top of page

စစ္ရာဇဝတ္နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္မွလက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ေက်ာက္ရံသာစည္ရြာသားအခ်ိဳ႔ဒဏ္ရာရ


စစ္ရာဇဝတ္နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္မွ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာလက္နက္ႀကီးက်ည္အခ်ိဳ႕ထိမွန္၍ ေက်ာက္ရံသာစည္ရြာအတြင္းမွကေလး(၁) ဦး၊အရပ္သား(၄) ဦး ၊စုစုေပါင္း(၅) ဦးထိခိုက္ဒဏ္ရာရ


၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ(၂၃) ရက္ေရးတင္သည္။ AAInfoDesk@2020





ရခိုင္ေဒသအတြင္း၌ ယခုရက္မ်ားအတြင္း ကို႐ိုနာကူးစက္ခံရသူအေရအတြက္ျမင့္တက္ေနၿပီး စစ္ေတြၿမိဳ႕၌ ညမထြက္ရအမိန္႔ထုတ္ျပန္ခဲ့ရသည္အထိ ကူးစက္ပ်ံ႕ပြားႏႈန္းျမင့္တက္ခဲ့သည္။ တၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္ သည္ ကို႐ိုနာကူးစက္ေရာဂါ ႀကိဳတင္ကာကြယ္တားဆီးေရးလုပ္ငန္းမ်ားကိုခုတံုးလုပ္ၿပီး စစ္အင္အား၊ လက္နက္အင္အားျဖည့္တင္းျခင္း၊ စစ္ဆင္ေရးလုပ္ငန္းမ်ားကိုဆက္တိုက္လုက္ေဆာင္ေနခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ(၂၂) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္မွ စစ္ဆင္ေရးလုပ္မည္ဟုေၾကညာထားေသာ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းရွိ ေက်ာက္ရံသာစည္ရြာအတြင္းသို႔ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမွ်မရွိဘဲ ည(၈) နာရီ(၁၀) မိနစ္ ႏွင့္ ည(၈) နာရီ(၃၀) မိနစ္အတြင္း လက္နက္ႀကီးမ်ားျဖင့္ လူမ်ိဳးေရးအမုန္းတရားကိုအေျခခံေသာစိတ္မ်ိဳးျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။မညင္း​ေတာင္ရြာ၌ အေျခခ်တပ္စြဲထားေသာ ျမန္မာ့တပ္မေတာ္မွ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။


ထိုေၾကာင့္ ကေလး(၁) ဦး ႏွင့္ အရပ္သား(၄) ဦးထိခိုက္ဒဏ္ရာရရွိခဲ့သည္။ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားမွာေအာက္ပါအတိုင္းျဖစ္သည္။

(၁) မျမတ္လဲ့သူ(၃-ႏွစ္)၊ ဦးေခါင္းညာဘက္ေဘးတြင္ လက္နက္ႀကီးစထိမွန္ခဲ့သည္။

(အဖ ဦးေက်ာ္ေအး၊ အမိ ေဒၚေအးသန္းႏု)

(၂) ေဒၚေအးသန္းႏု (၄၃-ႏွစ္)၊ ဦးေခါင္းေနာက္ေစ့တည့္တည့္တြင္ လက္နက္ႀကီးစထိမွန္ခဲ့သည္။ ဦးေခါင္းခြံ ေၾကမြခဲ့ၿပီး ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့သည္။ အသက္အႏၲရာယ္စိုးရိမ္ရဖြယ္ရွိသည္။

(အဖ ဦးေအာင္သိန္းစိုး၊ အမိ ေဒၚေအးစိန္လွ)

(၃) မခိုင္လင္းေဝ (၁၆-ႏွစ္) ဘယ္ဘက္၊ နို႔အုံနားတြင္ လက္နက္ႀကီးစထိမွန္ခဲ့သည္။ ဘယ္ဘက္လက္ေမာင္းေအာက္မွ ေဖာက္ထြက္သြားၿပီး

အလတ္စားဒဏ္ရာရရွိခဲ့သည္။

(အဖ၊ ဦးေအးစိန္ေမာင္၊ အမိ ေဒၚခင္ေခ်)

(၄) ဦးေက်ာ္ေအး(၄၅-ႏွစ္)၊ ညာဘက္ရင္ဘတ္တြင္ လက္နက္ႀကီးစထိမွန္ခဲ့သည္။ ထို႔အျပင္ ဘယ္ဘက္ရင္ဘတ္၊ ညာဘက္ေျခခုံ ႏွင့္ ဘယ္ဖက္ေျခခံု အသီးသီးတို႔တြင္ လက္နက္ႀကီးစထိမွန္ခဲ့သည္။

(အဖ- ဦးင/သံတိုင္၊ အမိ-ေဒၚစိန္ဝင္းႏု)

(၅) ဦးထြန္းတင္(၃၅-ႏွစ္) ဦးေခါင္းညာဘက္​ေဘး၊ နားထင္တို႔တြင္ လက္နက္ႀကီးစထိမွန္ခဲ့သည္။

(အဖ ဦးေမာင္သန္းႏု၊ အမိ ေဒၚဦးမ်သန္း)

ျမန္မာ့တပ္မေတာ္၏ ဤကဲ့သို႔ေသာလုပ္ရပ္မ်ားကို ရခိုင္၊ ပလက္ဝ အႏွံ့အႀကိမ္ဖန္မ်ားစြာျပဳလုပ္ထားခဲ့ၿပီးျဖစ္သည္။


မိမိတို႔အေနျဖင့္ ျမန္မာ့တပ္မေတာ္၏ လူမ်ိဳးတံုးသတ္ျဖတ္ေသာလုပ္ရပ္၊ လူမ်ိဳးျဖဳတ္ရွင္းလင္းေရးသို႔ဦးတည္ေသာလုပ္ရပ္၊ စစ္ရာဇဝတ္က်ဴးလြန္ေသာလုပ္ရပ္မ်ားကိုေသခ်ာစြာမွတ္တမ္းတင္ရွိထားၿပီး ရရွိထားေသာသက္ေသအေထာက္အထားမ်ားအား ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံေပးပို႔သြားမည္ျဖစ္သည္။




သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္




စစ်ရာဇဝတ်နယ်ချဲ့မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သောလက်နက်ကြီးကျည်အချို့ထိမှန်၍ ကျောက်ရံသာစည်ရွာအတွင်းမှကလေး(၁) ဦး၊အရပ်သား(၄) ဦး ၊စုစုပေါင်း(၅) ဦးထိခိုက်ဒဏ်ရာရ


၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၃) ရက်ရေးတင်သည်။ AAInfoDesk@2020


ရခိုင်ဒေသအတွင်း၌ ယခုရက်များအတွင်း ကိုရိုနာကူးစက်ခံရသူအရေအတွက်မြင့်တက်နေပြီး စစ်တွေမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရသည်အထိ ကူးစက်ပျံ့ပွားနှုန်းမြင့်တက်ခဲ့သည်။ တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော် သည် ကိုရိုနာကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကိုခုတုံးလုပ်ပြီး စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းခြင်း၊ စစ်ဆင်ရေးလုပ်ငန်းများကိုဆက်တိုက်လုက်ဆောင်နေခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၂) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ စစ်ဆင်ရေးလုပ်မည်ဟုကြေညာထားသော ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောက်ရံသာစည်ရွာအတွင်းသို့ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှမရှိဘဲ ည(၈) နာရီ(၁၀) မိနစ် နှင့် ည(၈) နာရီ(၃၀) မိနစ်အတွင်း လက်နက်ကြီးများဖြင့် လူမျိုးရေးအမုန်းတရားကိုအခြေခံသောစိတ်မျိုးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။မညင်းတောင်ရွာ၌ အခြေချတပ်စွဲထားသော မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ထိုကြောင့် ကလေး(၁) ဦး နှင့် အရပ်သား(၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာအောက်ပါအတိုင်းဖြစ်သည်။

(၁) မမြတ်လဲ့သူ(၃-နှစ်)၊ ဦးခေါင်းညာဘက်ဘေးတွင် လက်နက်ကြီးစထိမှန်ခဲ့သည်။

(အဖ ဦးကျော်အေး၊ အမိ ဒေါ်အေးသန်းနု)

(၂) ဒေါ်အေးသန်းနု (၄၃-နှစ်)၊ ဦးခေါင်းနောက်စေ့တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။ ဦးခေါင်းခွံ ကြေမွခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရဖွယ်ရှိသည်။

(အဖ ဦးအောင်သိန်းစိုး၊ အမိ ဒေါ်အေးစိန်လှ)

(၃) မခိုင်လင်းဝေ (၁၆-နှစ်) ဘယ်ဘက်၊ နို့အုံနားတွင် လက်နက်ကြီးစထိမှန်ခဲ့သည်။ ဘယ်ဘက်လက်မောင်းအောက်မှ ဖောက်ထွက်သွားပြီး

အလတ်စားဒဏ်ရာရရှိခဲ့သည်။

(အဖ၊ ဦးအေးစိန်မောင်၊ အမိ ဒေါ်ခင်ချေ)

(၄) ဦးကျော်အေး(၄၅-နှစ်)၊ ညာဘက်ရင်ဘတ်တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။ ထို့အပြင် ဘယ်ဘက်ရင်ဘတ်၊ ညာဘက်ခြေခုံ နှင့် ဘယ်ဖက်ခြေခုံ အသီးသီးတို့တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။

(အဖ- ဦးင/သံတိုင်၊ အမိ-ဒေါ်စိန်ဝင်းနု)

(၅) ဦးထွန်းတင်(၃၅-နှစ်) ဦးခေါင်းညာဘက်လေး၊ နားထင်တို့တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။

(အဖ ဦးမောင်သန်းနု၊ အမိ ဒေါ်ဦးမျသန်း)

မြန်မာ့တပ်မတော်၏ ဤကဲ့သို့သောလုပ်ရပ်များကို ရခိုင်၊ ပလက်ဝ အနှံ့အကြိမ်ဖန်များစွာပြုလုပ်ထားခဲ့ပြီးဖြစ်သည်။


မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ လူမျိုးတုံးသတ်ဖြတ်သောလုပ်ရပ်၊ လူမျိုးဖြုတ်ရှင်းလင်းရေးသို့ဦးတည်သောလုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သောလုပ်ရပ်များကိုသေချာစွာမှတ်တမ်းတင်ရှိထားပြီး ရရှိထားသောသက်သေအထောက်အထားများအား နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်သည်။




သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

597 views
bottom of page