Jul 19, 2020

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၉)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

Updated: Jul 21, 2020

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၉)ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၉) ရက္

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၆) ရက္ေန႔မွစတင္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းရွိ ရကၡိဳင့္တပ္ေတာ္တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာမ်ားသို႔ ျမန္မာ့တပ္မေတာ္သည္လက္နက္ႀကီး၊ ေလေၾကာင္းပစ္ကူ၊ စစ္အင္အားအလုံးအရင္းမ်ားျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို စတင္ျပဳလုပ္ခဲ့သည္။ကို႐ိုနာကူးစက္ေရာဂါ တားဆီးေရး၊ ထိန္းခ်ဳပ္ေရး ႏွင့္ တိုက္ဖ်က္ေရးကာလ၊ ရကၡိဳင့္တပ္ေတာ္မွ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲထားသည့္ကာလ မ်ားကိုအခြင့္ေကာင္းယူၿပီး ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားအား ျမန္မာ့တပ္မေတာ္သည္ေက်ာက္တန္းရြာပတ္ဝန္း၌ဆက္လက္ျပဳလုပ္ေနခဲ့သည္။

ရခိုင္ျပည္၊ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္( ေအာင္သာေဇ) ပတ္ဝန္းက်င္ရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအားထိုးစစ္ဆင္တိုက္ခိုက္ေနခဲ့သည္မွာ ဇူလိုင္လ(၁၉) ရက္ေန႔ဆိုလွ်င္ေလးရက္ေျမာက္သို႔ေရာက္ခဲ့ၿပီျဖစ္သည္။

ထို႔အတူ ရန္သူသည္စစ္အင္အား၊ လက္နက္အင္အားမ်ားကို ေနရာအႏွံ႔ထပ္မံျဖည့္တင္းေနေသာေၾကာင့္ မင္းျပားၿမိဳ႕နယ္၊ ေခါင္းေလာင္းေခ်ာင္းရြာေျမာက္ဖက္(၁.၂) ကီလိုမီတာအကြာအေဝး၌ ေရလမ္းမွ စစ္အင္အားျဖည့္တင္းေနေသာ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ နံနက္(၁၁) နာရီ(၀၇) မိနစ္၌ မိနစ္အနည္းငယ္ၾကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။ သို႔ေသာ္လည္းရန္သူသည္ အခ်ိန္အၾကာႀကီး လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ တစ္နာရီနီးပါးၾကာ ေနရာအႏွံ့ရမ္းသန္းပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ယေန႔တိုက္ပြဲမ်ားအတြင္း၌လည္း ရန္သူ(၁၅) ဦးခန္႔အားရကၡိဳင့္တပ္ေတာ္မွ သုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။

မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားမျဖစ္ပြားရေအာင္ ထိန္းထိန္းသိမ္းသိမ္းေနေသာ္လည္း ျမန္မာ့တပ္မေတာ္မွ ယခုကဲ့သို႔ ထိုးစစ္မ်ားကိုဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ တိုက္ပြဲေနာက္ဆက္တြဲ ႏွင့္ ျဖစ္လာမည့္ အက်ိဳးဆက္မွာ ျမန္မာ့တပ္မေတာ္၏တာဝန္သာျဖစ္ေၾကာင္းသိေစအပ္သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့မှစတင်ပြီး ရသေ့တောင်မြို့နယ်အတွင်းရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာနေရာများသို့ မြန်မာ့တပ်မတော်သည်လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ကိုရိုနာကူးစက်ရောဂါ တားဆီးရေး၊ ထိန်းချုပ်ရေး နှင့် တိုက်ဖျက်ရေးကာလ၊ ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်ကာလ များကိုအခွင့်ကောင်းယူပြီး ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများအား မြန်မာ့တပ်မတော်သည်ကျောက်တန်းရွာပတ်ဝန်း၌ဆက်လက်ပြုလုပ်နေခဲ့သည်။

ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအားထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ဇူလိုင်လ(၁၉) ရက်နေ့ဆိုလျှင်လေးရက်မြောက်သို့ရောက်ခဲ့ပြီဖြစ်သည်။

ထို့အတူ ရန်သူသည်စစ်အင်အား၊ လက်နက်အင်အားများကို နေရာအနှံ့ထပ်မံဖြည့်တင်းနေသောကြောင့် မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာမြောက်ဖက်(၁.၂) ကီလိုမီတာအကွာအဝေး၌ ရေလမ်းမှ စစ်အင်အားဖြည့်တင်းနေသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် နံနက်(၁၁) နာရီ(၀၇) မိနစ်၌ မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ သို့သော်လည်းရန်သူသည် အချိန်အကြာကြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီနီးပါးကြာ နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့တိုက်ပွဲများအတွင်း၌လည်း ရန်သူ(၁၅) ဦးခန့်အားရက္ခိုင့်တပ်တော်မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကိုဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲနောက်ဆက်တွဲ နှင့် ဖြစ်လာမည့် အကျိုးဆက်မှာ မြန်မာ့တပ်မတော်၏တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    933
    15