top of page

ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

  • Mar 1, 2024
  • 1 min read


ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈/၂၉) ရက်


ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းများ၊ နယ်ခြားစောင့်တပ်စခန်းအပြင် ရန်သူ၏ လက်နက်ကြီးစခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုပြီးတစ်ခု လိုက်လံရှင်းလင်းလျက်ရှိသည်။


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား (၈၀) ပါ ရန်သူ့စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်၊ ညနေ (၄) နာရီ (၂၀) ခန့်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်နာရီကျော် ကြာမြင့်သောတိုက်ပွဲအတွင်း ရန်သူ့အလောင်း (၇) လောင်း နှင့် ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ကစဉ့်ကလျားထွက်ပြေးနေသောကြောင့် မိမိတို့မှ လိုက်လံတိုက်ခိုက်လျက်ရှိသည်။


ယခင်ရက်များက မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ပုဏ္ဏားကျွန်းမြို့၊ ခမရ (၅၅၀) တပ်ရင်း တစ်ခုလုံးအား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို ယနေ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက်ရှိသည်။


ရန်သူ့ဘက်မှလည်း ၎င်းစခန်းမကျဆုံးစေရန်အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန်ခုခံကာကွယ်နေသော်လည်း မိမိတို့မှ သတ္တိပြောင်မြောက်စွာဖြင့် ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ (၅၅၀) အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ နံနက် (၈) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောတစ်စီးပေါ်မှ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ (၁၂) ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ (၃၁) ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ (၅၀) နီးပါးအထိရှိကာ စုစုပေါင်း (၈၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

 

စစ်တွေမြို့နှင့် ပတ်ဝန်းကျင်အနီးတဝိုက်၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိပါဘဲ အများပြည်သူလူထု ဈေးရောင်းဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ်ချက်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး ဤလုပ်ရပ်မှာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသ စစ်မျက်နှာတွင် စစ်ရှုံးနေမှုကိုလက်မခံနိုင်ဘဲ အရှက်ရဒေါသအမျက်ထွက်လျက် လူမျိုးရေးအမုန်းတရားများဖြင့် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများကို ဗုံးကြဲခြင်း၊ မြို့ရွာရှိ ဈေးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း နှင့် လမ်းတံတားများကိုဖျက်ဆီးခြင်း အစရှိသည့် အောက်တန်းကျသော နည်းလမ်းပေါင်းစုံတို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာလျက်ရှိသည်။


နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

2 Comments


Một điều mình thường kiểm tra khi nghiên cứu các nền tảng trực tuyến là phần hạ tầng vận hành, và nhà cái ao88 có khá nhiều dữ liệu để quan sát. Sau khi xem qua thông tin giới thiệu, mình thấy hệ thống đề cập đến SSL 128-bit cùng chứng nhận GEOTRUST. Dù đây không phải yếu tố nổi bật nhất khi sử dụng hằng ngày, nhưng lại phản ánh định hướng xây dựng nền tảng theo hướng ổn định. Kết hợp với khả năng hỗ trợ trên Android và iOS, trải nghiệm tổng thể mang lại cảm giác khá đồng bộ.


Like

Điều mình quan tâm trước tiên thường là khả năng kết nối giữa các khu vực quan trọng, và Link Tải GGwin cho mình cảm giác khá hợp lý. Mình thấy tài khoản và giao dịch được bố trí tương đối gần nhau để dễ sử dụng hơn, còn các khu nội dung như casino hay game giải trí cũng được phân chia rõ ràng. Bên cạnh đó, việc xem lại lịch sử thao tác diễn ra khá thuận tiện nên trải nghiệm tổng thể trở nên tự nhiên hơn.


Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page