top of page

တိုက်ပွဲသတင်း ထုတ်ပြန်ချက်





တိုက်ပွဲသတင်း ထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်

 

ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ရက္ခိုင့်တပ်တော်သည် မိမိတို့ ပြည်သူလူထုကို နှစ်ရှည်လများဒုက္ခပေးနေသော စစ်စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်မဌာနချုပ်စခန်းများ၊ လက်နက်ကြီးတပ်စခန်းများနှင့် ရဲတပ်ရင်းများကို တစ်စခန်းမကျန် ဗျူဟာမြောက်စွာ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

 

ထို့အတူ ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူ လုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော၊ မြောက်ဦးမြို့ကို မီးလောင်ပြာကျအောင် ကြံစည်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် တပ်ရင်းများဖြစ်ကြသည့် ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းများကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

 

ဤမြောက်ဦး အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းများထဲမှ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ ရန်သူ၏ ခုခံစစ်အားအပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသေးသော မြောက်ဦးအခြေစိုက် အခြားတပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသော စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

693 views

1 Comment


khingminzin26
khingminzin26
Jan 31, 2024

👏

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page