top of page

မင်းပြားအခြေစိုက်ခမရ(၃၇၉) ၏ ရိက္ခာတင်ဆောင်လာသောစက်လှေအား ရက္ခိုင့်တပ်တော်မှ ခေါ်ယူစစ်ဆေးပြီးထိန်းသိမ်း

မင်းပြားအခြေစိုက် ခမရ(၃၇၉) ၏ မင်းပြားအခြေစိုက် ခမရ(၃၇၉) ၏ ရိက္ခာတင်ဆောင်လာသော စက်လှေတစ်စီးအား ရက္ခိုင့်တပ်တော်မှ ခေါ်ယူစစ်ဆေးပြီး ရန်သူ့ရိက္ခာများအားထိန်းသိမ်း

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်၊ ညနေ(၄) နာရီခန့်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ လက်ခုတ်ကျေးရွာအနီးရှိချောင်းအတွင်း၌ခရီးသွားလာနေသော စက်လှေတစ်စင်းအားရပ်တန့်ပြီးခေါ်ယူစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်လှေပေါ်၌ပါလာသောပစ္စည်းအများအပြားမှာ စစ်ရာဇဝတ်နယ်ချဲ့တပ်ဖွဲ့ ၏မင်းပြားအခြေစိုက် ခမရ(၃၇၉) တပ်ရင်း၏ ရိက္ခာပစ္စည်းများဖြစ်နေသောကြောင့်၎င်း ခမရ(၃၇၉) တပ်ရင်းပိုင်ရိက္ခာများအား ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးထိန်းသိမ်းထားလိုက်သည်။

သိမ်းဆည်းရမိသော ပစ္စည်းစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။

(၁) Sunday Coffee Mix -(၂၆) ထုတ်

(၂) Premier Coffee Mix -(၆) ထုတ်

(၃) ကွေကာပေါင်ထုတ် -(၁) ထုတ်

(၄) TiPoမှုန့်ထုတ် -(၃) ထုတ်

(၅) ကျောက်ပွင့် -(၅) ထုတ်

(၆) ကင်းတီးအကြော် -(၁) ဗူး

(၇)Wasukaမှုန့်ထုတ် -(၁) ထုတ်

(၈) ခနော -ပေါင်ထုတ်-(၁)ထုတ်

(၉) ရွှေညောင်ပင်ပဲမှုန့် -(၁) ထုတ်

(၁၀) တုံတုံငါးပိဘူး -(၂) ဗူး

(၁၁) မြေပဲလှော် -(၂)ထုတ်

(၁၂) ပဲပါးကြီးနှစ်ပြန်ကြော် -(၁) ထုတ်

(၁၃)ဟိဏ်းထက်ပဲဘူး -(၁) ဗူး

(၁၄)လ္ဘက်ခြောက် -(၁) ဗူး

(၁၅)ရှင်းသန့်ပဲငါးပိ -(၁) ဗူး

(၁၆)မာမားခေါက်ဆွဲ -(၁) ဖာ

(၁၇)USB Port(အားသွင်းကြိုးမျိုး) -(၂)ပင်

(၁၈)ဓါတ်မီး -(၄)လုံး

(၁၉)Powerband(w20000) -(၁) လုံး

(၂၀)Solar ပြား(Watt-20) -(၃)ချပ်

(၂၁) ကြားညှပ်ဖိနပ် -(၄)ရံ

(၂၂)အားကစားဘောင်းဘီအတို -(၃) ထည်

(၂၃)အရပ်သားဝတ်အင်္ကျီ-(၃) ထည်

(၂၄)A-4 စာရွက်( ရိန်းခွဲ)

စစ်ဆေးပြီးနောက်၎င်းစက်လှေအားကောင်းမွန်စွာပြန်လွှတ်ပေးခဲ့ပါသည်။ ယခုအချိန်၌ ခမရ(၃၇၉) မှ တပ်ဖွဲ့ဝင်များသည် စက်လှေပိုင်ရှင်အား ရိက္ခာပစ္စည်းများအတွက်လျော်ကြေးငွေပြန်ပေးရန် ခြိမ်းခြောက်တောင်းဆိုနေကြောင်း ကြားသိရသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်က္ခာတင်ဆောင်လာသော စက်လှေတစ်စီးအား ရက္ခိုင့်တပ်တော်မှ ခေါ်ယူစစ်ဆေးပြီး ရန်သူ့ရိက္ခာများအားထိန်းသိမ်း

ရက္ခိုင့်တပ်တော်

422 views
bottom of page