Jul 22, 2020

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၀/၂၁/၂၂)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၀/၂၁/၂၂)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား
 

 
၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၂)ရက္


 

 

#Zawgyi


 
ျမန္မာ့တပ္မေတာ္သည္လက္နက္ႀကီး၊ ေလေၾကာင္းပစ္ကူ၊ စစ္အင္အားအလုံးအရင္းမ်ားျဖင့္ ရခိုင္ျပည္၊ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္( ေအာင္သာေဇ) ပတ္ဝန္းက်င္ရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအား၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၆) ရက္ေန႔မွစတင္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိသည္။
 

 
ဇူလိုင္လ(၂၀/၂၁/၂၂) ရက္ေန႔မ်ား၌ ျမန္မာ့တပ္မေတာ္သည္ ေျမျပင္မွထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားထက္ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ျခင္းကိုသာအဓိကျပဳလုပ္ေနခဲ့သည္။ ရံဖန္ရံခါ ေျမျပင္မွထိုးစစ္ျပဳလုပ္ရန္ႀကိဳးစားေသာ္လည္း ရကၡိဳင့္တပ္ေတာ္မွ အေကာင္းဆံုးခုခံႏိုင္ခဲ့ေသာေၾကာင့္ရန္သူသည္ေရွ႕ဆက္မတိုးႏိုင္ဘဲတပ္လန္လ်က္ရွိသည္။
 

 
တစ္ပတ္တာကာလျမန္မာ့တပ္မေတာ္၏ ရက္ဆက္ထိုးစစ္မ်ားအတြင္း ျမန္မာ့တပ္မေတာ္ဖက္မွအထိအခိုက္အက်အဆံုးမ်ားျခင္း၊ တိုက္လိုခိုက္လိုစိတ္မရွိျခင္းတို႔ႏွင့္အတူ ထြက္ေျပးသူ ျမန္မာ့တပ္မေတာ္သားအေရအတြက္မ်ားမွာလည္းပိုမိုမ်ားျပားလ်က္ရွိသည္။ ေက်ာက္တန္းရြာနယ္ေျမရွင္းလင္းေရးတစ္ပတ္တာအတြင္း ျမန္မာ့တပ္မေတာ္ဖက္မွ (၅၀) ထက္မနည္းေသဆံုးခဲ့ၿပီးျဖစ္သည္။


 

 
တၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္သည္လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္သာမက ရခိုင္ႏွင့္အျခားစစ္ေျမျပင္မ်ားတြင္မသံုးဖူးေသးေသာ လက္နက္ပစၥည္းမ်ားကိုသံုးစြဲကာရေသ့ေတာင္(ေက်ာက္တန္း)၊ မင္းျပား( ဖားၿပိဳ) ပတ္ဝန္းက်င္မ်ား၌ ႀကီးမားေသာထိုးစစ္မ်ားကို ျမန္မာ့တပ္မေတာ္မွ အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္လ်က္ရွိသည္။ ရန္သူ႔ထိုးစစ္အားမိမိတို႔မွအေကာင္းဆံုးတု႔ံျပန္ႏိုင္ခဲ့သည့္အျပင္ ရန္သူအေလာင္းအခိ်ဳ႕ႏွင့္လက္နက္ခဲယမ္းအခိ်ဳ႕ကိုလည္းမိမိတို႔သိမ္းဆည္းရမိခဲ့သည္။
 

 
၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၀) ရက္၊ ညေန(၉) နာရီခန္႔တြင္ ရခိုင္ျပည္အႏွံ႔၊ လွည့္လည္ေသာင္းက်န္းခဲ့ၿပီး ေဒသခံျပည္သူလူထုမ်ားကို လက္ရဲဇက္ရဲသတ္ျဖတ္ေနေသာျမန္မာ့တပ္မေတာ္၏စစ္ရာဇဝတ္ေကာင္မ်ားပါဝင္သည့္ စစ္ကား(၅) စီးပါ စစ္ယာဥ္တန္း ႏွင့္ ရကၡိဳင့္တပ္ေတာ္၊ လႈပ္ရွားစစ္ေၾကာင္းတို႔သည္ မင္းျပားၿမိဳ႕၊ ဖားၿပိဳ(ခ်င္း) ႏွင့္ ဖားၿပိဳ( ရခိုင္)ရြာအနီးရန္ကုန္-စစ္ေတြ ကားလမ္းမထက္၌လည္းေကာင္း၊ အျခားေနရာ(၃) ေနရာ၌ ရန္သူ႔စစ္ကူတပ္မ်ားႏွင့္လည္းေကာင္းတိုက္ပြဲမ်ားတစ္ညလံုးေတာက္ေလ်ာက္ျဖစ္ပြားခဲ့သည္။
 

 
ရန္သူ႔စစ္ကား(၅) စီးထဲမွ (၂) စီးအား ရကၡိဳင့္တပ္ေတာ္မွအလံုးစံုထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့သည္။ အျခားေသာကား(၃) စီးကိုလည္း အလံုးစံုမဟုတ္သည့္တိုင္ ထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့သည္။ ဖမ္းဆီးရမိေသာသံု႔ပန္းမ်ားႏွင့္ မိမိတို႔အာရကၡစစ္သည္ေတာ္မ်ား၏ေျပာၾကားခ်က္အရ စစ္ရာဇဝတ္ေကာင္အနည္းဆံုး(၅၀) ခန္႔ေသဆံုးႏိုင္ၿပီး ဒဏ္ရာအေျမာက္အျမားရရွိသူမ်ားလည္း(၂၀) ေက်ာ္ထပ္မံရွိနိုင္သည္။ ရန္သူ႔စစ္ကားမ်ားထဲမွ စစ္အသံုးအေဆာင္ပစၥည္းမ်ား၊ လက္နက္ခဲယမ္းမ်ားကိုသိမ္းဆည္းရမိခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡစစ္သည္ေတာ္အခိ်ဳ႕ တိုင္းျပည္ႏွင့္လူမိ်ဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။


 

 

 
ျမန္မာ့တပ္မေတာ္သည္စစ္အင္အား၊ လက္နက္အင္အားမ်ားကို တိုက္ပြဲျဖစ္ပြားရာေနရာမ်ားသို႔ထပ္မံျဖည့္တင္းေနေသာေၾကာင့္ ဇူလိုင္(၂၁/၂၂) ရက္ေန႔၌လည္း ဖားၿပိဳရြာ၊ ေျမာက္ဖက္ ႏွင့္အေရွ႕ဖက္ေတာင္တန္း၌တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ခဲ့သည္။ ရန္သူ႔ဖက္မွ ထိခိုက္က်ဆံုးသူမ်ားဆက္လက္ရွိခဲ့သည္။
 

 
ျမန္မာ့တပ္မေတာ္သည္ ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ မင္းျပားၿမိဳ႕နယ္အတြင္း အထိနာေနေသာေၾကာင့္၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၁) ရက္၊ ညေန(၅) နာရီ(၁၀) မိနစ္ ႏွင့္ (၆) နာရီ(၁၀) မိနစ္အၾကားတြင္ ေက်ာက္ျဖဴၿမိဳ႕၊ သစ္ပုတ္ေတာင္ေရတပ္စခန္းမွ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲလက္နက္ႀကီးမ်ားျဖင့္ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ခဲ့၍ ေစေမာ္ရြာ၊ စစ္ေတာရြာ ၊ ၾကံခိ်ဳင္ရြာပတ္ဝန္းက်င္မ်ား၌က်ေရာက္ေပါက္ကြဲခဲ့သည္။ ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးက်ည္အခိ်ဳ႕သည္ ေက်ာက္ျဖဴ- ယူနန္ဂစ္ပိုက္လိုင္းအနီးက်ေရာက္ေပါက္ကြဲခဲ့သည္။
 

 
အလားတူ ပစ္ခတ္တိုက္ခိုက္ခဲ့မႈမိ်ဳးကို ျမန္မာ့တပ္မေတာ္သည္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၃၀) ရက္ေန႔တြင္ ပ်ားတဲရြာ အနီး၌ျပဳလုပ္ခဲ့သည္။ ၎ေန႔ရက္၌လည္း ပ်ားတဲရြာအား ျမန္မာ့တပ္မေတာ္သည္ရြာထိပ္ႏွစ္ဖက္စလံုးမွပိတ္၍ ရြာသူရြာသားမ်ားအား လက္နက္ျဖင့္ၿခိမ္းေျခာက္ရံုသာမက ရြာထဲ၌ ေသနတ္မ်ားပစ္ခတ္ခဲ့သည္။
 

 
မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားမျဖစ္ပြားရေအာင္ ထိန္းထိန္းသိမ္းသိမ္းေနေသာ္လည္း ျမန္မာ့တပ္မေတာ္မွ ယခုကဲ့သို႔ ထိုးစစ္မ်ားကိုေနရာအႏွံ႔အရွိန္အဟုန္ျမႇင့္ဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ယခုကဲ့သို႔ တိုက္ပြဲမ်ား ျပင္းထန္လာရျခင္းျဖစ္သည္။
 

 
သတင္းႏွင့္ျပန္ၾကားေရး
 
ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၀/၂၁/၂၂)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက်

မြန်မာ့တပ်မတော်သည်လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအား၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဇူလိုင်လ(၂၀/၂၁/၂၂) ရက်နေ့များ၌ မြန်မာ့တပ်မတော်သည် မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်မှုများထက် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကိုသာအဓိကပြုလုပ်နေခဲ့သည်။ ရံဖန်ရံခါ မြေပြင်မှထိုးစစ်ပြုလုပ်ရန်ကြိုးစားသော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံနိုင်ခဲ့သောကြောင့်ရန်သူသည်ရှေ့ဆက်မတိုးနိုင်ဘဲတပ်လန်လျက်ရှိသည်။

တစ်ပတ်တာကာလမြန်မာ့တပ်မတော်၏ ရက်ဆက်ထိုးစစ်များအတွင်း မြန်မာ့တပ်မတော်ဖက်မှအထိအခိုက်အကျအဆုံးများခြင်း၊ တိုက်လိုခိုက်လိုစိတ်မရှိခြင်းတို့နှင့်အတူ ထွက်ပြေးသူ မြန်မာ့တပ်မတော်သားအရေအတွက်များမှာလည်းပိုမိုများပြားလျက်ရှိသည်။ ကျောက်တန်းရွာနယ်မြေရှင်းလင်းရေးတစ်ပတ်တာအတွင်း မြန်မာ့တပ်မတော်ဖက်မှ (၅၀) ထက်မနည်းသေဆုံးခဲ့ပြီးဖြစ်သည်။

တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်သာမက ရခိုင်နှင့်အခြားစစ်မြေပြင်များတွင်မသုံးဖူးသေးသော လက်နက်ပစ္စည်းများကိုသုံးစွဲကာရသေ့တောင်(ကျောက်တန်း)၊ မင်းပြား( ဖားပြို) ပတ်ဝန်းကျင်များ၌ ကြီးမားသောထိုးစစ်များကို မြန်မာ့တပ်မတော်မှ အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ရန်သူ့ထိုးစစ်အားမိမိတို့မှအကောင်းဆုံးတု့ံပြန်နိုင်ခဲ့သည့်အပြင် ရန်သူအလောင်းအချို့နှင့်လက်နက်ခဲယမ်းအချို့ကိုလည်းမိမိတို့သိမ်းဆည်းရမိခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၀) ရက်၊ ညနေ(၉) နာရီခန့်တွင် ရခိုင်ပြည်အနှံ့၊ လှည့်လည်သောင်းကျန်းခဲ့ပြီး ဒေသခံပြည်သူလူထုများကို လက်ရဲဇက်ရဲသတ်ဖြတ်နေသောမြန်မာ့တပ်မတော်၏စစ်ရာဇဝတ်ကောင်များပါဝင်သည့် စစ်ကား(၅) စီးပါ စစ်ယာဉ်တန်း နှင့် ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်းတို့သည် မင်းပြားမြို့၊ ဖားပြို(ချင်း) နှင့် ဖားပြို( ရခိုင်)ရွာအနီးရန်ကုန်-စစ်တွေ ကားလမ်းမထက်၌လည်းကောင်း၊ အခြားနေရာ(၃) နေရာ၌ ရန်သူ့စစ်ကူတပ်များနှင့်လည်းကောင်းတိုက်ပွဲများတစ်ညလုံးတောက်လျောက်ဖြစ်ပွားခဲ့သည်။

ရန်သူ့စစ်ကား(၅) စီးထဲမှ (၂) စီးအား ရက္ခိုင့်တပ်တော်မှအလုံးစုံထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ အခြားသောကား(၃) စီးကိုလည်း အလုံးစုံမဟုတ်သည့်တိုင် ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ ဖမ်းဆီးရမိသောသုံ့ပန်းများနှင့် မိမိတို့အာရက္ခစစ်သည်တော်များ၏ပြောကြားချက်အရ စစ်ရာဇဝတ်ကောင်အနည်းဆုံး(၅၀) ခန့်သေဆုံးနိုင်ပြီး ဒဏ်ရာအမြောက်အမြားရရှိသူများလည်း(၂၀) ကျော်ထပ်မံရှိနိုင်သည်။ ရန်သူ့စစ်ကားများထဲမှ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

မြန်မာ့တပ်မတော်သည်စစ်အင်အား၊ လက်နက်အင်အားများကို တိုက်ပွဲဖြစ်ပွားရာနေရာများသို့ထပ်မံဖြည့်တင်းနေသောကြောင့် ဇူလိုင်(၂၁/၂၂) ရက်နေ့၌လည်း ဖားပြိုရွာ၊ မြောက်ဖက် နှင့်အရှေ့ဖက်တောင်တန်း၌တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးသူများဆက်လက်ရှိခဲ့သည်။

မြန်မာ့တပ်မတော်သည် ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်အတွင်း အထိနာနေသောကြောင့်၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၁) ရက်၊ ညနေ(၅) နာရီ(၁၀) မိနစ် နှင့် (၆) နာရီ(၁၀) မိနစ်အကြားတွင် ကျောက်ဖြူမြို့၊ သစ်ပုတ်တောင်ရေတပ်စခန်းမှ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့၍ စေမော်ရွာ၊ စစ်တောရွာ ၊ ကြံချိုင်ရွာပတ်ဝန်းကျင်များ၌ကျရောက်ပေါက်ကွဲခဲ့သည်။ မြန်မာ့တပ်မတော်၏လက်နက်ကြီးကျည်အချို့သည် ကျောက်ဖြူ- ယူနန်ဂစ်ပိုက်လိုင်းအနီးကျရောက်ပေါက်ကွဲခဲ့သည်။

အလားတူ ပစ်ခတ်တိုက်ခိုက်ခဲ့မှုမျိုးကို မြန်မာ့တပ်မတော်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၃၀) ရက်နေ့တွင် ပျားတဲရွာ အနီး၌ပြုလုပ်ခဲ့သည်။ ၎င်းနေ့ရက်၌လည်း ပျားတဲရွာအား မြန်မာ့တပ်မတော်သည်ရွာထိပ်နှစ်ဖက်စလုံးမှပိတ်၍ ရွာသူရွာသားများအား လက်နက်ဖြင့်ခြိမ်းခြောက်ရုံသာမက ရွာထဲ၌ သေနတ်များပစ်ခတ်ခဲ့သည်။

မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကိုနေရာအနှံ့အရှိန်အဟုန်မြှင့်ဆက်လက်ပြုလုပ်နေသောကြောင့်ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    1487
    14