Aug 3, 2020

၂၀၂၀ခုႏွစ္၊ ၾသဂုတ္လ(၁/၂/၃)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ခုႏွစ္၊ ၾသဂုတ္လ(၁/၂/၃)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

ၾသဂုတ္လ(၃) ရက္၊ AA Info Desk@2020

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ(၁) ရက္ေန႔တြင္ ေျမျပင္တိုက္ပြဲမ်ားႀကီးႀကီးမားမားမရွိခဲ့ေသာ္လည္း ပလက္ဝၿမိဳ႕နယ္အတြင္း၌ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ ျမန္မာ့တပ္မေတာ္သည္လက္နက္ႀကီးမ်ားျဖင့္ တစ္ေန႔လံုးနီးပါးေတာက္ေလ်ာက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။

ထို႔အျပင္ ျမန္မာ့တပ္မေတာ္သည္ တိုက္ပြဲမ်ားေၾကာင့္ ရြာသူရြာသားမ်ားမရွိသည့္ေက်းရြာမ်ား၊ ျမန္မာ့တပ္မေတာ္၏ စစ္ရာဇဝတ္က်ဴးလြန္မႈ၊သတ္ျဖတ္မႈမ်ားကိုစိုးရိမ္ေသာေၾကာင့္ တိမ္းေရွာင္ေနၾကရ၍ ရြာသူရြာသားမ်ားမရွိသည့္ေက်းရြာမ်ားအတြင္းဝင္ေရာက္ၿပီး ရြာသူ၊ရြာသားမ်ားပိုင္ပစၥည္းမ်ားကိုခိုးယူျခင္း၊ မယူႏိုင္သည့္ပစၥည္းမ်ားကိုဖ်က္ဆီးျခင္းတို႔ကို ျပဳလုပ္လ်က္ရွိသည္။

ျမန္မာ့တပ္မေတာ္သည္ ေက်းရြာမ်ားအတြင္းမွထြက္ခြာၿပီးသည့္ေနာက္ပိုင္းတြင္လည္း ရြာပတ္ဝန္းက်င္၊ ပံုမွန္လူသြားလမ္း၊ စိုက္ပိ်ဳးေရးလုပ္ငန္းမ်ားသို႔သြားေရာက္သည့္လမ္းေၾကာင္းထက္၌ စြန္႔လႊတ္မိုင္းမ်ားကိုေထာင္ထားကာ အရပ္သားေဒသခံျပည္သူလူထုမ်ားအား အသက္အႏၲရာယ္ထိခိုက္ေအာင္ျပဳလုပ္လ်က္ရွိသည္။ ယခုရက္သတၱပတ္အတြင္း ျမန္မာ့တပ္မေတာ္၏ စြန္႔လႊတ္မိုင္းမ်ားေၾကာင့္ အရပ္သားထိခိုက္ေသဆံုးသည့္အေရအတြက္ပိုမ်ားလာခဲ့သည္။

ၾသဂုတ္လ(၂) ရက္ေန႔၊ နံနက္(၁၁) နာရီ(၃၀) မိနစ္တြင္ ရခိုင္- ဘဂၤလာနယ္စပ္မွတ္တိုင္(၇၁) BP-71 မွ အေရွ႕ေတာင္ဖက္(၄) ကီလိုမီတာအကြာအေဝး(တနည္းအားျဖင့္) ပလက္ဝၿမိဳ႕နယ္၊ ခန္ခေတာင္၏အေနာက္ေတာင္ဖက္(၁.၇) ကီလိုမီတာအကြာအေဝး၌ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူ(၁၀) ဦးခန္႔အားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ထို႔အတူညေန(၄) နာရီခန္႔အခိ်န္တြင္လည္း ခန္ခေတာင္၏အေနာက္ေျမာင္ဖက္(၁.၃) ကီလိုမီတာအကြာအေဝး၌လည္းတိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားခဲ့သည္။

စစ္ရာဇဝတ္တပ္ဖြဲ႕ျမန္မာ့တပ္မေတာ္၏ စကခ(၉)လက္ေအာက္ခံ ေက်ာက္ေတာ္အေျခစိုက္ ခမရ(၃၇၆) သည္ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ ေက်ာက္ေတာ္ၿမဳိ႕နယ္၊ ေက်ာက္တလံုးေက်းရြာအတြင္းသို႔၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လ(၃) ရက္၊ နံနက္(၈) နာရီ(၄၅) မိနစ္တြင္ လူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေၾကာင့္ ေက်ာက္တလံုးရြာသူ၊ ရြာသား(၄) ဦး ဒဏ္ရာျပင္းထန္စြာရရွိခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ(၃) ရက္၊ ေန႔လည္(၁၂) နာရီခန္႔အခိ်န္တြင္ရေသ့ေတာင္ၿမိဳ႕နယ္၊ အထက္နန္းရာရြာ(ရြာပ်က္)၏ အေနာက္ဖက္ (၃) ကီလိုမီတာခန္႔အကြာအေဝး၌ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားကိုပူးတြဲေဆာင္ရြက္ေနေသာ ျမန္မာ့တပ္မေတာ္ ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ပါဝင္ေသာပူးေပါင္းတပ္ဖြဲ႕ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ၾသဂုတ္လ(၂) ရက္ေန႔ကတည္းကပင္ အဆိုပါပူးေပါင္းတပ္ဖြဲ႕သည္ မိမိတို႔အားလာေရာက္တိုက္ခိုက္၍တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ၾသဂုတ္လ(၃) ရက္ေန႔တြင္လည္း ဒုတိယေန႔အျဖစ္ရက္ဆက္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အထက္နန္းရာရြာ( ရြာပ်က္) အနီး ၾသဂုတ္(၂/၃) ျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားအတြင္း ျမန္မာ့တပ္မေတာ္ ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕(နယ္ျခားေစာင့္တပ္ဖြဲ႕)ပူးေပါင္းတပ္ဖြဲ႕ဝင္(၂၀) ေက်ာ္အားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ သံု႔ပန္းအခိ်ဳ႕ဖမ္းဆီးရမိခဲ့သည္။လက္နက္ခဲယမ္းအခိ်ဳ႕လည္းသိမ္းဆည္းရမိခဲ့သည္။

ယခုတိုက္ပြဲမ်ားအတြင္း ရန္သူ႔ဖက္မွအထိအခိုက္အက်အဆံုးမ်ားခဲ့သကဲ့သို႔ထိခိုက္ဒဏ္ရာရသူမ်ားလည္းမ်ားျပားခဲ့သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၁) ရက်နေ့တွင် မြေပြင်တိုက်ပွဲများကြီးကြီးမားမားမရှိခဲ့သော်လည်း ပလက်ဝမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မြန်မာ့တပ်မတော်သည်လက်နက်ကြီးများဖြင့် တစ်နေ့လုံးနီးပါးတောက်လျောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ထို့အပြင် မြန်မာ့တပ်မတော်သည် တိုက်ပွဲများကြောင့် ရွာသူရွာသားများမရှိသည့်ကျေးရွာများ၊ မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်ကျူးလွန်မှု၊သတ်ဖြတ်မှုများကိုစိုးရိမ်သောကြောင့် တိမ်းရှောင်နေကြရ၍ ရွာသူရွာသားများမရှိသည့်ကျေးရွာများအတွင်းဝင်ရောက်ပြီး ရွာသူ၊ရွာသားများပိုင်ပစ္စည်းများကိုခိုးယူခြင်း၊ မယူနိုင်သည့်ပစ္စည်းများကိုဖျက်ဆီးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

မြန်မာ့တပ်မတော်သည် ကျေးရွာများအတွင်းမှထွက်ခွာပြီးသည့်နောက်ပိုင်းတွင်လည်း ရွာပတ်ဝန်းကျင်၊ ပုံမှန်လူသွားလမ်း၊ စိုက်ပျိုးရေးလုပ်ငန်းများသို့သွားရောက်သည့်လမ်းကြောင်းထက်၌ စွန့်လွှတ်မိုင်းများကိုထောင်ထားကာ အရပ်သားဒေသခံပြည်သူလူထုများအား အသက်အန္တရာယ်ထိခိုက်အောင်ပြုလုပ်လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း မြန်မာ့တပ်မတော်၏ စွန့်လွှတ်မိုင်းများကြောင့် အရပ်သားထိခိုက်သေဆုံးသည့်အရေအတွက်ပိုများလာခဲ့သည်။

သြဂုတ်လ(၂) ရက်နေ့၊ နံနက်(၁၁) နာရီ(၃၀) မိနစ်တွင် ရခိုင်- ဘင်္ဂလာနယ်စပ်မှတ်တိုင်(၇၁) BP-71 မှ အရှေ့တောင်ဖက်(၄) ကီလိုမီတာအကွာအဝေး(တနည်းအားဖြင့်) ပလက်ဝမြို့နယ်၊ ခန်ခတောင်၏အနောက်တောင်ဖက်(၁.၇) ကီလိုမီတာအကွာအဝေး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၁၀) ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့အတူညနေ(၄) နာရီခန့်အချိန်တွင်လည်း ခန်ခတောင်၏အနောက်မြောင်ဖက်(၁.၃) ကီလိုမီတာအကွာအဝေး၌လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်၏ စကခ(၉)လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ(၃၇၆) သည် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာအတွင်းသို့၂၀၂၀ ပြည့်နှစ် သြဂုတ်လ(၃) ရက်၊ နံနက်(၈) နာရီ(၄၅) မိနစ်တွင် လူမျိုးရေးအမုန်းတရားများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ကျောက်တလုံးရွာသူ၊ ရွာသား(၄) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၃) ရက်၊ နေ့လည်(၁၂) နာရီခန့်အချိန်တွင်ရသေ့တောင်မြို့နယ်၊ အထက်နန်းရာရွာ(ရွာပျက်)၏ အနောက်ဖက် (၃) ကီလိုမီတာခန့်အကွာအဝေး၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုပူးတွဲဆောင်ရွက်နေသော မြန်မာ့တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သြဂုတ်လ(၂) ရက်နေ့ကတည်းကပင် အဆိုပါပူးပေါင်းတပ်ဖွဲ့သည် မိမိတို့အားလာရောက်တိုက်ခိုက်၍တိုက်ပွဲဖြစ်ပွားခဲ့ပြီး သြဂုတ်လ(၃) ရက်နေ့တွင်လည်း ဒုတိယနေ့အဖြစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အထက်နန်းရာရွာ( ရွာပျက်) အနီး သြဂုတ်(၂/၃) ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း မြန်မာ့တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(နယ်ခြားစောင့်တပ်ဖွဲ့)ပူးပေါင်းတပ်ဖွဲ့ဝင်(၂၀) ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ သုံ့ပန်းအချို့ဖမ်းဆီးရမိခဲ့သည်။လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိခဲ့သည်။

ယခုတိုက်ပွဲများအတွင်း ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးများခဲ့သကဲ့သို့ထိခိုက်ဒဏ်ရာရသူများလည်းများပြားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    909
    12