top of page

ထုတ္ျပန္ေၾကညာခ်က္



အမွတ္ (၂၉/၂၀၂၀)

၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း (၁၄) ရက္

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၄) ရက္


ေတာင္ကုတ္ၿမိဳ႕နယ္လုံးဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕အစည္း ( National Security Organization Taungup Township ) မွာ ULA/AA ႏွင့္ မည္သို႔မွ်ပတ္သက္မႈမရွိေၾကာင္း အမ်ားသိေစရန္

ထုတ္ျပန္ေၾကညာခ်က္


ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္ (United League of Arakan/Arakan Army) သည္ ဘာသာေရး၊ လူမ်ိဳးေရးအစြန္းေရာက္ေစသည့္လုပ္ရပ္မ်ားကို မည္သည့္အခါမွ်အားမေပးသကဲ့သို႔ အဆိုပါလုပ္ရပ္ မ်ားကို ျပင္းထန္စြာရႈတ္ခ်ပါသည္။

လတ္တေလာ၌ “ေတာင္ကုတ္ၿမိဳ႕နယ္လုံးဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕အစည္း” အမည္ျဖင့္ ထုတ္ျပန္ခ်က္အခ်ိဳ႕အား ေတြ႕ျမင္ေနရပါသည္။ ၎တို႔၏ ထုတ္ျပန္ခ်က္မ်ားတြင္ပါရွိေသာ မူဝါဒ၊ ရည္႐ြယ္ခ်က္ မ်ားသည္ မိမိတို႔အဖြဲ႕အစည္းႏွင့္ ကိုက္ညီမႈမရွိဘဲ အေရးအသားမ်ားသည္ ျပႆနာတစ္ခုအားဖန္တီး လႈံ႕ေဆာ္ရန္အတြက္ လက္မဲႀကီးမ်ားမွ ႀကိဳးစားအားထုတ္ေနသည္ဟု သံသယျဖစ္မိပါသည္။ ထို႔အတူ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း၌ ၂၀၁၂ ခုႏွစ္တြင္ လက္သည္မေပၚေသာ ဘာသာေရး၊ လူမ်ိဳးေရး ပဋိပကၡမ်ား ျဖစ္ေပၚခဲ့သည္ကို အမွတ္ရေစပါသည္။

အဆိုပါအဖြဲ႕အစည္းသည္ မိမိတို႔ ULA/AA ႏွင့္ မည္သို႔မွ်ပတ္သက္မႈမရွိေၾကာင္း အမ်ားျပည္သူလူထုအား ေလးစားစြာျဖင့္ အသိေပးအပ္ပါသည္။


ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္


မွတ္ခ်က္။ ပထမထုတ္ျပန္ခ်က္တြင္ ၂၀၀၇ ခုႏွစ္ဟု မွားယြင္းေဖာ္ျပမႈအား အမွန္ျဖစ္ေသာ ၂၀၁၂ ခုႏွစ္ သို႔ ျပန္လည္ျပင္ဆင္ေဖာ္ျပထားပါသည္။






အမှတ် (၂၉/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း (၁၄) ရက်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၄) ရက်


တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း

( National Security Organization Taungup Township ) မှာ ULA/AA နှင့် မည်သို့မျှပတ်သက်မှုမရှိကြောင်း အများသိစေရန် ထုတ်ပြန်ကြေညာချက်


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (United League of Arakan/Arakan Army) သည် ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်စေသည့်လုပ်ရပ်များကို မည်သည့်အခါမျှအားမပေးသကဲ့သို့ အဆိုပါလုပ်ရပ် များကို ပြင်းထန်စွာရှုတ်ချပါသည်။

လတ်တလော၌ “တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း” အမည်ဖြင့် ထုတ်ပြန်ချက်အချို့အား တွေ့မြင်နေရပါသည်။ ၎င်းတို့၏ ထုတ်ပြန်ချက်များတွင်ပါရှိသော မူဝါဒ၊ ရည်ရွယ်ချက် များသည် မိမိတို့အဖွဲ့အစည်းနှင့် ကိုက်ညီမှုမရှိဘဲ အရေးအသားများသည် ပြဿနာတစ်ခုအားဖန်တီး လှုံ့ဆော်ရန်အတွက် လက်မဲကြီးများမှ ကြိုးစားအားထုတ်နေသည်ဟု သံသယဖြစ်မိပါသည်။ ထို့အတူ တောင်ကုတ်မြို့နယ်အတွင်း၌ ၂၀၁၂ ခုနှစ်တွင် လက်သည်မပေါ်သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ကို အမှတ်ရစေပါသည်။

အဆိုပါအဖွဲ့အစည်းသည် မိမိတို့ ULA/AA နှင့် မည်သို့မျှပတ်သက်မှုမရှိကြောင်း အများပြည်သူလူထုအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်


မှတ်ချက်။ ပထမထုတ်ပြန်ချက်တွင် ၂၀၀၇ ခုနှစ်ဟု မှားယွင်းဖော်ပြမှုအား အမှန်ဖြစ်သော ၂၀၁၂ ခုနှစ် သို့ ပြန်လည်ပြင်ဆင်ဖော်ပြထားပါသည်။

405 views
bottom of page