top of page

ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ULA မှ ဆန် နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ

  • Jan 26, 2024
  • 1 min read






ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန် နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

 

ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန်နှင့် ငွေသားအချို့ကို ထောက်ပံ့ကူညီ ပေးခဲ့သည်။ အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေ (၂၀၆၅၀၀) ကျပ် နှင့် ဆန် (၇၃) ဘူးကျစီကို အိမ်ထောင်စု စုစုပေါင်း (၁၂၁) စုအား ယနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်။

 

ပလက်ဝဒေသ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကတည်းကပင် အိန္ဒိယနှင့် ရက္ခိုင်ပြည်တို့၌ စစ်ဘေးရှောင်နေကြသော အိမ်ထောင်စု စုစုပေါင်း (၁၃၆) စုရှိပြီး လက်ရှိတွင် မိမိတို့ နေရပ်သို့ ပြည်လည်လာရောက်နေထိုင်ကြသော အိမ်ထောင်စု (၁၂၁) စုသာရှိသေးသည်။ ကျန်အိမ်ထောင်စုများမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းနှင့် ရက္ခိုင်ပြည်၊ ကျောက်တော်နှင့် မြောက်ဦးတို့တွင် စစ်ဘေးရှောင်များအဖြစ် ဆက်လက်နေထိုင်လျက်ရှိနေကြဆဲဖြစ်သည်။

 

မိမိတို့အနေဖြင့် စစ်တွင်းကာလ ဆင်းရဲဒုက္ခများကို အတူရင်ဆိုင်ခဲ့ကြသကဲ့သို့ ယခုစစ်ပွဲမရှိတော့သည့် အချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပြည်သူ့အကျပ်အတည်းများကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။

 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page