တပ္မ (၆၆) လက္ေအာက္ခံတပ္ရင္း၊ ခလရ (၈၀) မွ အမ္းၿမိဳ႕နယ္၊ ဒလက္ေခ်ာင္းအတြင္းေက်း႐ြာမ်ားအား မည္သည့္တိုက္ပြဲမွ် မျဖစ္ပြားဘဲ လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အရပ္သားအခ်ိဳ႕ ထိခိုက္ေသဆုံး၊ ဒဏ္ရာရ
၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၇) ရက္
နယ္ခ်ဲ႕က်ဴးေက်ာ္သူတပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္၏ တပ္မ (၆၆) လက္ေအာက္ခံတပ္ရင္းမ်ားသည္ အမ္းၿမိဳ႕နယ္ရွိေက်း႐ြာမ်ားအတြင္းသို႔ မည္သည့္တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ လက္နက္ႀကီးမ်ားကို ေန႔၊ ည အခ်ိန္မေ႐ြး ရည္႐ြယ္ခ်က္ရွိရွိပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ ကာလအတန္ၾကာခဲ့ၿပီျဖစ္သည္။ စစ္ရာဇဝတ္မႈမ်ားကိုလည္း ပိုမိုအတင့္ရဲစြာ ေျဗာင္က်က် က်ဴးလြန္လ်က္ရွိသည္။
ျမန္မာ့တပ္မေတာ္မွ ပစ္ခတ္တိုက္ခိုက္ေနသည့္ လက္နက္ႀကီးက်ည္မ်ားမွာ ရပ္႐ြာမ်ားအတြင္း က်ေရာက္ေပါက္ကြဲလ်က္ရွိေသာေၾကာင့္ ႐ြာအခ်ိဳ႕မွာ ႐ြာလုံးကြၽတ္တိမ္းေရွာင္ေနၾကရသည္။
၂၀၂၀ ျပည့္ႏွစ္၊ဇြန္လ(၂၆) ရက္၊ ည(၇) နာရီခန႔္အခ်ိန္တြင္ အမ္းၿမိဳ႕နယ္၊ နတ္ေမာ္ေက်း႐ြာ၏ အေရွ႕ေျမာက္ဖက္၊ မီတာ(၉၀၀) ခန႔္အကြာအေဝးရွိေတာင္ကုန္းတြင္ တပ္စြဲထားေသာ စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္၏ တပ္မ(၆၆) လက္ေအာက္ခံ၊ ခလရ(၈၀) မွ လက္နက္ႀကီးမ်ားျဖင့္ နတ္ေမာ္ေက်း႐ြာအတြင္း လူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္ တမင္တကာရည္႐ြယ္ ခ်က္ရွိရွိပစ္ခတ္တိုက္ခိုက္ခဲ့သည္။
ဤကဲ့သို႔ ခလရ(၈၀) မွ လက္နက္ႀကီးမ်ားပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ နတ္ေမာ္ေက်း႐ြာမွ အသက္(၆၅) ႏွစ္အ႐ြယ္ ဦးဘေမာင္ ႏွင့္ အသက္(၄၉) ႏွစ္အ႐ြယ္ ဦးၫြန႔္ေအးတို႔မွာ ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးက်ည္ေၾကာင့္ ပြဲခ်င္းၿပီးေသဆုံးခဲ့သည္။
ထို႔အျပင္ ဦးခ်က္တင္ (အသက္-၅၅ ႏွစ္)၊ မလွလွႏြယ္( အသက္-၃၈ ႏွစ္) ႏွင့္ မသူဇာၿငိမ္း ( ၁ ႏွစ္ ၈ လအ႐ြယ္ကေလး) မ်ားမွာ လက္နက္ႀကီးအစမ်ား ထိမွန္၍ ဒဏ္ရာရရွိခဲ့သည္။
ျမန္မာ့တပ္မေတာ္ ၏အေျမာက္စခန္းမ်ားမွလက္နက္ႀကီးမ်ား၊ ေရတပ္သေဘၤာ ရဟတ္ယာဥ္၊ ဂ်က္တိုက္ေလယာဥ္မ်ားေပၚမွ ရမ္းကားပစ္ခတ္တိုက္ခိုက္မႈမ်ားအျပင္ ၎တို႔၏ျဖတ္ေလးျဖတ္စစ္ဆင္ေရး၊ ၿခိမ္းေျခာက္ေျပာဆိုမႈမ်ားေၾကာင့္ ႐ြာေပါင္း(၂၀) ခန႔္ မွ ႐ြာသူ႐ြာသားမ်ားမွာ မည္သည့္တိုက္ပြဲမွ်ျဖစ္ပြားျခင္းမရွိဘဲ စစ္ေဘးေရွာင္မ်ားျဖစ္သြားၾကရၿပီးျဖစ္သည္။
ထို႔အျပင္ အျခားၿမိဳ႕နယ္မ်ားအတြင္း၌လည္း ျမန္မာ့တပ္မေတာ္၏ လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သားျပည္သူလူထုမ်ား ထိခိုက္၊ေသဆုံးမႈမ်ားရွိခဲ့သည္။ အေရအတြက္မ်ားမွာလည္း ပိုမိုျမင့္တက္လ်က္ရွိသည္။
အျခားတစ္ဖက္တြင္ျမန္မာ့တပ္မေတာ္သည္ စစ္ဆင္ေရးမ်ားကိုလည္းေနရာအႏွံ႔ အခ်ိန္ျမႇင့္ကာ ျပဳလုပ္ေနေသာေၾကာင့္ ယခုရက္မ်ားအတြင္းတိုက္ပြဲမ်ားမွာ ဆက္လက္ျပင္းထန္လ်က္ရွိသည္။ မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားမျဖစ္ပြားလိုေသာ္လည္း ျမန္မာ့တပ္မေတာ္မွ ယခုကဲ့သို႔ ႀကီးမားေသာထိုးစစ္မ်ားကို အရွိန္အဟုန္ျမႇင့္ဆက္လက္လုပ္ေဆာင္ေနေသာေၾကာင့္ မိမိကိုယ္မိမိခုခံကာကြယ္စစ္မ်ားျဖင့္ တုံ႔ျပန္တိုက္ခိုက္ သြားမည္ျဖစ္သည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္
တပ်မ (၆၆) လက်အောက်ခံတပ်ရင်း၊ ခလရ (၈၀) မှ အမ်းမြို့နယ်၊ ဒလက်ချောင်းအတွင်းကျေးရွာများအား မည်သည့်တိုက်ပွဲမျှ မဖြစ်ပွားဘဲ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရ
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်
နယ်ချဲ့ကျူးကျော်သူတပ်ဖွဲ့ မြန်မာ့တပ်မတော်၏ တပ်မ (၆၆) လက်အောက်ခံတပ်ရင်းများသည် အမ်းမြို့နယ်ရှိကျေးရွာများအတွင်းသို့ မည်သည့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများကို နေ့၊ ည အချိန်မရွေး ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။ စစ်ရာဇဝတ်မှုများကိုလည်း ပိုမိုအတင့်ရဲစွာ ဗြောင်ကျကျ ကျူးလွန်လျက်ရှိသည်။
မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်နေသည့် လက်နက်ကြီးကျည်များမှာ ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲလျက်ရှိသောကြောင့် ရွာအချို့မှာ ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည်။
၂၀၂၀ ပြည့်နှစ်၊ဇွန်လ(၂၆) ရက်၊ ည(၇) နာရီခန့်အချိန်တွင် အမ်းမြို့နယ်၊ နတ်မော်ကျေးရွာ၏ အရှေ့မြောက်ဖက်၊ မီတာ(၉၀၀) ခန့်အကွာအဝေးရှိတောင်ကုန်းတွင် တပ်စွဲထားသော စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်၏ တပ်မ(၆၆) လက်အောက်ခံ၊ ခလရ(၈၀) မှ လက်နက်ကြီးများဖြင့် နတ်မော်ကျေးရွာအတွင်း လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာရည်ရွယ် ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဤကဲ့သို့ ခလရ(၈၀) မှ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်မှုကြောင့် နတ်မော်ကျေးရွာမှ အသက်(၆၅) နှစ်အရွယ် ဦးဘမောင် နှင့် အသက်(၄၉) နှစ်အရွယ် ဦးညွန့်အေးတို့မှာ မြန်မာ့တပ်မတော်၏လက်နက်ကြီးကျည်ကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။
ထို့အပြင် ဦးချက်တင် (အသက်-၅၅ နှစ်)၊ မလှလှနွယ်( အသက်-၃၈ နှစ်) နှင့် မသူဇာငြိမ်း ( ၁ နှစ် ၈ လအရွယ်ကလေး) များမှာ လက်နက်ကြီးအစများ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။
မြန်မာ့တပ်မတော် ၏အမြောက်စခန်းများမှလက်နက်ကြီးများ၊ ရေတပ်သင်္ဘော ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များပေါ်မှ ရမ်းကားပစ်ခတ်တိုက်ခိုက်မှုများအပြင် ၎င်းတို့၏ဖြတ်လေးဖြတ်စစ်ဆင်ရေး၊ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ရွာပေါင်း(၂၀) ခန့် မှ ရွာသူရွာသားများမှာ မည်သည့်တိုက်ပွဲမျှဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များဖြစ်သွားကြရပြီးဖြစ်သည်။
ထို့အပြင် အခြားမြို့နယ်များအတွင်း၌လည်း မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထုများ ထိခိုက်၊သေဆုံးမှုများရှိခဲ့သည်။ အရေအတွက်များမှာလည်း ပိုမိုမြင့်တက်လျက်ရှိသည်။
အခြားတစ်ဖက်တွင်မြန်မာ့တပ်မတော်သည် စစ်ဆင်ရေးများကိုလည်းနေရာအနှံ့ အချိန်မြှင့်ကာ ပြုလုပ်နေသောကြောင့် ယခုရက်များအတွင်းတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိသည်။ မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ကြီးမားသောထိုးစစ်များကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေသောကြောင့် မိမိကိုယ်မိမိခုခံကာကွယ်စစ်များဖြင့် တုံ့ပြန်တိုက်ခိုက် သွားမည်ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
Comentários