top of page

ရက္ခိုင်ဒေသတိုက်ပွဲသတင်းများ






ရက္ခိုင်ဒေသတိုက်ပွဲသတင်းများ

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

 

ရက္ခိုင့်တပ်‌တော် (AA) သည် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးတို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး "တရွန်အိုင်ဗျူဟာ” ကုန်းတစ်ခုလုံးအား ထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်။

 

နောက်ထပ် အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော “နှုံးဘူးဗျူဟာ” အား  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၂၅) မိနစ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ် (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ရန်သူသည် မိမိတို့၏ တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့မှ ၎င်းဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ "နှုံးဘူး" ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်။

 

ထို့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

 

ပေါက်တောမြို့တွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ပုံမှန်ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

အခြားတစ်ဘက်တွင် ထွက်ပြေးလွတ်မြောက်နေသော ရန်သူများထဲမှ အချို့သည် မိမိတို့အား လာရောက်တိုက်ခိုက်သောကြောင့် နေရာအချို့တွင် ရင်ဆိုင်ထိတွေ့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၆) နာရီ (၁၀) မိနစ်ခန့်တွင် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကဇူးကိုင်း၊ "တောဟိန်းတောင်"ဗျူဟာမှ အမ်းမြို့နယ်၊ တဲဖျားရွာအနီးသို့လည်းကောင်း၊ ညနေ (၇) နာရီ (၅၆) မိနစ် အချိန်ခန့်တွင် အမ်းမြိုနယ်၊ ဒလက်ချောင်းအတွင်းရှိ ရန်သူ၏ စခန်းကုန်းတစ်ခုမှ အမ်းမြို့နယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်၊ တပ်ဖွဲ့ဝင်များရှိရာ နေရာသို့လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ပလက်ဝမြို့နယ်အတွင်း အခိုင်အမာ စခန်းချကာ ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော “နှုံးဘူး ဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည့် အာရက္ခ စစ်သည်တော်များနှင့် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ အားလုံးကို လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

 

 

1,486 views

2 commentaires


So Bhita
So Bhita
12 déc. 2023

တရားသောစစ်ကိုဆင်နွဲနီကတ်သော အာရက္ခရဲဘော်များ အောင်မြင်ပါစေ

J'aime

အကုအချိန်သည်အလွန်အရေးကြီး၍ ကိုယ်ရို့မာဟိရေ resouce တိရေအသုံးပြုဖိူ့လိုအပ်တေခါ ရဖို့အတွက် management ကောင်းဖို့လိုပါရေ။ ရီ။မီး စွမ်းအင်။ အစားအစာ။ အါဟာရ။ ဆီးဝါး။ တင်သွင်းကုန်အရင်းအမြစ်အစားထိုးရေအလုပ်တိပါလိုအပ်ပါရေ။ ဟိရေပစ္စည်းကိုအဓိကအမြင့်ဆုံးအရေးကြီးရေစွာကိုအယင်ဦးစားပီးသုံးလိုပိုမရာအရာစွာအတွက်ခွဲခြားဥသုံးရပါမည်။ယင်းအတွက် resources management ရေ order ဦးစားပီးအစီအစည် နန့် ပမာဏ ကြိုတင်သိ database လုပ်တေလေ့အကျင့်ပါလိုပါရေ။ စက်သုံးဆီ စွမ်းအင်ရေ အလင်းရောင်၊ အပူ၊လျပ်စစ်၊ သယ်ယူပို့ဆောင် transport တိကို၊ alternative အစားထိုးခြင်း အသုံးပြုနိုင့်မူ့အလေ့အကျင့်င့်နန့်ကြိုတင်စီစည်မူ့တိလိုပါရေ။ အေနီရာမာ ဆရာခံနီစွာလို့မမှတ်ဖို့အယင်တောင်းပန်ပါမယ်။ အသုံးဝင်နိုင်ကေတဒေါင့်တနီရာမာသုံးရအောင်တင်ပြပါမည်။ အကုအခါရေ စက်သုံးဆီရှားရေ။ စားသုံးဆီရှားရေ။ စွမ်းအင်နန့်။အစာအဟာရပါရှားရေ။အဆုံးမာဖေ့ချာပါရှာမရရေအတွက်အစားထိုးအလေ့အကျင့်ကောင်းကောင်းလိုပါရေ။ဥပမာမနည်းအကျည်းကိုတင်ပြပါမည်။စားသုံဆီ၊ ဟိုးအယင်ခါ နှမ်းဆီ၊ပဲဆီ၊မညှင်းဆီ၊ဝက်ဆီတိဟိခပါရေ၊အကုခါကစားအုံးဆီတောင်အဆင့်မြင့်လါးပါရေ။ပြန်သုံးဆီလို့ခေါ်ရေမြောင်းထဲကစွန့်ပစ်ဆီကိုစစ်ထါးရေဆီတိရေအရောင်အနံထည့်ပြီးကေရောက်လါကေဈီးသက်သါလို့နန့်ယင်းချင့်ရာဟိလို့သုံးရပါရေ။ အေနီရာမာ ဝက်ဆီရေအလွယ်တကူနီရာပြန်ယူနိုင်ပါရေ။ဝက်ဆီကိုအပူချိန်၆၀'Cထက်မပိုဘဲ ဝမ်းတွင်းသားအဆီဖတ်ကထုတ်ကေ။ vitamin Eနန့် အခြားအကျိုးဟိရေအဟာရတိအများကြီးရပါရေ။ယင်းချင့်ကို Lard လို့အဂ်လိပ်ပိုင်ခေါ်ပါရေ။Lard ရေ ထောပတ်အစါးထိုး ပေါင်မုန့် ဖုတ်တေဆီတမျိုးပါ။အခုအင်ဂလန်အဆင့်မြင့်ဟိုတယ်တိမာသုံးပါရေ။အေနီရာမာ deep fried လို့ခေါ်ရေ အပူပြင်းပြင်းနန့်ကျော်စားရေအလုပ်ကိုမလုပ်ပဲ အဟာရရှူ့ထေါင့်က ကြည့်လို့ ဆီးလေ့အစါအစါလေ့ဆီးပိုင်သုံးတတ်ဖို့လိုပါရေ။ရခိုင် ပြည်မာ ဝက်ကောင်ထရိုက်တိအများကြီးဟိပါရေ။ထွက်သမျ ဝက်က lard ထုပ်နိုင်ကေလိုအပ်တေအဓိကလိုဆီတမျိုးအစားထိူးနိူင်ပါရေ။သူ့အါးနည်းချက်က fresh frost လို့ခေါ်ရေအီးခဲထါးဖို့လိုကေလဲ၊ အယင်အယင်သုံးကေတပတ်ဆယ်ရက်မကရပါရေ။လတ်ဆပ်မူ့ကိုတော့ကရုစိုက်ရပါရေ။ အကုကျွန်တော်ရို့ မြင်တွိ့နီရေ ဈီးကဝက်ဆီက ။ အပူလွန်ဆီ(၁၀၀'C ထက်ပို) အကျက်လွန်ညော်နန့် လပ်ဆတ်မူ့ နည်းလို့အောက်စော်နံမူ့ဟိရေအတွက်လူအများက ဝက်ဆီစိုနံရေလို့အပြောခံရေဆီဖြစ်နီပါရေ။

စားဆီကိုအရာလုပ်လို့ရစွာအများကြီးထဲက အုံးနို့ လဲဆီတခုအဖြစ်ချက်စားစွာတိမာ ထည့်လို့ရပါရေ။ အုန်း နို့ ကိုအခြားနီရာတိမာ ထုပ်ကုန်တခုအဖြစ်ရောင်းပါရေ။ နွားနို့အစါးလဖက်ရည်ကော်ဖီမာထည့်ဖို့အဆင့်မြင့်နို့တခုပါ။ ချက်စားစွာအတွက်ဆီအဖြစ်သုံးလို့လဲရပါရေ။ဆီကတော့အေလေါက်ရာဆိုကေတော်ပါပျယ်။

စက်သုံးဖို့ဆိကိုလဲလိုအပ်တေကိစ္စအတွက်လွဲသုံးဖို့လိုအပ်တေပိုင်ရှာကတ်ရပါဖို့။ အပူ အတွက်ဖွဲကိုကျယ်ပြန့်ပြန့်သုံးကတ်ရပါဖို့။ ဖွဲကထုတ်တေအစားထိုးလောင်စာတောင့် တိကိုရခိုင်ပြည်မာတွိ့ရပါရေ။ ယင်းချင့်ကို briquettes လို့ခေါ်ပါရေ ။ထင်းပိုင်အချောင်းဖြစ်အောင်လုပ်ထါးပါရေ။ အါးနည်းချက်က အချောင်းဖြစ်အောင်လုပ်ခါစွမ်းအင်တစိအများကုန်ပါရေ။ လက်တွိ့သုံးခါမီသွိးပိုင်ဖိုနန့်သုံးရပါရေ။အရာတမျိုးက pellet လို့ခေါ်ရေ အတောင့်ချေက လုပ်တေခါစွမ်းအင်အနည်းရာလိုပါရေ။ယင်းချင့်ကပိုလို့အသုံးဝင်ဖို့ထင်ပါရေ။ မိးသွီးပိုင် ဖိုနန့်သုံးလို့ရပါရေ။ auto feeding အလိုအလျောက် ထည့်ပီးရေ oven မုန့်ဖုတ်ဖိုပိုင်တောင်သုံးလို့ရပါရေ။ အကုအခါ တော့ ယင်းလေါက်မလုပ်နိုင်ကေတောင်မ ဖွဲအတိုင်းသုံးလို့ရပါရေ။ဖွဲကို‌ေအအတိုင်းသံုး‌ေကဖွဲမီးဖိုအားနည်းချက်က အပြည့်အဝမီးမလေါင်ပါ။ပြာကျပါရေ။ပြာရေစိုက်ပျိုးရေးနန့်…


J'aime
bottom of page