top of page

ေက်ာက္ဆိပ္ေက်း႐ြာအားပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ခမရ-၅၅၀မွလက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္

ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္႐ြာအား ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ ခမရ-၅၅၀ မွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁၉) ရက္




ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္႐ြာမွ (၁) ကီလိုမီတာခန႔္အကြာအေဝးရွိ ရထားလမ္း ႏွင့္ ကားလမ္းအၾကား၌ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁၉) ရက္ေန႔၊ နံနက္(၆) နာရီ(၃၅) မိနစ္မွစတင္ၿပီး နာရီဝက္ခန႔္ တိုက္ပြဲျဖစ္ပြားခဲ့သည္။


မိမိတို႔အေနျဖင့္ တိုက္ပြဲမျဖစ္ပြားလိုေသာ္လည္း ျမန္မာ့တပ္မေတာ္မွ ေနရာအႏွံ႔အျပား၌ စစ္ဆင္ေရးမ်ားကို ျပဳလုပ္ေနေသာေၾကာင့္ ယခုကဲ့သို႔မလြဲမေရွာင္သာ တိုက္ပြဲျဖစ္ပြားေနရျခင္းျဖစ္သည္။ နာရီဝက္ခန႔္ထိေတြ႕မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ရန္သူသည္ေရွ႕ဆက္မတိုးလာဘဲ အေဝးမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ တစ္မနက္လုံး ေနရာအႏွံ႔ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။


ထို႔အတူ ညေန(၄) နာရီ (၅၅) မိနစ္တြင္ မိမိတို႔ႏွင့္ထိေတြ႕မႈျဖစ္ပြားခဲ့ေသာ အဆိုပါစစ္ေၾကာင္း( ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္၊ ခမရ-၅၅၀ )သည္ ေက်ာက္ဆိပ္႐ြာအတြင္းရွိ ေနအိမ္မ်ားအား ေသနတ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ေက်ာက္ဆိပ္႐ြာမွ ႐ြာသူ႐ြာသားအမ်ားစုမွာ ျမန္မာ့တပ္မေတာ္၏ ဖမ္းဆီးႏွိပ္စက္မႈကို ေၾကာက္လန႔္၍ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနၾကရသည္မွာ ကာလအနည္းငယ္ရွိၿပီျဖစ္သည္။ လက္က်န္႐ြာသူ႐ြာသား(႐ြာေစာင့္ ႐ြာသူ႐ြာသားမ်ား) မည္ေ႐ြ႕မည္မွ်ရွိ၍ မည္သူမ်ားေသနတ္ထိမွန္ျခင္း ရွိ/မရွိကိုေလာေလာဆယ္မသိရေသးပါ။


"ေက်ာက္ဆိပ္႐ြာ"၌ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၁၃) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္၏ ပုဏၰားကြၽန္းအေျခစိုက္ (၅၅၀) တပ္ရင္းမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အျပစ္မဲ့ျပည္သူ(၈) ဦးေသဆုံးကာ ဒဏ္ရာရသူ(၁၃) ဦးအထိရွိခဲ့ေသာ ျဖစ္စဥ္ရွိခဲ့သည္။ ထို႔အျပင္ ေက်ာက္ဆိပ္႐ြာသား(၅) ဦးကိုလည္း ျမန္မာ့တပ္မေတာ္သည္ မတရားဖမ္းဆီးခဲ့သည့္အျပင္ ပုဒ္မအမ်ိဳးမ်ိဳးတပ္ကာ တရားစြဲဆိုထားသည္။


ျမန္မာ့တပ္မေတာ္သည္ လူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္ ရခိုင္ေက်း႐ြာမ်ားကိုလက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ဦးတည္ပစ္ခတ္ကာ စစ္ရာဇဝတ္မႈမ်ားကို ေျပာင္ေျပာင္တင္းတင္း က်ဴးလြန္လ်က္ရွိသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာအား ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ-၅၅၀ မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၉) ရက်


ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာမှ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ ရထားလမ်း နှင့် ကားလမ်းအကြား၌ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၉) ရက်နေ့၊ နံနက်(၆) နာရီ(၃၅) မိနစ်မှစတင်ပြီး နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။


မိမိတို့အနေဖြင့် တိုက်ပွဲမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်မှ နေရာအနှံ့အပြား၌ စစ်ဆင်ရေးများကို ပြုလုပ်နေသောကြောင့် ယခုကဲ့သို့မလွဲမရှောင်သာ တိုက်ပွဲဖြစ်ပွားနေရခြင်းဖြစ်သည်။ နာရီဝက်ခန့်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် ရန်သူသည်ရှေ့ဆက်မတိုးလာဘဲ အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်မနက်လုံး နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


ထို့အတူ ညနေ(၄) နာရီ (၅၅) မိနစ်တွင် မိမိတို့နှင့်ထိတွေ့မှုဖြစ်ပွားခဲ့သော အဆိုပါစစ်ကြောင်း( ပုဏ္ဏားကျွန်းမြို့အခြေစိုက်၊ ခမရ-၅၅၀ )သည် ကျောက်ဆိပ်ရွာအတွင်းရှိ နေအိမ်များအား သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကျောက်ဆိပ်ရွာမှ ရွာသူရွာသားအများစုမှာ မြန်မာ့တပ်မတော်၏ ဖမ်းဆီးနှိပ်စက်မှုကို ကြောက်လန့်၍ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်မှာ ကာလအနည်းငယ်ရှိပြီဖြစ်သည်။ လက်ကျန်ရွာသူရွာသား(ရွာစောင့် ရွာသူရွာသားများ) မည်ရွေ့မည်မျှရှိ၍ မည်သူများသေနတ်ထိမှန်ခြင်း ရှိ/မရှိကိုလောလောဆယ်မသိရသေးပါ။


"ကျောက်ဆိပ်ရွာ"၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁၃) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ(၈) ဦးသေဆုံးကာ ဒဏ်ရာရသူ(၁၃) ဦးအထိရှိခဲ့သော ဖြစ်စဉ်ရှိခဲ့သည်။ ထို့အပြင် ကျောက်ဆိပ်ရွာသား(၅) ဦးကိုလည်း မြန်မာ့တပ်မတော်သည် မတရားဖမ်းဆီးခဲ့သည့်အပြင် ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုထားသည်။


မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများဖြင့် ရခိုင်ကျေးရွာများကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ပစ်ခတ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

1 Comment


Ye mystt zaw Zaw
Ye mystt zaw Zaw
Jun 20, 2020

Burmese country must fall.

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page