Oct 14, 2020

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း

#ZawgyiOne

(နည္းဗ်ဴဟာလိုအပ္ခ်က္အရ မိမိတို႔၏စခန္းငယ္တစ္ခုအား ေနရာေ႐ႊ႕ေျပာင္းလုပ္ေဆာင္ခဲ့)

ျမန္မာ့တပ္မေတာ္(ေခၚ) လူမ်ိဳးေရးအစြန္းေရာက္ နယ္ခ်ဲ႕ဖက္ဆစ္က်ဴးေက်ာ္တပ္ဖြဲ႕ သည္ ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္း႐ြာပတ္ဝန္းက်င္မ်ား၌ ၾကည္း၊ ေရ၊ ေလ ပူးတြဲစစ္ဆင္ေရးတစ္ရပ္အား ကမာၻ႔ကပ္ေရာဂါကာလအတြင္း၌ မရပ္မတန႔္ဘဲ အရွိန္အဟုန္ျမႇင့္ ဆက္တိုက္ျပဳလုပ္ေနခဲ့သည္မွာ ေလးလေက်ာ္ခဲ့ၿပီျဖစ္သည္။ အထူးသျဖင့္ ေအာင္သာစည္၊ ထီးစြဲ ႐ြာအနီးပတ္ဝန္းက်င္ရွိ မိမိတို႔အား ႀကီးမားျပင္းထန္ေသာ လခ်ီၾကာျမင့္ေသာ ထိုးစစ္မ်ားကို ဆက္လက္ျပဳလုပ္ေနျခင္းျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၁၃) ရက္ေန႔၌လည္း ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္ေက်း႐ြာ၏ အေနာက္ေတာင္ဖက္ မီတာ (၇၀၀) ခန႔္ (သို႔မဟုတ္)ထီးစြဲေက်း႐ြာ၏ အေရွ႕ေတာင္ဖက္ မီတာ (၁၁၀၀) ေက်ာ္ အကြာအေဝး၌ရွိေသာ မိမိတို႔၏ စခန္းငယ္တစ္ခုအား ဖက္ဆစ္နယ္ခ်ဲ႕ ျမန္မာ့တပ္မေတာ္သည္ နံနက္ (၆) နာရီခန႔္မွ စတင္ၿပီး လက္နက္ႀကီး၊ ေလေၾကာင္း၊ ေရေၾကာင္းပစ္ကူမ်ားအျပင္ စစ္သုံး (တိုက္ခိုက္ေရး) ဒ႐ုန္းေပၚမွပါ ဗုံးႀကဲခ်လ်က္ အဆိုပါေနရာအား အျပင္းအထန္ထိုးစစ္ဆင္တိုက္ခိုက္ေနျခင္းျဖစ္သည္။

ျမန္မာ့တပ္မေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္ေနေသာေနရာမွာ ေအာက္တိုဘာလ (၃) ရက္ေန႔တြင္ မိမိတို႔ေခတၱေနရာေ႐ႊ႕ခဲ့ရၿပီး ေအာက္တိုဘာလ (၄) ရက္ေန႔တြင္ ရန္သူ႔ထံမွ ျပန္လည္သိမ္းပိုက္ ရယူထားေသာစခန္းငယ္ျဖစ္သည္။

ရန္သူသည္ အဆိုပါစခန္းအား ေအာက္တိုဘာ (၅) ရက္ေန႔ကတည္းကပင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေန႔တိုင္းပစ္ခတ္တိုက္ခိုက္ေနၿပီး ေအာက္တိုဘာလ (၁၃) ရက္ေန႔၌မွ ၾကည္း၊ ေရ၊ ေလ အင္အားအလုံးအရင္းျဖင့္ ထပ္မံထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ဤထိုးစစ္အတြင္း ရန္သူသည္ ေျမျပင္မွအင္အား (၇၀၀) ေက်ာ္အထိ အသုံးျပဳခဲ့သည္။

ဂ်က္တိုက္ေလယာဥ္ (၂) စီးျဖင့္ နံနက္ (၉) နာရီ (၃၀) မိနစ္မွ ညေန (၆) နာရီအတြင္း (၁၅) မိနစ္စီ ေလးႀကိမ္တိုင္ လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့သည္။ ေရတပ္စစ္သေဘၤာမ်ား၊ ဘူးသီးေတာင္ဗ်ဴဟာမွ (MLRS) အတြဲလိုက္ဒုံးမ်ား၊ ရစိုးေခ်ာင္းဗ်ဴဟာမွ လက္နက္ႀကီးပစ္ကူအေျမာက္အျမားျဖင့္ နံနက္ (၆) နာရီမွစတင္ၿပီး တစ္ေန႔လုံး မရပ္မနား ေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ျမန္မာ့တပ္မေတာ္မွ ဤကဲ့သို႔ မရပ္မနားပစ္ခတ္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ ေအာင္သာစည္၊ ထီးစြဲ၊ ေက်ာက္တန္း႐ြာ မွ လူေနအိမ္အခ်ိဳ႕မွာ မီးေလာင္ပ်က္စီးခဲ့ရသည္။ ဤသည္ကို ေဒသခံျပည္သူလူထုမ်ားအသိပင္ျဖစ္သည္။

ဤကဲ့သို႔ အင္အားအလုံးအရင္း၊ လက္နက္ႀကီးပစ္ကူစုၿပဳံပစ္ခတ္ တိုက္ခိုက္ေနေသာ အဆိုပါေနရာအား မိမိတို႔မွ အထိအခိုက္အနည္းဆုံးျဖင့္ ေနရာေ႐ႊ႕ေျပာင္းခဲ့သည္။

ေအာက္တိုဘာ (၁၃) ရက္၊ ရန္သူ႔ထိုးစစ္အတြင္း အာရကၡစစ္သည္ေတာ္ (၂) ဦး က်ဆုံးခဲ့ျခင္း၊ ထိခိုက္ဒဏ္ရာရသူအခ်ိဳ႕ ရွိခဲ့႐ုံမွလြဲ၍ မိမိတို႔အဖို႔ ႀကီးမားေသာထိခိုက္ဆုံးရႈံးမႈမ်ိဳး မရွိခဲ့ေခ်။ ဖက္ဆစ္နယ္ခ်ဲ႕ ျမန္မာ့တပ္မေတာ္သည္ ၎တို႔၏ ထိုးစစ္အတြင္း အရာရွိစစ္သည္မ်ားအပါအဝင္ (၄၀) ေက်ာ္ထပ္မံေသဆုံးခဲ့သည္။ ရန္သူ၏စစ္သုံး (တိုက္ခိုက္ေရး) ဒ႐ုန္း တစ္စင္းအား ရကၡိဳင့္တပ္ေတာ္မွ ပစ္ခ်ႏိုင္ခဲ့သည္။

မိမိတို႔၏ အဆိုပါလႈပ္ရွားစစ္ေၾကာင္းသည္ နည္းဗ်ဴဟာလိုအပ္ခ်က္အရ ေနရာေ႐ႊ႕ေျပာင္းၿပီး ေနာက္ဆက္လက္ တိုက္ပြဲဝင္လ်က္ရွိသည္။

ထို႔အတူ အျခားတစ္ေနရာျဖစ္ေသာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေျမာက္ေခ်ာင္း ေက်း႐ြာ၏ အေနာက္ေျမာက္ဖက္ မီီတာ (၆၀၀) အကြာအေဝး၌လည္း ျမန္မာ့တပ္မေတာ္ (ေခၚ) ဖက္ဆစ္နယ္ခ်ဲ႕အၾကမ္းဖက္တပ္သည္ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာ ေနရာသို႔ က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ေသာေၾကာင့္ ေအာက္တိုဘာလ (၁၃) ရက္၊ ညေန (၅) နာရီ (၄၄) မိနစ္တြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ မိနစ္ (၃၀) ခန႔္တိုက္ပြဲအတြင္း ရန္သူ (၃) ဦးအား သုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

(နည်းဗျူဟာလိုအပ်ချက်အရ မိမိတို့၏စခန်းငယ်တစ်ခုအား နေရာရွှေ့ပြောင်းလုပ်ဆောင်ခဲ့)

မြန်မာ့တပ်မတော်(ခေါ်) လူမျိုးရေးအစွန်းရောက် နယ်ချဲ့ဖက်ဆစ်ကျူးကျော်တပ်ဖွဲ့ သည် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာပတ်ဝန်းကျင်များ၌ ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေးတစ်ရပ်အား ကမ္ဘာ့ကပ်ရောဂါကာလအတွင်း၌ မရပ်မတန့်ဘဲ အရှိန်အဟုန်မြှင့် ဆက်တိုက်ပြုလုပ်နေခဲ့သည်မှာ လေးလကျော်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် အောင်သာစည်၊ ထီးစွဲ ရွာအနီးပတ်ဝန်းကျင်ရှိ မိမိတို့အား ကြီးမားပြင်းထန်သော လချီကြာမြင့်သော ထိုးစစ်များကို ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၌လည်း ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာ၏ အနောက်တောင်ဖက် မီတာ (၇၀၀) ခန့် (သို့မဟုတ်)ထီးစွဲကျေးရွာ၏ အရှေ့တောင်ဖက် မီတာ (၁၁၀၀) ကျော် အကွာအဝေး၌ရှိသော မိမိတို့၏ စခန်းငယ်တစ်ခုအား ဖက်ဆစ်နယ်ချဲ့ မြန်မာ့တပ်မတော်သည် နံနက် (၆) နာရီခန့်မှ စတင်ပြီး လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းပစ်ကူများအပြင် စစ်သုံး (တိုက်ခိုက်ရေး) ဒရုန်းပေါ်မှပါ ဗုံးကြဲချလျက် အဆိုပါနေရာအား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသောနေရာမှာ အောက်တိုဘာလ (၃) ရက်နေ့တွင် မိမိတို့ခေတ္တနေရာရွှေ့ခဲ့ရပြီး အောက်တိုဘာလ (၄) ရက်နေ့တွင် ရန်သူ့ထံမှ ပြန်လည်သိမ်းပိုက် ရယူထားသောစခန်းငယ်ဖြစ်သည်။

ရန်သူသည် အဆိုပါစခန်းအား အောက်တိုဘာ (၅) ရက်နေ့ကတည်းကပင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့တိုင်းပစ်ခတ်တိုက်ခိုက်နေပြီး အောက်တိုဘာလ (၁၃) ရက်နေ့၌မှ ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤထိုးစစ်အတွင်း ရန်သူသည် မြေပြင်မှအင်အား (၇၀၀) ကျော်အထိ အသုံးပြုခဲ့သည်။

ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် နံနက် (၉) နာရီ (၃၀) မိနစ်မှ ညနေ (၆) နာရီအတွင်း (၁၅) မိနစ်စီ လေးကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရေတပ်စစ်သင်္ဘောများ၊ ဘူးသီးတောင်ဗျူဟာမှ (MLRS) အတွဲလိုက်ဒုံးများ၊ ရစိုးချောင်းဗျူဟာမှ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် နံနက် (၆) နာရီမှစတင်ပြီး တစ်နေ့လုံး မရပ်မနား တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြန်မာ့တပ်မတော်မှ ဤကဲ့သို့ မရပ်မနားပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းရွာ မှ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရသည်။ ဤသည်ကို ဒေသခံပြည်သူလူထုများအသိပင်ဖြစ်သည်။

ဤကဲ့သို့ အင်အားအလုံးအရင်း၊ လက်နက်ကြီးပစ်ကူစုပြုံပစ်ခတ် တိုက်ခိုက်နေသော အဆိုပါနေရာအား မိမိတို့မှ အထိအခိုက်အနည်းဆုံးဖြင့် နေရာရွှေ့ပြောင်းခဲ့သည်။

အောက်တိုဘာ (၁၃) ရက်၊ ရန်သူ့ထိုးစစ်အတွင်း အာရက္ခစစ်သည်တော် (၂) ဦး ကျဆုံးခဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ရုံမှလွဲ၍ မိမိတို့အဖို့ ကြီးမားသောထိခိုက်ဆုံးရှုံးမှုမျိုး မရှိခဲ့ချေ။ ဖက်ဆစ်နယ်ချဲ့ မြန်မာ့တပ်မတော်သည် ၎င်းတို့၏ ထိုးစစ်အတွင်း အရာရှိစစ်သည်များအပါအဝင် (၄၀) ကျော်ထပ်မံသေဆုံးခဲ့သည်။ ရန်သူ၏စစ်သုံး (တိုက်ခိုက်ရေး) ဒရုန်း တစ်စင်းအား ရက္ခိုင့်တပ်တော်မှ ပစ်ချနိုင်ခဲ့သည်။

မိမိတို့၏ အဆိုပါလှုပ်ရှားစစ်ကြောင်းသည် နည်းဗျူဟာလိုအပ်ချက်အရ နေရာရွှေ့ပြောင်းပြီး နောက်ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်။

ထို့အတူ အခြားတစ်နေရာဖြစ်သော ဘူးသီးတောင်မြို့နယ်၊ မြောက်ချောင်း ကျေးရွာ၏ အနောက်မြောက်ဖက် မီတာ (၆၀၀) အကွာအဝေး၌လည်း မြန်မာ့တပ်မတော် (ခေါ်) ဖက်ဆစ်နယ်ချဲ့အကြမ်းဖက်တပ်သည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာ နေရာသို့ ကျူးကျော်ဝင်ရောက်လာခဲ့သောကြောင့် အောက်တိုဘာလ (၁၃) ရက်၊ ညနေ (၅) နာရီ (၄၄) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ် (၃၀) ခန့်တိုက်ပွဲအတွင်း ရန်သူ (၃) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    2445
    20