top of page

ေမာင္းသူမဲ့ကင္းေထာက္ေလယာဥ္ငယ္ တစ္စင္းအားရကၡိဳင့္တပ္ေတာ္မွသိမ္းဆည္းရရွိခဲ့


ျမန္မာ့တပ္မေတာ္မွ သံုးစြဲေနေသာအစၥေရးႏိုင္ငံလုပ္ စစ္ေျမျပင္သံုး Skylark I-LEX အမိ်ဳးအစားေမာင္းသူမဲ့ကင္းေထာက္ေလယာဥ္ငယ္ တစ္စင္းအားရကၡိဳင့္တပ္ေတာ္မွသိမ္းဆည္းရရွိခဲ့ၿပီး ၎ယာဥ္အားလာရွာေသာ ခမရ(၅၃၆) မွ တပ္ဖြဲ႕ဝင္ မ်ား ၏ သား(၃) ဦးအား ဖမ္းဆီးထိန္းသိမ္းထား


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၂၅) ရက္









ျမန္မာ့တပ္မေတာ္သည္ ကို႐ိုနာကူးစက္ေရာဂါ ႀကိဳတင္ကာကြယ္ေရး၊ တားဆီးေရး၊ တိုက္ဖ်က္ေရးကာလ၊ မိုးတြင္းကာလ၌ပင္ ရကၡိဳင့္တပ္ေတာ္အေပၚ ၎တို႔၏စစ္ဆင္ေရးမွာ ရပ္တန္႔ျခင္းမရွိေသးဘဲ UAS (Unmanned Aircraft System) ေမာင္းသူမဲ့ကင္းေထာက္ ေလယာဥ္ငယ္မ်ားျဖင့္ ထိုးေဖာက္ကာ လက္နက္ႀကီးပစ္ကူမ်ားႏွင့္အတူ ႀကီးမားေသာထိုးစစ္မ်ားကို ဆက္လက္ျပဳလုပ္ေနသည္။ မိုးရာသီအတြင္း ႀကီးမားေသာစစ္ဆင္ေရးမ်ားကိုျပဳလုပ္ေနသည္မွာ ရခိုင္ေဒသအတြင္း မိုးရာသီ၌ ေတာင္သူလယ္သမားမ်ားစပါးမ်ားစိုက္ပိ်ဳး၍မရေအာင္၊ ေနာက္ႏွစ္၌ ဆန္စပါးရွားပါးေအာင္တမင္တကာရည္ရြယ္ခ်က္ရွိရွိျဖင့္ျပဳလုပ္ေနျခင္းျဖစ္သည္။


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၂၄)ရက္၊ ညေန(၄) နာရီ(၂၀) မိနစ္တြင္ ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ျပားေခ်ာင္းႀကီးတံတားအနီးတြင္ စစ္ဆင္ေရးသြားလာေနၾကသည့္ ျမန္မာ့တပ္မေတာ္၏ အင္အား(၁၀၀) ခန္႔ပါရေသ့ေတာင္အေျခစိုက္ စစ္ေၾကာင္းတစ္ခု ႏွင့္ ရကၡိဳင့္တပ္ေတာ္ လႈပ္ရွားစစ္ေၾကာင္းတို႔ မိနစ္အနည္းၾကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။


အခိ်န္တိုတိုထိေတြ႕မႈအတြင္းရန္သူသည္ အထိအခိုက္အက်အဆံုးမ်ားၿပီး ေနရာအႏွံ့အျပားသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ မိနစ္(၄၅) မိနစ္ခန္႔ရမ္းသန္းပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ရန္သူ႔ဖက္မွမ်က္ျမင္ေသဆံုးသူ(၈) ဦး၊ ထိခိုက္ဒဏ္ရာရသူ(၇) ဦးအထိရွိခဲ့သည္။


ထို႔ေနာက္တြင္ ျမန္မာ့တပ္မေတာ္သည္ လူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္ရပ္ရြာမ်ားအတြင္းလက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထိုသို႔ပစ္ခတ္မႈေၾကာင့္ရေသ့ေတာင္ၿမိဳ႕၊ စစ္ေဘးေရွာင္စခန္းတစ္ခုျဖစ္ေသာ ေရႊပါရမီေက်ာင္းစခန္းအနီးထိမွန္က်ေရာက္ေပါက္ကြဲခဲ့သည္။ ထို႔ေၾကာင့္ ၎စစ္ေဘးေရွာင္စခန္းမွ အသက္(၅၆) ႏွစ္ရွိၿပီး (စိတ္၊ကိုယ္က်န္းမာေရးမေကာင္းသူ) အဖ ဦးေရႊႏိုးေအာင္၏သားျဖစ္သည္ ဦးေမာင္ေအးၫြန္႔ ၏ ဘယ္ဖက္ေျခသလံုးတြင္ထိမွန္၍ ျပင္းထန္စြာဒဏ္ရာရရွိခဲ့သည္။


၎စစ္ေၾကာင္းမွ အသံုးျပဳေနေသာအစၥေရးႏိုင္ငံလုပ္ စစ္ေျမျပင္သံုး Skylark I-LEX အမိဳ်းအစားေမာင္းသူမဲ့ကင္းေထာက္ေလယာဥ္ငယ္တစ္စင္းအားရကၡိဳင့္တပ္ေတာ္မွသိမ္းဆည္းရမိခဲ့သည့္အျပင္ ၎ယာဥ္အားလာရွာသည့္ ရေသ့ေတာင္အေျခစိုက္၊ ခမရ(၅၃၆) တပ္ရင္းမွ တပ္ဖြဲ႕ဝင္မ်ား၏ သားမ်ားျဖစ္ၾကေသာ


(၁) ေမာင္ေက်ာ္သူရ (အသက္ -၂၄ ႏွစ္/ရခိုင္ / ဗုဒၶဘာသာ)

အဖ -တပ္ၾကပ္ႀကီး ေအးေက်ာ္( ရခိုင္လူမိ်ဳး/ ခမရ ၅၃၆-ရေသ့ေတာင္)


(၂) ေမာင္ေနဆန္းဦး (အသက္ -၂၃ ႏွစ္/ရခိုင္ / ဗုဒၶဘာသာ)

အဖ -တပ္ၾကပ္ လွေရႊ ( ရခိုင္လူမိ်ဳး/ ခမရ ၅၃၆-ရေသ့ေတာင္)


(၃)ေမာင္မိဳ်းဟိန္းစံ (အသက္ -၂၀ ႏွစ္/ရခိုင္လူမိ်ဳး/ ဗုဒၶဘာသာ)

အဖ-တပ္ၾကပ္ႀကီး စံသိန္း (ရခိုင္လူမိ်ဳး/ခမရ ၅၃၆-ရေသ့ေတာင္)

(၃) ဦးတို႔အားဖမ္းဆီးရမိခဲ့သည္။


ျမန္မာ့တပ္မေတာ္၏ လုပ္ေလ့လုပ္ထရွိေသာလုပ္ရပ္မ်ားထဲတြင္ ၎တို႔၏တပ္ဖြဲ႕ဝင္မ်ားထဲမွ ေဒသခံလူမိ်ဳးမ်ား၏ သားသမီးမ်ား၊ေဆြမိ်ဳးမ်ား၊ သတင္းေပးမ်ားကို ၎တို႔၏စစ္ဆင္ေရးအေထာက္အကူျပဳလုပ္ငန္းမ်ား၌အသံုးျပဳျခင္းသည္လည္းတစ္ခုအပါအဝင္ျဖစ္သည္။ ရခိုင္ေဒသစစ္ဆင္ေရးမ်ား၌ ဤကဲ့သို႔ ၎တို႔တပ္ဖြဲ႕ဝင္မ်ား၏ သားမ်ားကို စစ္ဆင္ေရး၊ ေထာက္လွမ္းေရး၊ ရိကၡာဝယ္ယူပို႔ေဆာင္ေရးတို႔အျပင္ ပဋိပကၡမ်ားကိုဖန္တီးရာ၌ အသုံးျပဳရန္ တစ္ပါတည္းေခၚေဆာင္လာသည္မ်ားကိုေလ့လာေတြ႕ရွိရသည္။




ထို႔အျပင္ တိုက္ပြဲျဖစ္ပြားရာပတ္ဝန္းက်င္၏အနီးအနားေက်းရြာမ်ားမွ ေက်းရြာတာဝန္ခံမ်ားအား ျမန္မာ့တပ္မေတာ္၏အဆိုပါစစ္ေၾကာင္းမွ ဖုန္းဆက္၍ ၎ ေမာင္းသူမဲ့ကင္းေထာက္ေလယာဥ္ငယ္အား ရွာေပးရန္၊ ရွာမေတြ႕ပါက တစ္ရြာလံုးမီးရိႈ႕ပစ္မည္၊ ေတြ႕သမွ်ပစ္သတ္မည္ဟု ၿခိမ္းေျခာက္ကာ ရခိုင္ျပည္သူလူထုမ်ားအား စိုးရိမ္ထိတ္လန႔္ေအာင္ျပဳလုပ္ခဲ့သည္။


ျမန္မာ့တပ္မေတာ္သည္ ႏိုင္ငံေရး၊လူမိ်ဳးေရးပဋိပကၡမ်ား၊ အဖ်က္အေမွာင့္လုပ္ငန္းမ်ားကိုဖန္တီးလုပ္ေဆာင္ျခင္း၊ လူမိ်ဳးစုအခ်င္းခ်င္းအၾကားေသြးခြဲရန္တိုက္ျခင္း စသည္တို႔ကို ျမန္မာ့တပ္မေတာ္၏တပ္တြင္းထဲရွိ ရခိုင္လူမိ်ဳး ဗမာစစ္မႈထမ္းအခိ်ဳ႕ ႏွင့္၎တို႔၏အမာခံမ်ားကိုအသံုးျပဳ၍ ရခိုင္ေဒသအႏွ႕ံခပ္စိပ္စိပ္ျပဳလုပ္လာေနသည္။ ထို႔ေၾကာင့္ ရခိုင္ေဒသအတြင္းေနထိုင္ၾကေသာ ေဒသခံျပည္သူလူထုမ်ားအေနျဖင့္ ဤအခ်က္ကိုအထူးသတိထားကာ သြားလာေနထိုင္ၾကရန္ အေလးအနက္တိုက္တြန္းအပ္ပါသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



မြန်မာ့တပ်မတော် မှ သုံးစွဲနေသောအစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမိုျးအစားမောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ် တစ်စင်းအားရက္ခိုင့်တပ်တော်မှသိမ်းဆည်းရရှိခဲ့ပြီး ၎င်းယာဉ်အားလာရှာသော ခမရ(၅၃၆) မှ တပ်ဖွဲ့ဝင် များ ၏ သား(၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထား


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၅) ရက်


မြန်မာ့တပ်မတော်သည် ကိုရိုနာကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး၊ တားဆီးရေး၊ တိုက်ဖျက်ရေးကာလ၊ မိုးတွင်းကာလ၌ပင် ရက္ခိုင့်တပ်တော်အပေါ် ၎င်းတို့၏စစ်ဆင်ရေးမှာ ရပ်တန့်ခြင်းမရှိသေးဘဲ UAS (Unmanned Aircraft System) မောင်းသူမဲ့ကင်းထောက် လေယာဉ်ငယ်များဖြင့် ထိုးဖောက်ကာ လက်နက်ကြီးပစ်ကူများနှင့်အတူ ကြီးမားသောထိုးစစ်များကို ဆက်လက်ပြုလုပ်နေသည်။ မိုးရာသီအတွင်း ကြီးမားသောစစ်ဆင်ရေးများကိုပြုလုပ်နေသည်မှာ ရခိုင်ဒေသအတွင်း မိုးရာသီ၌ တောင်သူလယ်သမားများစပါးများစိုက်ပျိုး၍မရအောင်၊ နောက်နှစ်၌ ဆန်စပါးရှားပါးအောင်တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်နေခြင်းဖြစ်သည်။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၄)ရက်၊ ညနေ(၄) နာရီ(၂၀) မိနစ်တွင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးတံတားအနီးတွင် စစ်ဆင်ရေးသွားလာနေကြသည့် မြန်မာ့တပ်မတော်၏ အင်အား(၁၀၀) ခန့်ပါရသေ့တောင်အခြေစိုက် စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော် လှုပ်ရှားစစ်ကြောင်းတို့ မိနစ်အနည်းကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။


အချိန်တိုတိုထိတွေ့မှုအတွင်းရန်သူသည် အထိအခိုက်အကျအဆုံးများပြီး နေရာအနှံ့အပြားသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ်(၄၅) မိနစ်ခန့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှမျက်မြင်သေဆုံးသူ(၈) ဦး၊ ထိခိုက်ဒဏ်ရာရသူ(၇) ဦးအထိရှိခဲ့သည်။


ထို့နောက်တွင် မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများဖြင့်ရပ်ရွာများအတွင်းလက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့်ရသေ့တောင်မြို့၊ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သော ရွှေပါရမီကျောင်းစခန်းအနီးထိမှန်ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ၎င်းစစ်ဘေးရှောင်စခန်းမှ အသက်(၅၆) နှစ်ရှိပြီး (စိတ်၊ကိုယ်ကျန်းမာရေးမကောင်းသူ) အဖ ဦးရွှေနိုးအောင်၏သားဖြစ်သည် ဦးမောင်အေးညွန့် ၏ ဘယ်ဖက်ခြေသလုံးတွင်ထိမှန်၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။


၎င်းစစ်ကြောင်းမှ အသုံးပြုနေသောအစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမိုျးအစားမောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ်တစ်စင်းအားရက္ခိုင့်တပ်တော်မှသိမ်းဆည်းရမိခဲ့သည့်အပြင် ၎င်းယာဉ်အားလာရှာသည့် ရသေ့တောင်အခြေစိုက်၊ ခမရ(၅၃၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၏ သားများဖြစ်ကြသော


(၁) မောင်ကျော်သူရ (အသက် -၂၄ နှစ်/ရခိုင် / ဗုဒ္ဓဘာသာ)

အဖ -တပ်ကြပ်ကြီး အေးကျော်( ရခိုင်လူမိုျး/ ခမရ ၅၃၆-ရသေ့တောင်)


(၂) မောင်နေဆန်းဦး (အသက် -၂၃ နှစ်/ရခိုင် / ဗုဒ္ဓဘာသာ)

အဖ -တပ်ကြပ် လှရွှေ ( ရခိုင်လူမိုျး/ ခမရ ၅၃၆-ရသေ့တောင်)


(၃)မောင်မိုျးဟိန်းစံ (အသက် -၂၀ နှစ်/ရခိုင်လူမိုျး/ ဗုဒ္ဓဘာသာ)

အဖ-တပ်ကြပ်ကြီး စံသိန်း (ရခိုင်လူမိုျး/ခမရ ၅၃၆-ရသေ့တောင်)

(၃) ဦးတို့အားဖမ်းဆီးရမိခဲ့သည်။


မြန်မာ့တပ်မတော်၏ လုပ်လေ့လုပ်ထရှိသောလုပ်ရပ်များထဲတွင် ၎င်းတို့၏တပ်ဖွဲ့ဝင်များထဲမှ ဒေသခံလူမျိုးများ၏ သားသမီးများ၊ဆွေမျိုးများ၊ သတင်းပေးများကို ၎င်းတို့၏စစ်ဆင်ရေးအထောက်အကူပြုလုပ်ငန်းများ၌အသုံးပြုခြင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ရခိုင်ဒေသစစ်ဆင်ရေးများ၌ ဤကဲ့သို့ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ သားများကို စစ်ဆင်ရေး၊ ထောက်လှမ်းရေး၊ ရိက္ခာဝယ်ယူပို့ဆောင်ရေးတို့အပြင် ပဋိပက္ခများကိုဖန်တီးရာ၌ အသုံးပြုရန် တစ်ပါတည်းခေါ်ဆောင်လာသည်များကိုလေ့လာတွေ့ရှိရသည်။


ထို့အပြင် တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်၏အနီးအနားကျေးရွာများမှ ကျေးရွာတာဝန်ခံများအား မြန်မာ့တပ်မတော်၏အဆိုပါစစ်ကြောင်းမှ ဖုန်းဆက်၍ ၎င်း မောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ်အား ရှာပေးရန်၊ ရှာမတွေ့ပါက တစ်ရွာလုံးမီးရှို့ပစ်မည်၊ တွေ့သမျှပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ ရခိုင်ပြည်သူလူထုများအား စိုးရိမ်ထိတ်လန့်အောင်ပြုလုပ်ခဲ့သည်။


မြန်မာ့တပ်မတော်သည် နိုင်ငံရေး၊လူမျိုးရေးပဋိပက္ခများ၊ အဖျက်အမှောင့်လုပ်ငန်းများကိုဖန်တီးလုပ်ဆောင်ခြင်း၊ လူမျိုးစုအချင်းချင်းအကြားသွေးခွဲရန်တိုက်ခြင်း စသည်တို့ကို မြန်မာ့တပ်မတော်၏တပ်တွင်းထဲရှိ ရခိုင်လူမျိုး ဗမာစစ်မှုထမ်းအချို့ နှင့်၎င်းတို့၏အမာခံများကိုအသုံးပြု၍ ရခိုင်ဒေသအနှံ့ခပ်စိပ်စိပ်ပြုလုပ်လာနေသည်။ ထို့ကြောင့် ရခိုင်ဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုများအနေဖြင့် ဤအချက်ကိုအထူးသတိထားကာ သွားလာနေထိုင်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

1,278 views
bottom of page