Aug 6, 2020

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ(၄)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ(၄)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

ၾသဂုတ္လ (၆) ရက္ေန႔၌ ေရးတင္သည္။

AA Info Desk@2020

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္လမ်ားအတြင္း ျမန္မာ့တပ္မေတာ္သည္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိသည္ဟုယူဆသည့္ေနရာမ်ားသို႔ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ လက္နက္ႀကီးမ်ားျဖင့္ ေန႔တိုင္းနီးပါးေတာက္ေလၽွာက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ အခ်ိဳ႕ေန႔ရက္မ်ား၌ ျမန္မာ့တပ္မေတာ္၏ တပ္စခန္းမ်ားမွလက္နက္ႀကီးပစ္ခတ္သည့္အႀကိမ္အေရအတြက္ စုစုေပါင္း၂၀၀ ခန႔္အထိရွိခဲ့သည္။ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ၾသဂုတ္ (၄) ရက္ေန႔တြင္ ပလက္ဝၿမိဳ႕အတြင္းရွိ ျမန္မာ့တပ္မေတာ္၏ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ေနေသာ ပြိဳင့္-၈၂၅၊ ပြိဳင့္-၉၈၂ ႏွင့္ ခန္ခေတာင္တန္းရွိ ရန္သူ႔တပ္စခန္း (၁) ခုအပါအဝင္ ေနရာ (၃) ခုအား ရကၡိဳင့္တပ္ေတာ္မွ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ အဆိုပါေနရာမ်ား၌ လႈပ္ရွားေနေသာ တပ္ရင္းမ်ားမွာ တပ္မ (၇၇) လက္ေအာက္ခံ တပ္ရင္းမ်ားျဖစ္ၾကသည္။ ေနရာ (၃) ေနရာစလုံး၌ရွိေသာ ရန္သူမ်ားအား ထိထိေရာက္ေရာက္တိုက္ခိုက္နိုင္ခဲ့သည္။ ရန္သူ (၁၅) ဦးခန႔္အား သုတ္သင္ရွင္းလင္းနိုင္ခဲ့သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၄)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းမျာ

သြဂုတ်လ (၆) ရက်နေ့၌ ရေးတင်သည်။

AA Info Desk@2020

၂၀၂၀ ပြည့်နှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း မြန်မာ့တပ်မတော်သည် ပလက်ဝမြို့နယ်အတွင်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိသည်ဟုယူဆသည့်နေရာများသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် နေ့တိုင်းနီးပါးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ အချို့နေ့ရက်များ၌ မြန်မာ့တပ်မတော်၏ တပ်စခန်းများမှလက်နက်ကြီးပစ်ခတ်သည့်အကြိမ်အရေအတွက် စုစုပေါင်း၂၀၀ ခန့်အထိရှိခဲ့သည်။ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့ကြောင့် သြဂုတ် (၄) ရက်နေ့တွင် ပလက်ဝမြို့အတွင်းရှိ မြန်မာ့တပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသော ပွိုင့်-၈၂၅၊ ပွိုင့်-၉၈၂ နှင့် ခန်ခတောင်တန်းရှိ ရန်သူ့တပ်စခန်း (၁) ခုအပါအဝင် နေရာ (၃) ခုအား ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါနေရာများ၌ လှုပ်ရှားနေသော တပ်ရင်းများမှာ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည်။ နေရာ (၃) နေရာစလုံး၌ရှိသော ရန်သူများအား ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူ (၁၅) ဦးခန့်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    928
    12