Aug 22, 2020

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ (၂၂) ရက္၊ ရခိုင္ျပည္ စစ္ေရး၊ ႏိုင္ငံေရး၊ COVID-19 ႏွင့္သက္ဆိုင္ေသာသတင္းမ်ား

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ (၂၂) ရက္၊ ရခိုင္ျပည္ စစ္ေရး၊ ႏိုင္ငံေရး၊ COVID-19 ႏွင့္သက္ဆိုင္ေသာသတင္းမ်ာ

ၾသဂုတ္(၂၂) @AAInfoDesk2020

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ၊ တတိယပတ္အတြင္း ႏွစ္ဖက္ရင္ဆိုင္တိုက္ပြဲမ်ားႀကီးႀကီးမားမားမရွိခဲ့ေခ်။ သို႔ေသာ္လည္း ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာပတ္ဝန္းက်င္ ႏွင့္ ပလက္ဝၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္၏ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားမွာ ဆက္လက္ရွိေနဆဲျဖစ္သည္။ ထို႔အျပင္ စစ္အင္အား၊ လက္နက္အင္အားျဖည့္တင္းျခင္း၊ စစ္ဆင္ေရးႏွင့္ဆက္စပ္ေသာ စစ္ေရးလႈပ္ရွားမႈမ်ားကို ျမန္မာ့တပ္မေတာ္သည္ ယေန႔အထိ ေန႔၊ ညမျပတ္ ဆက္လက္လုပ္ေဆာင္လ်က္ရွိသည္။

ရခိုင္ေဒသအတြင္း၌ ကို႐ိုနာကူးစက္ျမန္ေရာဂါ သည္ ဒုတိယလႈိင္း( Second Wave) အေနျဖင့္ ၾသဂုတ္လ(၁၆) ရက္မွ စတင္ျဖစ္ပြားလ်က္ရွိသည္။ ၾသဂုတ္(၁၆) ရက္မွ (၂၂) ရက္(ည ၈ နာရီ) အတြင္း ကို႐ိုနာေရာဂါကူးစက္ခံရသူ (၆၇) ေယာက္အထိ ရွိခဲ့ၿပီျဖစ္သည္။ အမ်ားစုမွာ စစ္ေတြမွ ျဖစ္ၿပီး (၆၇) ဦးထဲတြင္ ေျမာက္ဦးမွ (၃) ဦးပါရွိသည္။

Covid-19 ကို႐ိုနာဗိုင္းရပ္(စ္) ကူးစက္ျမန္ေရာဂါသည္ မ်ိဳး႐ိုးဗီဇပုံစံေျပာင္းလဲလာခဲ့သည္ဟုယူဆရမည္။ ပုံစံေျပာင္းလာေသာဗိုင္းရပ္(စ္) ပိုးအသစ္သည္ ျမန္ႏႈန္းျမင့္မားစြာျဖင့္ စစ္ေတြၿမိဳ႕အတြင္း ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည္။ (အျခားၿမိဳ႕အခ်ိဳ႕သို႔လည္း ပ်ံ႕ႏွံ႔ေရာက္ရွိခဲ့ၿပီးျဖစ္သည္) ဆက္လက္၍လည္း ယခုထက္ပိုမိုကူးစက္ႏိုင္မည့္အလားအလာမ်ားကို ေတြ႕ျမင္ေနရပါသည္။

ထို႔ေၾကာင့္ ရခိုင္ျပည္အတြင္းေနထိုင္ေနၾကသူမ်ားအားလုံး Stay At Home မိမိအိမ္တြင္ေနထိုင္ေပးၾကပါရန္ ၊ ႀကိဳတင္ကာကြယ္တားဆီးရန္ထုတ္ျပန္ထားေသာ စည္းကမ္းမ်ားကိုလိုက္နာၾကပါရန္ တိုက္တြန္းအပ္ပါသည္။

ဤကဲ့သို႔ေသာ ကမာၻ႔ကပ္ေရာဂါကူးစက္မႈကို ခံစားေနၾကရေသာအခ်ိန္တြင္လည္း ဆက္သြယ္ေရး အင္တာနက္လိုင္းမ်ားကို မဖြင့္ေပးေသးဘဲ ဆက္လက္ပိတ္ဆို႔ထားသည္မွာ လူသားမ်ိဳးႏြယ္အေပၚ ႀကီးမားေသာျပစ္မႈကို ျမန္မာအစိုးရအေနျဖင့္ က်ဴးလြန္ေနျခင္းပင္ျဖစ္သည္။

သတင္းစီးဆင္းမႈျမန္ဆန္ရန္ အေရးတႀကီးလိုအပ္ေနၿပီး သတင္းမွန္မ်ားကို အခ်ိန္ႏွင့္တေျပးညီ ထုတ္ျပန္ရန္၊ ျပည္သူလူထုကိုအသိေပးရန္လိုအပ္သည့္ ျမန္ႏႈန္းျမင့္ ဆက္သြယ္ေရးအင္တာနက္လိုင္း 4 G ကိုဖြင့္ေပးရမည့္အစား ေႏွးေကြးၿပီး အလုပ္မျဖစ္ေသာ 2 G အဆင့္အင္တာနက္လိုင္းမ်ားကိုသာ ဟန္ျပဖြင့္ေပးထားသည္မွာ လူမ်ိဳးေရးအရႏွိပ္ကြပ္မႈ၊ လူမ်ိဳးျဖဳတ္ရွင္းလင္းေရးသို႔ဦးတည္ေသာလုပ္ရပ္မ်ားကို ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ ပူးေပါင္းလုပ္ေဆာင္ေနျခင္းပင္ျဖစ္သည္။

ULA/AA သည္ ကို႐ိုနာကူးစက္ေရာဂါအား ႀကိဳတင္ကာကြယ္တားဆီးျခင္းႏွင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အေထာက္အကူျပဳေစရန္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ညီေနာင္မဟာမိတ္မ်ားႏွင့္အတူ အႀကိမ္ႀကိမ္ေၾကညာခဲ့ၿပီးျဖစ္သည္။ သို႔ရာတြင္ ျမန္မာ့တပ္မေတာ္သည္ ကို႐ိုနာကူးစက္ျမန္ေရာဂါအား ခုတုံးလုပ္ၿပီး စစ္ဆင္ေရးမ်ားကို ယေန႔အထိ ဆင္ကန္းေတာတိုး ဆက္လက္ျပဳလုပ္ေနဆဲျဖစ္သည္။ ထို႔ျပင္ ျမန္မာ့တပ္မေတာ္သည္ ၎တို႔၏လက္နက္ႀကီးစခန္းမ်ားႏွင့္ စစ္သေဘၤာမ်ားေပၚမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကို ေန႔တိုင္းျပဳလုပ္ေနဆဲျဖစ္သည္။

မိမိတို႔အေနျဖင့္ မိမိတို႔ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္မ်ားအတိုင္း တိက်စြာလိုက္နာ ေဆာင္႐ြက္ေနေသာေၾကာင့္ တိုက္ပြဲမ်ားႀကီးမားစြာ မျဖစ္ပြားရျခင္းျဖစ္သည္။

မိမိတို႔အဖြဲ႕အစည္းအေနျဖင့္ ကို႐ိုနာကူးစက္ေရာဂါျပန႔္ပြားမႈႏႈန္းေလ်ာ့နည္းေစရန္ အေကာင္းဆုံး ပူးေပါင္းေဆာင္႐ြက္သြားမည္။

သို႔ေသာ္လည္း ျမန္မာ့တပ္မေတာ္အေနျဖင့္ မိမိတို႔အား ဆက္လက္ထိုးစစ္ဆင္တိုက္ခိုက္ျခင္း၊ တိုက္ပြဲျဖစ္ပြားေနေသာေနရာမ်ားႏွင့္ စစ္ဆင္ေရးနယ္ေျမမ်ားအတြင္း စစ္ေရးလႈပ္ရွားမႈမ်ားရွိလာပါက မိမိကိုယ္မိမိခုခံကာကြယ္႐ုံမွလြဲ၍ လက္ဦးမႈရယူ၍တိုက္ခိုက္သြားလိမ့္မည္မဟုတ္ဆိုသည္ကို ထုတ္ျပန္အပ္ပါသည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၂) ရက်၊ ရခိုင်ပြည် စစ်ရေး၊ နိုင်ငံရေး၊ COVID-19 နှင့်သက်ဆိုင်သောသတင်းများ

သြဂုတ်(၂၂) @AAInfoDesk2020

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ၊ တတိယပတ်အတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများကြီးကြီးမားမားမရှိခဲ့ချေ။ သို့သော်လည်း ရသေ့တောင်မြို့နယ် ကျောက်တန်းရွာပတ်ဝန်းကျင် နှင့် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထို့အပြင် စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းခြင်း၊ စစ်ဆင်ရေးနှင့်ဆက်စပ်သော စစ်ရေးလှုပ်ရှားမှုများကို မြန်မာ့တပ်မတော်သည် ယနေ့အထိ နေ့၊ ညမပြတ် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ရခိုင်ဒေသအတွင်း၌ ကိုရိုနာကူးစက်မြန်ရောဂါ သည် ဒုတိယလှိုင်း( Second Wave) အနေဖြင့် သြဂုတ်လ(၁၆) ရက်မှ စတင်ဖြစ်ပွားလျက်ရှိသည်။ သြဂုတ်(၁၆) ရက်မှ (၂၂) ရက်(ည ၈ နာရီ) အတွင်း ကိုရိုနာရောဂါကူးစက်ခံရသူ (၆၇) ယောက်အထိ ရှိခဲ့ပြီဖြစ်သည်။ အများစုမှာ စစ်တွေမှ ဖြစ်ပြီး (၆၇) ဦးထဲတွင် မြောက်ဦးမှ (၃) ဦးပါရှိသည်။

Covid-19 ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မြန်ရောဂါသည် မျိုးရိုးဗီဇပုံစံပြောင်းလဲလာခဲ့သည်ဟုယူဆရမည်။ ပုံစံပြောင်းလာသောဗိုင်းရပ်(စ်) ပိုးအသစ်သည် မြန်နှုန်းမြင့်မားစွာဖြင့် စစ်တွေမြို့အတွင်း ကူးစက်ပျံ့နှံ့လျက်ရှိသည်။ (အခြားမြို့အချို့သို့လည်း ပျံ့နှံ့ရောက်ရှိခဲ့ပြီးဖြစ်သည်) ဆက်လက်၍လည်း ယခုထက်ပိုမိုကူးစက်နိုင်မည့်အလားအလာများကို တွေ့မြင်နေရပါသည်။

ထို့ကြောင့် ရခိုင်ပြည်အတွင်းနေထိုင်နေကြသူများအားလုံး Stay At Home မိမိအိမ်တွင်နေထိုင်ပေးကြပါရန် ၊ ကြိုတင်ကာကွယ်တားဆီးရန်ထုတ်ပြန်ထားသော စည်းကမ်းများကိုလိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။

ဤကဲ့သို့သော ကမ္ဘာ့ကပ်ရောဂါကူးစက်မှုကို ခံစားနေကြရသောအချိန်တွင်လည်း ဆက်သွယ်ရေး အင်တာနက်လိုင်းများကို မဖွင့်ပေးသေးဘဲ ဆက်လက်ပိတ်ဆို့ထားသည်မှာ လူသားမျိုးနွယ်အပေါ် ကြီးမားသောပြစ်မှုကို မြန်မာအစိုးရအနေဖြင့် ကျူးလွန်နေခြင်းပင်ဖြစ်သည်။

သတင်းစီးဆင်းမှုမြန်ဆန်ရန် အရေးတကြီးလိုအပ်နေပြီး သတင်းမှန်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ရန်၊ ပြည်သူလူထုကိုအသိပေးရန်လိုအပ်သည့် မြန်နှုန်းမြင့် ဆက်သွယ်ရေးအင်တာနက်လိုင်း 4 G ကိုဖွင့်ပေးရမည့်အစား နှေးကွေးပြီး အလုပ်မဖြစ်သော 2 G အဆင့်အင်တာနက်လိုင်းများကိုသာ ဟန်ပြဖွင့်ပေးထားသည်မှာ လူမျိုးရေးအရနှိပ်ကွပ်မှု၊ လူမျိုးဖြုတ်ရှင်းလင်းရေးသို့ဦးတည်သောလုပ်ရပ်များကို မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့မှ ပူးပေါင်းလုပ်ဆောင်နေခြင်းပင်ဖြစ်သည်။

ULA/AA သည် ကိုရိုနာကူးစက်ရောဂါအား ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ညီနောင်မဟာမိတ်များနှင့်အတူ အကြိမ်ကြိမ်ကြေညာခဲ့ပြီးဖြစ်သည်။ သို့ရာတွင် မြန်မာ့တပ်မတော်သည် ကိုရိုနာကူးစက်မြန်ရောဂါအား ခုတုံးလုပ်ပြီး စစ်ဆင်ရေးများကို ယနေ့အထိ ဆင်ကန်းတောတိုး ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ထို့ပြင် မြန်မာ့တပ်မတော်သည် ၎င်းတို့၏လက်နက်ကြီးစခန်းများနှင့် စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို နေ့တိုင်းပြုလုပ်နေဆဲဖြစ်သည်။

မိမိတို့အနေဖြင့် မိမိတို့ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်နေသောကြောင့် တိုက်ပွဲများကြီးမားစွာ မဖြစ်ပွားရခြင်းဖြစ်သည်။

မိမိတို့အဖွဲ့အစည်းအနေဖြင့် ကိုရိုနာကူးစက်ရောဂါပြန့်ပွားမှုနှုန်းလျော့နည်းစေရန် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်။

သို့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် မိမိတို့အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ တိုက်ပွဲဖြစ်ပွားနေသောနေရာများနှင့် စစ်ဆင်ရေးနယ်မြေများအတွင်း စစ်ရေးလှုပ်ရှားမှုများရှိလာပါက မိမိကိုယ်မိမိခုခံကာကွယ်ရုံမှလွဲ၍ လက်ဦးမှုရယူ၍တိုက်ခိုက်သွားလိမ့်မည် မဟုတ်ဆိုသည်ကို ထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    654
    7