top of page

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ


ree

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ မတ်လ (၁/၂) ရက်


ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများ၊ နယ်ခြားစောင့် တပ်စခန်းများအပြင် လက်နက်ကြီးစခန်းများကိုပါ ရက္ခိုင့်တပ်တော်မှ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းများအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့တွင်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြုလုပ်လျက်ရှိသည်။


ထို့ကြောင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။


ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းစခန်းမကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်။


မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရန်သူ၏ “ရန်အောင်ပြင်စခန်း” အား မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page