top of page

ကျေးဇူးတင်လွှာ (၄)



ကျေးဇူးတင်လွှာ (၄) ======= ၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော အစ ရှိသည့် မြို့နယ်များကို အဓိက ဦးတည်ကာ ရက္ခိုင်ပြည်၏ မြို့နယ်အများစုအား ဖြတ်သန်းတိုက်ခတ်သွားခဲ့သော MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းဒဏ်သင့် အာရက္ခဒေသနေ ပြည်သူလူထု များ၏ မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကို အချိန်မီလုပ်ဆောင်နိုင်ရန်၊ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန်၊ လတ်တလောစားဝတ်နေရေး၊ ကျန်းမာရေး နှင့် အထွေထွေလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် Cyclone Mocha ERRCA မှ ရက္ခိုင် ပြည်တွင်း နှင့်ရက္ခိုင်ပြည်ပြင်ပတို့တွင် ဖွင့်လှစ်ထားသော ကော်မတီများမှ တစ်ဆင့် လူသားချင်းစာနာထောက်ထား သောအားဖြင့် ထည့်ဝင်လှူဒါန်းလာ ကြသော အလှူငွေများကို Cyclone Mocha ERRCA မှ ကောင်းမွန်စွာ လက်ခံ ရရှိထားပြီး ဖြစ်ပါသည်။ ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားသောအားဖြင့် အလှူငွေထည့်ဝင် ကြသူများနှင့် တခြားတတ်နိုင်သည့် အကူအညီများဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီ ကြသူများအားလုံးကို မုန်တိုင်းလေဘေးဒဏ်သင့် အာရက္ခပြည်သူလူထုများ ကိုယ်စား မိမိတို့ကော်မတီမှ အထူးလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ Cyclone Mocha ERRCA အနေဖြင့် လက်ခံရရှိသော အလှူငွေများကို မိုခါမုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူများ၏ အမှန်တကယ် အရေးတကြီး လိုအပ် လျက်ရှိသော နေရာများတွင် ထိထိရောက်ရောက် အသုံးပြုလျက်ရှိပြီး မိမိတို့တွင်ရှိသော လူ့စွမ်းအား၊ ငွေအား စသည့် အရင်းအမြစ်များကို ရှိသမျှအားကုန် ထုတ်သုံး၍လည်း အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ Cyclone Mocha ERRCA ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂) ရက်

74 views
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page