမာစကားပြောသူ ဆိုရင် ပစ်မှတ်ထား ဖမ်းဆီးခံရမယ်။ သတ်ဖြတ်ခံရမယ် ဆိုတဲ့ စကားတွေ ပြောတာ ကြားရတယ်။ ကြုံလည်း ကြုံခဲ့ရတယ်။ ပလက်ဝ မြို့ထဲမှာလည်း အဲဒီ သတင်းစကားတွေ ပြန့်နေတယ်။ ထမင်းဆိုင်၊ မုန့်ဆိုင်မှာလည်း အချင်းချင်း သတိပေးတာမျိုး ကြားလာရပါတယ်။


ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စမှာ သေချာ စိစစ်ရမှာက ဒါက အချက်အလက်ကို အခြေခံထားတဲ့ ကောလဟလလား။ ဒါမှ မဟုတ် ခိုင်မာတဲ့ အထောက်အထားနဲ့ ပြောတာတွေလား ဆိုတာ ချင့်ချိန်ဖို့ လိုပါတယ်။ ရခိုင်တိုက်ပွဲ ကာလအတွင်း မှာ ကျနော်တို့ ဖမ်းမိပြီးမှ သေချာ ကူညီပြီး လွှတ်လိုက်တဲ့ ဗမာလူမျိုးတွေ အများကြီး ရှိတယ်။ မီးသတ်ထဲမှာလည်း ရှိ တယ်။ အလုပ်သမားတွေရော လမ်းစရိတ်ပေးပြီးမှ ပြန်လွှတ်လိုက်တာတွေရော ရှိတယ်။ နောက်တခုက တပ်မ ၂၂ ကရော တပ်မ ၅၅ ကရော စစ်ပြေး ဗမာတွေကို လမ်းစရိတ်ပေးပြီး သေချာကူညီပြီး လွှတ်ပေးလိုက်တာတွေ အများ ကြီး ရှိတယ်။ဟိုကောင်လေး ၂ ယောက် (မြောက်ဦးမြို့နယ်တွင် ဈေးလာရောင်းရင်း ဖမ်းဆီးခံရ၊ ရိုက်နှက်ခံရပြီး သေဆုံးသွားသူ ၂ ဦး) ကိစ္စကတော့ ကျနော် အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် ဒီလောက် တိုက်ပွဲဖြစ်တဲ့နေရာမှာ ပိုက်ဆံ ၁ သောင်းကို အသက်စွန့်ပြီး လာတောင်းတယ် ဆိုတော့ သူ စိစစ်ခံရမှာပဲ။ လက်လွန်ခြေလွန် ဖြစ်သွားတာတော့ ကျနော်တို့ အမှား ပြန်ဖြစ်သွားတာပေါ့။ ဒီဗမာကို လူမျိုးရေးအရ ဦးတည်ပြီး လုပ်တယ်ဆိုတာက ဇော်မင်းထွန်းတို့ပြော တာလို့ ကျနော်တို့ ကြားမိတယ်။ သူတို့ ပြောသလို ဟုတ်မဟုတ် ဆိုတာ ကျနော်တို့ လုပ်ရပ်တွေကို ကြည့်ရင် အရမ်း သိသာပါတယ်။ကျနော်တို့ရဲ့ မူဝါဒက ရခိုင်ဒေသကနေ ဗမာ့တပ်မတော်ကို တိုက်ဖြစ်တယ်။ ဗမာ လက်နက်ကိုင် ဆိုရင် ကျနော်တို့က တိုက်ရမှာပဲ။ အဲဒီမှာ ဗမာလူမျိုး ပညာရှင်တွေ ရှိမယ်။ တခြားသော ကျောင်းဆရာတွေ ရှိမယ်။ သူတို့က သူ့အလုပ် သူ လုပ်တယ်ဆိုရင် ကျနော်တို့က ကျေးဇူးတောင်တင်ရမယ်။ ဒါ နယ်ချဲ့တပ် ဖြစ်တယ်။ ကျူးကျော်တဲ့ တပ်ဖြစ်တယ် ဆို တာ ကျနော်တို့ရဲ့သတ်မှတ်ချက် တင်ရပါဦးမယ်။ခင်ဗျားတို့လည်း ပလက်ဝကို ဗမာစကားပြောပြီး ရောက်သွားတာပဲ။ အဲဒီအချိန်မှာ ဗမာဂိတ်ကနေ ဗမာဂိတ်ဆိုတာ ဗမာစစ်တပ်ကို ပြောတာပါ။ ဗမာဂိတ်ကနေ ခြိမ်းခြောက်မှုအနေနဲ့ ပြောတာကို ကြားခဲ့ရတာက လွဲလို့ တကယ်ကိုယ် သွားတဲ့ အချိန်မှာ လက်တွေ့ ခံစားချက်နဲ့ပဲ ချင့်ချိန်ကြည့်ပါ။ ကျနော်တို့ဘက်က မြစ်တလျှောက်ရော တောင်ကုန်းတွေ ပေါ်မှာရော ကျနော်တို့ အများကြီး ရှိတယ်။ တကယ်လို့ ကျနော်တို့က လူမျိုးရေး အမုန်းသမားတွေဆိုရင် သတင်း သမားတွေ ကိုယ်တိုင်လည်း အခက်အခဲတော့ ဖြစ်မှာပဲ။ မှန်ကန်တဲ့ အချက်အလက်တွေကို အခြေခံတဲ့ စွပ်စွဲချက်တွေ လား၊ ကောလဟလတွေလား ဆိုတာကတော့ လုပ်ရပ်တွေနဲ့ ချင့်ချိန်ကြည့်လို့ ရပါတယ်။


မေး။ ။ အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးနေတဲ့ Bilateral ကရော ပြေလည်လာနိုင်ပါသလား။


ဖြေ။ ။ Bilateral ကတော့ ဝေဝေဝါးဝါးပါပဲ။ သူတို့ဘက်ကလည်း အလျှော့အတင်း လုပ်မယ့် အပြောအဆို လေသံတွေ ကျနော်တို့ မကြားမိဘူး။ နဂိုရပ်တည်ချက် အတိုင်းဆိုရင်တော့ ဝေဝေဝါးဝါးပဲ ရှည်ကြာနေမှာပါ။


မေး။ ။ ဒါဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ပလက်ဝမှာ ဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေက ဘယ်လို အခြေအနေ မျိုးလောက် ရောက်ရင် တည်ငြိမ်သွားနိုင်မလဲ။


ဖြေ ။ ။ ကျနော်တို့ဘက်က ကြီးကြီးမားမားနဲ့ အနိုင်ရသွားရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားမယ်။ ကျနော်တို့ ရှုံးခဲ့ တာ နှစ်ပေါင်းများပြီလေ။ ကျနော်တို့ ရခိုင်တွေ နှစ်ပေါင်း၂၀၀ ကျော် ရှုံးခဲ့တယ်။ လက်နက်မကိုင်ဘဲ နှစ်ပေါင်း ၇၀ လောက် နေခဲ့တယ်။ ဒါပေမယ့် ဘာမှ မတိုးတက်ဘူး။ အဆင်းရဲဆုံးဒေသ ဖြစ်နေတယ်။လုံးဝ မခံနိုင်တော့လို့ လက်နက်ကိုင်ပြီး တော်လှန်လာတော့ ကျနော်တို့ရဲ့ ဆင်းရဲနိမ့်ကျမှုတွေကို လက်နက်ကိုင်လို့ ဆင်းရဲတယ် ဆိုပြီးတော့ ပြောင်းပြန် လက်ညှိုး ထိုးပြနေတယ်။ သဘာဝ မကျတာတွေကို ပြောင်းလဲပစ်လိုက်ဖို့ အတွက် လက်နက်ကိုင် တော်လှန်ရေးကို လုံးဝ အပြီးသတ် အောင်မြင်အောင် ဆင်နွှဲရမယ်။




Zawgyi


11 March 2020၂၀၁၉ ခုႏွစ္ ဧၿပီလက လိုင္ဇာၿမိဳ႕တြင္ ေတြ႕ရသည့္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ / နန္းလြင္ႏွင္းပြင့္ / ဧရာဝတီ


ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္းမွာ တပ္မေတာ္ႏွင့္ ရကၡိဳင္ စစ္တပ္ (AA) တို႔ၾကားက နယ္ေျမ စိုးမိုးဖို႔ အားၿပိဳင္ၿပီး အျပန္အလွန္ တိုက္ခိုက္ေနၾကတဲ့ တိုက္ပြဲေတြက ရပ္တန႔္ျခင္း မရွိေသးပါဘူး။ပလက္ဝ ေဒသခံ ၆ ေသာင္းခန႔္ဟာ စစ္ေဘးဒဏ္ခံေနရတဲ့ အျပင္ စားနပ္ရိကၡာ ခက္ခဲမႈနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။ဒီ့ျပင္ ေျမျပင္က AA တပ္ဖြဲ႕ဝင္ေတြက ပလက္ဝက ရခိုင္ျပည္ေဒသခံ ခူမီးမ်ိဳးႏြယ္စုဟာ ရခိုင္လူမ်ိဳး ျဖစ္တယ္လို႔ ေျပာ ဆိုၾကတဲ့ အေပၚမွာလည္း အျငင္းပြားမႈေတြနဲ႔ အျမင္မၾကည္မႈေတြ ရွိေနၾကပါတယ္။ပလက္ဝက တိုက္ပြဲေတြရဲ႕ အေျခအေန၊ ပလက္ဝၿမိဳ႕နယ္ အေပၚ AA ရဲ႕ စစ္ေရး ရည္မွန္းခ်က္၊ ခူမီးမ်ိဳးႏြယ္စုေတြ အေပၚ သေဘာထားနဲ႔ ပတ္သက္ၿပီး ဧရာဝတီ အႀကီးတန္း သတင္းေထာက္ နန္းလြင္ႏွင္းပြင့္က AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကို ဆက္သြယ္ ေမးျမန္းထားပါတယ္။


ေမး ။ ။ မတ္ ၇ ရက္ ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္းတံတားနားက တိုက္ပြဲမွာ တပ္မေတာ္ဘက္က မီးေလာင္ဗုံးေတြ က်ဲခ် တယ္ ဆိုၿပီး AA ဘက္ကထုတ္ျပန္တာ ေတြ႕ရတယ္။ မီးေလာင္ဗုံး အမ်ိဳးအစားက ဘာလဲ။ ဘယ္လိုပုံစံမ်ိဳးလဲ။


ေျဖ ။ ။ က်ေနာ္တို႔ အဲဒီ အမ်ိဳးအစားေတြ အတိအက်ေတာ့ မေျပာႏိုင္ေသးပါဘူး။ အရင္ထက္ ပိုႀကီးမားတဲ့ ဗုံးႀကီးေတြ ပစ္ခ်ေနတာေတာ့ ဟုတ္တယ္။ မီးေလာင္ဗုံးေတြေပါ့။ က်ေနာ္တို႔ အတိအက်ေတာ့ အခုေလာေလာဆယ္ မေျပာႏိုင္ ေသးဘူး။ က်ေနာ္တို႔ ခန႔္မွန္းတာက Thermobaric Bomb ေပါင္၂၅၀ ၊ ေပါင္ ၅၀၀ ဗုံးေတြ ျဖစ္ဖို႔ မ်ားပါတယ္။ ေပါက္ ကြဲအား ျပင္းထန္ၿပီး အနီးနားရွိတဲ့ ေအာက္ဆီဂ်င္ေတြပါ ေလာင္ကြၽမ္းတာေပါ့။သူက Waves ေတြနဲ႔ ႐ိုက္ၿပီး ကြဲေတာ့ ဘန္ကာထဲက လူေတြပါ နားစည္ေတြ ကြဲတယ္။ ဒီလို ႐ိုက္ခတ္မႈ ရွိတာမ်ိဳးပါ။ အနီးအနား ပတ္ဝန္းက်င္နားမွာလည္း က်ကြဲတာကိုး။ ကေလးေတြ ဘာေတြ နားပင္းသြားတာတို႔၊ နားက ေသြးထြက္ လာတာတို႔ အဆုတ္ေတြ မြန္းၿပီး သတိလစ္သြားတာတို႔ Thermobaric ဗုံးႀကီးေတြနဲ႔ တူပါတယ္။


ေမး ။ ။ ဒီလို ျပင္းအားႀကီးတဲ့ ဗုံးက်ဲ တိုက္ခိုက္မႈက ရခိုင္ျပည္နယ္ေျမာက္ပိုင္းက စစ္ေျမျပင္မွာေရာ ႀကဳံရလား။ ပလက္ဝမွာ ပထမဆုံး ႀကဳံရတာလား။


ေျဖ ။ ။ တျခားေနရာေတြမွာလည္း ခ်ခဲ့တာ ရွိပါတယ္။ က်ေနာ္တို႔ ေတာင္ကုန္းေတြမွာ တိုက္ပြဲေတြ အရမ္း ျပင္းလာ ၿပီ။ သူတို႔ရဲ႕စစ္ေၾကာင္းေတြ အဘက္ဘက္က ပိတ္မိေနတဲ့ အေနအထားေတြမွာဆိုရင္ သုံးပါတယ္။ အခုေနာက္ပိုင္း ေတာ့ အသုံးမ်ားတာေပါ့။ က်ေနာ္တို႔ ရဲေဘာ္တခ်ိဳ႕ နားက အသံမၾကားေတာ့တာတို႔ အခုေနာက္ပိုင္း သတင္းပို႔တာ ေတြမွာ ေတြ႕ရပါတယ္။


ေမး ။ ။ မီးေခ်ာင္း တံတားက ဗ်ဴဟာကုန္းက ေက်ာက္ေတာ္နဲ႔ ပလက္ဝၾကား ေရေၾကာင္းကို အဓိက ထိန္းခ်ဳပ္ႏိုင္မယ့္ ေနရာျဖစ္လို႔ AA က ထိုးစစ္ဆင္ေနတာလို႔ ၾကားရပါတယ္။ ဟုတ္ပါသလား။


ေျဖ။ ။ တိုက္ပြဲတခုကေတာ့ ရည္႐ြယ္ခ်က္ေတြက တခု မကပါဘူး။ အမ်ားႀကီးေတာ့ ရွိမွာပါ။ အဲဒီေနရာက ေရေၾကာင္း ေရာ တျခားနယ္ေျမ စိုးမိုးေရးအရေရာ အေရးပါတာလည္း ဟုတ္ပါတယ္။ အဲဒီလိုပါပဲ ရည္႐ြယ္ခ်က္ေတြကေတာ့ အမ်ားႀကီး ရွိမွာပါ။အေၾကာင္းျပဳၿပီး ျဖစ္တာကေတာ့ မီးေခ်ာင္းတံတား ဗ်ဴဟာကုန္းကို အေၾကာင္းျပဳၿပီး တိုက္ပြဲျဖစ္ေနတာေပါ့။ ဒါေပမယ့္ အဲဒီ တခြင္လုံးမွာ သူ႔ရဲ႕စစ္ကူေတြက ေက်ာက္ေတာ္ဘက္က တက္လာတဲ့ တပ္ရင္းက က်ေနာ္တို႔ ဖမ္းမိထားတဲ့ သုံ႔ ပန္းေတြဆီကေန သိရတာက အနည္းဆုံး ၄ ရင္း ရွိမယ္။ တပ္မ ၅၅၊ ေဒသခံ တပ္ရင္း ရွိမယ္။ ေက်ာက္ေတာ္ဘက္က လာေနတာ ၅ ရင္းေလာက္ ရွိတယ္။ပလက္ဝ ေျမာက္ဘက္ မီးေခ်ာင္းရဲ႕ ေျမာက္ဘက္ကေနလာၿပီး တိုးေနတာလည္း ၂ ရင္း၊ ၃ ရင္းေတာ့ ရွိမယ္။ တပ္မ ၅၅ ရဲ႕ ပုံမွန္ စစ္ေၾကာင္း ဖြဲ႕စည္းပုံက အင္အား ၁၅၀နဲ႔ ၁၈၀ ၾကားေပါ့။ က်ေနာ္တို႔ စုံစမ္းလို႔ သိထားတာ။ ဆိုေတာ့ စစ္ ကူက ေျမျပင္ကေန လာတာ ရွိတယ္။ ရဟတ္ယာဥ္နဲ႔ လာၿပီး ပို႔တာ ၈ စင္းရွိၿပီ။ ရဟတ္ယာဥ္နဲ႔ လာၿပီးပို႔တာက တပ္မ ၇၇ တပ္ရင္းေတြ ျဖစ္တယ္။ က်ေနာ္တို႔ ဖမ္းမိထားတဲ့ သူတို႔ တခ်ိဳ႕စစ္သားေတြ သူတို႔က ဒဏ္ရာရတဲ့ စစ္သားတခ်ိဳ႕ ကို ပတ္တီးစည္းၿပီး ဒီတိုင္းထားခဲ့တယ္။က်ေနာ္တို႔ ေဆးကုၿပီးေတာ့ ကယ္ထားတာေတြ တခ်ိဳ႕ ရွိတယ္။ အဲဒါေတြကို စစ္ေဆးၾကည့္ေတာ့ တပ္မ ၇၇ ၊ ခမရ ၇။ မေန႔ကလည္း ၄ စင္း ျပန္လာခ်တယ္။ အဲဒီ၂ ဖြ႕ဲလုံးနဲ႔လည္း တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္ေနတယ္။ စစ္ကူဝင္လာတဲ့ တပ္ရင္းေတြလည္း ပိတ္မိေနတဲ့ သေဘာေပါ့။ ဆိုေတာ့ သူတို႔က အသဲအသန္ ေန႔ေရာ ညပါ ဗုံးက်ဲၿပီးေတာ့ အဲဒီ တခြင္လုံးကို တိုက္ခိုက္ေနပါတယ္။


ေမး ။ ။ တပ္မေတာ္ဘက္က ျပင္းအားႀကီးတဲ့ ဗုံးေတြနဲ႔ ေရရွည္တိုက္ခိုက္လာရင္ AA ဘက္က စစ္သားေတြ ေတာင့္ခံ ႏိုင္ပါ့မလား။


ေျဖ ။ ။ က်ေနာ္တို႔ စစ္သားေတြကေတာ့ ေတာ္ေတာ္ေလး တိုက္ရည္ခိုက္ရည္နဲ႔ သတၱိပိုင္းမွာေတာ့ ယုံၾကည္မႈရွိ တယ္။ လက္နက္ပိုင္းမွာေတာ့ ကြာျခားတာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ဘက္က စိတ္ဓာတ္ပိုင္းဆိုင္ရာ သာလြန္မႈနဲ႔ သတၱိေကာင္းမြန္မႈေတြ ႀကိဳးစားအားထုတ္မႈေတြ အမ်ားႀကီး ရွိပါတယ္။ သူ႔ရဲ႕အားသာခ်က္နဲ႔ သူပါပဲ။ သူ႔ရဲ႕ဗ်ဴဟာ ကုန္းအဖြဲ႕က်ေတာ့ သူတို႔ ရိကၡာေတြ ေတာ္ေတာ္ျပတ္သြားၿပီ။ ဒီရက္ပိုင္းမွာ မတ္ ၈ ရက္ကလိုမ်ိဳး ဆိုရင္ သူတို႔ ရဟတ္ ယာဥ္ ၇ စင္း သုံးတယ္။ ၁၀ ႀကိမ္မက လာဗုံးက်ဲတယ္။ၿပီးေတာ့ ဂ်က္ေလယာဥ္က အေပၚက ဝဲၿပီးေတာ့ ဒုံးေတြနဲ႔ ပစ္တာတို႔ ဗုံးက်ဲတာတို႔ ရွိတယ္။ တၿပိဳင္တည္းမွာပဲ ကုန္ ပစၥည္းတင္တဲ့ ကုန္တင္ေလယာဥ္လို႔ ေခၚမလား။ အဲဒါနဲ႔ လာၿပီး အေပၚကေန ဆန္ျပဳတ္ထုတ္ေတြ ေရခဲေတြ ေရသန႔္ ဖာေတြေတာ့ ခ်ေပးေနတယ္။ တခ်ိဳ႕ရဲေဘာ္ေတြ က်ေနာ္တို႔ အေသဖမ္းမိတဲ့ ရဲေဘာ္ေတြဆိုရင္ ပိန္ခ်ဳံးၿပီးေတာ့ ေတာ္ ေတာ္ေလး အေျခအေန မေကာင္းေတာ့တာေတြ ေတြ႕ပါတယ္။ ဆိုေတာ့ သူ႔အားသာခ်က္နဲ႔ သူပါပဲ။ တိုက္ပြဲကေတာ့ ေတာ္ေတာ္ ျပင္းျပင္းထန္ထန္နဲ႔ တိုက္ေနပါတယ္။


ေမး ။ ။ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြကို AA ဘက္က ပစ္ခတ္ႏိုင္တာေရာ ရွိလား။


ေျဖ ။ ။ က်ေနာ္တို႔ ဘက္ကလည္း ေလာေလာဆယ္ေတာ့ သူတို႔ ရဟတ္ယာဥ္ေတြ ေပါက္သြားတာေတာ့ ရွိတာေပါ့။ ကြဲသြားတာေတာ့ မရွိပါဘူး။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔လည္း ႀကိဳးစားေနပါတယ္။ က်ေနာ္တို႔က တကယ္လို႔ ေလေၾကာင္းရန္ကို ကာကြယ္ႏိုင္တယ္ဆိုရင္ ထိေရာက္ေအာင္ တုံ႔ျပန္ႏိုင္တယ္ ဆိုရင္ေတာ့ ဒီစစ္ပြဲက အေျပာင္းအလဲ တခုေတာ့ ျဖစ္သြားမွာပဲ။ အဲဒါ အတြက္ေတာ့ က်ေနာ္တို႔ ႀကိဳးစားေနတယ္။ ေလာေလာဆယ္ ေပါက္ေအာင္ေတာ့ လုပ္ ႏိုင္တယ္။ ကြဲေအာင္ေတာ့ မလုပ္ႏိုင္ေသးဘူးေပါ့ဗ်ာ။ သူတို႔ ရဟတ္ယာဥ္ေတြမွာ ဒဏ္ရာေတြ အမ်ားႀကီး ရွိပါတယ္။


ေမး ။ ။ မီးေခ်ာင္းတံတား ဗ်ဴဟာကုန္း အပါအဝင္ ဘဂၤလားေဒ့ရွ္ နယ္စပ္မွာေရာ AA ရဲ႕ရိကၡာသယ္တဲ့ လမ္းေၾကာင္း ကို တပ္မေတာ္ဘက္က ျဖတ္တိုက္ေနတာ ရွိတယ္ဆို အဲဒါကေရာ အေျခအေနက ဘယ္လို ရွိပါသလဲ။


ေျဖ ။ ။ ရိကၡာလမ္းေၾကာင္းေတြကေတာ့ သူျဖတ္ ကိုယ္ျဖတ္ပါပဲ။ သူ႔လမ္းေၾကာင္းကို ကိုယ္ျဖတ္သလို ကိုယ့္လမ္း ေၾကာင္းကိုလည္း သူျဖတ္ဖို႔ ႀကိဳးစားတာေတာ့ ရွိတာေပါ့။ က်ေနာ္တို႔ ဒီမွာ စိတ္မေကာင္းတာကေတာ့ အရပ္သား ျပည္သူေတြရဲ႕ ရိကၡာလမ္းေၾကာင္းကပဲ အျဖတ္ခံေနရတာ စိတ္မေကာင္းပါဘူး။မၾကာခင္ကပဲ က်ေနာ္တို႔ ေၾကညာခ်က္ ထုတ္ခဲ့တယ္။ ျပည္သူေတြအတြက္ ရိကၡာပို႔မယ္ဆိုရင္ တတ္ႏိုင္တဲ့ဘက္က ကူညီေပးမယ္လို႔ က်ေနာ္တို႔ ေၾကညာတယ္။ ဒါေပမယ့္ မၾကာပါဘူး။ ဒီေက်ာက္ေတာ္ စကခ ၉ ၊ တပ္မ ဌာနခ်ဳပ္နားက ရိကၡာသယ္တဲ့ ဟာေတြကို ပိတ္ဆို႔လိုက္ၿပီ ဆိုေတာ့ က်ေနာ္တို႔ ၾကားရတယ္။ က်ေနာ္တို႔ကေတာ့ အဲဒါေတြကို ဘာမွ မတတ္ႏိုင္ပါဘူး။ က်ေနာ္တို႔ ေရွ႕ကို ေရာက္လာရင္ေတာ့ ကူညီေပးဖို႔ ၫႊန္ၾကားထားပါတယ္။


ေမး ။ ။ က်မတို႔ ေဖေဖာ္ဝါရီ ၂၀ ရက္ေက်ာ္တုန္းက ပလက္ဝမွာ ရွိေနေတာ့ အရပ္သားတခ်ိဳ႕နဲ႔ ေတြ႕ပါတယ္။ ေဖေဖာ္ ဝါရီ ၂၇၊ ၂၈ ေက်ာက္ေတာ္ဘက္က တက္လာေတာ့ စက္ေလွတစင္းကို ဆန္ ၅ အိတ္ပဲ သယ္ခြင့္ရမယ္ဆိုၿပီး ဆန္ အိတ္ေတြကို AA စစ္သားေတြက ယူထားလိုက္တယ္လို႔ ေျပာၾကတယ္။ ဗြီကုန္း႐ြာနားမွာတဲ့။ ဒါေတြကေရာ ေအာက္ ေျခမွာ ဘယ္လို ၫႊန္ၾကားထားလဲ။


ေျဖ ။ ။ ေဖေဖာ္ဝါရီ ၂၇၊ က်ေနာ္တို႔ တခ်ိဳ႕ကိစၥေတြကေတာ့ က်ေနာ္တို႔က အရပ္သားေတြရဲ႕ ဆန္၊ ဒါက စစ္တပ္ရဲ႕ ရိကၡာဆိုတာ အေရအတြက္ကအစ က်ေနာ္တို႔ ႀကိဳသိထားတာေတြ ရွိပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔က အကုန္လုံး ကို ယူထားလိုက္တာ မဟုတ္ဘူး။ သူ႔ရဲ႕စစ္တပ္ရယ္၊ လက္နက္ကိုင္ တပ္ဖြဲ႕ေတြရဲ႕ရိကၡာေတြကို က်ေနာ္တို႔ ယူထား လိုက္တာ ျဖစ္ပါတယ္။ အရပ္သားေတြရဲ႕ဟာကို က်ေနာ္တို႔ မယူပါဘူး။ တကယ္လို႔ က်ေနာ္တို႔ ယူထားတဲ့ဟာမွာပါခဲ့ ရင္ေတာင္ ပိုက္ဆံျဖစ္ျဖစ္ အခ်ိန္မီ ျပန္ေပးပါတယ္။ အဲဒါလည္း ၾကားမိမွာပါ။ ပညာေရးဝန္ထမ္းေတြရဲ႕ လစာေတြက အစေပါ့။ က်ေနာ္တို႔ ျပန္ေပးပါတယ္။


ေမး။ ။ ပလက္ဝ ဧရိယာမွာ ရွိတဲ့ AA တပ္ဖြဲ႕ဝင္ေတြက သူတို႔ ရိကၡာေရး ေျဖရွင္းဖို႔ ဘယ္လို ေဆာင္႐ြက္လဲ။ အရပ္ သားေတြဆီက ဝယ္ယူတာလား။ ဘယ္လိုလုပ္ၾကလဲ။ ကိုယ့္လမ္းနဲ႔ ကိုယ္ဝယ္တာလား။လက္နက္စက္႐ုံ တည္ေဆာက္ဖို႔ ရည္မွန္းခ်က္ အခိုင္အမာ ရွိပါတယ္ ဝယ္ယူရတာပါပဲ။ ခက္ခက္ခဲခဲ ဝယ္ယူတာေပါ့။ တခါတေလ က်ေနာ္တို႔ ၫႊန္ၾကားထားတာ ရွိတယ္။ တိရစာၦန္ ေတြ ကြၽဲ ႏြားေတြ ဝယ္လို႔ ႐ြာသားေတြ ေတာင္းခဲ့ရင္ ေတာင္းတဲ့ ေဈးပဲေပးပါ။ ေဈးမဆစ္ပါနဲ႔။ အဲဒါေတြ က်ေနာ္တို႔ မွာ ထားတယ္။ တကယ္လို႔ တိုင္တာေတာတာ ရွိရင္ ေသေသခ်ာခ်ာ အေရးယူတယ္။ က်ေနာ္တို႔႐ြာကိုသြားၿပီး ေလ်ာ္ေပး တာရွိတယ္။ တခ်ိဳ႕က်ေတာ့ ေလ်ာ္ေၾကးေတြ အျပည့္မရတာလည္း ရွိတာေပါ့။ က်ေနာ္တို႔ကေတာ့ ေျပာလာရင္တာ့ ေလ်ာ္ေပးရမွာေပါ့။ ျပည္သူေတြဆီကေန ဒါမ်ိဳး လုပ္လို႔ မရပါဘူး။


ေမး ။ ။ က်မတို႔ ေရာက္ခဲ့တဲ့ ႐ြာတခ်ိဳ႕မွာ ေဈးတဝက္ပဲ ရတယ္တဲ့။ ေၾကာက္လို႔ မေျပာရဲတာတဲ့။ ေျပာေနၾကတာရွိ တယ္။ ဒီကိစၥေတြကေရာ အထက္က ပိုက္ဆံ အျပည့္အဝ ေပးသလား။ ဘယ္လိုမ်ိဳး ျဖစ္တာလဲ။


ေျဖ ။ ။ ဒါမ်ိဳး သိရတဲ့အတြက္ ဧရာဝတီကိုလည္း ေက်းဇူးတင္တယ္။ က်ေနာ္တို႔ အဲဒီကိစၥကို ျပန္စိစစ္မယ္။ ပိုက္ဆံ ေတာ့ အလုံအေလာက္ ေပးထားတယ္။ အထူးသျဖင့္ ျပည္သူဆီက ဒါမ်ိဳး ျဖစ္ၿပီဆိုရင္ က်ေနာ္တို႔ရဲ႕ စည္း႐ုံးေရးေတြ ေရာ အကုန္ အစစအရာရာ ထိခိုက္တာပဲ။ အထူးသျဖင့္ေတာ့ ျပည္သူ႔အက်ိဳးစီးပြား မထိခိုက္ဖို႔ က်ေနာ္တို႔ ဂ႐ုစိုက္ရ မယ္။ ဒါမ်ိဳး ၾကားသိရတဲ့အတြက္လည္း က်ေနာ္တို႔ ေက်းဇူးတင္တယ္လို႔ ေျပာလိုပါတယ္။


ေမး ။ ။ ပလက္ဝၿမိဳ႕နယ္အတြက္ စစ္ေရး ရည္မွန္းခ်က္ကေရာ ဘယ္လို ထားရွိထားပါသလဲ။


ေျဖ ။ ။ ပလက္ဝ ေဒသကေတာ့ က်ေနာ္တို႔ ပထဝီအရ ေျပာေျပာ၊ သမိုင္းအရ ေျပာေျပာ၊ လက္ရွိ အေျခအေန အတြက္ ေျပာေျပာ၊ အနာဂတ္အတြက္ ေျပာေျပာ ဘယ္လိုမွ က်ေနာ္တို႔ လႈပ္ရွားမႈနဲ႔ ခြဲျခားလို႔မရတဲ့ ေဒသတခု ျဖစ္တယ္။ အဲဒါ ေၾကာင့္ က်ေနာ္တို႔က စစ္ဘက္ဆိုင္ရာ မူဝါဒ၊ ႏိုင္ငံေရး ရည္မွန္းခ်က္ေတြကေတာ့ က်ေနာ္တို႔မွာ အခိုင္အမာ ရွိထားပါ တယ္။ ျမန္မာ့ တပ္မေတာ္ကို ဒီေနရာကေန တိုက္ထုတ္ရမွာပဲ။ ရခိုင္ျပည္က တိုက္ထုတ္သလိုမ်ိဳးေပါ့။ၿပီးရင္ အေရးႀကီးဆုံးကေတာ့ အဲဒီေဒသက တိုင္းရင္းသားေတြရဲ႕ ရပိုင္ခြင့္ေတြကို က်ေနာ္တို႔ ေသခ်ာ အရမ္း ဂ႐ုစိုက္ တယ္။ တိုက္ပြဲကာလမွာ စစ္ေျမျပင္မွာ ၾကမ္းၾကမ္း တမ္းတမ္းနဲ႔ ႀကဳံရတဲ့ ခါးသီးစရာ အေတြ႕အႀကဳံေတြေတာ့ ရွိမွာပါ။ သို႔ေသာ္လည္း က်ေနာ္တို႔ အခြင့္အေရး ရတာနဲ႔ ေသခ်ာကုစားၿပီးမွ မွ်မွ်တတ ျဖစ္ေအာင္ ႀကိဳးစားသြားပါမယ္။


ေမး ။ ။ ပလက္ဝက နယ္စပ္ တေနရာရာမွာေရာ ဌာနခ်ဳပ္တခု တည္ေဆာက္ဖို႔ ရွိလား။ လက္ရွိေရာ ပလက္ဝထဲမွာ စခန္းေတြ ခ်ၿပီး ေနေနၿပီလား။


ေျဖ။ ။ က်ေနာ္တို႔ စခန္းေတြ အမ်ားႀကီး ရွိပါတယ္။ ဒီေလာက္မ်ားတဲ့ အင္အားကို အုပ္ခ်ဳပ္တဲ့ က်ေနာ္တို႔ရဲ႕ ကြပ္ကဲ ေရးဌာနေတြေတာ့ ေနရာအသီးသီး ရွိတာေပါ့။ လွ်ိဳ႕ဝွက္ ရွိပါတယ္။ အဲဒါေၾကာင့္လည္း စစ္ဆင္ေရးေတြကို ဒီေလာက္ ထိ စနစ္တက်နဲ႔ ေဖာ္ေဆာင္ႏိုင္တာ၊ စစ္ဆင္ေရးေတြ ျပဳလုပ္ႏိုင္တာ ျဖစ္ပါတယ္။ က်ေနာ္တို႔က ထိန္းခ်ဳပ္နယ္ေျမဆို ၿပီးေတာ့မွ ကိုယ့္ရဲ႕ ဘိုးဘြားပိုင္နယ္ေတြမွာ အကြက္ေလး တကြက္ကို မက္ေမာေနတာ မဟုတ္ပါဘူး။ က်ေနာ္တို႔မွာ ဒီထက္ႀကီးမားတဲ့ ရည္မွန္းခ်က္ ရွိတယ္။ ေဒသတခုလုံးကို ရေအာင္ တိုက္သြားမယ္။


ေမး ။ ။ ပလက္ဝကို AA စစ္သားေတြ ဘယ္လို စတင္ ဝင္ေရာက္လာခဲ့သလဲ။


ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ ၂၀၁၁ အကုန္၊ ၂၀၁၂ ေလာက္ကတည္းက အဲဒီဘက္ကို ေရာက္ၿပီးသားပါ။ ေရာက္ၿပီး ေတာ့ လိုအပ္တာေတြ ျပင္ဆင္ရတာေပါ့။ အေသးစိတ္ေတာ့ ေျပာဖို႔လည္း မသင့္ေတာ္ေသးပါဘူး။ ဘဂၤလားေဒ့ရွ္ဘက္ ေတာင္ေပၚ ေဒသေတြ ဆိုရင္လည္း ေတာင္ေပၚ ေဒသေတြမွာ က်ေနာ္တို႔ရဲ႕ အမ်ိဳးအႏြယ္ေတြ ရခိုင္လူမ်ိဳးေတြေရာ အရင္ကတည္းက ရခိုင္ေတာ္လွန္ေရး အဆက္ဆက္မွာ ပါဝင္ခဲ့တဲ့ လူႀကီးသူမေတြ အမ်ားႀကီး ေနထိုင္ၾကပါတယ္။ အဲဒါေတြက က်ေနာ္တို႔အတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ပါတယ္။ၿပီးရင္ ပလက္ဝ ေဒသရဲ႕ ျမန္မာႏိုင္ငံ ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံရဲ႕ အနိမ့္က်ဆုံးေဒသဆိုေတာ့ အစိုးရရဲ႕ အဆက္ အသြယ္လည္း သိပ္မရွိဘူး။ သူ႔ရဲ႕ပထဝီအေနအထား၊ သဘာဝ အေနအထားေတြကလည္း က်ေနာ္တို႔ တိုးတိုးတိတ္ တိတ္ စိမ့္ဝင္ဖို႔ အမ်ားႀကီး အေထာက္အကူ ျဖစ္ပါတယ္။ သူ႔ရဲ႕အခက္အခဲေတြကေတာ့ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပို႔ေဆာင္ေရး အစစ အရာရာ အခက္အခဲ ရွိတာေပါ့။ဒါေပမယ့္ အဲဒီ အခက္အခဲ အားနည္းခ်က္ေတြကို အားသာခ်က္ ျဖစ္ေအာင္ က်ေနာ္တို႔က ဒုကၡ အပင္ပန္းခံၿပီးေတာ့မွ တည္ေဆာက္ၿပီး ထိုးေဖာက္ခဲ့ပါတယ္။ က်ေနာ္တို႔ ၅ ႏွစ္၊ ၆ ႏွစ္ အခ်ိန္ယူၿပီးမွ လွ်ိဳ႕ဝွက္စြာနဲ႔ ႀကိဳးစား တည္ေဆာက္ခဲ့ တယ္။ အဲဒါေၾကာင့္လည္း ဒီအေျခအေနမွာ ဒီလို ရပ္တည္ၿပီးေတာ့မွ တိုက္ပြဲဝင္ႏိုင္တာပါ။


ေမး ။ ။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းထဲကို ဝင္ဖို႔ အတြက္ကေရာ ပလက္ဝထဲက ဝင္ခဲ့တာေပါ့။


ေျဖ ။ ။ အဲဒီကိစၥကေတာ့ မွန္ပါတယ္။ က်ေနာ္တို႔ ရန္သူလည္း အရမ္းသိခ်င္မွာပဲ။ အဲဒီ ကိစၥေတြကို။ မွန္သင့္သ ေလာက္ကေတာ့ မွန္ပါတယ္။


ေမး ။ ။ ဒီေလာက္မ်ားတဲ့ လူအင္အား၊ လက္နက္ အင္အားေတြကို ျပည္တြင္းလမ္းကပဲ ျဖတ္ၿပီး အသုံးျပဳခဲ့တာလား။ ဘယ္က ဘယ္လို ဝင္လာၾကတာလဲ။


ေျဖ ။ ။ အဲဒါလည္း က်ေနာ္တို႔ ရန္သူ အရမ္းသိခ်င္မွာပဲ။ သူလည္း သိသင့္သေလာက္ေတာ့ သိတာေပါ့။ က်ေနာ္တို႔ နည္းလမ္းေပါင္းစုံပဲ။ မၾကာခင္လည္း လက္နက္ေတြ ထုတ္ႏိုင္မယ္လို႔ေတာ့ ထင္ေနတာပဲ။ ထင္တာ မဟုတ္ပါဘူး။ ႀကိဳးစားေနတယ္။ ဒီ့ထက္ အင္အားႀကီးရင္ေတာ့ Power က တဖက္နဲ႔ တဖက္ အခ်င္းခ်င္း Balance ျဖစ္သြားၿပီဆိုရင္၊ အင္အားႀကီးသြားၿပီ ဆိုရင္ စစ္တိုက္စရာ မလိုေတာ့ဘူးေလ။ ၿငိမ္းခ်မ္းေရး ရၿပီ။ ဒါေၾကာင့္ ၿငိမ္းခ်မ္းမယ့္ နည္းလမ္း အတြက္ ေကာင္းမြန္တဲ့ ရည္႐ြယ္ခ်က္နဲ႔ က်ေနာ္တို႔ ရကၡိဳင့္ တပ္ေတာ္ကို ပိုအင္အားေကာင္းေအာင္ တည္ေဆာက္ သြားမယ္။


ေမး ။ ။ ဗိုလ္ခ်ဳပ္ေျပာပုံအရ ဆိုရင္ လက္နက္စက္႐ုံ တည္ေဆာက္ေနၿပီလို႔ ဆိုလိုတာလား။


ေျဖ။ ။ မဟုတ္ပါဘူး။ ျပဳျပင္ထိန္းသိမ္းႏိုင္တဲ့ အဆင့္ေတြေတာ့ ႀကိဳးစားထားပါတယ္။


ေမး။ ။ လက္နက္ေတြ ထုတ္ႏိုင္ဖို႔အတြက္ ေဆာင္႐ြက္ေနတယ္ဆိုေတာ့ လက္နက္စက္႐ုံ တည္ေဆာက္ဖို႔ စီစဥ္ေန တာေရာ ရွိလား။


ေျဖ။ ။ အဲဒီလို ရည္မွန္းခ်က္ အခိုင္အမာ ရွိပါတယ္။


ေမး။ ။ စက္႐ုံတည္ေဆာက္မယ္ ဆိုရင္ေရာ ဘယ္လို လက္နက္ အမ်ိဳးအစားေတြ ထုတ္ႏိုင္ေလာက္လဲ။


ေျဖ။ ။ ဒါကေတာ့ ေျပာလို႔ မရေသးဘူး။ ႀကီးႀကီးမားမား လုပ္ႏိုင္ေလ ေကာင္းေလပဲေပါ့။ ကိုယ့္ရဲ႕လုံၿခဳံေရးနဲ႔ အခ်ဳပ္ အျခာအာဏာကို အာမခံႏိုင္ဖို႔ အတြက္ က်ေနာ္တို႔ကေတာ့ ရရင္ရသေလာက္ ႀကိဳးစားရမွာပဲေလ။


ေမး။ ။ ပလက္ဝက သမိုင္းေၾကာင္း အရဆို ျငင္းခုံမႈေတြ ရွိေနၾကတယ္ေနာ္။ ဒီအျပင္ ေဒသခံ ခူမီးမ်ိဳးႏြယ္စုက သူတို႔ ဟာ ခ်င္းျဖစ္တယ္။ တိုက္ပြဲျဖစ္ေနတာကို မႀကိဳက္ဘူး။ ေအာက္ေျခမွာလည္း ခ်င္းနဲ႔ ရခိုင္ၾကား ယုံၾကည္မႈေတြ ပ်က္ ျပားတာ ေတြ႕ရတယ္။ ဒီလို တင္းမာေနမႈ ေတြဘယ္လို ေလွ်ာ့ခ်ဖို႔ စဥ္းစားခ်က္ ရွိပါသလဲ။

ေျဖ။ ။ ပလက္ဝမွာေတာ့ ခူမီးက နံပါတ္ ၁ ေပါ့။ ၿပီးရင္ ရခိုင္ေပါ့။ ၿပီးရင္ ခ်င္းေတြ ရွိမယ္။ ခ်င္းမ်ိဳးႏြယ္စုေတြ အလွ်ိဳ ခ်င္းတို႔ ဒိုင္တို႔ေပါ့။ ခူမီးထဲမွာလည္း ႏိုင္ငံေရး အရ နည္းနည္းပါးပါး ႏိုးၾကားတဲ့ အုပ္စုေတြ ရွိမယ္။ အဓိက ကေတာ့ လက္ရွိ ၿမိဳ႕ေပၚမွာ ေနၿပီး ႏိုင္ငံေရးအရ တက္ႂကြတဲ့ အုပ္စုေတြကေတာ့ အရင္စစ္တပ္ ေနာက္ခံရွိတဲ့ အုပ္စုေတြဆို ေတာ့ က်ေနာ္တို႔ကို ဆန႔္က်င္တဲ့ သေဘာရွိတယ္။ သူတို႔ရဲ႕ ခ်ိတ္ဆက္ေတြနဲ႔ ေတြ႕ရင္ေတာ့ က်ေနာ္တို႔ကို မႏွစ္သက္ တဲ့ စကားေျပာမွာပဲ။က်ေနာ္တို႔နဲ႔ ထိေတြ႕ဖူးတဲ့ အဆင္ေျပတဲ့ လူေတြက်ေတာ့ မွ်မွ်တတ ေျပာမွာပဲ။ ဒါေၾကာင့္ ကိုယ္ၾကားဖူးတဲ့ စကားက ဆန႔္က်င္ဘက္ စကားဆိုရင္ ဆန႔္က်င္ဘက္ အုပ္စုက ေျပာတဲ့ စကားေတြ ျဖစ္ဖို႔ မ်ားပါတယ္။ က်ေနာ္တို႔နဲ႔ ထိေတြ႕ဖူး တဲ့သူေတြ က်ေနာ္တို႔ ကူညီဖူးတဲ့ သူေတြဆိုရင္ အဆင္ေျပတဲ့ စကားေတြပဲ ၾကားရပါလိမ့္မယ္။

တိုက္ပြဲကာလဆိုေတာ့ အရာခပ္သိမ္းကို အဆင္ေျပေအာင္ လူေပါင္းစုံ ေက်နပ္ေအာင္ လုပ္ဖို႔ကေတာ့ က်ေနာ္တို႔မွာ အခက္အခဲ ရွိတယ္။ သို႔ေသာ္ က်ေနာ္တို႔မွာ လူမ်ိဳးေပါင္းစုံ တန္းတူမွ်တမႈ လြတ္လပ္စြာ ကိုးကြယ္ ယုံၾကည္မႈေတြ သူ႔ ရဲ႕အမ်ိဳးသား ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြနဲ႔ ပတ္သက္ၿပီး တန္းတူမွ်တတဲ့ အခြင့္အေရးေတြကို ေသခ်ာ ျပ႒ာန္း ထားတယ္။


ေမး။ ။ ႐ြာေတြမွာ တ႐ြာက ရခိုင္႐ြာ၊ တ႐ြာက ခူမီး႐ြာဆိုရင္ ရခိုင္႐ြာမွာ AA ရွိကို ရွိတယ္ ဆိုၿပီး တ႐ြာနဲ႔ တ႐ြာ မကူး ရဲတာ၊ က်မတို႔ သတင္းလာယူတုန္းကလည္း ရခိုင္႐ြာ သြားမယ္ဆို လုံးဝ မလိုက္ေတာ့ဘူး။ ကိုယ့္ဘာသာ သြားခ်င္ သြားပါဆိုၿပီး ယုံၾကည္မႈ ပ်က္ေနတာ ေတြ႕ရတယ္။ ရခိုင္ဆိုရင္ သတင္းေပးသူေတြ ေဒသထဲ AA ေတြဝင္လာဖို႔ လမ္းျပ သူေတြဆိုၿပီး သူတို႔က ထင္ေနၾကတယ္။ ဒါနဲ႔ ပတ္သက္ရင္ေရာ ဘာမ်ား ေျပာခ်င္ပါသလဲ။


ေျဖ ။ ။ လူမ်ိဳးစု အခ်င္းခ်င္းၾကားက သဟဇာတျဖစ္မႈကို အေႏွာင့္အယွက္ ေပးၿပီး လႈံ႕ေဆာ္ေနတယ္။ ယုံၾကည္မႈေတြ ပ်က္ေအာင္ လုပ္ေနတာက အရင္ စစ္တပ္အရာရွိ အုပ္စုေဟာင္းကေန လႈံ႕ေဆာ္ေနတာလို႔ က်ေနာ္တို႔ ျမင္တယ္။ အရင္တုန္းက က်ေနာ္တို႔ မေရာက္လာခင္ ၂၀၁၂ ရဲ႕ ေရွ႕ပိုင္းမွာ ဘာသာေရးအရ မသင့္ျမတ္မႈေတြ ရွိတယ္။ အခု ေနာက္ပိုင္းမွာ က်ေနာ္တို႔က ရခိုင္ အသိုင္းအဝိုင္းေတြကိုေရာ ခူမီး အသိုင္းအဝိုင္းေတြကိုေရာ တတ္ႏိုင္သမွ် ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းနဲ႔ တဦးနဲ႔တဦး ေလးစားမႈရွိဖို႔လည္း အၿမဲေျပာတယ္။ က်ေနာ္တို႔ တပ္ထဲက ခူမီးအရာရွိေတြဆိုရင္ သူတို႔ ခူမီး ဘာသာစကားနဲ႔ ေသေသခ်ာခ်ာ ေျပာထားတာေတြကို ဗီဒီယိုမွတ္တမ္းေတြ က်ေနာ္တို႔က ေသခ်ာ သိမ္းထားပါ တယ္။ အေထာက္အထားေတြေပါ့။က်ေနာ္တို႔က လူမ်ိဳးစု အခ်င္းခ်င္း သဟဇာတ ျဖစ္ေရးကို ႀကိဳးစားေနတဲ့အခ်ိန္မွာ အရင္ စစ္အရာရွိေဟာင္းေတြက လူမ်ိဳးစု ပဋိပကၡေတြကို လႈံ႕ေဆာ္ၿပီး ဒါမ်ိဳးေျပာေတာ့ သံသယေတြကေတာ့ ရွိေနမွာပဲ။ တကယ္ဆိုရင္ ရခိုင္ေတြေနတဲ့ ႐ြာကိုလာလို႔ ခူမီးေတြ ေသသြားတာလည္း မရွိေသးပါဘူး။ ဖမ္းသြားတာလည္း မရွိဘူး။ AA က အဓမၼ စုေဆာင္းေရး လုပ္တာလည္း မရွိေသးပါဘူး။ တခါတခါေတာ့ ရန္သူကို သြားၿပီး သတင္းေပးတယ္ ဆိုတာကို အေထာက္အထားနဲ႔ သိ တာတို႔ သူ သတင္းေပးလိုက္လို႔ က်ေနာ္တို႔ ရဲေဘာ္ေတြ ေသဆုံးသြားတယ္တို႔ အေျခအေနမ်ိဳး ဆိုရင္ေတာ့ ဖမ္းသြား တာ မလႊဲမေရွာင္သာ အေျခအေနမ်ိဳးမွာ ရွိပါတယ္။


ေမး ။ ။ ခူမီး မ်ိဳးႏြယ္စုနဲ႔ ပတ္သက္ရင္ သူတို႔က ရခိုင္ထဲပါလား။ ခ်င္းထဲပါသလား။ ဗိုလ္ခ်ဳပ္က ဘယ္လို လက္ခံထား ပါသလဲ။


ေျဖ ။ ။ မႏုႆေဗဒ အရဆိုရင္ေတာ့ ေတာင္ေပၚ လူမ်ိဳးစုေပါ့။ တိဗက္တိုဘားမန္း အုပ္စုလို႔ပဲ ေျပာရမယ္။ ခ်င္းမွာ လည္း သူ႔မွာ ၅၂ စု ရွိတယ္။ တခုနဲ႔ တခုလည္း တခါတေလ ထပ္တူမက်တာ ရွိပါတယ္။ ဘာသာေရးအရလည္း ဂိုဏ္းဂနေတြ မတူညီၾကပါဘူး။ တခ်ိဳ႕ အုပ္စုဆိုရင္ ရခိုင္နဲ႔ ပိုအဆင္ေျပတယ္။ တခ်ိဳ႕ဆိုရင္ မေျပတာလည္း ရွိတယ္။ ဒါေပမယ့္ အမ်ားကေတာ့ ေျပပါတယ္။ ခူမီးအုပ္စုမွာလည္း တစုထဲမွာေတာင္ က်ေနာ္တို႔ကို ဆန႔္က်င္ဘက္ ျမင္တဲ့ စစ္အုပ္စု ေနာက္ခံ အုပ္စုေတြ ရွိသလို သာမန္ ေတာင္သူ အရပ္သားေတြ ဆိုရင္လည္း သာသာယာယာ ေအးေအး ေဆးေဆးပါပဲ။ခူမီး လူမ်ိဳးစုကေတာ့ မ်ိဳးရင္းကေတာ့ တိဗက္တိုဘားမန္းပဲ။ ခ်င္းအုပ္စုလို႔ ေျပာလို႔ ရတယ္။ ဒါေပမယ့္ ခ်င္းမွာလည္း ၅၂ မ်ိဳး ရွိတယ္။ တခါတေလ သူတို႔ နာဂကိုေရာ ကူကီးကိုေရာ ခ်င္းအုပ္စုထဲမွာ ပါတယ္လို႔ ေျပာတယ္။ နာဂတို႔ ကူကီး တို႔က ခ်င္းမဟုတ္ဘူးလို႔ ေျပာၾကတယ္။ အမ်ိဳးမ်ိဳးပါပဲေနာ္။ အယူအဆကေတာ့ ကိုယ္ခင္ရာ ေဆြမ်ိဳးလုပ္ေနရတဲ့ အေနအထားေပါ့။ က်ေနာ္တို႔ ရခိုင္ေတြဘက္က ခူမီးကို ရခိုင္မ်ိဳးႏြယ္စုထဲကို ပါတယ္လို႔ ေျပာတာက မွားယြင္းမႈ တခု လို႔ က်ေနာ္ ထင္တယ္။ ေရာေထြးမႈ တခုေပါ့။က်ေနာ္တို႔ ရခိုင္ျပည္မွာ ခမီ မ်ိဳးႏြယ္စု ဆိုတာ ရွိတယ္။ ခမီမ်ိဳးႏြယ္စုကို ရခိုင္မ်ိဳးႏြယ္စု ဆိုၿပီးမွ က်ေနာ္တို႔ စာေပယဥ္ ေက်းမႈမွာ ေျပာထားတယ္။ ရခိုင္ရာဇဝင္ သမိုင္းေတြမွာလည္း ႏွစ္ေထာင္ခ်ီၿပီးမွ ရခိုင္ႏိုင္ငံေတာ္ထဲမွာ ေနလာခဲ့တဲ့ လူ မ်ိဳးစု တစုအျဖစ္ က်ေနာ္တို႔ သမိုင္းမွာ အထင္အရွား ရွိတယ္။ မွတ္တမ္းေတြလည္း ဒီအတိုင္းပဲ။ ရခိုင္ျပည္ထဲက ဗုဒၶ ဘာသာေရာ ခရစ္ယာန္ ကိုးကြယ္တဲ့ ခမီေတြေရာ ဒီအတိုင္းပဲ ညီအစ္ကို ဆက္ဆံေရး ရွိတယ္။ တကယ္ေတာ့ ခူမီး နဲ႔ ခမီ ဆိုတာလည္း အတူတူပါပဲ။ သူတို႔က ျမစ္ရဲ႕ အေပၚမွာ ေနေတာ့ အေပၚ ခမီေပါ့။ သူတို႔က သူတို႔ကိုယ္ သူတို႔ေတာ့ ခူမီးလို႔ ျပန္ေျပာလိုက္တယ္။ခရစ္ယာန္ သာသနာကို ယုံၾကည္ေတာ့ သူနဲ႔ သာသနာ နီးစပ္တဲ့ ခ်င္းေတြကို ခင္မင္တာေပါ့။ ဘာသာေရး ခံစားခ်က္နဲ႔ ႏိုင္ငံေရး ခံစားခ်က္ ေရာၿပီး ရခိုင္ကို ဆန႔္က်င္သလို ျပန္ျဖစ္သြားတာေပါ့။ က်ေနာ္ျမင္တာကေတာ့ ျမန္မာႏိုင္ငံမွာ ေတာင္ေပၚ ေဒသမွာေနတဲ့ ခရစ္ယာန္ ကိုးကြယ္သူ တခ်ိဳ႕က ဗုဒၶဘာသာကို ဆန႔္က်င္ဘက္ အျမင္ေတြ ရွိေနတာ ရွိ တယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္ သုံးသပ္ၾကည့္တာ ျမန္မာ စစ္တပ္က ခရစ္ယာန္ ဘုရားေက်ာင္းေတြကို ဖ်က္ ဆီးတာတို႔ လက္ဝါးကပ္တိုင္ေတြကို ႐ိုက္ခ်ိဳးတာေတြ လုပ္လာေတာ့ ဒီဗုဒၶဘာသာေတြ ဗမာေတြက ငါတို႔ ခရစ္ယာန္ကို ခ်ိဳးႏွိမ္တယ္ ဖ်က္ဆီးတယ္ ဆိုတဲ့ ခံစားခ်က္က နဂို ရွိရင္းစြဲ ရွိတယ္။ အဲဒီမွာ ေရာေထြးၿပီး က်ေနာ္တို႔က အမုန္းခံ လိုက္ရတာလို႔ က်ေနာ္ ျမင္တယ္။က်ေနာ္တို႔ ULA ထဲမွာေရာ ရခိုင္ေတြထဲမွာေရာ က်ေနာ္တို႔က ခူမီးနဲ႔ ခမီဆိုတာကို ေသေသခ်ာခ်ာ နားလည္ေအာင္ က်ေနာ္တို႔ ႀကိဳးစားေနတယ္။ ၿပီးေတာ့ သူဘာျဖစ္ခ်င္လဲေပါ့။ သူက ခ်င္းလို႔ ခံယူခ်င္တယ္ဆိုလည္း ဒါ သူ႔ရဲ႕အခြင့္အ ေရးပါပဲ။ က်ေနာ္တို႔ အေနနဲ႔ ကန႔္ကြက္စရာ မရွိပါဘူး။ က်ေနာ္တို႔ဘက္ကလည္း ေအာက္ေျခမွာ နားလည္ေအာင္ ေျပာျပထားရဦးမယ္။ သူတို႔ မႀကိဳက္တာေတြကို မေျပာမိဖို႔ေပါ့။


ေမး။ ။ ပလက္ဝမွာ ပဋိပကၡေတြ ျဖစ္လာေတာ့ ခ်င္းအသိုင္းအဝိုင္းမွာ AA ကို ျပန္ခ်ဖို႔ လက္နက္ တပ္ဆင္ေပးဖို႔ ေျပာ ဆိုသံေတြလည္း ၾကားရတယ္။ ဒီအပိုင္းနဲ႔ ပတ္သက္ရင္ သုံးသပ္ခ်က္ ဘယ္လိုရွိပါသလဲ။


ေျဖ။ ။ အဲဒါကိုလည္း က်ေနာ္တို႔ ေသခ်ာ ၾကည့္တယ္။ ခ်င္းမ်ိဳးႏြယ္စု အမ်ိဳးမ်ိဳးပါတဲ့ ခ်င္းအမ်ိဳးသားေတြထဲမွာ ျမန္မာ စစ္တပ္ကေန စစ္မႈထမ္းေဟာင္းေတြ အမ်ားႀကီး ရွိတယ္။ ျမန္မာစစ္တပ္က တိုင္းရင္းသားေတြနဲ႔ တိုက္ပြဲ ျဖစ္ရင္ အခ်င္းခ်င္း တိုက္တဲ့ အကြက္ကို သုံးေနက် ျဖစ္တယ္။ သူက သူ႔ရဲ႕စစ္မႈထမ္းေဟာင္းေတြကို ေခၚလိုက္ၿပီးမွ သူေျပာ ခ်င္တဲ့ စကားကို လူမ်ိဳးစု စစ္မႈထမ္းေဟာင္းေတြ ဆီကေန သူ႔ရဲ႕မူဝါဒကို ေျပာခိုင္းတယ္။ ဒါက ခ်င္းနဲ႔ ရခိုင္ ျဖစ္တာပါ ဆိုတဲ့ အသြင္ကို ယူၿပီးေတာ့မွ ႏိုင္ငံေရး ကစားတာ။မျမင့္ျမတ္တဲ့ ႏိုင္ငံေရး ကစားကြက္၊ ေရရွည္အက်ိဳးအတြက္ အလားအလာ မေကာင္းဘူး။ ဒါမ်ိဳး ကစားကြက္ေတြက။ သူတို႔ စစ္မႈထမ္းေဟာင္းေတြက ေျပာတာပါ။ ေသခ်ာ စိစစ္ ၾကည့္ပါ အျမစ္ကို ေတြ႕ပါလိမ့္မယ္။ ခ်င္းေတြက က်ေနာ္တို႔ ရခိုင္မွာလည္း အမ်ားႀကီး ရွိတယ္လို႔ က်ေနာ္ ခဏခဏ ေျပာဖူးပါတယ္။ ဘာျပႆနာမွ မရွိဘူး။ ရခိုင္အခ်င္းခ်င္းမွာ ေတာင္ စစ္မႈထမ္းေဟာင္းေတြကို ေခၚၿပီးေတာ့ ျပည္သူ႔စစ္ လုပ္မလားဆိုၿပီး လုပ္တယ္။ တခါတေလ ALP တို႔ကို ေတာင္ေခၚၿပီးေတာ့ ျပည္သူ႔စစ္လုပ္မလား ဆိုၿပီး သပ္လွ်ိဳေသြးခြဲတာေတြ သူတို႔ အၿမဲတမ္း ႀကိဳးစားပါတယ္။


ေမး ။ ။ ခ်င္းနဲ႔ ရခိုင္အျပင္ ပလက္ဝကို ဝင္လာရင္ စစ္ေဆးေရး ဂိတ္ေတြမွာေရာ ဗမာလူမ်ိဳးဆိုတဲ့ မွတ္ပုံတင္ ကိုင္လာ ရင္ ဗမာဆိုရင္ ဗမာစကားေျပာသူ ဆိုရင္ ပစ္မွတ္ထား ဖမ္းဆီးခံရမယ္။ သတ္ျဖတ္ခံရမယ္ ဆိုတဲ့ စကားေတြ ေျပာတာ ၾကားရတယ္။ ႀကဳံလည္း ႀကဳံခဲ့ရတယ္။ ပလက္ဝ ၿမိဳ႕ထဲမွာလည္း အဲဒီ သတင္းစကားေတြ ျပန႔္ေနတယ္။ ထမင္းဆိုင္၊ မုန႔္ဆိုင္မွာလည္း အခ်င္းခ်င္း သတိေပးတာမ်ိဳး ၾကားလာရပါတယ္။


ေျဖ ။ ။ က်ေနာ္တို႔ ဒီကိစၥမွာ ေသခ်ာ စိစစ္ရမွာက ဒါက အခ်က္အလက္ကို အေျခခံထားတဲ့ ေကာလဟလလား။ ဒါမွ မဟုတ္ ခိုင္မာတဲ့ အေထာက္အထားနဲ႔ ေျပာတာေတြလား ဆိုတာ ခ်င့္ခ်ိန္ဖို႔ လိုပါတယ္။ ရခိုင္တိုက္ပြဲ ကာလအတြင္း မွာ က်ေနာ္တို႔ ဖမ္းမိၿပီးမွ ေသခ်ာ ကူညီၿပီး လႊတ္လိုက္တဲ့ ဗမာလူမ်ိဳးေတြ အမ်ားႀကီး ရွိတယ္။ မီးသတ္ထဲမွာလည္း ရွိ တယ္။ အလုပ္သမားေတြေရာ လမ္းစရိတ္ေပးၿပီးမွ ျပန္လႊတ္လိုက္တာေတြေရာ ရွိတယ္။ ေနာက္တခုက တပ္မ ၂၂ ကေရာ တပ္မ ၅၅ ကေရာ စစ္ေျပး ဗမာေတြကို လမ္းစရိတ္ေပးၿပီး ေသခ်ာကူညီၿပီး လႊတ္ေပးလိုက္တာေတြ အမ်ား ႀကီး ရွိတယ္။ဟိုေကာင္ေလး ၂ ေယာက္ (ေျမာက္ဦးၿမိဳ႕နယ္တြင္ ေဈးလာေရာင္းရင္း ဖမ္းဆီးခံရ၊ ႐ိုက္ႏွက္ခံရၿပီး ေသဆုံးသြားသူ ၂ ဦး) ကိစၥကေတာ့ က်ေနာ္ အရမ္း စိတ္မေကာင္း ျဖစ္ရပါတယ္။ ဒါေပမယ့္ ဒီေလာက္ တိုက္ပြဲျဖစ္တဲ့ေနရာမွာ ပိုက္ဆံ ၁ ေသာင္းကို အသက္စြန႔္ၿပီး လာေတာင္းတယ္ ဆိုေတာ့ သူ စိစစ္ခံရမွာပဲ။ လက္လြန္ေျခလြန္ ျဖစ္သြားတာေတာ့ က်ေနာ္တို႔ အမွား ျပန္ျဖစ္သြားတာေပါ့။ ဒီဗမာကို လူမ်ိဳးေရးအရ ဦးတည္ၿပီး လုပ္တယ္ဆိုတာက ေဇာ္မင္းထြန္းတို႔ေျပာ တာလို႔ က်ေနာ္တို႔ ၾကားမိတယ္။ သူတို႔ ေျပာသလို ဟုတ္မဟုတ္ ဆိုတာ က်ေနာ္တို႔ လုပ္ရပ္ေတြကို ၾကည့္ရင္ အရမ္း သိသာပါတယ္။က်ေနာ္တို႔ရဲ႕ မူဝါဒက ရခိုင္ေဒသကေန ဗမာ့တပ္မေတာ္ကို တိုက္ျဖစ္တယ္။ ဗမာ လက္နက္ကိုင္ ဆိုရင္ က်ေနာ္တို႔က တိုက္ရမွာပဲ။ အဲဒီမွာ ဗမာလူမ်ိဳး ပညာရွင္ေတြ ရွိမယ္။ တျခားေသာ ေက်ာင္းဆရာေတြ ရွိမယ္။ သူတို႔က သူ႔အလုပ္ သူ လုပ္တယ္ဆိုရင္ က်ေနာ္တို႔က ေက်းဇူးေတာင္တင္ရမယ္။ ဒါ နယ္ခ်ဲ႕တပ္ ျဖစ္တယ္။ က်ဴးေက်ာ္တဲ့ တပ္ျဖစ္တယ္ ဆို တာ က်ေနာ္တို႔ရဲ႕သတ္မွတ္ခ်က္ တင္ရပါဦးမယ္။ခင္ဗ်ားတို႔လည္း ပလက္ဝကို ဗမာစကားေျပာၿပီး ေရာက္သြားတာပဲ။ အဲဒီအခ်ိန္မွာ ဗမာဂိတ္ကေန ဗမာဂိတ္ဆိုတာ ဗမာစစ္တပ္ကို ေျပာတာပါ။ ဗမာဂိတ္ကေန ၿခိမ္းေျခာက္မႈအေနနဲ႔ ေျပာတာကို ၾကားခဲ့ရတာက လြဲလို႔ တကယ္ကိုယ္ သြားတဲ့ အခ်ိန္မွာ လက္ေတြ႕ ခံစားခ်က္နဲ႔ပဲ ခ်င့္ခ်ိန္ၾကည့္ပါ။ က်ေနာ္တို႔ဘက္က ျမစ္တေလွ်ာက္ေရာ ေတာင္ကုန္းေတြ ေပၚမွာေရာ က်ေနာ္တို႔ အမ်ားႀကီး ရွိတယ္။ တကယ္လို႔ က်ေနာ္တို႔က လူမ်ိဳးေရး အမုန္းသမားေတြဆိုရင္ သတင္း သမားေတြ ကိုယ္တိုင္လည္း အခက္အခဲေတာ့ ျဖစ္မွာပဲ။ မွန္ကန္တဲ့ အခ်က္အလက္ေတြကို အေျခခံတဲ့ စြပ္စြဲခ်က္ေတြ လား၊ ေကာလဟလေတြလား ဆိုတာကေတာ့ လုပ္ရပ္ေတြနဲ႔ ခ်င့္ခ်ိန္ၾကည့္လို႔ ရပါတယ္။


ေမး။ ။ အစိုးရ၊ တပ္မေတာ္တို႔နဲ႔ ေဆြးေႏြးေနတဲ့ Bilateral ကေရာ ေျပလည္လာႏိုင္ပါသလား။


ေျဖ။ ။ Bilateral ကေတာ့ ေဝေဝဝါးဝါးပါပဲ။ သူတို႔ဘက္ကလည္း အေလွ်ာ့အတင္း လုပ္မယ့္ အေျပာအဆို ေလသံေတြ က်ေနာ္တို႔ မၾကားမိဘူး။ နဂိုရပ္တည္ခ်က္ အတိုင္းဆိုရင္ေတာ့ ေဝေဝဝါးဝါးပဲ ရွည္ၾကာေနမွာပါ။


ေမး။ ။ ဒါဆိုရင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ပလက္ဝမွာ ျဖစ္ေနတဲ့ စစ္ေရး ပဋိပကၡေတြက ဘယ္လို အေျခအေန မ်ိဳးေလာက္ ေရာက္ရင္ တည္ၿငိမ္သြားႏိုင္မလဲ။


ေျဖ ။ ။ က်ေနာ္တို႔ဘက္က ႀကီးႀကီးမားမားနဲ႔ အႏိုင္ရသြားရင္ေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္သြားမယ္။ က်ေနာ္တို႔ ရႈံးခဲ့ တာ ႏွစ္ေပါင္းမ်ားၿပီေလ။ က်ေနာ္တို႔ ရခိုင္ေတြ ႏွစ္ေပါင္း၂၀၀ ေက်ာ္ ရႈံးခဲ့တယ္။ လက္နက္မကိုင္ဘဲ ႏွစ္ေပါင္း ၇၀ ေလာက္ ေနခဲ့တယ္။ ဒါေပမယ့္ ဘာမွ မတိုးတက္ဘူး။ အဆင္းရဲဆုံးေဒသ ျဖစ္ေနတယ္။လုံးဝ မခံႏိုင္ေတာ့လို႔ လက္နက္ကိုင္ၿပီး ေတာ္လွန္လာေတာ့ က်ေနာ္တို႔ရဲ႕ ဆင္းရဲနိမ့္က်မႈေတြကို လက္နက္ကိုင္လို႔ ဆင္းရဲတယ္ ဆိုၿပီးေတာ့ ေျပာင္းျပန္ လက္ညႇိဳး ထိုးျပေနတယ္။ သဘာဝ မက်တာေတြကို ေျပာင္းလဲပစ္လိုက္ဖို႔ အတြက္ လက္နက္ကိုင္ ေတာ္လွန္ေရးကို လုံးဝ အၿပီးသတ္ ေအာင္ျမင္ေအာင္ ဆင္ႏႊဲရမယ္။

Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army