Mar 25, 2020

၂၀၂၀ ျပည့္ႏွစ္၊ မတ္လ(၂၄/၂၅) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

#Zawgyi

ျမန္မာႏိုင္ငံအတြင္း ကို႐ိုနာကူးစက္ေရာဂါပိုးရွိေသာလူနာ(၃) ဦးအားေတြ႕ရွိေနၿပီး ကမ႓ာ့ႏိုင္ငံအမ်ားစု၌ကပ္ေရာဂါကိုစုေပါင္းကာရင္ဆိုင္ေနရေသာ္လည္း ျမန္မာ့တပ္မေတာ္၏ရခိုင္ေဒသအတြင္းထိုးစစ္မ်ားရပ္တန္႔မသြားဘဲ အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ၿပီးစစ္ဆင္ေရးကိုအရွိန္အဟုန္ျပင္းစြာေဆာင္ရြက္လ်က္ရွိသည္။

မတ္လ(၂၄/၂၅) ရက္ေန႔မ်ားတြင္ စစ္ရာဇဝတ္တပ္ျမန္မာ့တပ္မေတာ္သည္ မီးဝဗ်ဴဟာကုန္း ၊တိုင္းဗဟို(၉) ပတ္ဝန္းက်င္မ်ား ႏွင့္ အျခားေနရာအခိ်ဳ႕အားတိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲလက္နက္ႀကီးမ်ားႏွင့္ ေလေၾကာင္းတိုက္ခိုက္ျခင္းမ်ားကိုဆက္တိုက္ျပဳလုပ္ေနခဲ့သည္။

ဘူးသီးေတာင္၊ မင္းျပားၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားရွိခဲ့သည္။ ရန္သူသည္ စစ္အင္အား၊ လက္နက္ခဲယမ္းမ်ားကို ရခိုင္တျပည္လံုးအႏွံ့႔ျဖည့္တင္းေနေသာေၾကာင့္တိုက္ပြဲမ်ားမွာဆက္လက္ျပင္းထန္လာဖြယ္ရွိသည္။

(၁) မတ္လ(၂၄)ရက္၊ နံနက္(၇) နာရီ(၂၄) မိနစ္တြင္ဘူးသီးေတာင္ၿမိဳ႕နယ္၊ အုတ္ေတာင္ေက်းရြာအေရွ႕ ဖက္(၃.၅) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္ မိနစ္(၂၀) ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူ(၉) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့ၿပီး ရန္သူ႔ေသနတ္(၄) လက္ကို သိမ္းဆည္းရမိခဲ့သည္။

(၂) မတ္လ(၂၄) ရက္၊ ေန႔လယ္(၁၂) နာရီ(၃၀) မိနစ္ မင္းျပားၿမိဳ႕နယ္၊ ေမလြန္းရြာအေရွ႕ေျမာက္ဘက္ (၄) ကီလိုမီတာအကြာအေဝးရွိေတာင္ေၾကာ (တိုင္း ဗဟို(၉) အနီး) ၌ နာရီဝက္ခန္႔အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့သည္။ ဤတိုက္ခိုက္မႈအတြင္း၌လည္း ရန္သူ(၃) ဦးကိုသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။

(၃) မီးဝဗ်ဴဟာကုန္းမွ (၃) ကီလိုမီတာကြာေဝးေသာေနရာ၌လည္း ထိေတြ႕မႈမ်ားဆက္လက္ရွိေနခဲ့သည္။ ရန္သူသည္ ေရွ႕ဆက္မတိုးလာ၍တိုက္ပြဲႀကီးႀကီးမားမားျဖစ္ပြားခဲ့ျခင္းမရွိေသာ္လည္း ဂ်က္တိုက္ေလယာဥ္(၁) စီးျဖင့္ တစ္နာရီေက်ာ္ၾကာ တစ္စီးၿပီးတစ္စီးလာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

(၄) ထို႔အတူ မင္းျပားၿမိဳ႕နယ္၊ ကမ္းနီ၌တည္ရွိေသာ အမွတ္(၉) တိုင္းဗဟိုေလ့က်င့္ေရးေက်ာင္း(တန္းျမင့္ေလ့က်င့္ေရးေက်ာင္း) အနီးပတ္ဝန္းက်င္မ်ားသို႔လည္း ေလေၾကာင္းမွ တစ္နာရီေက်ာ္ၾကာဗံုးႀကဲတိုက္ခိုက္ခဲ့သည္။

(၅) ေျမပံုၿမိဳ႕နယ္၊ အမ္းၿမိဳ႕နယ္ဖက္တြင္လည္း လက္နက္ႀကီးမ်ား၊ ေလေၾကာင္းမွ ဗံုးႀကဲတိုက္ခိုက္ျခင္းမ်ားကို မတ္(၂၄/၂၅) ရက္ေန႔မ်ား၌ေတာက္ေလွ်ာက္ျပဳလုပ္ေနခဲ့သည္။

(၆) မတ္လ(၂၅)၊ ေန႔လယ္(၁) နာရီ (၂၂)မိနစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ အုတ္ေတာင္ေက်းရြာအေရွ႕ ဖက္(၃.၅) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ယမန္ေန႔ကလည္း ဤေနရာပတ္ဝန္းက်င္၌တိုက္ပြဲျဖစ္ပြားခဲ့သည္။ ယေန႔၌ဒုတိယေန႔ရက္ဆက္တိုက္ပြဲအျဖစ္ထပ္မံျဖစ္ပြားခဲ့ကာ ရန္သူအခိ်ဳ႕ ထပ္မံထိခိုက္ေသဆံုးမႈမ်ားရွိခဲ့သည္။

ရန္သူ႔လက္နက္ႀကီးက်ည္ဆံ ႏွင့္ ရန္သူ၏ေလေၾကာင္းမွပစ္ခတ္တိုက္ခိုက္မႈေၾကာင္အခိ်ဳ႕မွာေက်းရြာမ်ားအတြင္းက်ေရာက္ေပါက္ကြဲ၍ အရပ္သား(၁၆) ဦးထိခိုက္ဒဏ္ရာရရွိၿပီးေသဆံုးသူလည္းရွိခဲ့သည္။

မတ္လ(၂၄/၂၅) ရက္တိုက္ပြဲမ်ားအတြင္းတိုက္ပြဲမ်ားအတြင္းအာရကၡစစ္သည္ေတာ္အခိ်ဳ႕ အသက္၊ခႏၶာေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။သတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ႏိုင္ခဲ့ေသာ အာရကၡစစ္သည္ေတာ္မ်ားအားေလးေလးနက္နက္မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

ျမြန်မာနိုင်ငံအတွင်း ကိုရိုနာကူးစက်ရောဂါပိုးရှိသောလူနာ(၃) ဦးအားတွေ့ရှိနေပြီး ကမ္ဘာ့နိုင်ငံအများစု၌ကပ်ရောဂါကိုစုပေါင်းကာရင်ဆိုင်နေရသော်လည်း မြန်မာ့တပ်မတော်၏ရခိုင်ဒေသအတွင်းထိုးစစ်များရပ်တန့်မသွားဘဲ အင်တာနက်လိုင်းများဖြတ်တောက်ပြီးစစ်ဆင်ရေးကိုအရှိန်အဟုန်ပြင်းစွာဆောင်ရွက်လျက်ရှိသည်။
 

 
မတ်လ(၂၄/၂၅) ရက်နေ့များတွင် စစ်ရာဇဝတ်တပ်မြန်မာ့တပ်မတော်သည် မီးဝဗျူဟာကုန်း ၊တိုင်းဗဟို(၉) ပတ်ဝန်းကျင်များ နှင့် အခြားနေရာအချို့အားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကိုဆက်တိုက်ပြုလုပ်နေခဲ့သည်။
 

 
ဘူးသီးတောင်၊ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများရှိခဲ့သည်။ ရန်သူသည် စစ်အင်အား၊ လက်နက်ခဲယမ်းများကို ရခိုင်တပြည်လုံးအနှံ့ဖြည့်တင်းနေသောကြောင့်တိုက်ပွဲများမှာဆက်လက်ပြင်းထန်လာဖွယ်ရှိသည်။
 

 
(၁) မတ်လ(၂၄)ရက်၊ နံနက်(၇) နာရီ(၂၄) မိနစ်တွင်ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအရှေ့ ဖက်(၃.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၉) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့သေနတ်(၄) လက်ကို သိမ်းဆည်းရမိခဲ့သည်။
 

 

 
(၂) မတ်လ(၂၄) ရက်၊ နေ့လယ်(၁၂) နာရီ(၃၀) မိနစ် မင်းပြားမြို့နယ်၊ မေလွန်းရွာအရှေ့မြောက်ဘက် (၄) ကီလိုမီတာအကွာအဝေးရှိတောင်ကြော (တိုင်း ဗဟို(၉) အနီး) ၌ နာရီဝက်ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဤတိုက်ခိုက်မှုအတွင်း၌လည်း ရန်သူ(၃) ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
 

 
(၃) မီးဝဗျူဟာကုန်းမှ (၃) ကီလိုမီတာကွာဝေးသောနေရာ၌လည်း ထိတွေ့မှုများဆက်လက်ရှိနေခဲ့သည်။ ရန်သူသည် ရှေ့ဆက်မတိုးလာ၍တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ဂျက်တိုက်လေယာဉ်(၁) စီးဖြင့် တစ်နာရီကျော်ကြာ တစ်စီးပြီးတစ်စီးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
 

 
(၄) ထို့အတူ မင်းပြားမြို့နယ်၊ ကမ်းနီ၌တည်ရှိသော အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း(တန်းမြင့်လေ့ကျင့်ရေးကျောင်း) အနီးပတ်ဝန်းကျင်များသို့လည်း လေကြောင်းမှ တစ်နာရီကျော်ကြာဗုံးကြဲတိုက်ခိုက်ခဲ့သည်။
 

 
(၅) မြေပုံမြို့နယ်၊ အမ်းမြို့နယ်ဖက်တွင်လည်း လက်နက်ကြီးများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို မတ်(၂၄/၂၅) ရက်နေ့များ၌တောက်လျှောက်ပြုလုပ်နေခဲ့သည်။
 

 
(၆) မတ်လ(၂၅)၊ နေ့လယ်(၁) နာရီ (၂၂)မိနစ်တွင်ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအရှေ့ ဖက်(၃.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယမန်နေ့ကလည်း ဤနေရာပတ်ဝန်းကျင်၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့၌ဒုတိယနေ့ရက်ဆက်တိုက်ပွဲအဖြစ်ထပ်မံဖြစ်ပွားခဲ့ကာ ရန်သူအချို့ ထပ်မံထိခိုက်သေဆုံးမှုများရှိခဲ့သည်။
 

 
ရန်သူ့လက်နက်ကြီးကျည်ဆံ နှင့် ရန်သူ၏လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုကြောင်အချို့မှာကျေးရွာများအတွင်းကျရောက်ပေါက်ကွဲ၍ အရပ်သား(၁၆) ဦးထိခိုက်ဒဏ်ရာရရှိပြီးသေဆုံးသူလည်းရှိခဲ့သည်။
 

 
မတ်လ(၂၄/၂၅) ရက်တိုက်ပွဲများအတွင်းတိုက်ပွဲများအတွင်းအာရက္ခစစ်သည်တော်အချို့ အသက်၊ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ရသည်။သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအားလေးလေးနက်နက်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
 

 
သတင်းနှင့်ပြန်ကြားရေး
 
ရက္ခိုင့်တပ်တော်

    952
    7