top of page

ရခိုင္၊ ပလက္ဝေဒသအတြင္းျဖစ္ပ်က္ေနေသာ လက္ရွိအေျခအေနဆိုးမ်ားႏွင့္ပတ္သက္၍ အသိေပးရွင္းလင္းခ်က္







အမွတ္ (၂၆/၂၀၂၀) ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ (၁၂) ရက္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁၈) ရက္ ရခိုင္၊ ပလက္ဝေဒသအတြင္းျဖစ္ပ်က္ေနေသာ လက္ရွိအေျခအေနဆိုးမ်ားႏွင့္ပတ္သက္၍ အသိေပးရွင္းလင္းခ်က္ ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင့္တပ္ေတာ္ႏွင့္ရခိုင္ျပည္သူလူထုအား ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားမွာ လေပါင္းႏွစ္ဆယ္နီးပါးၾကာျမင့္သည့္တိုင္ ရပ္တန႔္ျခင္းမရွိေသးဘဲ ဆက္လက္လုပ္ေဆာင္ေနေသာေၾကာင့္ ရခိုင္ေဒသအတြင္း တိုက္ပြဲမ်ားမွာ ယေန႔အထိရွိေနပါသည္။ ရခိုင္၊ ပလက္ဝေဒသအတြင္း ျမန္မာ့တပ္မေတာ္မွက်ဴးလြန္လ်က္ရွိေသာ စစ္ရာဇဝတ္မႈမ်ား၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ လူသားမ်ိဳးႏြယ္အေပၚ ျပစ္မႈက်ဴးလြန္ျခင္းမ်ား၊ လူမ်ိဳးျဖဳတ္ရွင္းလင္းေရးကို ဦးတည္ေသာလုပ္ရပ္မ်ားအား ၎တို႔၏လုပ္ပိုင္ခြင့္မ်ားကိုအသုံးခ်ၿပီး ရခိုင္လူမ်ိဳးမ်ားႏွင့္ ရခိုင္မ်ိဳးႏြယ္စုမ်ားအေပၚ အဆိုးဝါးဆုံး က်ဴးလြန္လ်က္ရွိပါသည္။ ထို႔ေၾကာင့္ အေျခအေနမ်ားမွာ တစ္ရက္ထက္တစ္ရက္ ဆိုးဝါးလ်က္ရွိၿပီး အထူးစိုးရိမ္စရာေကာင္းလွပါသည္။ ႏွစ္ေပါင္း (၇၀) အတြင္း ျမန္မာ့တပ္မေတာ္၏ အႀကီးမားဆုံး၊ အရွည္ၾကာဆုံးထိုးစစ္ျဖစ္ေနၿပီး ျမန္မာႏိုင္ငံ၏ အဆိုးဝါးဆုံး အေျခအေနဟု ေျပာ၍ပင္ရသည္။ ထို႔ေၾကာင့္ ရခိုင္ႏွင့္ပလက္ဝေဒသအတြင္းေနထိုင္ၾကေသာ ျပည္သူလူထုအေပၚ စာနာနားလည္ေပးၾကေသာ ႏိုင္ငံတကာအသိုင္းအဝိုင္း၏ စိုးရိမ္ပူပန္မႈမ်ားမွာလည္း ပိုမိုျမင့္တက္လ်က္ရွိပါသည္။ ရကၡိဳင့္တပ္ေတာ္သည္ လက္ရွိျဖစ္ပြားေနေသာတိုက္ပြဲမ်ားကိုရပ္စဲၿပီး ကမာၻ႔ကပ္ေရာဂါျဖစ္ေသာ COVID-19 ကူးစက္ျမန္ေရာဂါထိန္းခ်ဳပ္ေရးကို အေထာက္အကူျပဳေစရန္၊ ျပည္သူလူထု၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာ၏ စိုးရိမ္ပူပန္မႈမ်ား ေလ်ာ့ပါးေစရန္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ညီေနာင္မဟာမိတ္မ်ားႏွင့္အတူတကြ အႀကိမ္ႀကိမ္ေၾကညာထားေသာ္လည္း ျမန္မာ့တပ္မေတာ္၏ထိုးစစ္မ်ားေၾကာင့္ မိမိတို႔ထုတ္ျပန္ခ်က္၏ ရည္႐ြယ္ရင္းသို႔ မေရာက္ဘဲ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနပါသည္။ ၂၀၂၀ ျပည့္ႏွစ္၊ ေမလအတြင္း၌ပင္ ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင့္တပ္ေတာ္အား ဂ်က္တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ အႀကိမ္ႀကိမ္လာေရာက္ဗုံးႀကဲတိုက္ခိုက္သကဲ့သို႔ ေျမပုံ၊ အမ္း၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ မင္းျပား၊ ေျမာက္ဦး၊ ပလက္ဝၿမိဳ႕နယ္မ်ားအတြင္း၌ လက္နက္ႀကီးမ်ားျဖင့္ ေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသအတြင္း ေက်း႐ြာမ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း၊ ႐ြာသူ႐ြာသားမ်ားအားဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္းမ်ားကို ဆက္တိုက္လုပ္ေဆာင္ၿပီး ျပည္သူလူထုမ်ားအၾကားတြင္ အေၾကာက္တရားမ်ား၊ စိုးရိမ္ေသာကမ်ားကို ထည့္သြင္းလ်က္ရွိပါသည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ မိမိကိုယ္မိမိခုခံကာကြယ္ေသာအားျဖင့္ ဆင္ႏႊဲရေသာတိုက္ပြဲမ်ားႏွင့္ မလြဲမေရွာင္သာ တိုက္ရေသာတိုက္ပြဲမ်ားမွလြဲ၍ မိမိတို႔ဖက္မွ ထိုးစစ္ဆင္တိုက္ခိုက္ေသာ တိုက္ပြဲမ်ားမျဖစ္ပြားေစရန္ မိမိတို႔ထုတ္ျပန္ ထားသည့္အတိုင္း တိက်စြာလိုက္နာေဆာင္႐ြက္လ်က္ရွိပါသည္။ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ ႀကိဳတင္ကာကြယ္ တားဆီးေရးလုပ္ငန္းမ်ား၌ မိမိတို႔အတြက္ လုံၿခဳံေရးအာမခံခ်က္ရွိေသာ အေျခအေနေအာက္တြင္ ပူးေပါင္းေဆာင္႐ြက္ရန္ အဆင္သင့္ရွိပါေၾကာင္း ထပ္မံအသိေပးအပ္ပါသည္။ အျခားတစ္ဖက္တြင္ NLD ဦးေဆာင္ေသာ ျပည္ေထာင္စုအစိုးရႏွင့္ ရခိုင္ျပည္အစိုးရတို႔မွ ရခိုင္ျပည္သူ လူထုမ်ား၏ အသက္အိုးအိမ္စည္းစိမ္၊ နစ္နာခ်က္မ်ားကို အျပည့္အဝအကာအကြယ္ေပးရန္ ပ်က္ကြက္ခဲ့သည့္အျပင္ ယခုထက္ထိလည္း ဆက္လက္ပ်က္ကြက္ေနဆဲျဖစ္ပါသည္။ ရခိုင္ျပည္အစိုးရအေနျဖင့္ COVID-19 ကာလအတြင္း လူစုလူေဝးမ်ားျပဳလုပ္ျခင္းအား တားဆီးရန္၊ COVID-19 ဆိုင္ရာ က်န္းမာေရးအသိပညာျဖန႔္ေဝရန္ ပ်က္ကြက္ခဲ့႐ုံသာမက လူစုလူေဝးမ်ားကို တမင္ဖန္တီးလ်က္ လူသားစိတ္ကင္းမဲ့စြာျဖင့္ယုတ္မာခဲ့သည္။ အစိုးရတစ္ရပ္မွ ျပည္သူလူထုမ်ားအေပၚ တာဝန္ယူမႈပ်က္ကြက္ခဲ့႐ုံသာမက တာဝန္မဲ့ေသာစကားမ်ားကို အႀကိမ္ႀကိမ္ေျပာဆိုျခင္း၊ ရခိုင္ျပည္သူလူထုမ်ားကို လူမ်ိဳးေရး၊ ႏိုင္ငံေရးအရ ႏွိပ္ကြပ္ျခင္း၊ ခြဲျခားဆက္ဆံျခင္း၊ ေဘးဖယ္ထားျခင္း၊ အမ်ိဳးသားေရးဆိုင္ရာရပိုင္ခြင့္မ်ား မရရွိေအာင္ျပဳလုပ္ထားျခင္း စသည့္လုပ္ရပ္မ်ားကိုသာ လူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္ ဆက္တိုက္လုပ္ေဆာင္လ်က္ရွိသည္။ ျမန္မာ့တပ္မေတာ္သည္ COVID-19 ထိန္းခ်ဳပ္ေရးကာလ၌ ဟန္ျပလုပ္ေဆာင္ခ်က္မ်ားျဖင့္ ႏိုင္ငံတကာအား လွည့္စားထားၿပီး ရခိုင္၊ ပလက္ဝေဒသအတြင္း ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို ေန႔တိုင္းျပဳလုပ္လ်က္ရွိပါသည္။ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးကာလ၌ ရာေပါင္းမ်ားစြာေသာ ျမန္မာ့တပ္မေတာ္သားမ်ားသည္ တစ္႐ြာဝင္၊ တစ္႐ြာထြက္ စစ္ဆင္ေရး သြားလာေနျခင္း၊ စစ္ေဘးေရွာင္စခန္းမ်ားအား အကာအကြယ္မဲ့ဝင္ေရာက္စစ္ေဆးေနျခင္းမ်ားမွာ ကို႐ိုနာေရာဂါပိုးအား သယ္ေဆာင္ျဖန႔္ျဖဴးေနျခင္းႏွင့္တူပါသည္။ ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ားကို ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိေသာအေၾကာင္းျပခ်က္ျဖင့္ ၿမိဳ႕နယ္ေပါင္း (၉) ၿမိဳ႕နယ္၌ အခ်ိန္အၾကာျမင့္ဆုံး ျဖတ္ေတာက္ထားၿပီး ယခုအခ်ိန္ထိလည္း ဆက္လက္ျဖတ္ေတာက္ထားဆဲျဖစ္ပါသည္။ ထို႔ေၾကာင့္ ရခိုင္ေဒသအတြင္း COVID-19 တိုက္ဖ်က္ေရး၏ ေရွ႕တန္းမွ သူရဲေကာင္းမ်ားျဖစ္ၾကေသာ ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ားအတြက္ အခ်ိန္ႏွင့္တေျပးညီ သတင္းစီးဆင္းမႈ၊ သတင္းသိရွိမႈမ်ားကို ေႏွာင့္ေႏွးေစၿပီး ကို႐ိုနာေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္း၌ ေႏွာင့္ေႏွးႀကံ့ၾကာမႈကိုျဖစ္ေပၚေစပါသည္။ ထို႔အျပင္ ရကၡိဳင့္တပ္ေတာ္မွ စစ္ေရးလႈပ္ရွားသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ရခိုင္ႏွင့္ပလက္ဝေဒသ၏ တိုက္ပြဲျဖစ္ပြားေနေသာၿမိဳ႕နယ္မ်ားအတြင္း အေျခခံစားသုံးကုန္ပစၥည္းမ်ားျဖစ္ေသာ ဆန္၊ ဆီ၊ ဆား၊ ေဆးဝါးရိကၡာမ်ား သယ္ယူပို႔ေဆာင္ေရးကိုလည္း ျမန္မာ့တပ္မေတာ္မွ ကန႔္သတ္တားျမစ္လ်က္ရွိသည္။ အထူးသျဖင့္ ျမန္မာ့တပ္မေတာ္၏ ပလက္ဝေဒသအတြင္းမွ ေက်း႐ြာမ်ားအတြင္း ဗုံးႀကဲတိုက္ခိုက္ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ ေက်း႐ြာအခ်ိဳ႕အား မီးရႈိ႕ဖ်က္ဆီးျခင္းတို႔အျပင္ ျဖတ္ေလးျဖတ္စစ္ဆင္ေရးႏွင့္ အတင္းက်ပ္ဆုံးပိတ္ဆို႔မႈမ်ားအား ျပဳလုပ္လ်က္ရွိပါသည္။ ထို႔ေၾကာင့္ ေဒသခံျပည္သူမ်ားမွာ ရိကၡာရရွိမႈခက္ခဲကာ ကုန္ေဈးႏႈန္းျမင့္မားျခင္းႏွင့္အတူ ငတ္မြတ္မႈအေျခအေနသို႔ က်ေရာက္လ်က္ရွိပါသည္။ ထို႔ေၾကာင့္ ျဖစ္ေပၚလာမည့္ ေနာက္ဆက္တြဲျပႆနာမ်ား၏ လက္သည္တရားခံမွာ ဤအေျခအေနမ်ားကိုဖန္တီးျပဳလုပ္ေနသည့္ ျမန္မာ့တပ္မေတာ္သာျဖစ္ပါသည္။ ထို႔အတူ သယ္ယူ ပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ားကို ပိတ္ဆို႔ထားသည္မွာလည္း မိမိတို႔အဖြဲ႕အစည္းမဟုတ္ဘဲ ျမန္မာ့တပ္မေတာ္သာျဖစ္ပါသည္။ ျမန္မာ့တပ္မေတာ္၏ လက္တံမ်ားျဖစ္ၾကေသာ စစ္မႈထမ္းေဟာင္းမ်ား၊ စြမ္းအားရွင္ပုံေျပာင္းမ်ားႏွင့္ ႀကံ့ခိုင္ေရးအဖြဲ႕ဝင္မ်ားသည္ အဖြဲ႕အစည္းတစ္ခုတည္းမွျဖစ္သည့္အားေလ်ာ္စြာ ဂိုဏ္းတူညီအစ္ကိုမ်ားျဖစ္ၾကေသာ ယခင္ေထာက္လွမ္းေရး ဝန္ထမ္းေဟာင္းမ်ားႏွင့္ပူးေပါင္းၿပီး ရခိုင္ေဒသအတြင္း ရႈပ္ေထြးမႈမ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ျပဳလုပ္ဖန္တီးၿပီး မိမိတို႔အဖြဲ႕အစည္းအေပၚ ႏိုင္ငံတကာမွ ထင္ေယာင္ထင္မွားျဖစ္ေစရန္ ဖန္တီးလ်က္ရွိပါသည္။ ဤကဲ့သို႔ေသာ ရာဇဝတ္မႈမ်ား၊ မႈခင္းမ်ားကို နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ႀကံစည္လုပ္ေဆာင္ေနၿပီး မိမိတို႔အဖြဲ႕အစည္းအေပၚ အျပစ္ပုံခ်ျခင္း၊ အျပစ္ဖို႔ျခင္း၊ အၾကမ္းဖက္အျဖစ္ပုံေဖာ္ျခင္း စသည့္လုပ္ရပ္မ်ားကို ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ ေဇာက္ခ်လုပ္ေဆာင္လ်က္ရွိပါသည္။ ၎တို႔က်ဴးလြန္ေသာ ျပစ္မႈမ်ား၊ ပါဝင္ပတ္သက္ေနေသာ မႈခင္းမ်ား၊ ရာဇဝတ္မႈမ်ားကို ၎တို႔ကိုယ္တိုင္စုံစမ္းစစ္ေဆးၿပီး ဆုံးျဖတ္ေနျခင္းမွာ ျပစ္မႈက်ဴးလြန္ခံရသူ ရခိုင္ျပည္သူလူထုမ်ားအတြက္ အမွန္တရားမ်ား ေပ်ာက္ဆုံးကာ စိုးရိမ္စရာအေကာင္းဆုံးအေျခအေနသို႔ ေရာက္ရွိေနပါသည္။ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္သည္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ဆန႔္က်င္သည္။ ထို႔ေၾကာင့္ မည္သည့္အၾကမ္းဖက္လုပ္ရပ္ကို မည္သည့္အခါမွ် မျပဳလုပ္သကဲ့သို႔ မည္သည့္အၾကမ္းဖက္အဖြဲ႕အစည္းႏွင့္ မည္သည့္အခါမွ် ပူးေပါင္းေဆာင္႐ြက္မည္မဟုတ္ဆိုသည္ကိုလည္း ခိုင္မာေသခ်ာစြာျဖင့္ ထပ္မံအသိေပးအပ္ပါသည္။ ျမန္မာအစိုးရသည္ ၎တို႔အား စစ္ေရး၊ ႏိုင္ငံေရး အားၿပိဳင္ရန္ဖက္ အဖြဲ႕အစည္းတိုင္းကို မတရားအသင္း၊ အၾကမ္းဖက္အသင္းဟု တံဆိပ္ကပ္ၿပီး ေခတ္အဆက္ဆက္တြင္ ထိုးႏွက္တိုက္ခိုက္ခဲ့ၾကသည္။ ယခုတစ္ႀကိမ္၌လည္း မိမိတို႔အဖြဲ႕အစည္းအား ျမန္မာအစိုးရမွ ယခင္နည္းတူ အျခားေသာေတာ္လွန္ေရး လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအား ထိုးႏွက္တိုက္ခိုက္ခဲ့သည့္အတိုင္း လုပ္ေဆာင္လ်က္ရွိသည္။ ယေန႔ေခတ္ကာလ၌ ႏိုင္ငံမ်ားသည္ အၾကမ္းဖက္အႏၲရာယ္ကို ကာကြယ္ရန္အတြက္ အၾကမ္းဖက္ဥပေဒမ်ားကိုျပ႒ာန္းၿပီး အၾကမ္းဖက္ တိုက္ဖ်က္ေရးကို ပူးေပါင္းေဆာင္႐ြက္ၾကသည္။ မိမိတို႔ ULA/AA အေနျဖင့္ ေဒသတြင္း အၾကမ္းဖက္တိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္ မည္သည့္အၾကမ္းဖက္တိုက္ဖ်က္ေရးအဖြဲ႕ႏွင့္မဆို ပူးေပါင္းေဆာင္႐ြက္ရန္ အၿမဲအသင့္ရွိပါသည္။ ျမန္မာ့တပ္မေတာ္ႏွင့္ ျမန္မာ့ျပည္ေထာင္စုအစိုးရကိုယ္တိုင္ ပါဝင္က်ဴးလြန္ေနေသာ ႏိုင္ငံေတာ္၏ အၾကမ္းဖက္မႈမ်ားကို ရခိုင္ျပည္သူလူထုမ်ားမွာ ဆိုးဝါးစြာခံစားေနၾကရပါသည္။ ႏိုင္ငံသားအခြင့္အေရး၊ အေျခခံလူ႔အခြင့္ အေရးမ်ားဆုံးရႈံးျခင္း၊ ဥပေဒ၏အကာအကြယ္ေပးမႈကို မရရွိျခင္းတို႔အျပင္ အမွန္တရားမ်ားပါ ဆိတ္သုဥ္းေပ်ာက္ကြယ္လ်က္ ရွိပါသည္။ တစ္နည္းဆိုရေသာ္ ဤႏိုင္ငံအတြင္းေနထိုင္ၾကေသာ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားကို ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔က “ဥပေဒ၊ လုပ္ပိုင္ခြင့္၊ အာဏာ၊ လက္နက္ကိုင္တပ္ဖြဲ႕မ်ား” ကို လြဲမွားစြာအသုံးခ်ၿပီး ႏိုင္ငံသားမ်ားကို ရက္စက္စြာ အၾကမ္းဖက္သတ္ျဖတ္ေနျခင္းပင္ျဖစ္သည္။ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔သည္ အိမ္နီးနားခ်င္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာသို႔ တိုင္းရင္းသား ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ သတင္းအမွားမ်ားကိုေပးပို႔၍ ဗမာမဟုတ္ေသာ တိုင္းရင္းသားလူမ်ိဳးစုမ်ားကို ႏွိပ္ကြပ္ရွင္းလင္းရန္ အၾကမ္းဖက္ဥပေဒအား ခုတုံးလုပ္ကာ ႏိုင္ငံေရးအရ ထိုးႏွက္တိုက္ခိုက္လ်က္ရွိသည္။ ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ ဗမာမဟုတ္ေသာ တိုင္းရင္းသားလူနည္းစုမ်ားအား လူမ်ိဳးျဖဳတ္ရွင္းလင္းေရးႏွင့္ ၎တို႔ က်ဴးလြန္ေနေသာ စစ္ရာဇဝတ္ျပစ္မႈႀကီးမ်ား၌ သြယ္ဝိုက္ေသာနည္းျဖင့္ မကူညီမိၾကေစရန္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာအေနျဖင့္ အထူးသတိထားေရွာင္ၾကဥ္သင့္ပါသည္။ ျမန္မာ့တပ္မေတာ္သည္ လက္ရွိအခ်ိန္၌ ႏိုင္ငံတကာတရား႐ုံး (ICJ) ၌ လူမ်ိဳးတုံးသတ္ျဖတ္မႈျဖင့္ တရားရင္ဆိုင္ေနရေသာ ကမာၻသိစစ္ရာဇဝတ္သားမ်ားျဖစ္သည္ကို အထူးသတိျပဳၾက ေစလိုပါသည္။ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ ျပည္တြင္းသတင္းမီဒီယာမ်ားကို ဖိႏွိပ္၊ ထိန္းခ်ဳပ္ထားၿပီး အမွန္တရားမ်ားကို ေဖ်ာက္ဖ်က္ေစေသာ သတင္းအမွားမ်ားကို ပုံႀကီးခ်ဲ႕ေရးသားေျပာဆိုလ်က္ရွိပါသည္။ ျမန္မာအစိုးရသည္ အစိုးရပိုင္သတင္းမီဒီယာမ်ား၌ မိမိတို႔အဖြဲ႕အစည္းႏွင့္ပတ္သက္၍ သတင္းအမွားမ်ားကိုေဖာ္ျပျခင္း၊ ခ်ဲ႕ကားေဖာ္ျပျခင္း၊ စြပ္စြဲေရးသားျခင္း၊ ေျပာဆိုျခင္းတို႔အျပင္ ျမန္မာ့တပ္မေတာ္၏ စစ္ရာဇဝတ္က်ဴးလြန္မႈမ်ားကို ဖုံးဖိေပးျခင္း၊ ကာကြယ္ေျပာဆိုျခင္း စသည္တို႔ကိုလည္း လုပ္ေဆာင္လ်က္ရွိသည္။ မဟုတ္မမွန္ေသာသတင္းမ်ားကို အႀကိမ္ႀကိမ္ စြပ္စြဲေျပာဆိုၿပီး မိမိတို႔အဖြဲ႕အစည္းအေပၚ ႏိုင္ငံတကာမွ အထင္အျမင္လြဲမွားမႈမ်ားျဖစ္ေပၚလာေစရန္ ျပဳလုပ္လ်က္ရွိပါသည္။ ရခိုင္၊ ပလက္ဝေဒသအတြင္းမွ စစ္ေဘးေရွာင္ျပည္သူလူထုမ်ားႏွင့္ တိုက္ပြဲျဖစ္ပြားျခင္းေၾကာင့္မဟုတ္ဘဲ ျမန္မာ့တပ္မေတာ္၏ ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ျခင္းကိုစိုးရိမ္၍ အိုးအိမ္စြန႔္ခြာတိမ္းေရွာင္ေနၾကရေသာ တိုက္ပြဲေရွာင္ ျပည္သူလူထုမ်ားအတြက္ လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ အကူအညီေပးေနၾကေသာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ လူထုအေျချပဳအဖြဲ႕အစည္းမ်ားအား မိမိတို႔အဖြဲ႕အစည္းအေနျဖင့္ မည္သည့္အေႏွာင့္အယွက္၊ အဟန႔္အတားအား မည္သည့္အခါမွ်ေပးလိမ့္မည္မဟုတ္ေၾကာင္း အျပည့္အဝအာမခံပါသည္။ အကူအညီမဲ့ေနေသာ ကြၽႏ္ုပ္တို႔ ရခိုင္ျပည္သူလူမ်ိဳးစုမ်ားအားလုံးအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားကို ဆက္လက္ကူညီေပးၾကပါရန္လည္း ထပ္ေလာင္းေမတၱာရပ္ခံ ပန္ၾကားအပ္ပါသည္။ ျမန္မာႏိုင္ငံ၌ျဖစ္ပ်က္ေနေသာ ျပည္တြင္းစစ္မီးအား ၿငိမ္းသတ္ေစရန္ႏွင့္ ရခိုင္၊ ပလက္ဝေဒသ၏ အေျခအေနဆိုးမ်ားကို ေျဖရွင္းရန္အတြက္ အဓိကႏွင့္ ဦးစားေပးလုပ္ေဆာင္ရမည့္အရာမ်ားထဲမွ တစ္ခုျဖစ္ေသာ “တစ္ႏိုင္ငံလုံးအတိုင္းအတာအားျဖင့္ ၿခဳံငုံေသာအပစ္အခတ္ရပ္စဲေရး” ကို NLD ဦးေဆာင္ ျမန္မာအစိုးရအေနျဖင့္ ၎တို႔၏ အစိုးရသက္တမ္းမကုန္ဆုံးမီေၾကညာၿပီး ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးအေျဖရွာသည့္လမ္းေၾကာင္းထက္ ျပန္လည္ေရာက္ရွိရန္ အေလးထားေဆာင္႐ြက္သင့္ေၾကာင္း ေထာက္ျပလိုပါသည္။ တစ္ႏိုင္ငံလုံးအတိုင္းအတာအားျဖင့္ အပစ္အခတ္ရပ္စဲႏိုင္မွသာ COVID-19 ထိန္းခ်ဳပ္ေရး၊ ႀကိဳတင္ကာကြယ္တားဆီးေရး၊ တိုက္ဖ်က္ေရးတို႔ကို ထိေရာက္စြာ လုပ္ေဆာင္ႏိုင္မည္ျဖစ္ပါသည္။ စစ္မွန္ေသာႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမ်ားကသာ လက္ရွိပဋိပကၡမ်ားကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္လိမ့္မည္ဟု မိမိတို႔အေနျဖင့္ အျပည့္အဝယုံၾကည္ပါသည္။ မိမိတို႔ဖက္မွ ၿငိမ္းခ်မ္းေသာနည္းျဖင့္ အေျဖရွာရန္ လိုလားေသာ္လည္း ျမန္မာ့တပ္မေတာ္အေနျဖင့္ ယခင္ထက္ႀကီးမားေသာ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနမည္ ဆိုပါက မိမိတို႔ ULA/AA အေနျဖင့္ ယခင္ထုတ္ျပန္ထာသည့္အတိုင္း တစ္ဖြဲ႕ခ်င္းအလိုက္ေသာ္လည္းေကာင္း၊ ညီေနာင္မဟာမိတ္မ်ားႏွင့္ ဟန္ခ်က္ညီစုစည္း၍လည္းေကာင္း စစ္ရာဇဝတ္တပ္ဖြဲ႕ျမန္မာ့တပ္မေတာ္၏ ထိုးစစ္ႀကီးမ်ားကို ရဲဝံ့စြာျဖင့္ ခုခံကာကြယ္သြားမည္။ ျမန္မာ့တပ္မေတာ္၏ မတရားမႈမ်ားကို ျပည္သူလူထုေရွ႕မွ မားမားမတ္မတ္ရပ္တည္၍ ေတာ္လွန္တိုက္ထုတ္သြားမည္ျဖစ္ေၾကာင္း ေျပၾကားရင္း ရခိုင္၊ ပလက္ဝေဒသအတြင္း ျဖစ္ပ်က္ေနေသာ လက္ရွိအေျခ အေနမ်ားကို အသိေပးရွင္းလင္းအပ္ပါသည္။ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္




အမှတ် (၂၆/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၂) ရက်

၂၀၂၀ ပြည့်နှစ်၊ မေလ (၁၈) ရက်


ရခိုင်၊ ပလက်ဝဒေသအတွင်းဖြစ်ပျက်နေသော လက်ရှိအခြေအနေဆိုးများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းချက်


မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်နှင့်ရခိုင်ပြည်သူလူထုအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ လပေါင်းနှစ်ဆယ်နီးပါးကြာမြင့်သည့်တိုင် ရပ်တန့်ခြင်းမရှိသေးဘဲ ဆက်လက်လုပ်ဆောင်နေသောကြောင့် ရခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ယနေ့အထိရှိနေပါသည်။ ရခိုင်၊ ပလက်ဝဒေသအတွင်း မြန်မာ့တပ်မတော်မှကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများ၊ လူမျိုးဖြုတ်ရှင်းလင်းရေးကို ဦးတည်သောလုပ်ရပ်များအား ၎င်းတို့၏လုပ်ပိုင်ခွင့်များကိုအသုံးချပြီး ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုများအပေါ် အဆိုးဝါးဆုံး ကျူးလွန်လျက်ရှိပါသည်။

ထို့ကြောင့် အခြေအနေများမှာ တစ်ရက်ထက်တစ်ရက် ဆိုးဝါးလျက်ရှိပြီး အထူးစိုးရိမ်စရာကောင်းလှပါသည်။ နှစ်ပေါင်း (၇၀) အတွင်း မြန်မာ့တပ်မတော်၏ အကြီးမားဆုံး၊ အရှည်ကြာဆုံးထိုးစစ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ အဆိုးဝါးဆုံး အခြေအနေဟု ပြော၍ပင်ရသည်။ ထို့ကြောင့် ရခိုင်နှင့်ပလက်ဝဒေသအတွင်းနေထိုင်ကြသော ပြည်သူလူထုအပေါ် စာနာနားလည်ပေးကြသော နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများမှာလည်း ပိုမိုမြင့်တက်လျက်ရှိပါသည်။

ရက္ခိုင့်တပ်တော်သည် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများကိုရပ်စဲပြီး ကမ္ဘာ့ကပ်ရောဂါဖြစ်သော COVID-19 ကူးစက်မြန်ရောဂါထိန်းချုပ်ရေးကို အထောက်အကူပြုစေရန်၊ ပြည်သူလူထု၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ လျော့ပါးစေရန် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ညီနောင်မဟာမိတ်များနှင့်အတူတကွ အကြိမ်ကြိမ်ကြေညာထားသော်လည်း မြန်မာ့တပ်မတော်၏ထိုးစစ်များကြောင့် မိမိတို့ထုတ်ပြန်ချက်၏ ရည်ရွယ်ရင်းသို့ မရောက်ဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါသည်။

၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း၌ပင် မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အား ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်သကဲ့သို့ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ပလက်ဝမြို့နယ်များအတွင်း၌ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသူရွာသားများအားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်ပြီး ပြည်သူလူထုများအကြားတွင် အကြောက်တရားများ၊ စိုးရိမ်သောကများကို ထည့်သွင်းလျက်ရှိပါသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် မိမိကိုယ်မိမိခုခံကာကွယ်သောအားဖြင့် ဆင်နွှဲရသောတိုက်ပွဲများနှင့် မလွဲမရှောင်သာ တိုက်ရသောတိုက်ပွဲများမှလွဲ၍ မိမိတို့ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်သော တိုက်ပွဲများမဖြစ်ပွားစေရန် မိမိတို့ထုတ်ပြန် ထားသည့်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါသည်။ COVID-19 ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ၌ မိမိတို့အတွက် လုံခြုံရေးအာမခံချက်ရှိသော အခြေအနေအောက်တွင် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

အခြားတစ်ဖက်တွင် NLD ဦးဆောင်သော ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်အစိုးရတို့မှ ရခိုင်ပြည်သူ လူထုများ၏ အသက်အိုးအိမ်စည်းစိမ်၊ နစ်နာချက်များကို အပြည့်အဝအကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည့်အပြင် ယခုထက်ထိလည်း ဆက်လက်ပျက်ကွက်နေဆဲဖြစ်ပါသည်။ ရခိုင်ပြည်အစိုးရအနေဖြင့် COVID-19 ကာလအတွင်း လူစုလူဝေးများပြုလုပ်ခြင်းအား တားဆီးရန်၊ COVID-19 ဆိုင်ရာ ကျန်းမာရေးအသိပညာဖြန့်ဝေရန် ပျက်ကွက်ခဲ့ရုံသာမက လူစုလူဝေးများကို တမင်ဖန်တီးလျက် လူသားစိတ်ကင်းမဲ့စွာဖြင့်ယုတ်မာခဲ့သည်။ အစိုးရတစ်ရပ်မှ ပြည်သူလူထုများအပေါ် တာဝန်ယူမှုပျက်ကွက်ခဲ့ရုံသာမက တာဝန်မဲ့သောစကားများကို အကြိမ်ကြိမ်ပြောဆိုခြင်း၊ ရခိုင်ပြည်သူလူထုများကို လူမျိုးရေး၊ နိုင်ငံရေးအရ နှိပ်ကွပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဘေးဖယ်ထားခြင်း၊ အမျိုးသားရေးဆိုင်ရာရပိုင်ခွင့်များ မရရှိအောင်ပြုလုပ်ထားခြင်း စသည့်လုပ်ရပ်များကိုသာ လူမျိုးရေးအမုန်းတရားများဖြင့် ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

မြန်မာ့တပ်မတော်သည် COVID-19 ထိန်းချုပ်ရေးကာလ၌ ဟန်ပြလုပ်ဆောင်ချက်များဖြင့် နိုင်ငံတကာအား လှည့်စားထားပြီး ရခိုင်၊ ပလက်ဝဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကို နေ့တိုင်းပြုလုပ်လျက်ရှိပါသည်။ COVID-19 ရောဂါထိန်းချုပ်ရေးကာလ၌ ရာပေါင်းများစွာသော မြန်မာ့တပ်မတော်သားများသည် တစ်ရွာဝင်၊ တစ်ရွာထွက် စစ်ဆင်ရေး သွားလာနေခြင်း၊ စစ်ဘေးရှောင်စခန်းများအား အကာအကွယ်မဲ့ဝင်ရောက်စစ်ဆေးနေခြင်းများမှာ ကိုရိုနာရောဂါပိုးအား သယ်ဆောင်ဖြန့်ဖြူးနေခြင်းနှင့်တူပါသည်။

ဆက်သွယ်ရေးအင်တာနက်လိုင်းများကို မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ ကျိုးကြောင်းဆီလျော်မှု မရှိသောအကြောင်းပြချက်ဖြင့် မြို့နယ်ပေါင်း (၉) မြို့နယ်၌ အချိန်အကြာမြင့်ဆုံး ဖြတ်တောက်ထားပြီး ယခုအချိန်ထိလည်း ဆက်လက်ဖြတ်တောက်ထားဆဲဖြစ်ပါသည်။ ထို့ကြောင့် ရခိုင်ဒေသအတွင်း COVID-19 တိုက်ဖျက်ရေး၏ ရှေ့တန်းမှ သူရဲကောင်းများဖြစ်ကြသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် အချိန်နှင့်တပြေးညီ သတင်းစီးဆင်းမှု၊ သတင်းသိရှိမှုများကို နှောင့်နှေးစေပြီး ကိုရိုနာရောဂါထိန်းချုပ်ရေးလုပ်ငန်း၌ နှောင့်နှေးကြံ့ကြာမှုကိုဖြစ်ပေါ်စေပါသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်မှ စစ်ရေးလှုပ်ရှားသည်ဟူသော အကြောင်းပြချက်ဖြင့် ရခိုင်နှင့်ပလက်ဝဒေသ၏ တိုက်ပွဲဖြစ်ပွားနေသောမြို့နယ်များအတွင်း အခြေခံစားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးရိက္ခာများ သယ်ယူပို့ဆောင်ရေးကိုလည်း မြန်မာ့တပ်မတော်မှ ကန့်သတ်တားမြစ်လျက်ရှိသည်။ အထူးသဖြင့် မြန်မာ့တပ်မတော်၏ ပလက်ဝဒေသအတွင်းမှ ကျေးရွာများအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအချို့အား မီးရှို့ဖျက်ဆီးခြင်းတို့အပြင် ဖြတ်လေးဖြတ်စစ်ဆင်ရေးနှင့် အတင်းကျပ်ဆုံးပိတ်ဆို့မှုများအား ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများမှာ ရိက္ခာရရှိမှုခက်ခဲကာ ကုန်ဈေးနှုန်းမြင့်မားခြင်းနှင့်အတူ ငတ်မွတ်မှုအခြေအနေသို့ ကျရောက်လျက်ရှိပါသည်။ ထို့ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများ၏ လက်သည်တရားခံမှာ ဤအခြေအနေများကိုဖန်တီးပြုလုပ်နေသည့် မြန်မာ့တပ်မတော်သာဖြစ်ပါသည်။ ထို့အတူ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသည်မှာလည်း မိမိတို့အဖွဲ့အစည်းမဟုတ်ဘဲ မြန်မာ့တပ်မတော်သာဖြစ်ပါသည်။

မြန်မာ့တပ်မတော်၏ လက်တံများဖြစ်ကြသော စစ်မှုထမ်းဟောင်းများ၊ စွမ်းအားရှင်ပုံပြောင်းများနှင့် ကြံ့ခိုင်ရေးအဖွဲ့ဝင်များသည် အဖွဲ့အစည်းတစ်ခုတည်းမှဖြစ်သည့်အားလျော်စွာ ဂိုဏ်းတူညီအစ်ကိုများဖြစ်ကြသော ယခင်ထောက်လှမ်းရေး ဝန်ထမ်းဟောင်းများနှင့်ပူးပေါင်းပြီး ရခိုင်ဒေသအတွင်း ရှုပ်ထွေးမှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ဖန်တီးပြီး မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံတကာမှ ထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးလျက်ရှိပါသည်။ ဤကဲ့သို့သော ရာဇဝတ်မှုများ၊ မှုခင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ကြံစည်လုပ်ဆောင်နေပြီး မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချခြင်း၊ အပြစ်ဖို့ခြင်း၊ အကြမ်းဖက်အဖြစ်ပုံဖော်ခြင်း စသည့်လုပ်ရပ်များကို မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့မှ ဇောက်ချလုပ်ဆောင်လျက်ရှိပါသည်။ ၎င်းတို့ကျူးလွန်သော ပြစ်မှုများ၊ ပါဝင်ပတ်သက်နေသော မှုခင်းများ၊ ရာဇဝတ်မှုများကို ၎င်းတို့ကိုယ်တိုင်စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်နေခြင်းမှာ ပြစ်မှုကျူးလွန်ခံရသူ ရခိုင်ပြည်သူလူထုများအတွက် အမှန်တရားများ ပျောက်ဆုံးကာ စိုးရိမ်စရာအကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်သည် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်သည်။ ထို့ကြောင့် မည်သည့်အကြမ်းဖက်လုပ်ရပ်ကို မည်သည့်အခါမျှ မပြုလုပ်သကဲ့သို့ မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့် မည်သည့်အခါမျှ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဆိုသည်ကိုလည်း ခိုင်မာသေချာစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်။ မြန်မာအစိုးရသည် ၎င်းတို့အား စစ်ရေး၊ နိုင်ငံရေး အားပြိုင်ရန်ဖက် အဖွဲ့အစည်းတိုင်းကို မတရားအသင်း၊ အကြမ်းဖက်အသင်းဟု တံဆိပ်ကပ်ပြီး ခေတ်အဆက်ဆက်တွင် ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။

ယခုတစ်ကြိမ်၌လည်း မိမိတို့အဖွဲ့အစည်းအား မြန်မာအစိုးရမှ ယခင်နည်းတူ အခြားသောတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအား ထိုးနှက်တိုက်ခိုက်ခဲ့သည့်အတိုင်း လုပ်ဆောင်လျက်ရှိသည်။ ယနေ့ခေတ်ကာလ၌ နိုင်ငံများသည် အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ရန်အတွက် အကြမ်းဖက်ဥပဒေများကိုပြဋ္ဌာန်းပြီး အကြမ်းဖက် တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ကြသည်။ မိမိတို့ ULA/AA အနေဖြင့် ဒေသတွင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများတွင် မည်သည့်အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိပါသည်။

မြန်မာ့တပ်မတော်နှင့် မြန်မာ့ပြည်ထောင်စုအစိုးရကိုယ်တိုင် ပါဝင်ကျူးလွန်နေသော နိုင်ငံတော်၏ အကြမ်းဖက်မှုများကို ရခိုင်ပြည်သူလူထုများမှာ ဆိုးဝါးစွာခံစားနေကြရပါသည်။ နိုင်ငံသားအခွင့်အရေး၊ အခြေခံလူ့အခွင့် အရေးများဆုံးရှုံးခြင်း၊ ဥပဒေ၏အကာအကွယ်ပေးမှုကို မရရှိခြင်းတို့အပြင် အမှန်တရားများပါ ဆိတ်သုဉ်းပျောက်ကွယ်လျက် ရှိပါသည်။ တစ်နည်းဆိုရသော် ဤနိုင်ငံအတွင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများကို မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့က “ဥပဒေ၊ လုပ်ပိုင်ခွင့်၊ အာဏာ၊ လက်နက်ကိုင်တပ်ဖွဲ့များ” ကို လွဲမှားစွာအသုံးချပြီး နိုင်ငံသားများကို ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်နေခြင်းပင်ဖြစ်သည်။

မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် အိမ်နီးနားချင်းနိုင်ငံများနှင့် နိုင်ငံတကာသို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းအမှားများကိုပေးပို့၍ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများကို နှိပ်ကွပ်ရှင်းလင်းရန် အကြမ်းဖက်ဥပဒေအား ခုတုံးလုပ်ကာ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့မှ ဗမာမဟုတ်သော တိုင်းရင်းသားလူနည်းစုများအား လူမျိုးဖြုတ်ရှင်းလင်းရေးနှင့် ၎င်းတို့ ကျူးလွန်နေသော စစ်ရာဇဝတ်ပြစ်မှုကြီးများ၌ သွယ်ဝိုက်သောနည်းဖြင့် မကူညီမိကြစေရန် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအနေဖြင့် အထူးသတိထားရှောင်ကြဉ်သင့်ပါသည်။ မြန်မာ့တပ်မတော်သည် လက်ရှိအချိန်၌ နိုင်ငံတကာတရားရုံး (ICJ) ၌ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားရင်ဆိုင်နေရသော ကမ္ဘာသိစစ်ရာဇဝတ်သားများဖြစ်သည်ကို အထူးသတိပြုကြ စေလိုပါသည်။

မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ ပြည်တွင်းသတင်းမီဒီယာများကို ဖိနှိပ်၊ ထိန်းချုပ်ထားပြီး အမှန်တရားများကို ဖျောက်ဖျက်စေသော သတင်းအမှားများကို ပုံကြီးချဲ့ရေးသားပြောဆိုလျက်ရှိပါသည်။ မြန်မာအစိုးရသည် အစိုးရပိုင်သတင်းမီဒီယာများ၌ မိမိတို့အဖွဲ့အစည်းနှင့်ပတ်သက်၍ သတင်းအမှားများကိုဖော်ပြခြင်း၊ ချဲ့ကားဖော်ပြခြင်း၊ စွပ်စွဲရေးသားခြင်း၊ ပြောဆိုခြင်းတို့အပြင် မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်ကျူးလွန်မှုများကို ဖုံးဖိပေးခြင်း၊ ကာကွယ်ပြောဆိုခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်။ မဟုတ်မမှန်သောသတင်းများကို အကြိမ်ကြိမ် စွပ်စွဲပြောဆိုပြီး မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်လာစေရန် ပြုလုပ်လျက်ရှိပါသည်။

ရခိုင်၊ ပလက်ဝဒေသအတွင်းမှ စစ်ဘေးရှောင်ပြည်သူလူထုများနှင့် တိုက်ပွဲဖြစ်ပွားခြင်းကြောင့်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းကိုစိုးရိမ်၍ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရသော တိုက်ပွဲရှောင် ပြည်သူလူထုများအတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် အကူအညီပေးနေကြသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများအား မိမိတို့အဖွဲ့အစည်းအနေဖြင့် မည်သည့်အနှောင့်အယှက်၊ အဟန့်အတားအား မည်သည့်အခါမျှပေးလိမ့်မည်မဟုတ်ကြောင်း အပြည့်အဝအာမခံပါသည်။ အကူအညီမဲ့နေသော ကျွန်ုပ်တို့ ရခိုင်ပြည်သူလူမျိုးစုများအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ကူညီပေးကြပါရန်လည်း ထပ်လောင်းမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

မြန်မာနိုင်ငံ၌ဖြစ်ပျက်နေသော ပြည်တွင်းစစ်မီးအား ငြိမ်းသတ်စေရန်နှင့် ရခိုင်၊ ပလက်ဝဒေသ၏ အခြေအနေဆိုးများကို ဖြေရှင်းရန်အတွက် အဓိကနှင့် ဦးစားပေးလုပ်ဆောင်ရမည့်အရာများထဲမှ တစ်ခုဖြစ်သော “တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ခြုံငုံသောအပစ်အခတ်ရပ်စဲရေး” ကို NLD ဦးဆောင် မြန်မာအစိုးရအနေဖြင့် ၎င်းတို့၏ အစိုးရသက်တမ်းမကုန်ဆုံးမီကြေညာပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာသည့်လမ်းကြောင်းထက် ပြန်လည်ရောက်ရှိရန် အလေးထားဆောင်ရွက်သင့်ကြောင်း ထောက်ပြလိုပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်အခတ်ရပ်စဲနိုင်မှသာ COVID-19 ထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးတို့ကို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကသာ လက်ရှိပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မိမိတို့အနေဖြင့် အပြည့်အဝယုံကြည်ပါသည်။ မိမိတို့ဖက်မှ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရန် လိုလားသော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ယခင်ထက်ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ဆက်လက်လုပ်ဆောင်နေမည် ဆိုပါက မိမိတို့ ULA/AA အနေဖြင့် ယခင်ထုတ်ပြန်ထာသည့်အတိုင်း တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ်များနှင့် ဟန်ချက်ညီစုစည်း၍လည်းကောင်း စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်၏ ထိုးစစ်ကြီးများကို ရဲဝံ့စွာဖြင့် ခုခံကာကွယ်သွားမည်။ မြန်မာ့တပ်မတော်၏ မတရားမှုများကို ပြည်သူလူထုရှေ့မှ မားမားမတ်မတ်ရပ်တည်၍ တော်လှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ပြေကြားရင်း ရခိုင်၊ ပလက်ဝဒေသအတွင်း ဖြစ်ပျက်နေသော လက်ရှိအခြေ အနေများကို အသိပေးရှင်းလင်းအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်

577 views
bottom of page