top of page

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

  • Mar 16, 2024
  • 1 min read


ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်


ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲပင်ဖြစ်သည်။


ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို ရန်သူ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်၊ နေ့တွင်လည်း အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။


ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် ရန်သူ့တပ်ဖွဲ့အချို့ အား လိုက်လံဖမ်းဆီးလျက်ရှိသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page