top of page

မောင်တော၊ နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

  • Dec 19, 2024
  • 1 min read


မောင်တော၊ နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် မောင်တောမြို့၌ တစ်ခုတည်းကျန်ရှိနေခဲ့သော နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ၎င်းစခန်းမှ လက်နက်ချအညံ့မခံဘဲ ကစဉ့်ကလျား ထွက်ပြေးနေကြသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်အပေါင်းအပါ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းခဲ့ရာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော အခြားသော တပ်မမှူးတစ်ဦးဖြစ်သည့် အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့သည်။

 

တပ်မမှူးသည် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နှင့် ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြသော ဒေသခံမူဆလင်များ၏ အကူအညီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများအောက်တွင် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page