top of page

ျမန္မာ့တပ္မေတာ္၏ထိုးစစ္ေၾကာင့္မိမိတို႔စခန္းအခ်ိဳ႕ဆံုး႐ႈံးခဲ့ရ




ကို႐ိုနာကူးစက္ေရာဂါထိန္းခ်ဳပ္ေရးကာလအား အျမတ္ထုတ္ၿပီး ျမန္မာ့တပ္မေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ မိမိတို႔၏ဒဏ္ရာရလူနာမ်ားအား ေဆးကုသေနေသာ စခန္းငယ္တစ္ခု၊ ကာကင္းစခန္းငယ္တစ္ခုဆုံးရႈံးကာ အာရကၡစစ္သည္ေတာ္အခ်ိဳ႕တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ အသက္စြန႔္လႊတ္ခဲ့ရ


၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၂၅) ရက္


ရကၡိဳင့္တပ္ေတာ္သည္ ကို႐ိုနာေရာဂါအားႀကိဳတင္ကာကြယ္တားဆီးေရးႏွင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကိုအေထာက္အကူျပဳေစရန္အတြက္ ကို႐ိုနာေရာဂါပိုးအား ကမာၻ႔ကပ္ေရာဂါအျဖစ္ မေၾကညာခင္ကတည္းကပင္ တစ္ဖက္သတ္အပစ္အခတ္ရပ္ဆိုင္းျခင္းကို ညီေနာင္မဟာမိတ္အဖြဲ႕မ်ားႏွင့္အတူ ပူးတြဲထုတ္ျပန္ေၾကညာခဲ့သည္။ ေၾကညာထားသည့္အတိုင္း မိမိတို႔ဖက္မွစတင္၍ ႀကီးမားေသာထိုးစစ္မ်ားကိုမျပဳလုပ္သကဲ့သို႔ တိုက္ပြဲမ်ားမျဖစ္ပြားေစရန္ အတတ္ႏိုင္ဆုံးထိန္းသိမ္းခဲ့သည္။


မိမိတို႔ဖက္မွထိုသို႔ထိန္းသိမ္းေနေသာ္လည္း ျမန္မာ့တပ္မေတာ္သည္ မိမိတို႔အားေလေၾကာင္း၊ လက္နက္ႀကီး၊ သံခ်ပ္ကာယာဥ္မ်ားမွ ပစ္ခတ္တိုက္ခိုက္မႈမ်ားကို ေမလတစ္လလုံး၌ ေန႔တိုင္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ပလက္ဝ၊ ေျမပုံ၊ အမ္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေျမာက္ဦး၊ မင္းျပားၿမိဳ႕နယ္မ်ားအတြင္း စစ္ဆင္ေရးအားအရွိန္အဟုန္ျမႇင့္ကာ ခပ္စိပ္စိပ္ျပဳလုပ္ေနခဲ့သည္။ စစ္အင္အား၊ လက္နက္အင္အား ျဖည့္တင္းျခင္းမ်ားကိုလည္း ဆက္တိုက္လုပ္ေဆာင္ေနခဲ့သည္။ ထို႔ေၾကာင့္ ရခိုင္၊ ပလက္ဝေဒသအတြင္း၌ ႏွစ္ဖက္ထိေတြ႕မႈမ်ားမွာ ေန႔တိုင္းနီးပါးရွိခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၂၄) ရက္၊ ေန႔လယ္ (၁၂) နာရီ ခန႔္မွစတင္ၿပီး ျမန္မာ့တပ္မေတာ္၏ ဂ်က္တိုက္ေလယာဥ္(၂) စီးသည္ ပလက္ဝၿမိဳ႕နယ္၊ ေလာင္းကဒူး႐ြာအေနာက္ဖက္ (၂) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔၏ ဒဏ္ရာရလူနာမ်ားအားေဆးကုသေနေသာ စခန္းငယ္တစ္ခုအား လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့သည္။ ထို႔အျပင္ ပလက္ဝအေျခစိုက္၊ ခလရ(၂၈၉) ႏွင့္ ခဝဲဗ်ဴဟာတို႔မွ လက္နက္ႀကီးမ်ား၊ ေဟာင္ဝဇၨာအေျမာက္မ်ားျဖင့္ (၃) နာရီနီးပါးေတာက္ေလ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ လက္နက္ႀကီးပစ္ခတ္သည့္အႀကိမ္အေရအတြက္(၃၀၀) ေက်ာ္ရွိခဲ့သည္။ ထို႔ေနာက္ျမန္မာ့တပ္မေတာ္သည္ အင္အားအလုံးအရင္းျဖင့္မိမိတို႔၏ စခန္းငယ္အားေျမျပင္မွထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။


ျမန္မာ့တပ္မေတာ္၏ ေလေၾကာင္း၊ လက္နက္ႀကီးပစ္ကူ၊ ေျမျပင္တပ္မ်ား၏ ပူးေပါင္းထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ မိမိတို႔၏ဒဏ္ရာရလူနာမ်ားကို ေဆးကုသေနေသာစခန္းငယ္အား ေခတၱစြန႔္လႊတ္ခဲ့သည္။ ဒဏ္ရာရလူနာမ်ားထဲမွ အခ်ိဳ႕မွာ ျမန္မာ့တပ္မေတာ္၏ သတ္ျဖတ္မႈေၾကာင့္ က်ဆုံးခဲ့ရသည္။


Covid-19 ႀကိဳတင္ကာကြယ္ေရး ႏွင့္ ထိန္းခ်ဳပ္ေရးကာလအား ျမန္မာ့တပ္မေတာ္အေနျဖင့္ ဤကဲ့သို႔အျမတ္ထုတ္ၿပီး တိုက္ခိုက္ခဲ့သည့္အျပင္ စစ္ေျမျပင္၌ လိုက္နာက်င့္သုံးရမည့္ ႏိုင္ငံတကာစစ္ဥပေဒမ်ားကိုခ်ိဳးေဖာက္ၿပီး ေဆးကုသေနေသာ ဒဏ္ရာရစစ္သည္လူနာမ်ားကို သတ္ျဖတ္ခဲ့သည္။


ေမလ (၂၅) ရက္ေန႔တြင္လည္း ျမန္မာ့တပ္မေတာ္သည္ နံနက္ (၈) နာရီ (၃၀) မိနစ္မွစတင္ၿပီး ပလက္ဝၿမိဳ႕နယ္၊ ေလာင္းကဒူး႐ြာ အေနာက္ဖက္ (၁.၇) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာသို႔ လက္နက္ႀကီးမ်ားကို ယမန္ေန႔နည္းတူ စုၿပဳံပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ညေန (၆) နာရီခန႔္တြင္ မိမိတို႔သည္ အဆိုပါေနရာမွ ေခတၱဆုတ္ခြာေပးခဲ့သည္။ ယခုေနရာသည္ ယမန္ေန႔ (ေမလ၂၄-ရက္) မိမိတို႔ ဆုတ္ေပးလိုက္ရသည့္ ဒဏ္ရာရလူနာမ်ားအား ေဆးကုသေနေသာေနရာႏွင့္ မီတာ (၃၀၀) ခန႔္သာကြာေဝးသည္။


Covid-19 ထိန္းခ်ဳပ္ေရးကာလ၌ တိုက္ပြဲမ်ားေၾကာင့္ျဖစ္ေပၚလာမည့္ ႀကီးမားေသာ ဆိုးက်ိဳးမ်ား၊ ေနာက္ဆက္တြဲသက္ေရာက္မႈမ်ား မျဖစ္ေပၚေစလိုေသာစိတ္သေဘာထားျဖင့္ ယခုကဲ့သို႔ ေနာက္ဆုတ္လိုက္ျခင္းျဖစ္သည္။


ဒဏ္ရာရလူနာမ်ားအားေဆးဝါးကုသေနေသာ မိမိတို႔၏စခန္းႏွင့္ကာကင္းစခန္းငယ္တစ္ခုတို႔အား ေခတၱစြန႔္လႊတ္ခဲ့ရျခင္း၊ အာရကၡစစ္သည္ေတာ္မ်ား အသက္ေပးဆပ္စြန႔္လႊတ္ခဲ့ရျခင္းႏွင့္ပတ္သက္၍ မိမိတို႔ထုတ္ျပန္ထားသည့္အတိုင္း၊ ရပ္တည္ခ်က္အတိုင္း ထိုက္တန္ေသာ လက္စားေခ်တုံ႔ျပန္တိုက္ခိုက္မႈမ်ားကို ျပဳလုပ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားအပ္သည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


ကိုရိုနာကူးစက်ရောဂါထိန်းချုပ်ရေးကာလအား အမြတ်ထုတ်ပြီး မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မိမိတို့၏ဒဏ်ရာရလူနာများအား ဆေးကုသနေသော စခန်းငယ်တစ်ခု၊ ကာကင်းစခန်းငယ်တစ်ခုဆုံးရှုံးကာ အာရက္ခစစ်သည်တော်အချို့တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လွှတ်ခဲ့ရ


၂၀၂၀ ပြည့်နှစ်၊ မေလ(၂၅) ရက်


ရက္ခိုင့်တပ်တော်သည် ကိုရိုနာရောဂါအားကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကိုအထောက်အကူပြုစေရန်အတွက် ကိုရိုနာရောဂါပိုးအား ကမ္ဘာ့ကပ်ရောဂါအဖြစ် မကြေညာခင်ကတည်းကပင် တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းကို ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာထားသည့်အတိုင်း မိမိတို့ဖက်မှစတင်၍ ကြီးမားသောထိုးစစ်များကိုမပြုလုပ်သကဲ့သို့ တိုက်ပွဲများမဖြစ်ပွားစေရန် အတတ်နိုင်ဆုံးထိန်းသိမ်းခဲ့သည်။


မိမိတို့ဖက်မှထိုသို့ထိန်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်သည် မိမိတို့အားလေကြောင်း၊ လက်နက်ကြီး၊ သံချပ်ကာယာဉ်များမှ ပစ်ခတ်တိုက်ခိုက်မှုများကို မေလတစ်လလုံး၌ နေ့တိုင်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ပလက်ဝ၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များအတွင်း စစ်ဆင်ရေးအားအရှိန်အဟုန်မြှင့်ကာ ခပ်စိပ်စိပ်ပြုလုပ်နေခဲ့သည်။ စစ်အင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်းများကိုလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။ ထို့ကြောင့် ရခိုင်၊ ပလက်ဝဒေသအတွင်း၌ နှစ်ဖက်ထိတွေ့မှုများမှာ နေ့တိုင်းနီးပါးရှိခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ မေလ (၂၄) ရက်၊ နေ့လယ် (၁၂) နာရီ ခန့်မှစတင်ပြီး မြန်မာ့တပ်မတော်၏ ဂျက်တိုက်လေယာဉ်(၂) စီးသည် ပလက်ဝမြို့နယ်၊ လောင်းကဒူးရွာအနောက်ဖက် (၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့၏ ဒဏ်ရာရလူနာများအားဆေးကုသနေသော စခန်းငယ်တစ်ခုအား လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပလက်ဝအခြေစိုက်၊ ခလရ(၂၈၉) နှင့် ခဝဲဗျူဟာတို့မှ လက်နက်ကြီးများ၊ ဟောင်ဝဇ္ဇာအမြောက်များဖြင့် (၃) နာရီနီးပါးတောက်လျောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်သည့်အကြိမ်အရေအတွက်(၃၀၀) ကျော်ရှိခဲ့သည်။ ထို့နောက်မြန်မာ့တပ်မတော်သည် အင်အားအလုံးအရင်းဖြင့်မိမိတို့၏ စခန်းငယ်အားမြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။


မြန်မာ့တပ်မတော်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ မြေပြင်တပ်များ၏ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မိမိတို့၏ဒဏ်ရာရလူနာများကို ဆေးကုသနေသောစခန်းငယ်အား ခေတ္တစွန့်လွှတ်ခဲ့သည်။ ဒဏ်ရာရလူနာများထဲမှ အချို့မှာ မြန်မာ့တပ်မတော်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။


Covid-19 ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးကာလအား မြန်မာ့တပ်မတော်အနေဖြင့် ဤကဲ့သို့အမြတ်ထုတ်ပြီး တိုက်ခိုက်ခဲ့သည့်အပြင် စစ်မြေပြင်၌ လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာစစ်ဥပဒေများကိုချိုးဖောက်ပြီး ဆေးကုသနေသော ဒဏ်ရာရစစ်သည်လူနာများကို သတ်ဖြတ်ခဲ့သည်။


မေလ (၂၅) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်သည် နံနက် (၈) နာရီ (၃၀) မိနစ်မှစတင်ပြီး ပလက်ဝမြို့နယ်၊ လောင်းကဒူးရွာ အနောက်ဖက် (၁.၇) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာသို့ လက်နက်ကြီးများကို ယမန်နေ့နည်းတူ စုပြုံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ညနေ (၆) နာရီခန့်တွင် မိမိတို့သည် အဆိုပါနေရာမှ ခေတ္တဆုတ်ခွာပေးခဲ့သည်။ ယခုနေရာသည် ယမန်နေ့ (မေလ၂၄-ရက်) မိမိတို့ ဆုတ်ပေးလိုက်ရသည့် ဒဏ်ရာရလူနာများအား ဆေးကုသနေသောနေရာနှင့် မီတာ (၃၀၀) ခန့်သာကွာဝေးသည်။


Covid-19 ထိန်းချုပ်ရေးကာလ၌ တိုက်ပွဲများကြောင့်ဖြစ်ပေါ်လာမည့် ကြီးမားသော ဆိုးကျိုးများ၊ နောက်ဆက်တွဲသက်ရောက်မှုများ မဖြစ်ပေါ်စေလိုသောစိတ်သဘောထားဖြင့် ယခုကဲ့သို့ နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။


ဒဏ်ရာရလူနာများအားဆေးဝါးကုသနေသော မိမိတို့၏စခန်းနှင့်ကာကင်းစခန်းငယ်တစ်ခုတို့အား ခေတ္တစွန့်လွှတ်ခဲ့ရခြင်း၊ အာရက္ခစစ်သည်တော်များ အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရခြင်းနှင့်ပတ်သက်၍ မိမိတို့ထုတ်ပြန်ထားသည့်အတိုင်း၊ ရပ်တည်ချက်အတိုင်း ထိုက်တန်သော လက်စားချေတုံ့ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားအပ်သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

1,041 views
bottom of page