top of page

ထုတ်ပြန်ကြေညာချက်


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


အမှတ်၊ (၉/၂၀၂၁)

၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၇) ရက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်


ထုတ်ပြန်ကြေညာချက်

ရက္ခိုင်ပြည်အတွင်း၌ နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက်ကျင်းပကတ်သည့် ပွဲတော်များထဲမှ တစ်ခုဖြစ်သော ပေါက်တောမြို့နယ်အတွင်းဟိ သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲတော်အား ယခင်နှစ်များ၌ ကိုရိုနာကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ကျင်းပနိုင်ခခြင်းမဟိဘဲ အေနှစ်မှကျင်းပရန် ပြင်ဆင်နီကတ်သည့် အချိန်အခါဖြစ်သည်။ ဤအတောအတွင်း စစ်ကောင်စီသည် ဘုရားပွဲတော်ကျင်းပခြင်းအား လမ်းပြုပြင်ရီး၊ လုံခြုံရီး အကြောင်းပြချက်ဖြင့် ဝင်ရောက်စွက်ဖက်ချယ်လှယ်နီခြင်းများကြောင့် ပွဲတော်သို့လားရောက်ကတ်မည့် ဒေသခံပြည်သူလူထုများမှာ စိုးရိမ်မှု၊ မလိုလားမှု၊ ကြောက်လန့်မှု၊ ရွံယှာမှုများနန့်အတူ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်၍ ဟိနီကတ်ပါသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် ရက္ခိုင်ပြည် ကျေးရွာများအတွင်းသို တစ်ရွာဝင်တစ်ရွာထွက်၍ နယ်မြီစိုးမိုးရီးအတွက် စစ်ရီးလှုပ်ယှား လားလာနီမှုများဟိနီခြင်း၊ တပ်အပြောင်းအရွှိများကို ဆက်တိုက်လုပ်ဆောင်နီခြင်း၊ ဘုန်းကြီးကျောင်းများ၌ ညအိပ်ခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆီးဝါး စသည့် အခြီခံစားသောက်ကုန်ပစ္စည်းများနန့် ပြည်သူ့နိစဉ် လူမှုဘဝ အခြီခံလိုအပ်ချက်များအား ဒေသအတွင်း သယ်ယူပို့ဆောင်နီမှုများကို ဆက်လက်ဟန့်တားပိတ်ပင်တားမြစ်နီခြင်း၊ ရန်စသောအပြုအမူများကို လုပ်ဆောင်နီခြင်းများကြောင့် ပြည်သူများ၏ စားဝတ်နီရီးအကျပ်အတည်းကို ဖြစ်ပေါ်စီရုံရာမက မိမိရို့နန့် စစ်ကောင်စီတပ် ကြားတွင် နှစ်ဖက်တင်းမာမှုများ မြင့်တက်စီပါသည်။ နှစ်ဖက်တိုက်ပွဲများ အချိန်မရွီး ဖြစ်ပွားနိုင်သည့်အနီအထားကို ရောက်ဟိလာသောကြောင့် ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော် အနီနန့်လည်း စစ်ရီးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်လျက်ဟိပါသည်။

ထိုကြောင့် စစ်ကောင်စီမှ ဆံတော်ရှင်ဘုရားပွဲတော် ကျင်းပမည့်ကိစ္စအပေါ် ဝင်ရောက်စွက်ဖက် ချယ်လှယ်မှုများ ဆက်လက်ပြုလုပ်နီပါက ရက္ခိုင်မိဘပြည်သူလူထုများအနီနန့် ဘုရားပွဲတော်သို လားရောက် ကတ်မည့်ကိစ္စရပ်အား “ဆင်ခြင်သုံးသပ်ကတ်ပါရန်” လေးစားစွာဖြင့် အကြံပြုအပ်သည့်အပြင် “စစ်ရီးသတိ ဟိကတ်ပါရန်” လည်း သတိပီးသည့်အနီနန့် ဤကြေညာချက်အား ထုတ်ပြန်အပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်



Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page