Jul 18, 2020

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၆/၁၇/၁၈) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၆/၁၇/၁၈) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၈) ရက္

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၆) ရက္ေန႔မွစတင္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းရွိ ရကၡိဳင့္တပ္ေတာ္တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာမ်ားသို႔ ျမန္မာ့တပ္မေတာ္သည္လက္နက္ႀကီး၊ ေလေၾကာင္းပစ္ကူ၊ စစ္အင္အားအလုံးအရင္းမ်ားျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို စတင္ျပဳလုပ္ခဲ့သည္။ကို႐ိုနာကူးစက္ေရာဂါ တားဆီးေရး၊ ထိန္းခ်ဳပ္ေရး ႏွင့္ တိုက္ဖ်က္ေရးကာလ၊ ရကၡိဳင့္တပ္ေတာ္မွ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲထားသည့္ကာလမ်ားကိုအခြင့္ေကာင္းယူၿပီး ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားအား ျမန္မာ့တပ္မေတာ္သည္ ေက်ာက္တန္းရြာပတ္ဝန္း၌ျပဳလုပ္ခဲ့သည္။

ရခိုင္ျပည္၊ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္( ေအာင္သာေဇ) ပတ္ဝန္းက်င္ရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအားထိုးစစ္ဆင္တိုက္ခိုက္ေနခဲ့သည္မွာ ဇူလိုင္လ(၁၈) ရက္ေန႔ဆိုလွ်င္သံုးရက္ေျမာက္သို႔ေရာက္ခဲ့ၿပီျဖစ္သည္။ သံုးရက္အတြင္းရန္သူသည္ လက္နက္ႀကီးမ်ားျဖင့္ေန႔တိုင္း မရပ္မနားေတာက္ေလ်ာက္ (တေန႔လံုး)ပစ္ခတ္ တိုက္ခိုက္ေနခဲ့သည္။

ရေသ့ေတာင္အေျခစိုက္တပ္ရင္းမ်ား၊ စစ္ဆင္ေရးစစ္ေၾကာင္းမ်ားမွစုျပံဳပစ္ခတ္တိုက္ခိုက္ခဲ့သည္။ဇူလိုင္လ(၁၆) ရက္ေန႔၌ ရန္သူသည္ရဟတ္ယာဥ္မ်ားသံုးစြဲ၍တိုက္ခိုက္ခဲ့သည္။ ရန္သူ႔ရဟတ္ယာဥ္အား အလံုးစံုပ်က္စီးေအာင္မျပဳလုပ္ႏိုင္ခဲ့ေသာ္လည္း ထိမွန္ေအာင္ပစ္ခတ္တိုက္ခိုက္ႏိုင္ခဲ့သည္။

ရန္သူသည္ လက္နက္ႀကီးမ်ားအား မရပ္မနားပစ္ခတ္တိုက္ခိုက္ၿပီး ထိုးစစ္ျပဳလုပ္ေနခဲ့ေသာ္လည္း အာရကၡစစ္သည္ေတာ္မ်ားမွ အေကာင္းဆံုးခုခံတိုက္ခိုက္ႏိုင္ခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ ၎တို႔၏သံုးရက္တာထိုးစစ္အတြင္း (၂၀) ေက်ာ္ေသဆံုးခဲ့ၿပီး ဒဏ္ရာအမ်ားအျပားရရရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡစစ္သည္အခိ်ဳ႕ တိုင္းျပည္ႏွင့္လူမိ်ဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။ တိုက္ပြဲအတြင္း ထူးခြ်န္ေျပာင္ေျမာက္စြာတိုက္ပြဲဝင္ႏိုင္ၾကေသာ အာရကၡစစ္သည္ေတာ္မ်ားအား ေလးနက္စြာမွတ္တမ္းတင္ဂုဏ္ျပဳအပ္သည္။

ထို႔အတူ ရန္သူသည္စစ္အင္အား၊ လက္နက္အင္အားမ်ားကို ထပ္မံျဖည့္တင္းေနေသာေၾကာင့္ ေနာက္ေန႔မ်ား၌တိုက္ပြဲမ်ားမွာ ယခုထက္ပိုမိုျပင္းထန္လာႏိုင္သည့္အျပင္ တိုက္ပြဲမ်ားပိုမိုမ်ားျပားလာႏိုင္ဖြယ္ရွိသည္။

မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားမျဖစ္ပြားရေအာင္ ထိန္းထိန္းသိမ္းသိမ္းေနေသာ္လည္း ျမန္မာ့တပ္မေတာ္မွ ယခုကဲ့သို႔ ထိုးစစ္မ်ားကိုဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ တိုက္ပြဲေနာက္ဆက္တြဲ ႏွင့္ ျဖစ္လာမည့္ အကိ်ဳးဆက္မွာ ျမန္မာ့တက္မေတာ္၏တာဝန္သာျဖစ္ေၾကာင္းသိေစအပ္သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆/၁၇/၁၈) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၈) ရက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့မှစတင်ပြီး ရသေ့တောင်မြို့နယ်အတွင်းရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာနေရာများသို့ မြန်မာ့တပ်မတော်သည်လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ကိုရိုနာကူးစက်ရောဂါ တားဆီးရေး၊ ထိန်းချုပ်ရေး နှင့် တိုက်ဖျက်ရေးကာလ၊ ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်ကာလများကိုအခွင့်ကောင်းယူပြီး ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများအား မြန်မာ့တပ်မတော်သည် ကျောက်တန်းရွာပတ်ဝန်း၌ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအားထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ဇူလိုင်လ(၁၈) ရက်နေ့ဆိုလျှင်သုံးရက်မြောက်သို့ရောက်ခဲ့ပြီဖြစ်သည်။ သုံးရက်အတွင်းရန်သူသည် လက်နက်ကြီးများဖြင့်နေ့တိုင်း မရပ်မနားတောက်လျောက် (တနေ့လုံး)ပစ်ခတ် တိုက်ခိုက်နေခဲ့သည်။

ရသေ့တောင်အခြေစိုက်တပ်ရင်းများ၊ စစ်ဆင်ရေးစစ်ကြောင်းများမှစုပြုံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ဇူလိုင်လ(၁၆) ရက်နေ့၌ ရန်သူသည်ရဟတ်ယာဉ်များသုံးစွဲ၍တိုက်ခိုက်ခဲ့သည်။ ရန်သူ့ရဟတ်ယာဉ်အား အလုံးစုံပျက်စီးအောင်မပြုလုပ်နိုင်ခဲ့သော်လည်း ထိမှန်အောင်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်။

ရန်သူသည် လက်နက်ကြီးများအား မရပ်မနားပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ပြုလုပ်နေခဲ့သော်လည်း အာရက္ခစစ်သည်တော်များမှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ မြန်မာ့တပ်မတော်သည် ၎င်းတို့၏သုံးရက်တာထိုးစစ်အတွင်း (၂၀) ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်သည်။

ထို့အတူ ရန်သူသည်စစ်အင်အား၊ လက်နက်အင်အားများကို ထပ်မံဖြည့်တင်းနေသောကြောင့် နောက်နေ့များ၌တိုက်ပွဲများမှာ ယခုထက်ပိုမိုပြင်းထန်လာနိုင်သည့်အပြင် တိုက်ပွဲများပိုမိုများပြားလာနိုင်ဖွယ်ရှိသည်။

မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကိုဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲနောက်ဆက်တွဲ နှင့် ဖြစ်လာမည့် အကျိုးဆက်မှာ မြန်မာ့တက်မတော်၏တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    640
    8