Oct 26, 2020

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ(၂၃) ရက္ မွ (၂၆) ရက္ေန႔အထိရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ(၂၃) ရက္ မွ (၂၆) ရက္ေန႔အထိရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

ရခိုင္ေဒသအတြင္း၌ ျမန္မာစစ္တပ္ ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္တိုက္ပြဲမ်ားေန႔တိုင္းျဖစ္ပြားလ်က္ရွိသည္။ အထူးသျဖင့္ ျမန္မာစစ္တပ္၏ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းျဖစ္သည္။အခိ်ဳ႕ေန႔ရက္ မ်ား၌ ျမန္မာစစ္တပ္သည္ေျမျပင္မွထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုမျပဳလုပ္ဘဲ လက္နက္ႀကီးမ်ားျဖင့္ တစ္ေန႔လံုးပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။

စစ္ရာဇဝတ္နယ္ခဲ်႕ျမန္မာစစ္တပ္သည္ ရေသ့ေတာင္၊ ေက်ာက္တန္းရြာပတ္ဝန္းက်င္ရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအား ၾကည္း၊ေရ၊ေလ ပူးေပါင္းထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုအဓိကထားျပဳလုပ္ေနသည္။ ထို႔အျပင္ မင္းျပား၊ ေျမပံု၊ အမ္း၊ ပလက္ဝေဒသမ်ားအတြင္း၌လည္း ထိုးစစ္မ်ားကိုျပဳလုပ္လ်က္ရွိသည္။

(၁) ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ(၂၃) ရက္ေန႔၊ နံနက္(၈) နာရီ (၅၂) မိနစ္တြင္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ အမ်က္ေတာင္ေက်းရြာ၏ အေရွ႕ဖက္ေခ်ာင္းကမ္းစပ္အနီး၌မိနစ္(၂၀) ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ေခ်ာင္းကမ္းစပ္အနီး၌ျဖစ္ပြားခဲ့ေသာတိုက္ပြဲအတြင္း ရန္သူ႔စက္ေလွတစ္စင္းအား ထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့ၿပီး ရန္သူ႔ဖက္မွ မ်က္ျမင္(၆) ဦးေသဆံုးခဲ့သည္။ ေနာက္ထပ္ထိခိုက္ဒဏ္ရာရသူမ်ားလည္းရွိႏိုင္သည္။

(၂) ေအာက္တိုဘာလ(၂၄)ရက္ေန႔၌ မိုးရြာသြန္းမႈမ်ားေသာေၾကာင့္ ႏွစ္ဖက္တိုက္ပြဲမ်ားမရွိခဲ့ေသာ္လည္း ရန္သူသည္၎တို႔ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေသာေနရာမ်ားအား လက္နက္ႀကီးမ်ားျဖင့္ ႀကိဳျကားႀကိဳၾကားပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။

(၃) ေအာက္တိုဘာလ(၂၅) ရက္၊ နံနက္(၁၀) နာရီ (၄၀) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္၊ အထက္ဝရြာ အေနာက္ေျမာက္ဖက္(၂.၆) ကီလိုမီတာအကြာအေဝးရွိ ပြိဳင့္ (၈၂၅) ကုန္းအနီးတြင္ မိနစ္(၂၀) ခန္႔ ထိေတြ႕ တိုက္ပြဲျဖစ္ပြားခဲ့သည္။

(၄)၂၀၂၀၊ ခုႏွစ္ ၊ ေအာက္တိုဘာလ၊ (၂၆)ရက္၊ နံနက္(၇) နာရီ(၂၇) မိနစ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊အထက္နန္းရာေက်းရြာ၏ အေနာက္ဖက္ (၁.၇)ကီလိုမီတာခန္႔အကြာ၌ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူသည္ မိမိတို႔အား တိုက္ခိုက္လာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့ရျခင္းျဖစ္သည္။ ဤတိုက္ပြဲအတြင္း ရန္သူ(၁၀) ေက်ာ္အားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။

(၅)ထို႔အျပင္ ေအာက္တိုဘာလ(၂၆) ရက္၊ နံနက္(၈) နာရီ(၅၀) မိနစ္ တြင္လည္း ရ​ေသ့​ေတာင္ၿမိဳ႕နယ္၊ အထက္နန္းရာ​ေက်းရြာ၏ ​ေျမာက္ဖက္ မီတာ(၃၀၀)ခန့္အကြာ(​ေစတီကုန္း) အနီး၌လည္း နာရီဝက္ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဤတိုက္ပြဲ၌လည္းရန္သူသည္အထိနာခဲ့သည္။ မ်က္ျမင္ ရန္သူ႔အေလာင္း(၁၅) ေလာင္းအထိရွိခဲ့သည္။

(၆) ေအာက္တိုဘာလ(၂၆) ရက္၊ နံနက္ (၆) နာရီခန္႔မွ စတင္ၿပီး ပလက္ဝၿမိဳ႕၊ ႏႈန္းဘူးငယ္ရြာ၏ အေနာက္ဖက္ေတာင္တန္းရွိ ရန္သူ႔စခန္းအခိ်ဳ႕အား ရကၡိဳင့္တပ္ေတာ္မွ လွ်ပ္တျပက္ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ မိနစ္(၂၀) ခန္႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ရန္သူ႔ဖက္မွ အထိအခိုက္၊ အက်အဆံုးမ်ားရွိခဲ့သည္။ တိုက္ပြဲသတင္း အေသးစိပ္ႏွင့္ ေနာက္ဆက္တြဲ တိုက္ပြဲအေျခအေနမ်ားကိုေလာေလာဆယ္မသိရေသးပါ။ သိရွိရပါက ထပ္မံတင္ေပးသြားပါမည္။

(၇) ေအာက္တိုဘာ(၂၆) ရက္ေန႔၌လည္းပလက္ဝေဒသ၏ ၈၂၅ ကုန္းအနီး၌လည္း မိနစ္အနည္းငယ္ၾကာတိုက္ပြဲျဖစ္ပြားခဲ့သည္။ အထိအခိုက္အက်အဆံုးမသိရပါ။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၂၃) ရက် မှ (၂၆) ရက်နေ့အထိရခိုင်ပြည်တိုက်ပွဲသတင်းများ

ရခိုင်ဒေသအတွင်း၌ မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်တို့သည်တိုက်ပွဲများနေ့တိုင်းဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။အချို့နေ့ရက် များ၌ မြန်မာစစ်တပ်သည်မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်မှုများကိုမပြုလုပ်ဘဲ လက်နက်ကြီးများဖြင့် တစ်နေ့လုံးပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

စစ်ရာဇဝတ်နယ်ခဲျ့မြန်မာစစ်တပ်သည် ရသေ့တောင်၊ ကျောက်တန်းရွာပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအား ကြည်း၊ရေ၊လေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုများကိုအဓိကထားပြုလုပ်နေသည်။ ထို့အပြင် မင်းပြား၊ မြေပုံ၊ အမ်း၊ ပလက်ဝဒေသများအတွင်း၌လည်း ထိုးစစ်များကိုပြုလုပ်လျက်ရှိသည်။

(၁) ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၂၃) ရက်နေ့၊ နံနက်(၈) နာရီ (၅၂) မိနစ်တွင်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာ၏ အရှေ့ဖက်ချောင်းကမ်းစပ်အနီး၌မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ချောင်းကမ်းစပ်အနီး၌ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ရန်သူ့စက်လှေတစ်စင်းအား ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့ဖက်မှ မျက်မြင်(၆) ဦးသေဆုံးခဲ့သည်။ နောက်ထပ်ထိခိုက်ဒဏ်ရာရသူများလည်းရှိနိုင်သည်။

(၂) အောက်တိုဘာလ(၂၄)ရက်နေ့၌ မိုးရွာသွန်းမှုများသောကြောင့် နှစ်ဖက်တိုက်ပွဲများမရှိခဲ့သော်လည်း ရန်သူသည်၎င်းတို့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောနေရာများအား လက်နက်ကြီးများဖြင့် ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

(၃) အောက်တိုဘာလ(၂၅) ရက်၊ နံနက်(၁၀) နာရီ (၄၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ အထက်ဝရွာ အနောက်မြောက်ဖက်(၂.၆) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၈၂၅) ကုန်းအနီးတွင် မိနစ်(၂၀) ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၄)၂၀၂၀၊ ခုနှစ် ၊ အောက်တိုဘာလ၊ (၂၆)ရက်၊ နံနက်(၇) နာရီ(၂၇) မိနစ်၊ ရသေ့တောင်မြို့နယ်၊အထက်နန်းရာကျေးရွာ၏ အနောက်ဖက် (၁.၇)ကီလိုမီတာခန့်အကွာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် မိမိတို့အား တိုက်ခိုက်လာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ဤတိုက်ပွဲအတွင်း ရန်သူ(၁၀) ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

(၅)ထို့အပြင် အောက်တိုဘာလ(၂၆) ရက်၊ နံနက်(၈) နာရီ(၅၀) မိနစ် တွင်လည်း ရသေ့တောင်မြို့နယ်၊ အထက်နန်းရာကျေးရွာ၏ မြောက်ဖက် မီတာ(၃၀၀)ခန့်အကွာ(စေတီကုန်း) အနီး၌လည်း နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲ၌လည်းရန်သူသည်အထိနာခဲ့သည်။ မျက်မြင် ရန်သူ့အလောင်း(၁၅) လောင်းအထိရှိခဲ့သည်။

(၆) အောက်တိုဘာလ(၂၆) ရက်၊ နံနက် (၆) နာရီခန့်မှ စတင်ပြီး ပလက်ဝမြို့၊ နှုန်းဘူးငယ်ရွာ၏ အနောက်ဖက်တောင်တန်းရှိ ရန်သူ့စခန်းအချို့အား ရက္ခိုင့်တပ်တော်မှ လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မိနစ်(၂၀) ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးများရှိခဲ့သည်။ တိုက်ပွဲသတင်း အသေးစိပ်နှင့် နောက်ဆက်တွဲ တိုက်ပွဲအခြေအနေများကိုလောလောဆယ်မသိရသေးပါ။ သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။

(၇) အောက်တိုဘာ(၂၆) ရက်နေ့၌လည်းပလက်ဝဒေသ၏ ၈၂၅ ကုန်းအနီး၌လည်း မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးမသိရပါ။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    815
    17