Oct 3, 2020

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ (၃) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ (၃) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၃) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္ (ခ) စစ္ရာဇဝတ္နယ္ခ်ဲ႕ဖက္ဆစ္တပ္ သည္ လက္နက္ႀကီးပစ္ကူအပါအဝင္ ရဟတ္ယာဥ္ (၂) စီးစီျဖင့္ မင္းျပားႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာ ေနရာ(၂) ခုအား ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာေၾကာင့္ ထိုေနရာႏွစ္ခုစလုံး၌ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ ရန္သူသည္ ကိုဗစ္ကူးစက္ျမန္ေရာဂါ(ဒုတိယလွိုင္း) ကာလအတြင္း ႀကီးမားေသာထိုးစစ္မ်ားကို မရပ္မတန႔္ဘဲ ဆက္တိုက္ျပဳလုပ္ေနခဲ့သည္။

ရခိုင္ေဒသအတြင္း၌ စစ္ရာဇဝတ္နယ္ခ်ဲ႕ဖက္ဆစ္တပ္သည္ ၎တို႔စစ္ဆင္ေရးလုပ္မည္ဟု ေၾကညာထားေသာ ရခိုင္ျပည္၊ ရေသ့ေတာင္၊ ေက်ာက္တန္း ႏွင့္ ေအာင္သာစည္ရြာ ပတ္ဝန္းက်င္မ်ားအား ျမန္မာ့တပ္မေတာ္ သည္ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၃) ရက္၊ နံနက္(၇)နာရီခန႔္မွစတင္ၿပီး လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္မွုမ်ားကို ဆက္တိုက္ျပဳလုပ္ခဲ့သည္။ ေန႔လယ္ (၁၂) နာရီ (၄၆) မိနစ္တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ မိနစ္(၂၀) ခန႔္လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

မင္းျပားၿမိဳ႕နယ္၊ ေမလြန္းရြာ အေနာက္ေျမာက္ဖက္ (၃) ကီလိုမီတာအကြာအေဝးရွိ ရကၡိဳင့္တပ္ေတာ္တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ အင္အား (၁၅၀) ခန႔္ျဖင့္ ႏွစ္ဖက္ညႇပ္၍ ထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္ ေန႔လယ္ (၁) နာရီခန႔္မွ စတင္ၿပီး တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရကၡိဳင့္တပ္ေတာ္မွ အေကာင္းဆုံးခုခံကာကြယ္နိုင္ခဲ့ေသာေၾကာင့္ ရန္သူ႔ဖက္မွ ထိခိုက္က်ဆုံးမွုမ်ားရွိခဲ့သည္။ ထို႔ေၾကာင့္ ညေန (၅) နာရီ (၀၅) မိနစ္မွ ညေန (၅) နာရီ(၂၀) မိနစ္အထိ ဆယ့္ငါးမိနစ္ခန႔္အထိ ရဟတ္ယာဥ္(၂) စီးျဖင့္ လာေရာက္တိုက္ခိုက္ရသည္အထိ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ လက္နက္ႀကီးပစ္ကူမ်ားကိုလည္း ေနရာ(၂) ေနရာမွ ေတာက္ေလၽွာက္ပစ္ကူေပးခဲ့သည္။

ယေန႔တိုက္ပြဲမ်ားအတြင္း ရန္သူသည္ထပ္မံအထိနာခဲ့သည္။ တိုက္ပြဲအေသးစိပ္ႏွင့္ ေနာက္ဆက္တြဲမ်ားကို ဆက္လက္တင္ေပးပါမည္။

တိုက္ပြဲမ်ားအတြင္း သတၱိေျပာင္ေျမာက္စြာ တိုက္ပြဲဝင္နိုင္ခဲ့ၾကေသာ အာရကၡစစ္သည္ေတာ္မ်ားအား မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။

ပလက္ဝ၊ ေျမပုံ၊ အမ္း ၿမိဳ႕နယ္မ်ား၌ ရန္သူသည္ လက္နက္ႀကီးမ်ားကို ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် မြန်မာ့တပ်မတော် (ခ) စစ်ရာဇဝတ်နယ်ချဲ့ဖက်ဆစ်တပ် သည် လက်နက်ကြီးပစ်ကူအပါအဝင် ရဟတ်ယာဉ် (၂) စီးစီဖြင့် မင်းပြားနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာ နေရာ(၂) ခုအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ထိုနေရာနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရန်သူသည် ကိုဗစ်ကူးစက်မြန်ရောဂါ(ဒုတိယလှိုင်း) ကာလအတွင်း ကြီးမားသောထိုးစစ်များကို မရပ်မတန့်ဘဲ ဆက်တိုက်ပြုလုပ်နေခဲ့သည်။

ရခိုင်ဒေသအတွင်း၌ စစ်ရာဇဝတ်နယ်ချဲ့ဖက်ဆစ်တပ်သည် ၎င်းတို့စစ်ဆင်ရေးလုပ်မည်ဟု ကြေညာထားသော ရခိုင်ပြည်၊ ရသေ့တောင်၊ ကျောက်တန်း နှင့် အောင်သာစည်ရွာ ပတ်ဝန်းကျင်များအား မြန်မာ့တပ်မတော် သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃) ရက်၊ နံနက်(၇)နာရီခန့်မှစတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ နေ့လယ် (၁၂) နာရီ (၄၆) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မင်းပြားမြို့မြို့နယ်၊ မေလွန်းရွာ အနောက်မြောက်ဖက် (၃) ကီလိုမီတာအကွာအဝေးရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာနေရာသို့ အင်အား (၁၅၀) ခန့်ဖြင့် နှစ်ဖက်ညှပ်၍ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် နေ့လယ် (၁) နာရီခန့်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ ထို့ကြောင့် ညနေ (၅) နာရီ (၀၅) မိနစ်မှ ညနေ (၅) နာရီ(၂၀) မိနစ်အထိ ဆယ့်ငါးမိခန့်အထိ ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်တိုက်ခိုက်ရသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။ လက်နက်ကြီးပစ်ကူများကိုလည်း နေရာ(၂) နေရာမှ တောက်လျှောက်ပစ်ကူပေးခဲ့သည်။

ယနေ့တိုက်ပွဲများအတွင်း ရန်သူသည်ထပ်မံအထိနာခဲ့သည်။ တိုက်ပွဲအသေးစိပ်နှင့် နောက်ဆက်တွဲများကို ဆက်လက်တင်ပေးပါမည်။

တိုက်ပွဲများအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ပလက်ဝ၊ မြေပုံ၊ အမ်း မြို့နယ်များ၌ ရန်သူသည် လက်နက်ကြီးများကို ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    965
    22