လူမ်ိဳးေရးအစြန္းေရာက္ဗမာ့လက္နက္ကိုင္တပ္(တပ္မေတာ္) မွ ရခိုင္ျပည္၊ပုဏၰားကြၽန္းၿမိဳ႕အတြင္းဝင္ေရာက္၍ အၾကမ္းဖက္ျခင္း၊ လုယက္ျခင္း၊ ျပည္သူလက္နက္ျဖင့္ၿခိမ္းေျခာက္ျခင္း၊ လမ္းသြားလမ္းလာအျပစ္မဲ့အရပ္သားျပည္သူလူထုမ်ားအား လမ္းမအလယ္ ၌ပစ္ခတ္သတ္ျဖတ္ျခင္းမ်ားႏွင့္ ပတ္သက္၍ျဖစ္စဥ္ျဖစ္ရပ္
၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁၂) ရက္
၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁၁) ရက္၊နံနက္(၇) နာရီ(၃၀) မိနစ္တြင္ ရခိုင္ျပည္၊ပုဏၰားကြၽန္းၿမိဳ႕၊ ၿမိဳ႕မေစ်းႏွင့္ ေအးေစတီဘုရားအနီး၌ ရခိုင္ျပည္ကိုလာေရာက္ၿပီးအၾကမ္းဖက္ေသာင္းက်န္းေနေသာ လူမ်ိဳးေရးအစြန္းေရာက္ဗမာ့လက္နက္ကိုင္တပ္ဖြဲ႕ဝင္ႏွစ္ဦးအား စစ္ေဆးရန္အတြက္အသာတၾကည္ ေခၚယူစဥ္ ၎တို႔တြင္ပါလာေသာလက္နက္ျဖင့္ခုခံေသာေၾကာင့္ မိမိတို႔ဖက္မွလည္းျပန္လည္ခုခံစဥ္ တစ္ဦးကိုလက္ရဖမ္းဆီးရမိၿပီး ေသနတ္ျဖင့္ခုခံေသာ တပ္ေထာက္ဗိုလ္-ဟိန္းမိုးေအာင္မွာ အခင္းျဖစ္ပြားၿပီးမၾကာမီေသဆုံးခဲ့ရသည္။
ထို႔ေနာက္တြင္ ပုဏၰားကြၽန္းၿမိဳ႕၊ အေျခစိုက္၊ခမရ(၅၅၀) မွ အင္အား(၄၀) ပါစစ္ေၾကာင္းသည္ နံနက္(၈) နာရီ(၃၀) မိနစ္တြင္ ေက်ာင္းႀကီးလမ္းအတိုင္း ဝင္ေရာက္လာၿပီး ေအးေစတီဘုရားအနီး၌ လက္နက္ငယ္မ်ားျဖင့္ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ခဲ့ကာ အၾကမ္းဖက္လုပ္ရပ္ကိုစတင္လုပ္ေဆာင္ခဲ့သည္။ တၿပိဳင္နက္တည္းတြင္ ေအးေစတီအနီးရွိ "စိုးဟိန္းဖုန္းဆိုင္"၊"ကိုေမႊးေမာင္ဖုန္းဆိုင္"၊ ၿမိဳ႕မေစ်းအတြင္းရွိ"သိန္းဖုန္းဆိုင္"၊"ေအာင္ေက်ာ္သိန္းဖုန္းဆိုင္" တို႔အား လူမိုက္ဆန္စြာ ဖ်က္ဆီးခဲ့သည္။ ထို႔အျပင္ေအးေစတီဘုရားအနီးရွိ ကြမ္းယာဆိုင္၊မုန႔္ဆိုင္မ်ားႏွင့္ ခုံတန္းမ်ားကိုပါ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့သည္။ဗဟိုေဆးဆိုင္မွ"ပိုင္ရွင္ ဦးအသိန္းေခ်ႏွင့္ ဇနီး၊ဆိုင္ဝန္ထမ္းတစ္ဦးတို႔ ခမရ(၅၅၀) အတြင္းသို႔ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
ထို႔ေၾကာင့္ အဆိုပါဖုန္းဆိုင္မ်ားမွာ ပ်က္စီးခဲ့ရသည့္အျပင္ ဖုန္းဆိုင္အတြင္းရွိဖုန္းမ်ားကိုပါ အၾကမ္းဖက္ေသာင္းက်န္းသူတပ္ဖြဲ႕၊ခမရ(၅၅၀) တပ္ရင္း၏တပ္ဖြဲ႕ဝင္မ်ားမွ ခိုးယူသြားခဲ့သည္။ "စိုးဟိန္းဖုန္းဆိုင္" မွ ဖုန္းအလုံးေရ(၆၀) ေက်ာ္အခိုးခံခဲ့ရသည္။(ကာလတန္ဖိုးအားျဖင့္ က်ပ္သိန္း(၂၀၀) ခန႔္ဆုံးရႈံးခဲ့ရသည္)
နံနက္(၁၀) နာရီခန႔္တြင္ အင္အား(၃၀) ခန႔္ပါ ခမရ(၅၅၀) ၏ေနာက္ထပ္စစ္ေၾကာင္းတစ္ခုသည္ ပုဏၰားကြၽန္းၿမိဳ႕အတြင္းသို႔ထပ္မံဝင္ေရာက္လာၿပီး ၿမိဳ႕သစ္ရပ္ကြက္၊ ေ႐ႊေတာင္ၾကားလမ္း၊သေဘၤာဆိပ္ေဟာင္း၊ဘုတ္ဆိပ္၊ပန္းပဲတန္း၊စံျပရပ္ကြက္ ၊ေလာကမာရဇိန္ဘုရားႀကီးနား ႏွင့္ ခမရ(၅၅၀) ပတ္ဝန္းက်င္မ်ား၌ အသီးသီးတပ္ျဖန႔္ေနရာယူၿပီး လမ္း၌ေတြ႕သမွ် ပုဏၰားကြၽန္းၿမိဳ႕သူ၊ၿမိဳ႕သားမ်ား၊ ျပည္သူလူထုမ်ားအား "လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံသည့္ နယ္ခ်ဲ႕က်ဴးေက်ာ္သူတို႔၏ စ႐ိုက္လကၡဏာအတိုင္း" ေသနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ ကာ အၾကမ္းဖက္သတ္ျဖတ္သည့္လုပ္ရပ္မ်ားကိုမိုက္မိုက္ကန္းကန္းလုပ္ေဆာင္ခဲ့သည္။
ထိုသို႔ အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ စံျပရပ္ကြက္ေန၊ ဦးညီညီမွာ ေသနတ္ထိမွန္ၿပီး လမ္းမထက္၌ေသဆုံးခဲ့ရသည္။ အဖ ဦးထြန္းစိန္၊ အမိ ေဒၚမနီခိုင္တို႔၏သားျဖစ္သူ အသက္(၄၅) ႏွစ္အ႐ြယ္ ဦးညီညီသည္ စိတ္က်န္းမာေရးမေကာင္းသူတစ္ေယာက္ျဖစ္ေၾကာင္း ပုဏၰားကြၽန္းတစ္ၿမိဳ႕လုံးအသိျဖစ္သည္။ ခမရ(၅၅၀) မွ ပစ္ခတ္၍ ပြဲခ်င္းၿပီးေသဆုံးခဲ့သည္ကို လုပ္ႀကံဖန္တီးထားေသာသက္ေသအတုမ်ားျဖင့္ ျမန္မာ့တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္မွာ လြန္စြာေအာက္တန္းက်လွသည္။ဤသည္မွာ ျမန္မာ့တပ္မေတာ္၏ လုပ္ေလ့လုပ္ထရွိေသာ လုပ္ရပ္တစ္ခုလည္းျဖစ္သည္။
ခမရ(၅၅၀) မွ ပုဏၰားကြၽန္းၿမိဳ႕အတြင္း အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္ေနသည့္အၾကားထဲမွ ကံေကာင္း၍ လြတ္ေျမာက္လာသူမ်ားစြာရွိသည္။ သို႔မဟုတ္ပါက အျပစ္မဲ့အရပ္သားျပည္သူလူထု အစုလိုက္၊အၿပဳံလိုက္ေသဆုံးႏိုင္သည္။
ထို႔ေနာက္တြင္ ေ႐ႊေတာင္ၾကားလမ္း၊စိုက္ပ်ိဳးေရး႐ုံးေရွ႕မွ ဦးဘေဌးအိမ္အားလည္းေကာင္း၊႐ြာေဟာင္းဖက္၊ ဦးေမာင္ဘု သစ္စက္အားလည္းေကာင္းဝင္ေရာက္စစ္ေဆးခဲ့သည္။
ညေန(၉) နာရီခန႔္အထိ အၾကမ္းဖက္ျခင္း၊ ေသနတ္ျဖင့္ ၿမိဳ႕ကိုပတ္၍ ပစ္ေဖာက္ကာ ျပည္သူလူထုအတြင္းအေၾကာက္တရားမ်ားျဖစ္ေပၚေအာင္လုပ္ေဆာင္ခဲ့သည္။ အရပ္သားျပည္သူလူထုမ်ားကို အၾကမ္းဖက္ကာျပန္ေပးဆြဲထားျခင္းႏွင့္တူသည္။
၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁၂) ရက္၊ နံနက္(၇) နာရီခန႔္တြင္လည္း ခမရ(၅၅၀) မွ အင္အား(၁၀) ေက်ာ္ပါစစ္ေၾကာင္းတစ္ခုသည္ ယမန္ေန႔နည္းတူ အၾကမ္းဖက္သတ္ျဖတ္ရန္ ပုဏၰားကြၽန္း၊ ေစ်းအတြင္းဝင္ေရာက္လာေသာေၾကာင့္ ေစ်းေရာင္းခ်ေနသူမ်ားမွာ မိမိတို႔ေရာင္းခ်ေနေသာ သား၊ငါး၊ဟင္းသီးဟင္း႐ြက္မ်ားကိုထားကာ တိမ္းေရွာင္ခဲ့ၾကရသည္။
ေစ်းေရာင္းခ်ေနသူမ်ားမရွိ၍ ပိုင္ရွင္မဲ့ သား၊ငါး၊ဟင္းသီးဟင္း႐ြက္မ်ားကို အဆိုပါ စစ္ေၾကာင္းမွ ခိုးယူ၊လုယက္သြားခဲ့သည္။ ထို႔အျပင္ ျပည္သူ႔ အသက္အိုးအိမ္စည္းစိမ္တို႔အား လက္နက္ျဖင့္ ၿခိမ္းေျခာက္လ်က္ရွိသည္။
ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ရခိုင္ျပည္သူလူထုမ်ားကို အၾကမ္းဖက္သတ္ျဖတ္ေနေသာ လူမ်ိဳးေရးအစြန္းေရာက္ဗမာ့လက္နက္ကိုင္တပ္(တပ္မေတာ္) ၊ ရခိုင္ျပည္သူလူထုမွ အလိုမရွိေသာ အစိုးရစစ္တပ္မွ တပ္ဖြဲ႕ဝင္မ်ားကို ေမာင္းထုတ္သြားမည္။လက္စားေခ်တုံ႔ျပန္တိုက္ခိုက္သြားမည္ျဖစ္သည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္
လူမျိုးရေးအစွန်းရောက်ဗမာ့လက်နက်ကိုင်တပ်(တပ်မတော်) မှ ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့အတွင်းဝင်ရောက်၍ အကြမ်းဖက်ခြင်း၊ လုယက်ခြင်း၊ ပြည်သူလက်နက်ဖြင့်ခြိမ်းခြောက်ခြင်း၊ လမ်းသွားလမ်းလာအပြစ်မဲ့အရပ်သားပြည်သူလူထုများအား လမ်းမအလယ် ၌ပစ်ခတ်သတ်ဖြတ်ခြင်းများနှင့် ပတ်သက်၍ဖြစ်စဉ်ဖြစ်ရပ်
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၂) ရက်
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၁) ရက်၊နံနက်(၇) နာရီ(၃၀) မိနစ်တွင် ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးနှင့် အေးစေတီဘုရားအနီး၌ ရခိုင်ပြည်ကိုလာရောက်ပြီးအကြမ်းဖက်သောင်းကျန်းနေသော လူမျိုးရေးအစွန်းရောက်ဗမာ့လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ဆေးရန်အတွက်အသာတကြည် ခေါ်ယူစဉ် ၎င်းတို့တွင်ပါလာသောလက်နက်ဖြင့်ခုခံသောကြောင့် မိမိတို့ဖက်မှလည်းပြန်လည်ခုခံစဉ် တစ်ဦးကိုလက်ရဖမ်းဆီးရမိပြီး သေနတ်ဖြင့်ခုခံသော တပ်ထောက်ဗိုလ်-ဟိန်းမိုးအောင်မှာ အခင်းဖြစ်ပွားပြီးမကြာမီသေဆုံးခဲ့ရသည်။
ထို့နောက်တွင် ပုဏ္ဏားကျွန်းမြို့၊ အခြေစိုက်၊ခမရ(၅၅၀) မှ အင်အား(၄၀) ပါစစ်ကြောင်းသည် နံနက်(၈) နာရီ(၃၀) မိနစ်တွင် ကျောင်းကြီးလမ်းအတိုင်း ဝင်ရောက်လာပြီး အေးစေတီဘုရားအနီး၌ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်လုပ်ရပ်ကိုစတင်လုပ်ဆောင်ခဲ့သည်။ တပြိုင်နက်တည်းတွင် အေးစေတီအနီးရှိ "စိုးဟိန်းဖုန်းဆိုင်"၊"ကိုမွှေးမောင်ဖုန်းဆိုင်"၊ မြို့မဈေးအတွင်းရှိ"သိန်းဖုန်းဆိုင်"၊"အောင်ကျော်သိန်းဖုန်းဆိုင်" တို့အား လူမိုက်ဆန်စွာ ဖျက်ဆီးခဲ့သည်။ ထို့အပြင်အေးစေတီဘုရားအနီးရှိ ကွမ်းယာဆိုင်၊မုန့်ဆိုင်များနှင့် ခုံတန်းများကိုပါရိုက်ချိုးဖျက်ဆီးခဲ့သည်။ဗဟိုဆေးဆိုင်မှ" ပိုင်ရှင် ဦးအသိန်းချေနှင့် ဇနီး၊ဆိုင်ဝန်ထမ်းတစ်ဦးတို့ ခမရ(၅၅၀) အတွင်းသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့ကြောင့် အဆိုပါဖုန်းဆိုင်များမှာ ပျက်စီးခဲ့ရသည့်အပြင် ဖုန်းဆိုင်အတွင်းရှိဖုန်းများကိုပါ အကြမ်းဖက်သောင်းကျန်းသူတပ်ဖွဲ့၊ခမရ(၅၅၀) တပ်ရင်း၏တပ်ဖွဲ့ဝင်များမှ ခိုးယူသွားခဲ့သည်။ "စိုးဟိန်းဖုန်းဆိုင်" မှ ဖုန်းအလုံးရေ(၆၀) ကျော်အခိုးခံခဲ့ရသည်။(ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း(၂၀၀) ခန့်ဆုံးရှုံးခဲ့ရသည်)
နံနက်(၁၀) နာရီခန့်တွင် အင်အား(၃၀) ခန့်ပါ ခမရ(၅၅၀) ၏နောက်ထပ်စစ်ကြောင်းတစ်ခုသည် ပုဏ္ဏားကျွန်းမြို့အတွင်းသို့ထပ်မံဝင်ရောက်လာပြီး မြို့သစ်ရပ်ကွက်၊ ရွှေတောင်ကြားလမ်း၊သင်္ဘောဆိပ်ဟောင်း၊ဘုတ်ဆိပ်၊ပန်းပဲတန်း၊စံပြရပ်ကွက် ၊လောကမာရဇိန်ဘုရားကြီးနား နှင့် ခမရ(၅၅၀) ပတ်ဝန်းကျင်များ၌ အသီးသီးတပ်ဖြန့်နေရာယူပြီး လမ်း၌တွေ့သမျှ ပုဏ္ဏားကျွန်းမြို့သူ၊မြို့သားများ၊ ပြည်သူလူထုများအား "လူမျိုးရေးအမုန်းတရားများကိုအခြေခံသည့် နယ်ချဲ့ကျူးကျော်သူတို့၏ စရိုက်လက္ခဏာအတိုင်း" သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက် ကာ အကြမ်းဖက်သတ်ဖြတ်သည့်လုပ်ရပ်များကိုမိုက်မိုက်ကန်းကန်းလုပ်ဆောင်ခဲ့သည်။
ထိုသို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စံပြရပ်ကွက်နေ၊ ဦးညီညီမှာ သေနတ်ထိမှန်ပြီး လမ်းမထက်၌သေဆုံးခဲ့ရသည်။ အဖ ဦးထွန်းစိန်၊ အမိ ဒေါ်မနီခိုင်တို့၏သားဖြစ်သူ အသက်(၄၅) နှစ်အရွယ် ဦးညီညီသည် စိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်ကြောင်း ပုဏ္ဏားကျွန်းတစ်မြို့လုံးအသိဖြစ်သည်။ ခမရ(၅၅၀) မှ ပစ်ခတ်၍ ပွဲချင်းပြီးသေဆုံးခဲ့သည်ကို လုပ်ကြံဖန်တီးထားသောသက်သေအတုများဖြင့် မြန်မာ့တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်မှာ လွန်စွာအောက်တန်းကျလှသည်။ဤသည်မှာ မြန်မာ့တပ်မတော်၏ လုပ်လေ့လုပ်ထရှိသော လုပ်ရပ်တစ်ခုလည်းဖြစ်သည်။
ခမရ(၅၅၀) မှ ပုဏ္ဏားကျွန်းမြို့အတွင်း အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်နေသည့်အကြားထဲမှ ကံကောင်း၍ လွတ်မြောက်လာသူများစွာရှိသည်။ သို့မဟုတ်ပါက အပြစ်မဲ့အရပ်သားပြည်သူလူထု အစုလိုက်၊အပြုံလိုက်သေဆုံးနိုင်သည်။
ထို့နောက်တွင် ရွှေတောင်ကြားလမ်း၊စိုက်ပျိုးရေးရုံးရှေ့မှ ဦးဘဌေးအိမ်အားလည်းကောင်း၊ရွာဟောင်းဖက်၊ ဦးမောင်ဘု သစ်စက်အားလည်းကောင်းဝင်ရောက်စစ်ဆေးခဲ့သည်။
ညနေ(၉) နာရီခန့်အထိ အကြမ်းဖက်ခြင်း၊ သေနတ်ဖြင့် မြို့ကိုပတ်၍ ပစ်ဖောက်ကာ ပြည်သူလူထုအတွင်းအကြောက်တရားများဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့သည်။ အရပ်သားပြည်သူလူထုများကို အကြမ်းဖက်ကာပြန်ပေးဆွဲထားခြင်းနှင့်တူသည်။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၂) ရက်၊ နံနက်(၇) နာရီခန့်တွင်လည်း ခမရ(၅၅၀) မှ အင်အား(၁၀) ကျော်ပါစစ်ကြောင်းတစ်ခုသည် ယမန်နေ့နည်းတူ အကြမ်းဖက်သတ်ဖြတ်ရန် ပုဏ္ဏားကျွန်း၊ ဈေးအတွင်းဝင်ရောက်လာသောကြောင့် ဈေးရောင်းချနေသူများမှာ မိမိတို့ရောင်းချနေသော သား၊ငါး၊ဟင်းသီးဟင်းရွက်များကိုထားကာ တိမ်းရှောင်ခဲ့ကြရသည်။
ဈေးရောင်းချနေသူများမရှိ၍ ပိုင်ရှင်မဲ့ သား၊ငါး၊ဟင်းသီးဟင်းရွက်များကို အဆိုပါ စစ်ကြောင်းမှ ခိုးယူ၊လုယက်သွားခဲ့သည်။ ထို့အပြင် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်တို့အား လက်နက်ဖြင့် ခြိမ်းခြောက်လျက်ရှိသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်နေသော လူမျိုးရေးအစွန်းရောက်ဗမာ့လက်နက်ကိုင်တပ်(တပ်မတော်) ၊ ရခိုင်ပြည်သူလူထုမှ အလိုမရှိသော အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်များကို မောင်းထုတ်သွားမည်။လက်စားချေတုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
Comments