top of page

ငွက္ေပ်ာေခ်ာင္းတံတားအား မိုင္းခြဲသည့္လုပ္ရပ္မွာ ျမန္မာ့တပ္မေတာ္သာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္



တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးမွ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၉) ရက္ေန႔စြဲျဖင့္ မိမိတို႔အဖြဲ႕အစည္းအေပၚ စြပ္စြဲခ်က္ႏွင့္ ပတ္သက္၍ ျငင္းဆိုလိုၿပီး ၎တို႔သတင္းပါ ငွက္ေပ်ာေခ်ာင္းတံတားအား မိုင္းခြဲသည့္လုပ္ရပ္မွာ ျမန္မာ့တပ္မေတာ္သာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၀) ရက္ ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင္အမိ်ဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္အား ျပင္းထန္ေသာထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားကို တစ္ႏွစ္ခြဲေက်ာ္ၾကာျမင့္သည့္တိုင္ေအာင္ဆက္လက္ျပဳလုပ္လ်က္ရွိသည္။ ထို႔အတူ မိမိတို႔အဖြဲ႕အစည္းအား ႏိုင္ငံေရးအရအက်ပ္အတည္းျဖစ္ေစရန္ ႏိုင္ငံေရးလုပ္ၾကံမႈမ်ားကို ေအာက္တန္းက်စြာျဖင့္ေန႔တိုင္းထိုးႏွက္တိုက္ခိုက္လ်က္ရွိသည္။ ျမန္မာအစိုးရမွလည္း အလိုတူအလိုပါပူးေပါင္းကူညီေဆာင္ရြက္လ်က္ရွိသည္။ အထူးသျဖင့္ ျမန္မာ့တပ္မေတာ္၊ ျမန္မာအစိုးရပိုင္သတင္းမီဒီယာမ်ား၊ ၎တို႔၏ ေက်ာေထာက္ေနာက္ခံမီဒီယာမ်ားသည္ မဟုတ္မမွန္ေသာသတင္းမ်ား၊ လုပ္ၾကံဖန္တီးထားေသာသတင္းမ်ား ၊ ကိဳ်းေၾကာင္းဆီေလ်ာ္မႈမရွိေသာသတင္းမ်ားျဖင့္ အမိ်ဳးမိ်ဳးစြပ္စြဲေရးသားၿပီး မိမိတို႔အဖြဲ႕အစည္းအား ႏိုင္ငံတကာမွအထင္အျမင္လြဲမွားေစရန္၊ ပံုရိပ္က်ဆင္းေစရန္ အတြဲညီစြာျဖင့္ ဝိုင္းဝန္းတိုက္ခိုက္လ်က္ရွိၾကသည္။ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၉) ရက္ေန႔တြင္လည္း ျမန္မာ့တပ္မေတာ္သည္ " ေတာင္ၿပိဳ- ေမာင္ေတာသြားသည့္ကားလမ္းေပၚရွိ ဌက္ေပ်ာေခ်ာင္းတံတားအား မိမိတို႔အဖြဲ႕အစည္းမွ မိုင္းေထာင္ေဖာက္ခြဲခဲ့သည္" ဟု ကိ်ဳးေၾကာင္းဆီေလ်ာ္မႈမရွိေသာ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္ ၎တို႔ပိုင္ဆိုင္သည့္ သတင္းမီဒီယာမ်ား၌ေရးသားေဖာ္ျပထားသည္။ ၎တို႔၏တစ္ဖက္သတ္စြပ္စြဲခ်က္မွာ မိမိတို႔အဖြဲ႕အစည္း၏လုပ္ရပ္မဟုတ္ေၾကာင္း”လံုးဝ”ျပတ္သားစြာျငင္းလိုက္သည္။ ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ား တစ္ႏွစ္ေက်ာ္ၾကာသည့္တိုင္ဆက္လက္ျဖတ္ေတာက္ထားၿပီး ရခိုင္ေဒသအတြင္း၌ထိုးစစ္မ်ား၊ နယ္ေျမရွင္းလင္းေရးျပဳလုပ္သည္ဟု အေၾကာင္းျပၿပီး ရခိုင္လူမိ်ဳးမ်ားကို လူမိ်ဳးျဖဳတ္ရွင္းလင္းလ်က္ရွိသည္။ ၎တို႔က်ဴးလြန္ထားေသာျပစ္မႈမ်ားကိုဖံုးကြယ္ရန္ႀကိဳးစားအားထုတ္သည့္ အေနျဖင့္ အျခားေသာအဖြဲ႕အစည္းတစ္ခုအား အျပစ္ပံုခ်ရန္ႀကိဳးစားသည့္လုပ္ရပ္သာျဖစ္သည္။ ေျမျပင္သတင္းမ်ားအရ ျမန္မာ့တပ္မေတာ္သည္ ငွက္ေပ်ာေခ်ာင္းတံတားအား ၎တို႔ကို္ယ္တိုင္ မိုင္းေထာင္ေဖာက္ခြဲခဲ့ၿပီး မိမိတို႔အဖြဲ႕အစည္းအေပၚအျပစ္ပံုခ်ရန္ႀကိဳးစားအားထုတ္ေသာ လုပ္ေလ့လုပ္ထရွိေသာလုပ္ေဆာင္ခ်က္တစ္ခုသာျဖစ္သည္။ ျမန္မာ့တပ္မေတာ္၏ လက္ခ်က္ျဖစ္ေၾကာင္း ၎ပတ္ဝန္းက်င္အနီးအနားရွိ ရြာသားမ်ား၏ေျပာၾကားခ်က္အရသိရွိရသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္




တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၉) ရက်နေ့စွဲဖြင့် မိမိတို့အဖွဲ့အစည်းအပေါ် စွပ်စွဲချက်နှင့် ပတ်သက်၍ ငြင်းဆိုလိုပြီး ၎င်းတို့သတင်းပါ ငှက်ပျောချောင်းတံတားအား မိုင်းခွဲသည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၀) ရက်

မြန်မာ့တပ်မတော်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အား ပြင်းထန်သောထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို တစ်နှစ်ခွဲကျော်ကြာမြင့်သည့်တိုင်အောင်ဆက်လက်ပြုလုပ်လျက်ရှိသည်။

ထို့အတူ မိမိတို့အဖွဲ့အစည်းအား နိုင်ငံရေးအရအကျပ်အတည်းဖြစ်စေရန် နိုင်ငံရေးလုပ်ကြံမှုများကို အောက်တန်းကျစွာဖြင့်နေ့တိုင်းထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ မြန်မာအစိုးရမှလည်း အလိုတူအလိုပါပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည်။

အထူးသဖြင့် မြန်မာ့တပ်မတော်၊ မြန်မာအစိုးရပိုင်သတင်းမီဒီယာများ၊ ၎င်းတို့၏ ကျောထောက်နောက်ခံမီဒီယာများသည် မဟုတ်မမှန်သောသတင်းများ၊ လုပ်ကြံဖန်တီးထားသောသတင်းများ ၊ ကိုျးကြောင်းဆီလျော်မှုမရှိသောသတင်းများဖြင့် အမျိုးမျိုးစွပ်စွဲရေးသားပြီး မိမိတို့အဖွဲ့အစည်းအား နိုင်ငံတကာမှအထင်အမြင်လွဲမှားစေရန်၊ ပုံရိပ်ကျဆင်းစေရန် အတွဲညီစွာဖြင့် ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၉) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်သည် " တောင်ပြို- မောင်တောသွားသည့် ကားလမ်းပေါ်ရှိ ဌက်ပျောချောင်းတံတားအား မိမိတို့အဖွဲ့အစည်းမှ မိုင်းထောင်ဖောက်ခွဲခဲ့သည်" ဟု ကျိုးကြောင်းဆီလျော်မှုမရှိသော တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် သတင်းမီဒီယာများ၌ရေးသားဖော်ပြထားသည်။

၎င်းတို့၏တစ်ဖက်သတ်စွပ်စွဲချက်မှာ မိမိတို့အဖွဲ့အစည်း၏လုပ်ရပ်မဟုတ်ကြောင်း”လုံးဝ”ပြတ်သားစွာငြင်းလိုက်သည်။

ဆက်သွယ်ရေးအင်တာနက်လိုင်းများ တစ်နှစ်ကျော်ကြာသည့်တိုင်ဆက်လက်ဖြတ်တောက်ထားပြီး ရခိုင်ဒေသအတွင်း၌ထိုးစစ်များ၊ နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟု အကြောင်းပြပြီး ရခိုင်လူမျိုးများကို လူမျိုးဖြုတ်ရှင်းလင်းလျက်ရှိသည်။ ၎င်းတို့ကျူးလွန်ထားသောပြစ်မှုများကိုဖုံးကွယ်ရန်ကြိုးစားအားထုတ်သည့် အနေဖြင့် အခြားသောအဖွဲ့အစည်းတစ်ခုအား အပြစ်ပုံချရန်ကြိုးစားသည့်လုပ်ရပ်သာဖြစ်သည်။

မြေပြင်သတင်းများအရ မြန်မာ့တပ်မတော်သည် ငှက်ပျောချောင်းတံတားအား ၎င်းတို့ကို်ယ်တိုင် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး မိမိတို့အဖွဲ့အစည်းအပေါ်အပြစ်ပုံချရန်ကြိုးစားအားထုတ်သော လုပ်လေ့လုပ်ထရှိသောလုပ်ဆောင်ချက်တစ်ခုသာဖြစ်သည်။ မြန်မာ့တပ်မတော်၏ လက်ချက်ဖြစ်ကြောင်း ၎င်းပတ်ဝန်းကျင်အနီးအနားရှိ ရွာသားများ၏ပြောကြားချက်အရသိရှိရသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

609 views
bottom of page