top of page

ညီနောင်မဟာမိတ်(၃)ဖွဲ့နှင်မြန်မာစစ်တပ်၊မန္တလေးတိုင်း၊ရှမ်း(မြောက်) ၏နေရာ(၅)ခုတွင်တိုက်ပွဲများဖြစ်ပွား

၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက် နံနက်(၅) နာရီ(၁၀) မိနစ်ခန့်တွင် ရက္ခိုင့်​တပ်​​တော်​ AA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ သည် မန္တလေးတိုင်း၊ ရှမ်း(မြောက်) တို့၏နေရာ(၅) ခုတွင်တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။

(၁)နံနက် ၀၅း၃၀ အချိန်တွင် ရှမ်း(မြောက်) ၏ နောင်ချိုမြို့နယ် "ဂုတ်ထိပ်တံတား"အထက်ဖက်တွင်လည်းကောင်း

(၂)နံနက် ၀၅း၃၀ အချိန်တွင် ရှမ်း(မြောက်) ၏"နောင်ချိုမြို့"အဝင် ပြည်ထောင်စုလမ်းမပေါ်ရှိ တိုးဂိတ် Toll Gate အနီးတွင် လည်းကောင်း

(၃)နံနက် ၀၅း၃၇ နာရီအချိန်တွင် ရှမ်း(မြောက်) ၏ နောင်ချိုမြို့နယ် လောဝ်ဖန် အနီးတွင်လည်းကောင်း

(၄)နံနက် ၀၅း၁၀ နာရီ အချိန်တွင် မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ရှောင်လမ်းရှိ Toll Gateတိုးဂိတ်တွင် လည်းကောင်း

(၅)နံနက် ၀၅း၁၀ နာရီအချိန်တွင် မန္တလေးတိုင်း၊ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် Defence Services Technological Academy (DSTA ) တွင်လည်းကောင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်မှ ရက္ခိုင့်တပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို ရပ်တန့်ရန်အကြိမ်ကြိမ်သတိပေးထုတ်ပြန်ခဲ့သော်လည်း ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်း၊ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏နယ်မြေအတွင်းပိုင်းအထိ ထိုးစစ်ဆင်လာနေခြင်း၊ ဖြတ်လေးဖြတ်စစ်ဆင်ရေးများကိုဆက်တိုက်လုပ်ဆောင်နေသောကြောင့်မိမိလှုပ်ရှားနယ်မြေများ ကျဉ်းကြပ်လာခြင်းကြောင့်မိမိကိုယ်မိမိခုခံကာကွယ်တိုက်ခိုက်ရခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဆက်လက်တင်ပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ (AA+TNLA+MNDAA)



724 views

Comments


bottom of page