top of page

ျမန္မာ့တပ္မေတာ္မွလူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္ရခိုင္ျပည္သူမ်ားအားပစ္မွတ္ထားသတ္ျဖတ္ေနသည့္ျဖစ္ရပ္မ်ား






ျမန္မာ့တပ္မေတာ္၏ ျဖတ္ေလးျဖတ္စစ္ဆင္ေရးအတြင္း ရခိုင္အရပ္သားျပည္သူလူထုမ်ားအား ျမန္မာ့တပ္မေတာ္မွ လူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္ ပစ္မွတ္ထားတိုက္ခိုက္ေနျခင္း၊ သတ္ျဖတ္ေနျခင္းမ်ားအား ကမာၻ႔အသိုင္းအဝိုင္းမွ သိရွိေစရန္ အသိေပးတင္ျပခ်က္


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၂) ရက္


"လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံသည့္ နယ္ခ်ဲ႕က်ဴးေက်ာ္သူတို႔၏ စ႐ိုက္လကၡဏာအတိုင္း" လူမ်ိဳးေရးအစြန္းေရာက္ နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္သည္ ရခိုင္ၿမိဳ႕မ်ား ႏွင့္ရပ္႐ြာမ်ားအတြင္းသို႔လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ တမင္တကာ ရည္႐ြယ္ခ်က္ရွိရွိ ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ အႀကိမ္ေပါင္းမ်ားစြာ ရွိခဲ့ၿပီးျဖစ္သည္။ ဤသည္မွာ ျမန္မာ့တပ္မေတာ္၏ လက္ရဲဇက္ရဲဥပေဒမဲ့ လုပ္ေလ့လုပ္ထရွိသည့္ လုပ္ေဆာင္ခ်က္မ်ားထဲမွတစ္ခုဟု ေျပာ၍ရသည္။ ျမန္မာ့တပ္မေတာ္၏ ရခိုင္ေဒသအတြင္း၌ ဤကဲ့သို႔ယုတ္ မာေသာလုပ္ရပ္မ်ားကို ေနာက္ဆက္တြဲဇယားမ်ားျဖင့္ ထပ္မံထုတ္ျပန္ေပးသြားပါမည္။


ျမန္မာ့တပ္မေတာ္၏ ေဒသအေျခစိုက္တပ္ရင္းမ်ား၊ ဗ်ဴဟာစခန္းကုန္းမ်ား၊ လက္နက္ႀကီးအထိုင္စခန္းမ်ား ႏွင့္ ရဲတပ္ရင္းစခန္းမ်ားအတြင္းမွ ေန႔၊ ည အခ်ိန္မေ႐ြးလက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ျခင္း၊ စစ္သေဘၤာမ်ားေပၚမွ ပစ္ခတ္တိုက္ခိုက္ျခင္း၊ ရဟတ္ယာဥ္၊ ဂ်က္တိုက္ေလယာဥ္မ်ားေပၚမွ ဗုံးႀကဲခ်ျခင္းတို႔ကို လုပ္ေဆာင္ၿပီး ရခိုင္ျပည္သူလူထုမ်ားကို သတ္ျဖတ္လ်က္ရွိသည္။ ႏိုင္ငံတကာတရား႐ုံး၌ စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့ျခင္း ရွိ/မရွိ သိရွိႏိုင္ရန္ စစ္ေဆးေနၾကသည့္အခ်ိန္ ကာလအေတာအတြင္း၌ပင္ အရပ္သားမ်ား၊ ရပ္႐ြာမ်ားအား အတင့္ရဲစြာ ဦးတည္ပစ္မွတ္ထား တိုက္ခိုက္ျခင္းျဖစ္သည္။ စစ္ရာဇဝတ္မႈမ်ားကို ေျဗာင္က်က် ထပ္မံက်ဴးလြန္ေနျခင္းပင္ျဖစ္သည္။






လူမ်ိဳးေရးအစြန္းေရာက္ ဗမာ့လက္နက္ကိုင္တပ္(တပ္မေတာ္)သည္ ရပ္႐ြာမ်ားအတြင္းသို႔ ပစ္ခတ္တိုက္ခိုက္သည့္ အႀကိမ္တိုင္း၌ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြား၍ (သို႔မဟုတ္) ရကၡိဳင့္တပ္ေတာ္မွ လာေရာက္တိုက္ခိုက္၍ ထိုသို႔ ပစ္ခတ္တိုက္ခိုက္ရသည္ဟု အေၾကာင္းျပေျဖဆိုေလ့ရွိသည္။ ထိုသို႔ေျဖဆိုသည့္အႀကိမ္တိုင္းသည္ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းအလ်ဥ္းမရွိဘဲ ျမန္မာ့တပ္မေတာ္မွရပ္႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ တမင္တကာရည္႐ြယ္ခ်က္ရွိရွိျဖင့္ ပစ္ခတ္တိုက္ခိုက္ေနသည့္ အႀကိမ္မ်ားသာျဖစ္သည္။ က်ဴးေက်ာ္သူနယ္ခ်ဲ႕တို႔၏ ယုတ္ညံ့ေသာဝသီအတိုင္း ဗမာမဟုတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား၏ ေဒသအတြင္း၌လုပ္ေဆာင္ေနျခင္းသာျဖစ္သည္။


ထို႔အတူ ရခိုင္ေဒသအတြင္းရွိ ၿမိဳ႕နယ္အသီးသီး၏ ကားလမ္းမနံေဘးရွိ ေဒသခံအေျခစိုက္တပ္ရင္းမ်ား၏ ဝင္ေပါက္ဝမ်ား၊ စစ္ေဆးေရးဂိတ္မ်ားမွေန၍ လမ္းသြားလမ္းလာအျပစ္မဲ့အရပ္သားျပည္သူလူထုမ်ားအား ပစ္ခတ္သတ္ျဖတ္ေနသကဲ့သို႔ ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာမ်ားေပၚမွ ျမစ္ေခ်ာင္းနံေဘးတစ္ေလွ်ာက္ရွိ ရခိုင္ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ စုန္ဆန္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ဤကဲ့သို႔ ပစ္ခတ္တိုက္ခိုက္မႈမ်ားအတြင္း ထိခိုက္ဒဏ္ရာရသူ၊ ေသဆုံးသူမ်ားမွာလည္းမနည္းေတာ့ၿပီျဖစ္သည္။


အနီးစပ္ဆုံးဥပမာအားျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၀) ရက္၊ ေန႔လယ္ (၁) နာရီ (၁၂) မိနစ္တြင္ ျမန္မာ့တပ္မေတာ္၏ ေက်ာက္ေတာ္အေျခစိုက္၊ ခမရ (၅၃၉) တပ္ရင္းမွ မည္သည့္တိုက္ပြဲမွ်ျဖစ္ပြားခဲ့ျခင္းမရွိဘဲ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝ႐ြာအား လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေသာင္းက်န္းပစ္ခတ္၍ အရပ္သား (၁) ဦးထိ ခိုက္ဒဏ္ရာရရွိခဲ့သည္။ ထို႔အတူ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၀) ရက္၊ ေန႔လယ္ (၃) နာရီ (၃၇) မိနစ္တြင္ ျမန္မာ့တပ္မေတာ္၏ လင္းႃမြီေတာင္၊ လက္နက္ႀကီးစခန္းမွ (၂) ကီလိုမီတာအကြာအေဝးခန႔္၌ရွိေသာ ေျမာက္ဦးၿမိဳ႕နယ္၊ လိပ္ဆင့္ျပင္(လိပ္ဆင္းျပင္)ေက်း႐ြာရွိ နာေရးအခမ္းအနားသို႔ လက္နက္ႀကီး၊ အႀကိမ္ (၁၀) ေက်ာ္ လူမဆန္စြာပစ္ခတ္တိုက္ခိုက္ခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁၁) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာေပၚမွ စစ္ေတြၿမိဳ႕၊ အျမင့္ကြၽန္း႐ြာ အတြင္းသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့၍ ေသဆုံးသူ ႏွင့္ ထိခိုက္ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၁) ရက္ေန႔တြင္ ပုဏၰားကြၽန္း၊ အေျခစိုက္၊ ခမရ (၅၅၀) တပ္ရင္းမွ ပုဏၰားကြၽန္းၿမိဳ႕အတြင္းသို႔ ဝင္ေရာက္ၿပီး အျပစ္မဲ့ အရပ္သားမ်ားအား အၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္ျခင္း၊ ၿမိဳ႕အတြင္းဝင္ေရာက္ၿပီး ေသနတ္မ်ားပစ္ေဖာက္၍ လူထုအားအထိတ္တလန႔္ျဖစ္ေအာင္ျပဳလုပ္ျခင္း၊ ၎တို႔ပစ္သတ္၍ ေသဆုံးေနေသာအျပစ္မဲ့ရခိုင္ျပည္သူမ်ားကို သက္ေသအတုမ်ားျဖင့္ လိမ္လည္ေျပာဆိုျခင္း၊ လက္နက္အားကိုးျဖင့္ လူထုအားၿခိမ္းေျခာက္ျခင္း၊ ၿမိဳ႕ကိုပတ္ဝိုင္း၍ ျပည္သူလူထုအား ျပန္ေပးဆြဲထားသကဲ့သို႔ ျပဳမႈေနျခင္းစသည္တို႔ကိုျပဳလုပ္လွ်က္ရွိသည္။


အျခားတစ္ဖက္တြင္ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္ပိုင္သတင္းမီဒီယာမ်ား၊ ျမန္မာ့တပ္မေတာ္မွ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား၏ မိသားစုတို႔ပိုင္ဆိုင္ေသာ သတင္းမီဒီယာမ်ား၊ ၎တို႔၏ေက်ာေထာက္ေနာက္ခံ သတင္းမီဒီယာမ်ားသည္ သတင္းအမွားမ်ား၊ တစ္ဖက္သတ္သတင္းမ်ား၊ ဘက္လိုက္ေရးသားေသာသတင္းမ်ား၊ ထိန္ခ်န္သတင္းမ်ားျဖင့္ မိမိတို႔အဖြဲ႕အစည္းအား အျပစ္ပုံခ်ေသာ အေရးအသားမ်ားျဖင့္ ေရးသားကာ ႏိုင္ငံတကာတြင္မိမိတို႔၏ ပုံရိပ္က်ဆင္းေစရန္၊ အထင္အျမင္လြဲမွားေစရန္ စနစ္တက် ဝါဒျဖန႔္ လုပ္ေဆာင္လ်က္ ရွိသည္။ ထို႔အျပင္ ျမန္မာ့တပ္မေတာ္က်ဴးလြန္ထားသည့္ ျပစ္မႈမ်ားႏွင့္ အျပစ္မ်ားကို ဖုံးဖိေပးကာ အရပ္သားျပည္သူလူထုမ်ား၏ နစ္နာခ်က္မ်ားကို ေပ်ာက္ကြယ္ေအာင္ ျပည္တြင္းသတင္းမီဒီယာ အခ်ိဳ႕သည္လည္း ဝိုင္းဝန္းလုပ္ေဆာင္လ်က္ရွိသည္။


ျပည္တြင္းသတင္းမီဒီယာသမားမ်ားကို အမ်ိဳးမ်ိဳးေသာ ၿခိမ္းေျခာက္မႈ၊ အက်ပ္ကိုင္မႈမ်ားျဖင့္ သတင္းမွန္မ်ားကို မေဖာ္ျပရဲေအာင္ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ ပူးေပါင္းလုပ္ေဆာင္လ်က္ရွိသည္။ ျမန္မာအစိုးရပိုင္ သတင္းမီဒီယာမ်ား၊ Facebook ကဲ့သို႔ေသာဆိုရွယ္မီဒီယာကို ထိန္းခ်ဳပ္ထား႐ုံသာမက ရခိုင္ေဒသ အတြင္း၌ ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ားကို ႏွစ္ခ်ီၾကာျမင့္သည္အထိ ျဖတ္ေတာက္ထားကာ သတင္းအေမွာင္ ခ်ထားဆဲျဖစ္သည္။ ျမန္မာ့တပ္မေတာ္မွလည္းျပည္တြင္း၊ ျပည္ပမီဒီယာသမားမ်ားကို သတင္းမယူရဲေအာင္ မသမာေသာနည္းလမ္းမ်ားျဖင့္ တားျမစ္ပိတ္ပင္ထားေသာေၾကာင့္ ရခိုင္ျပည္အတြင္း အျဖစ္အပ်က္မ်ားမွာ အမွန္တရားမ်ားေပ်ာက္ဆုံးလ်က္ရွိသည္။


ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔သည္ က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိေသာ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္ တစ္ဖက္သတ္ေျပာဆိုလ်က္ရွိသည္။ ျမန္မာ့တပ္မေတာ္၏အျပစ္အား ဖုံးဖိကာကြယ္ေပး႐ုံသာမက ျမန္မာ့တပ္မေတာ္မွက်ဴးလြန္ေနေသာျပစ္မႈမ်ားကို တစ္ဖက္အဖြဲ႕အစည္းထံ အျပစ္ပုံခ်ရန္လည္း ေန႔စဥ္ေန႔တိုင္းႀကိဳးစားလ်က္ရွိသည္။ မဟုတ္မမွန္လုပ္ႀကံထားေသာသတင္းမ်ားကို အိမ္နီးနားခ်င္းႏိုင္ငံမ်ားသို႔ ေပးပို႔ၿပီး ရခိုင္လူမ်ိဳးမ်ားႏွင့္ မိမိတို႔အဖြဲ႕အစည္းအား ဘက္ေပါင္းစုံမွ အက်ပ္အတည္းျဖစ္ေအာင္ ျမန္မာအစိုးရႏွင့္ျမန္မာ့တပ္မေတာ္တို႔ပူးေပါင္းကာ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိသည္။ ထို႔ေၾကာင့္ အိမ္နီးနားခ်င္းႏိုင္ငံမ်ား၊ ႏိုင္ငံတကာအေနျဖင့္ ျမန္မာအစိုးရမွ မိမိတို႔အဖြဲ႕အစည္းႏွင့္ပတ္သက္၍ ေပးပို႔ေနေသာ မဟုတ္မမွန္သတင္းႏွင့္ သတင္းအမွားမ်ားကို ခ်င့္ခ်ိန္၍ယုံၾကည္ေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။


ေဒသခံျပည္သူလူထုမ်ား၊ စစ္ေဘးေရွာင္ျပည္သူလူထုမ်ား၊ စစ္ပြဲမ်ားေၾကာင့္မဟုတ္ဘဲ ျမန္မာ့တပ္မေတာ္၏ သတ္ျဖတ္မႈ၊ ဖမ္းဆီးမႈဒဏ္မွ တိမ္းေရွာင္ေနၾကရသည့္ ႐ြာသူ၊ ႐ြာသားမ်ားမွာ ျမန္မာ့တပ္မေတာ္၏ ျဖတ္ေလးျဖတ္စစ္ဆင္ေရးေၾကာင့္ အေျခခံစားေသာက္ကုန္မ်ားျဖစ္ၾကေသာ ဆန္၊ ဆီ၊ ဆား၊ ေဆးဝါးရိကၡာမ်ား ပင္လွ်င္ မ်ားစြာအခက္အခဲျဖစ္လ်က္ရွိသည္။ ကို႐ိုနာကူးစက္ေရာဂါ တိုက္ဖ်က္ေရးကာလ ႏွင့္ မိုးရာသီကာလအတြင္း၌ ပိုမိုအခက္အခဲက်ေရာက္လွ်က္ရွိပါသည္။ ဤသည္မွာ မိမိတို႔ေၾကာင့္မဟုတ္ဘဲ ျမန္မာ့တပ္မေတာ္၏ ျဖတ္ေလးျဖတ္စစ္ဆင္ေရးေၾကာင့္သာျဖစ္သည္။


ျမန္မာ့တပ္မေတာ္သည္ ရခိုင္ျပည္သူလူထုမ်ားအား ပုံစံအမ်ိဳးမ်ိဳးျဖင့္ မတရားသတ္ျဖတ္ေနသည့္အျပင္ အၾကမ္းဖက္လုပ္ရပ္မ်ားကိုလုပ္ေဆာင္ၿပီး ရခိုင္လူထုအတြင္း အေၾကာက္တရားမ်ားကိုဖန္တီးလ်က္ရွိသည္။ ရခိုင္ျပည္သူလူထုတစ္ရပ္လုံးကို ဦးတည္ပစ္မွတ္ထားကာ အၾကမ္းဖက္တိုက္ခိုက္ေသာလုပ္ရပ္၊ ၿမိဳ႕အတြင္း၌ ျပည္သူလူထုမ်ား၏ေရွ႕တြင္ အျပစ္မဲ့ျပည္သူမ်ားအား ပစ္ခတ္သတ္ျဖတ္ေသာလုပ္ရပ္၊ လူမ်ိဳးတစ္မ်ိဳးလုံး၏ အနာဂတ္တည္တံ့မႈကို ၿခိမ္းေျခာက္ေသာလုပ္ရပ္၊ လူမ်ိဳးတုန္းသတ္ျဖတ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ႀကိဳးစားအားထုတ္သည့္လုပ္ရပ္မ်ားကို လုပ္ေဆာင္ေနေသာ ျမန္မာ့တပ္မေတာ္ ၏ ရက္စက္႐ိုင္းျပေသာ လုပ္ရပ္မ်ားကို ယဥ္ေက်းေသာ ကမာၻ႔အသိုင္းအဝိုင္းမွသိရွိေစရန္ ေလးစားစြာျဖင့္ အသိေပးအပ္ပါသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးအတွင်း ရခိုင်အရပ်သားပြည်သူလူထုများအား မြန်မာ့တပ်မတော်မှ လူမျိုးရေးအမုန်းတရားများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေခြင်း၊ သတ်ဖြတ်နေခြင်းများအား ကမ္ဘာ့အသိုင်းအဝိုင်းမှ သိရှိစေရန် အသိပေးတင်ပြချက်


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၂) ရက်


"လူမျိုးရေးအမုန်းတရားများကိုအခြေခံသည့် နယ်ချဲ့ကျူးကျော်သူတို့၏ စရိုက်လက္ခဏာအတိုင်း" လူမျိုးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်သည် ရခိုင်မြို့များ နှင့်ရပ်ရွာများအတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်သည်။ ဤသည်မှာ မြန်မာ့တပ်မတော်၏ လက်ရဲဇက်ရဲဥပဒေမဲ့ လုပ်လေ့လုပ်ထရှိသည့် လုပ်ဆောင်ချက်များထဲမှတစ်ခုဟု ပြော၍ရသည်။ မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း၌ ဤကဲ့သို့ယုတ် မာသောလုပ်ရပ်များကို နောက်ဆက်တွဲဇယားများဖြင့် ထပ်မံထုတ်ပြန်ပေးသွားပါမည်။


မြန်မာ့တပ်မတော်၏ ဒေသအခြေစိုက်တပ်ရင်းများ၊ ဗျူဟာစခန်းကုန်းများ၊ လက်နက်ကြီးအထိုင်စခန်းများ နှင့် ရဲတပ်ရင်းစခန်းများအတွင်းမှ နေ့၊ ည အချိန်မရွေးလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များပေါ်မှ ဗုံးကြဲချခြင်းတို့ကို လုပ်ဆောင်ပြီး ရခိုင်ပြည်သူလူထုများကို သတ်ဖြတ်လျက်ရှိသည်။ နိုင်ငံတကာတရားရုံး၌ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ သိရှိနိုင်ရန် စစ်ဆေးနေကြသည့်အချိန် ကာလအတောအတွင်း၌ပင် အရပ်သားများ၊ ရပ်ရွာများအား အတင့်ရဲစွာ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ထပ်မံကျူးလွန်နေခြင်းပင်ဖြစ်သည်။


လူမျိုးရေးအစွန်းရောက် ဗမာ့လက်နက်ကိုင်တပ်(တပ်မတော်)သည် ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်သည့် အကြိမ်တိုင်း၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွား၍ (သို့မဟုတ်) ရက္ခိုင့်တပ်တော်မှ လာရောက်တိုက်ခိုက်၍ ထိုသို့ ပစ်ခတ်တိုက်ခိုက်ရသည်ဟု အကြောင်းပြဖြေဆိုလေ့ရှိသည်။ ထိုသို့ဖြေဆိုသည့်အကြိမ်တိုင်းသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအလျဉ်းမရှိဘဲ မြန်မာ့တပ်မတော်မှရပ်ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် အကြိမ်များသာဖြစ်သည်။ ကျူးကျော်သူနယ်ချဲ့တို့၏ ယုတ်ညံ့သောဝသီအတိုင်း ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း၌လုပ်ဆောင်နေခြင်းသာဖြစ်သည်။


ထို့အတူ ရခိုင်ဒေသအတွင်းရှိ မြို့နယ်အသီးသီး၏ ကားလမ်းမနံဘေးရှိ ဒေသခံအခြေစိုက်တပ်ရင်းများ၏ ဝင်ပေါက်ဝများ၊ စစ်ဆေးရေးဂိတ်များမှနေ၍ လမ်းသွားလမ်းလာအပြစ်မဲ့အရပ်သားပြည်သူလူထုများအား ပစ်ခတ်သတ်ဖြတ်နေသကဲ့သို့ မြန်မာ့တပ်မတော်၏ စစ်သင်္ဘောများပေါ်မှ မြစ်ချောင်းနံဘေးတစ်လျှောက်ရှိ ရခိုင်ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စုန်ဆန်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဤကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများမှာလည်းမနည်းတော့ပြီဖြစ်သည်။


အနီးစပ်ဆုံးဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်တွင် မြန်မာ့တပ်မတော်၏ ကျောက်တော်အခြေစိုက်၊ ခမရ (၅၃၉) တပ်ရင်းမှ မည်သည့်တိုက်ပွဲမျှဖြစ်ပွားခဲ့ခြင်းမရှိဘဲ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သောင်းကျန်းပစ်ခတ်၍ အရပ်သား (၁) ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်၊ နေ့လယ် (၃) နာရီ (၃၇) မိနစ်တွင် မြန်မာ့တပ်မတော်၏ လင်းမြွီတောင်၊ လက်နက်ကြီးစခန်းမှ (၂) ကီလိုမီတာအကွာအဝေးခန့်၌ရှိသော မြောက်ဦးမြို့နယ်၊ လိပ်ဆင့်ပြင်(လိပ်ဆင်းပြင်)ကျေးရွာရှိ နာရေးအခမ်းအနားသို့ လက်နက်ကြီး၊ အကြိမ် (၁၀) ကျော် လူမဆန်စွာပစ်ခတ်တိုက်ခိုက်ခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၁) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ စစ်တွေမြို့၊ အမြင့်ကျွန်းရွာ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့၍ သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ပုဏ္ဏားကျွန်း၊ အခြေစိုက်၊ ခမရ (၅၅၀) တပ်ရင်းမှ ပုဏ္ဏားကျွန်းမြို့အတွင်းသို့ ဝင်ရောက်ပြီး အပြစ်မဲ့ အရပ်သားများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ မြို့အတွင်းဝင်ရောက်ပြီး သေနတ်များပစ်ဖောက်၍ လူထုအားအထိတ်တလန့်ဖြစ်အောင်ပြုလုပ်ခြင်း၊ ၎င်းတို့ပစ်သတ်၍ သေဆုံးနေသောအပြစ်မဲ့ရခိုင်ပြည်သူများကို သက်သေအတုများဖြင့် လိမ်လည်ပြောဆိုခြင်း၊ လက်နက်အားကိုးဖြင့် လူထုအားခြိမ်းခြောက်ခြင်း၊ မြို့ကိုပတ်ဝိုင်း၍ ပြည်သူလူထုအား ပြန်ပေးဆွဲထားသကဲ့သို့ ပြုမှုနေခြင်းစသည်တို့ကိုပြုလုပ်လျှက်ရှိသည်။


အခြားတစ်ဖက်တွင်မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်ပိုင်သတင်းမီဒီယာများ၊ မြန်မာ့တပ်မတော်မှ စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုတို့ပိုင်ဆိုင်သော သတင်းမီဒီယာများ၊ ၎င်းတို့၏ကျောထောက်နောက်ခံ သတင်းမီဒီယာများသည် သတင်းအမှားများ၊ တစ်ဖက်သတ်သတင်းများ၊ ဘက်လိုက်ရေးသားသောသတင်းများ၊ ထိန်ချန်သတင်းများဖြင့် မိမိတို့အဖွဲ့အစည်းအား အပြစ်ပုံချသော အရေးအသားများဖြင့် ရေးသားကာ နိုင်ငံတကာတွင်မိမိတို့၏ ပုံရိပ်ကျဆင်းစေရန်၊ အထင်အမြင်လွဲမှားစေရန် စနစ်တကျ ဝါဒဖြန့် လုပ်ဆောင်လျက် ရှိသည်။ ထို့အပြင် မြန်မာ့တပ်မတော်ကျူးလွန်ထားသည့် ပြစ်မှုများနှင့် အပြစ်များကို ဖုံးဖိပေးကာ အရပ်သားပြည်သူလူထုများ၏ နစ်နာချက်များကို ပျောက်ကွယ်အောင် ပြည်တွင်းသတင်းမီဒီယာ အချို့သည်လည်း ဝိုင်းဝန်းလုပ်ဆောင်လျက်ရှိသည်။


ပြည်တွင်းသတင်းမီဒီယာသမားများကို အမျိုးမျိုးသော ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုများဖြင့် သတင်းမှန်များကို မဖော်ပြရဲအောင် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ မြန်မာအစိုးရပိုင် သတင်းမီဒီယာများ၊ Facebook ကဲ့သို့သောဆိုရှယ်မီဒီယာကို ထိန်းချုပ်ထားရုံသာမက ရခိုင်ဒေသ အတွင်း၌ ဆက်သွယ်ရေးအင်တာနက်လိုင်းများကို နှစ်ချီကြာမြင့်သည်အထိ ဖြတ်တောက်ထားကာ သတင်းအမှောင် ချထားဆဲဖြစ်သည်။ မြန်မာ့တပ်မတော်မှလည်းပြည်တွင်း၊ ပြည်ပမီဒီယာသမားများကို သတင်းမယူရဲအောင် မသမာသောနည်းလမ်းများဖြင့် တားမြစ်ပိတ်ပင်ထားသောကြောင့် ရခိုင်ပြည်အတွင်း အဖြစ်အပျက်များမှာ အမှန်တရားများပျောက်ဆုံးလျက်ရှိသည်။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် ကျိုးကြောင်းဆီလျော်မှုမရှိသော တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် တစ်ဖက်သတ်ပြောဆိုလျက်ရှိသည်။ မြန်မာ့တပ်မတော်၏အပြစ်အား ဖုံးဖိကာကွယ်ပေးရုံသာမက မြန်မာ့တပ်မတော်မှကျူးလွန်နေသောပြစ်မှုများကို တစ်ဖက်အဖွဲ့အစည်းထံ အပြစ်ပုံချရန်လည်း နေ့စဉ်နေ့တိုင်းကြိုးစားလျက်ရှိသည်။ မဟုတ်မမှန်လုပ်ကြံထားသောသတင်းများကို အိမ်နီးနားချင်းနိုင်ငံများသို့ ပေးပို့ပြီး ရခိုင်လူမျိုးများနှင့် မိမိတို့အဖွဲ့အစည်းအား ဘက်ပေါင်းစုံမှ အကျပ်အတည်းဖြစ်အောင် မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော်တို့ပူးပေါင်းကာ ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများ၊ နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရမှ မိမိတို့အဖွဲ့အစည်းနှင့်ပတ်သက်၍ ပေးပို့နေသော မဟုတ်မမှန်သတင်းနှင့် သတင်းအမှားများကို ချင့်ချိန်၍ယုံကြည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဒေသခံပြည်သူလူထုများ၊ စစ်ဘေးရှောင်ပြည်သူလူထုများ၊ စစ်ပွဲများကြောင့်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုဒဏ်မှ တိမ်းရှောင်နေကြရသည့် ရွာသူ၊ ရွာသားများမှာ မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် အခြေခံစားသောက်ကုန်များဖြစ်ကြသော ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးရိက္ခာများ ပင်လျှင် များစွာအခက်အခဲဖြစ်လျက်ရှိသည်။ ကိုရိုနာကူးစက်ရောဂါ တိုက်ဖျက်ရေးကာလ နှင့် မိုးရာသီကာလအတွင်း၌ ပိုမိုအခက်အခဲကျရောက်လျှက်ရှိပါသည်။ ဤသည်မှာ မိမိတို့ကြောင့်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့်သာဖြစ်သည်။


မြန်မာ့တပ်မတော်သည် ရခိုင်ပြည်သူလူထုများအား ပုံစံအမျိုးမျိုးဖြင့် မတရားသတ်ဖြတ်နေသည့်အပြင် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်ပြီး ရခိုင်လူထုအတွင်း အကြောက်တရားများကိုဖန်တီးလျက်ရှိသည်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို ဦးတည်ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်သောလုပ်ရပ်၊ မြို့အတွင်း၌ ပြည်သူလူထုများ၏ရှေ့တွင် အပြစ်မဲ့ပြည်သူများအား ပစ်ခတ်သတ်ဖြတ်သောလုပ်ရပ်၊ လူမျိုးတစ်မျိုးလုံး၏ အနာဂတ်တည်တံ့မှုကို ခြိမ်းခြောက်သောလုပ်ရပ်၊ လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်သည့်လုပ်ရပ်များကို လုပ်ဆောင်နေသော မြန်မာ့တပ်မတော် ၏ ရက်စက်ရိုင်းပြသော လုပ်ရပ်များကို ယဉ်ကျေးသော ကမ္ဘာ့အသိုင်းအဝိုင်းမှသိရှိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

572 views
bottom of page