top of page

ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

  • Feb 15, 2024
  • 1 min read















ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပြည်သူ့အကျိုးပြုလုပ်ငန်း၊ မြိုရွာသန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင့် တပ်တော် တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ ရှမ်းမြောက်ဒေသ၊ မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီး ကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြသည်။

 

ရှမ်းမြောက်ဒေသ၌ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများကို မိမိတို့ တတ်နိုင်သ မျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည့်နည်းတူ စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်း ခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများ သန့်ရှင်းရေးကိစ္စရပ်များတွင်လည်း မိမိတို့သည် တစ်ဖွဲ့ချင်းအလိုက် (သို့) ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိကြပါသည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့ ရောက်ရှိရာဒေသများတွင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင် ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူ လက်တွဲပြီး အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။

 

မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူ ရပ်တည်ပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို စေတနာအပြည့်ထား၍ ဆောင်ရွက် လျက်ရှိပါသည်။

 

February 15, 2024

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page