top of page

မင်းပြားမြို့၊မင်းဖူးအရပ်ဘက်ဆေးရုံ အား အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်

  • Feb 28, 2024
  • 1 min read





















မင်းပြားမြို့၊ မင်းဖူးအရပ်ဘက်ဆေးရုံအား စစ်ရာဇဝတ်ကောင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ  ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရှုံးမဲမဲကာ လူမျိုးရေးအမုန်း တရားများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

အဆိုပါလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရမှုများလည်းရှိခဲ့သည်။ ဤဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသ ပေးနေသော အရပ်ဘက်ဆေးရုံတစ်ခုလည်းဖြစ်သည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက် စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သား ပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်။

 

ဓာတ်ပုံ- ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မင်းဖူးဆေးရုံမြင်ကွင်း

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

 
 
 

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page