May 9, 2020

၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၇/၈/၉) ရက္၊ ျမန္မာ့တပ္မေတာ္၏ ရခိုင္ေဒသအတြင္း စစ္ရာဇဝတ္က်ဴးလြန္မႈမွတ္တမ္းမ်ား

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၆/၇/၈/၉) ရက္၊ ျမန္မာ့တပ္မေတာ္၏ ရခိုင္ေဒသအတြင္း စစ္ရာဇဝတ္က်ဴးလြန္မႈမွတ္တမ္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ေမလ(၆) ရက္၊နံနက္(၆) နာရီခန္႔အခိ်န္တြင္ ပုဏၰားကြ်န္းၿမိဳ႕၊ စံျပရပ္ကြက္တြင္ ေနထိုင္ေသာ အသက္(၄၆) ႏွစ္အရြယ္ရွိ ေဒၚမသန္းတင္ ကို ပုဏၰားကြ်န္းအေျခစိုက္၊ခမရ(၅၅၀) မွ အတင္းအဓမၼဖမ္းဆီးေခၚေဆာင္သြားသည္။

၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၇) ရက္ေန႔၌လည္း မင္းျပားၿမိဳ႕နယ္၊ အမ္းသားရြာအတြင္းလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္၍ အရပ္သားတစ္ဦးျဖစ္ေသာ အသက္(၃၆) ႏွစ္အရြယ္ရွိ ေဒၚေအးခ်မ္းခိုင္အားလက္နက္ႀကီးစထိမွန္ခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ေမလ(၈) ရက္ေန႔၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေတာင္ဘြယ္ရြာ ၊ မူလတန္းျပဆရာတစ္ဦးျဖစ္ေသာ ေမာင္ဦးစိုးသိန္း၊ အသက္(၂၉) ႏွစ္၊ ႏွင့္ ေက်ာင္းသူတစ္ဦးျဖစ္ေသာ မေသာ္တာၿဖိဳး၊(၁၁) ႏွစ္တို႔သည္လည္း ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးစထိမွန္ခဲ့သည္။ ဆရာျဖစ္သူ ေမာင္ဦးစိုးသိန္းမွာ ျပင္းထန္ဒဏ္ ရာရရွိခဲ့သည္။ ထို႔အျပင္ ျမန္မာ့တပ္မေတာ္၏ လက္နက္ႀကီးက်ည္အခိ်ဳ႕မွာ ေတာင္ဘြယ္ေက်းရြာ၊စာသင္ေက်ာင္းအတြင္းက်ေရာက္ထိမွန္ခဲ့၍ ေက်ာင္းအေဆာက္အအုံအခိ်ဳ႕ပ်က္စီးခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၉) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္သည္၊ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ဒိုးတန္းရြာေဟာင္း ရွိ ရြာသူရြာသားမ်ား၏ ေနအိမ္မ်ား၊ ေစ်းဆိုင္မ်ားအတြင္းမွ ရြာသားမ်ားပိုင္ဆိုင္ေသာပစၥည္းမ်ားကို ေဖာက္ထြင္းလုယက္သြားသည့္အျပင္ ဒိုးတန္းရြာေဟာင္းမွ ရြာသား(၇) ေယာက္ကိုလည္းဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။

ျမန္မာ့တပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ဒိုးတန္းရြာေဟာင္းမွရြာသားမ်ားစာရင္းမွာ

(၁) စိုးသန္း(၄၈)ႏွစ္

(၂) ေခါင္းေယာင္း(၄၉)ႏွစ္

(၃) လွေအာင္(၄၃)ႏွစ္

(၄)ခင္သိန္းေမာင္(၄၄)ႏွစ္

(၅)လွထြန္းစိန္(၅၃)ႏွစ္

(၆) ေစာလွဦး(၆၁)ႏွစ္

(၇) ေမာင္လွႀကီး(၃၆)ႏွစ္ တို႔ျဖစ္ၾကသည္။

ထို႔အျပင္ ေျမပံုၿမိဳ႕နယ္၊ ေရရွင္ရြာကိုလည္း ျမန္မာ့တပ္မေတာ္၏ အင္အား(၁၅၀) ခန္႔ပါ ပုသိမ္အေျခစိုက္၊ ခလရ(၃၈) မွ အဆိုပါရြာအား ဝိုင္းရံပိတ္ဆို႔ထားၿပီး ရြာအတြင္းမွ ရြာသူရြာသားမ်ားအား အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ျခင္း၊႐ိုက္ႏွက္ ႏွိပ္စက္ျခင္း၊ ေပၚတာအျဖစ္ေစခိုင္းျခင္းမ်ားကိုျပဳလုပ္လ်က္ရွိသည္။

ပုသိမ္အေျခစိုက္၊ခလရ(၃၈) ႏွင့္ အျခားပုသိမ္အေျခစိုက္တပ္ရင္းအခိဳ်႕သည္ ယခုရက္သတၱပတ္အတြင္း ဂြ၊ ေက်ာက္ျဖဴ၊ ရမ္းၿဗဲကြ်န္းပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားအတြင္း လွည့္ပတ္ေသာင္းက်န္းခဲ့သည္။

ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင့္တပ္ေတာ္မွ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲထားေသာကာလ ႏွင့္ Covid-19 ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးကာလမ်ားအတြင္း၌ပင္ တစ္ရြာဝင္၊တစ္ရြာထြက္ၿပီး ေဒသခံျပည္သူလူထုမ်ားကို ဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္း၊ ဖမ္းဆီးေခၚေဆာင္သြားျခင္းမ်ားကို ဆက္တိုက္ျပဳလုပ္ခဲ့သည္။

ျမန္မာ့တပ္မေတာ္၏ ယခုကဲ့သို႔ လူ႔အခြင့္အေရးခိ်ဳးေဖာက္ေသာလုပ္ရပ္၊ စစ္ရာဇဝတ္က်ဴးလြန္ေနေသာမွတ္တမ္းမ်ားကို ေဒသခံျပည္သူလူထုမ်ားအေနျဖင့္မိမိတို႔ထံပို႔ေပး၍ရနိုင္သကဲ့သို႔ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံသို႔လည္းအျမန္ ဆံုးေပးပို႔ၾကပါရန္ထပ္မံတိုက္တြန္းအပ္ပါသည္။

ေမလ(၈) ရက္ေန႔၊နံနက္(၉) နာရီခန္႔တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမာ္ထက္ရြာ ႏွင့္ ေက်ာက္ရံရြာ ဥကၠဌတို႔(၂) ဦးကိုလည္း ျမန္မာ့တပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။

ျမန္မာ့တပ္မေတာ္သည္ တိုက္ပြဲ(သို႔မဟုတ္) ထိေတြ႕မႈျဖစ္ပြားတို္င္း အနီးအနားပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားအား လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ျခင္းအျပင္ ေက်းရြာ၊ဥကၠဌ မ်ားႏွင့္ ေက်းရြာအတြင္းေတြ႕ရွိသူသက္ႀကီး၊ က်န္းမာေရးမေကာင္းသူ၊ စိတ္က်န္းမာေရးမေကာင္းသူမွန္သမွ် တို႔အားဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္းမ်ားကို Covid-19 ထိန္းခ်ဳပ္ေရးကာလမ်ား၌ အခြင့္ေကာင္းယူ၍ ခပ္စိပ္စိပ္ျပဳလုပ္လာေနခဲ့သည္။

ဖမ္းဆီးထားေသာ ရြာသူ၊ရြာသားမ်ားကိုလည္း အမိ်ဳးမိ်ဳးေသာၿခိမ္းေျခာက္မႈမ်ားအျပင္ လူသားဒိုင္းကာအျဖစ္အသုံးျပဳ၍ စစ္ေရးလႈပ္ရွားမႈမ်ား၊ မိုင္းရွင္းလင္းေရးအတြက္အသုံးျပဳျခင္းမ်ားကိုလည္း ျမန္မာ့တပ္မေတာ္သည္ ယုတ္မာရက္စက္စြာျဖင့္လုပ္ေဆာင္လ်က္ရွိသည္။

ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ေဒသခံျပည္သူလူထုမ်ားကိုႏွိပ္စက္ဖမ္းဆီးေနေသာ တပ္မ၊တပ္ရင္းမ်ားကို လက္တံု႔ျပန္တိုက္ခိုက္သြားမည္ျဖစ္သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ မေလ(၆/၇/၈/၉) ရက်၊ မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း စစ်ရာဇဝတ်ကျူးလွန်မှုမှတ်တမ်းများ
 

 
၂၀၂၀ ပြည့်နှစ်၊မေလ(၆) ရက်၊နံနက်(၆) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သော အသက်(၄၆) နှစ်အရွယ်ရှိ ဒေါ်မသန်းတင် ကို ပုဏ္ဏားကျွန်းအခြေစိုက်၊ခမရ(၅၅၀) မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။
 

 
၂၀၂၀ ပြည့်နှစ်၊ မေလ(၇) ရက်နေ့၌လည်း မင်းပြားမြို့နယ်၊ အမ်းသားရွာအတွင်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်၍ အရပ်သားတစ်ဦးဖြစ်သော အသက်(၃၆) နှစ်အရွယ်ရှိ ဒေါ်အေးချမ်းခိုင်အားလက်နက်ကြီးစထိမှန်ခဲ့သည်။
 

 
၂၀၂၀ ပြည့်နှစ်၊မေလ(၈) ရက်နေ့၊ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ရွာ ၊ မူလတန်းပြဆရာတစ်ဦးဖြစ်သော မောင်ဦးစိုးသိန်း၊ အသက်(၂၉) နှစ်၊ နှင့် ကျောင်းသူတစ်ဦးဖြစ်သော မသော်တာဖြိုး၊(၁၁) နှစ်တို့သည်လည်း မြန်မာ့တပ်မတော်၏လက်နက်ကြီးစထိမှန်ခဲ့သည်။ ဆရာဖြစ်သူ မောင်ဦးစိုးသိန်းမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့သည်။ ထို့အပြင် မြန်မာ့တပ်မတော်၏ လက်နက်ကြီးကျည်အချို့မှာ တောင်ဘွယ်ကျေးရွာ၊စာသင်ကျောင်းအတွင်းကျရောက်ထိမှန်ခဲ့၍ ကျောင်းအဆောက်အအုံအချို့ပျက်စီးခဲ့သည်။
 

 
၂၀၂၀ ပြည့်နှစ်၊ မေလ(၉) ရက်နေ့တွင် မြန်မာ့တပ်မတော်သည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်း ရှိ ရွာသူရွာသားများ၏ နေအိမ်များ၊ ဈေးဆိုင်များအတွင်းမှ ရွာသားများပိုင်ဆိုင်သောပစ္စည်းများကို ဖောက်ထွင်းလုယက်သွားသည့်အပြင် ဒိုးတန်းရွာဟောင်းမှ ရွာသား(၇) ယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
 

 
မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဒိုးတန်းရွာဟောင်းမှရွာသားများစာရင်းမှာ
 

 
(၁) စိုးသန်း(၄၈)နှစ်
 
(၂) ခေါင်းယောင်း(၄၉)နှစ်
 
(၃) လှအောင်(၄၃)နှစ်
 
(၄)ခင်သိန်းမောင်(၄၄)နှစ်
 
(၅)လှထွန်းစိန်(၅၃)နှစ်
 
(၆) စောလှဦး(၆၁)နှစ်
 
(၇) မောင်လှကြီး(၃၆)နှစ် တို့ဖြစ်ကြသည်။
 

 
ထို့အပြင် မြေပုံမြို့နယ်၊ ရေရှင်ရွာကိုလည်း မြန်မာ့တပ်မတော်၏ အင်အား(၁၅၀) ခန့်ပါ ပုသိမ်အခြေစိုက်၊ ခလရ(၃၈) မှ အဆိုပါရွာအား ဝိုင်းရံပိတ်ဆို့ထားပြီး ရွာအတွင်းမှ ရွာသူရွာသားများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ရိုက်နှက် နှိပ်စက်ခြင်း၊ ပေါ်တာအဖြစ်စေခိုင်းခြင်းများကိုပြုလုပ်လျက်ရှိသည်။
 

 
ပုသိမ်အခြေစိုက်၊ခလရ(၃၈) နှင့် အခြားပုသိမ်အခြေစိုက်တပ်ရင်းအခိုျ့သည် ယခုရက်သတ္တပတ်အတွင်း ဂွ၊ ကျောက်ဖြူ၊ ရမ်းဗြဲကျွန်းပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်း လှည့်ပတ်သောင်းကျန်းခဲ့သည်။
 

 
မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသောကာလ နှင့် Covid-19 ကူးစက်ရောဂါထိန်းချုပ်ရေးကာလများအတွင်း၌ပင် တစ်ရွာဝင်၊တစ်ရွာထွက်ပြီး ဒေသခံပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
 

 
မြန်မာ့တပ်မတော်၏ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်သောလုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်နေသောမှတ်တမ်းများကို ဒေသခံပြည်သူလူထုများအနေဖြင့်မိမိတို့ထံပို့ပေး၍ရနိုင်သကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများထံသို့လည်းအမြန် ဆုံးပေးပို့ကြပါရန်ထပ်မံတိုက်တွန်းအပ်ပါသည်။
 

 
မေလ(၈) ရက်နေ့၊နံနက်(၉) နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ မော်ထက်ရွာ နှင့် ကျောက်ရံရွာ ဥက္ကဌတို့(၂) ဦးကိုလည်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
 

 
မြန်မာ့တပ်မတော်သည် တိုက်ပွဲ(သို့မဟုတ်) ထိတွေ့မှုဖြစ်ပွားတိုင်း အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ကျေးရွာ၊ဥက္ကဌ များနှင့် ကျေးရွာအတွင်းတွေ့ရှိသူသက်ကြီး၊ ကျန်းမာရေးမကောင်းသူ၊ စိတ်ကျန်းမာရေးမကောင်းသူမှန်သမျှ တို့အားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများကို Covid-19 ထိန်းချုပ်ရေးကာလများ၌ အခွင့်ကောင်းယူ၍ ခပ်စိပ်စိပ်ပြုလုပ်လာနေခဲ့သည်။

ဖမ်းဆီးထားသော ရွာသူ၊ရွာသားများကိုလည်း အမိုျးမိုျးသောခြိမ်းခြောက်မှုများအပြင် လူသားဒိုင်းကာအဖြစ်အသုံးပြု၍ စစ်ရေးလှုပ်ရှားမှုများ၊ မိုင်းရှင်းလင်းရေးအတွက်အသုံးပြုခြင်းများကိုလည်း မြန်မာ့တပ်မတော်သည် ယုတ်မာရက်စက်စွာဖြင့်လုပ်ဆောင်လျက်ရှိသည်။
 

 
ရက္ခိုင့်တပ်တော်အနေဖြင့် ဒေသခံပြည်သူလူထုများကိုနှိပ်စက်ဖမ်းဆီးနေသော တပ်မ၊တပ်ရင်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။
 

 
သတင်းနှင့်ပြန်ကြားရေး
 
ရက္ခိုင့်တပ်တော်

    877
    6