Jul 8, 2020

၂၀၂၀၊ဇူလိုင္(၆)ရက္ေန႔ထုတ္ျပန္ေသာသတင္းႏွင့္ပတ္သက္၍ULA/AAႏွင့္ပတ္သက္မႈမရွိေၾကာင္းထုတ္ျပန္ေၾကညာခ်က္

#Zawgyi

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္(၆) ရက္ေန႔ထုတ္ျပန္ေသာသတင္းႏွင့္ပတ္သက္၍ ရကၡိဳင္အမိ်ဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္ႏွင့္ "လံုးဝ" ပတ္သက္မႈမရွိေၾကာင္း ထုတ္ျပန္ေၾကညာခ်က္
 

 
၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၉) ရက္
 

 
ျမန္မာ့တပ္မေတာ္၏ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕သည္ " ခြ်တ္ျပင္ေက်းရြာ ႏွင့္ ေမာင္ႏုေက်းရြာျဖစ္စဥ္မ်ားအေပၚ စံုစမ္းစစ္ေဆးေရးခုံရံုးဖြဲ႕စည္းေဆာင္ရြက္သြားမည့္အေၾကာင္းအရာႏွင့္ပတ္သက္၍ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၆) ရက္ေန႔စြဲျဖင့္သတင္းထုတ္ျပန္ခဲ့သည္။
 

 
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ အစပထမထုတ္ျပန္ခဲ့ေသာသတင္းအတိုင္းကိုးကား၍ ျမန္မာအစိုးရပိုင္သတင္းစာႏွစ္ခုျဖစ္ေသာ ျမန္မာ့အလင္း ႏွင့္ ေၾကးမံု သတင္းစာတို႔တြင္ ထပ္ဆင့္ေဖာ္ျပခဲ့ၾကသည္။ သို႔ေသာ္ေနာက္ပိုင္းတြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕သည္ ၎တို႔ထုတ္ျပန္ခ်က္၌ AA ေနရာတြင္ ARSA အားအစားထိုးကာျပန္လည္ျပင္ဆင္၍ သတင္းထုတ္ျပန္ခဲ့သည္။ထို႔အတူ ျမန္မာ့အလင္း ႏွင့္ ေၾကးမံု သတင္းစာတို႔၏၂၀၂၀ ျပည့္ႏွစ္၊ဇူလိုင္လ(၈) ေန႔၌ " ျပင္ဆင္ဖတ္႐ႈပါရန္" ဟူ၍ အမွားျပင္ဆင္ခ်က္အျဖစ္ ထည့္သြင္းေဖာ္ျပခဲ့သည္။
 

 
၎ထုတ္ျပန္ခ်က္သတင္းမွာေအာက္ပါအတိုင္းျဖစ္သည္။
 

 
(၁) ၂၀၁၇ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့သည့္ ရခိုင္ျပည္၊ ဘူးသီးေတာင္၊ေမာင္ေတာေဒသ၌ ARSA အစြန္းေရာက္အၾကမ္းဖက္တိုက္ခိုက္မႈမ်ားႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့သည့္ ခြ်တ္ျပင္ေက်းရြာ ႏွင့္ ေမာင္ႏုေက်းရြာျဖစ္စဥ္မ်ားကို စံုစမ္းစစ္ေဆးေရးခုံရံုး ( Court of Inquiry) ျဖင့္စစ္ေဆးေဆာင္ရြက္မႈမ်ားဆက္လက္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းကို ဇြန္(၂၉) ရက္တြင္ သတင္းထုတ္ျပန္ၿပီးျဖစ္ပါသည္။
 

 
(၂) ၎ခြ်တ္ျပင္ေက်းရြာ ႏွင့္ ေမာင္ႏုေက်းရြာျဖစ္စဥ္မ်ားႏွင့္ပတ္သက္သည့္ ျဖစ္စဥ္၊ ျဖစ္ရပ္အမွန္ေပၚေပါက္ေစေရး လိုအပ္ေသာစံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ရန္အတြက္ေအာက္ပါအဖြဲ႕ဝင္မ်ားပါဝင္သည့္ အထူးစံုစမ္းစစ္ေဆးေရးခုံရံုးအဖြဲ႕ကို ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္(၂) ရက္တြင္ စတင္ဖြဲ႕စည္းခဲ့ေၾကာင္းႏွင့္ လိုအပ္သည့္စစ္ေဆးေဆာင္ရြက္မႈမ်ားဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသတင္းထုတ္ျပန္အပ္ပါသည္။
 

 
(က) ဗိုလ္ခ်ဳပ္ ျမတ္ေက်ာ္ (ဥကၠ႒)
 
(ခ) ဗိုလ္မႉးႀကီး သန္းလိႈင္ (အဖြဲ႕ဝင္)
 
(ဂ) ဗိုလ္မႉးႀကီး သန္းႏိုင္ (အဖြဲ႕ဝင္)
 

 
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕
 

 
အဆိုပါသတင္းႏွင့္ပတ္သက္၍ မိမိတို႔အေနျဖင့္ရွင္းလင္းလိုသည္မွာ-
 

 
(၁) တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕သည္ အစပထမ၌ AA ဟုေရးသားထုတ္ျပန္ခဲ့သည္။ ထို႔ေနာက္မူ AA ေနရာ၌ ARSA အား ျပင္ဆင္၍ေရးသားထုတ္ျပန္ခဲ့သည္။
 

 
(၂) ျမန္မာ့တပ္မေတာ္သည္ ရခိုင္ျပည္၊ ဘူးသီးေတာင္၊ေမာင္ေတာေဒသ၌ မူဆလင္မ်ားအား အစုလိုက္အျပဳံလိုက္သတ္ျဖတ္ခဲ့ေသာခုႏွစ္မွာ ၂၀၁၇ ခုႏွစ္၌ျဖစ္သည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာတရားရံုး၌ အမႈရင္ဆိုင္ေနရသည္။
 

 
(၃) "ရကၡိဳင့္တပ္ေတာ္သည္ ၂၀၁၇ ခုႏွစ္တြင္ ဘူးသီးေတာင္၊ေမာင္ေတာ အပါအဝင္ ျမန္မာ့တပ္မေတာ္မွ စစ္ရာဇဝတ္က်ဴးလြန္ခဲ့ေသာေနရာမ်ား၌ စစ္ေရးလႈပ္ရွားမႈမရွိခဲ့"ဆိုသည္ကို ခြ်တ္ျပင္ေက်းရြာ၊ ေမာင္ႏုေက်းရြာမွ ရြာသူရြာသားမ်ား ႏွင့္ ႏိုင္ငံတကာမွ အသိပင္ျဖစ္ပါသည္။
 

 
(၄) စစ္ရာဇဝတ္အမႈမ်ားကို ေျဗာင္က်က်က်ဴးလြန္ေနေသာ ျမန္မာ့တပ္မေတာ္သည္ မိမိတို႔အဖြဲ႕အစည္း၏အမည္အား ၎တို႔က်ဴးလြန္ထားေသာျဖစ္စဥ္၌ ေရာေႏွာကာထည့္ေရးထားျခင္းမွာ ယုတ္မာပက္စက္ေသာလုပ္ရပ္၊ ႐ိုးသားမႈမရွိေသာလုပ္ရပ္တစ္ခုသာျဖစ္သည္။
 

 
(၅) ျမန္မာ့တပ္မေတာ္မွ ဖြဲ႕စည္းထားေသာ အထူးစံုစမ္းစစ္ေဆးေရးခုံရံုးအဖြဲ႕တြင္ ပါရွိသူမ်ားကိုၾကည့္ျခင္းအားျဖင့္ ၎တို႔က်ဴးလြန္ေသာအမႈကို ၎တို႔ကိုယ္တိုင္တရားသူႀကီးလုပ္ကာ ျပဇာတ္ကေနျခင္းႏွင့္တူေပသည္။ထို႔အတူ ၎တို႔က်ဴးလြန္ထားေသာျပစ္မႈမ်ားကို ဖံုးကြယ္ရန္ႀကိဳးစားျခင္းလည္းျဖစ္သည္။
 

 
(၆) အဆိုပါျဖစ္စဥ္ထဲမွ ျငင္းခ်က္ထုတ္၍မရသည္မ်ားကိုစြဲခ်က္တင္ျခင္း၊ အျပစ္ေလ်ာ့ေပါ့ေအာင္ျပဳလုပ္ျခင္းမ်ားျဖင့္ လူၾကားေကာင္းေအာင္ လိမ္လည္လွည့္ျဖားသည့္ လုပ္ရပ္မ်ားကိုလုပ္ေဆာင္ခဲ့ၾကသည္။
 

 
(၇) ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္သည္ မိမိတို႔အဖြဲ႕အစည္းအား မတရားအသင္း၊ အၾကမ္းဖက္အသင္း အျဖစ္ေၾကညာထားၿပီး ႏိုင္ငံေရးအရတိုက္ခိုက္ျခင္းမွာ အမွန္တရားႏွင့္ ေဝးကြာေစပါသည္။
 

 
(၈) ျမန္မာ့တပ္မေတာ္ ႏွင့္ ျမန္မာအစိုးရတို႔သည္ " ႏိုင္ငံတကာ အၾကမ္းဖက္ဥပေဒ" အားလြဲမွားစြာအသံုးခ်လ်က္ရွိသည္။ ထို႔အျပင္ ႏိုင္ငံတကာမိသားစုမ်ားအား လက္တစ္လံုးျခားအသံုးခ်ၿပီး အစိုးရတစ္ရပ္၏ လုပ္ပိုင္ခြင့္အား လြဲမွားစြာအသုံးျပဳလ်က္ရွိသည္။
 

 

 
အခ်ဳပ္ဆိုေသာ္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ယခုကဲ့သို႔ သတင္းအမွားမ်ားျဖင့္ ထုတ္ျပန္ျခင္းသည္ မိမိတို႔အဖြဲ႕အစည္းအား ႏိုင္ငံတကာမွအထင္အျမင္လြဲမွားေစရန္တမင္တကာရည္ရြယ္ခ်က္ရွိရွိျဖင့္ ႏိုင္ငံေရးအရလုပ္ၾကံတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
 

 
ထို႔ေၾကာင့္တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္(၆) ရက္ေန႔ထုတ္ျပန္ေသာသတင္းႏွင့္ပတ္သက္၍ ရကၡိဳင္အမိ်ဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္ႏွင့္ "လံုးဝ" ပတ္သက္မႈမရွိေၾကာင္း ထုတ္ျပန္ေၾကညာအပ္ပါသည္။
 

 
သတင္းႏွင့္ျပန္ၾကားေရး
 
ရကၡိဳင့္တပ္ေတာ္

#Unicode

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်(၆) ရက်နေ့ထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့် "လုံးဝ" ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၉) ရက်

မြန်မာ့တပ်မတော်၏ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် " ချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းဆောင်ရွက်သွားမည့်အကြောင်းအရာနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၆) ရက်နေ့စွဲဖြင့်သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အစပထမထုတ်ပြန်ခဲ့သောသတင်းအတိုင်းကိုးကား၍ မြန်မာအစိုးရပိုင်သတင်းစာနှစ်ခုဖြစ်သော မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာတို့တွင် ထပ်ဆင့်ဖော်ပြခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် ၎င်းတို့ထုတ်ပြန်ချက်၌ AA နေရာတွင် ARSA အားအစားထိုးကာပြန်လည်ပြင်ဆင်၍ သတင်းထုတ်ပြန်ခဲ့သည်။ထို့အတူ မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာတို့၏၂၀၂၀ ပြည့်နှစ်၊ဇူလိုင်လ(၈) နေ့၌ " ပြင်ဆင်ဖတ်ရှုပါရန်" ဟူ၍ အမှားပြင်ဆင်ချက်အဖြစ် ထည့်သွင်းဖော်ပြခဲ့သည်။

၎င်းထုတ်ပြန်ချက်သတင်းမှာအောက်ပါအတိုင်းဖြစ်သည်။

(၁) ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်၊ ဘူးသီးတောင်၊မောင်တောဒေသ၌ ARSA အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry) ဖြင့်စစ်ဆေးဆောင်ရွက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ဇွန်(၂၉) ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

(၂) ၎င်းချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာဖြစ်စဉ်များနှင့်ပတ်သက်သည့် ဖြစ်စဉ်၊ ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက်အောက်ပါအဖွဲ့ဝင်များပါဝင်သည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်(၂) ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းနှင့် လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

(က) ဗိုလ်ချုပ် မြတ်ကျော် (ဥက္ကဋ္ဌ)

(ခ) ဗိုလ်မှူးကြီး သန်းလှိုင် (အဖွဲ့ဝင်)

(ဂ) ဗိုလ်မှူးကြီး သန်းနိုင် (အဖွဲ့ဝင်)

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

အဆိုပါသတင်းနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်ရှင်းလင်းလိုသည်မှာ-

(၁) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် အစပထမ၌ AA ဟုရေးသားထုတ်ပြန်ခဲ့သည်။ ထို့နောက်မူ AA နေရာ၌ ARSA အား ပြင်ဆင်၍ရေးသားထုတ်ပြန်ခဲ့သည်။

(၂) မြန်မာ့တပ်မတော်သည် ရခိုင်ပြည်၊ ဘူးသီးတောင်၊မောင်တောဒေသ၌ မူဆလင်များအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သောခုနှစ်မှာ ၂၀၁၇ ခုနှစ်၌ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာတရားရုံး၌ အမှုရင်ဆိုင်နေရသည်။

(၃) "ရက္ခိုင့်တပ်တော်သည် ၂၀၁၇ ခုနှစ်တွင် ဘူးသီးတောင်၊မောင်တော အပါအဝင် မြန်မာ့တပ်မတော်မှ စစ်ရာဇဝတ်ကျူးလွန်ခဲ့သောနေရာများ၌ စစ်ရေးလှုပ်ရှားမှုမရှိခဲ့"ဆိုသည်ကို ချွတ်ပြင်ကျေးရွာ၊ မောင်နုကျေးရွာမှ ရွာသူရွာသားများ နှင့် နိုင်ငံတကာမှ အသိပင်ဖြစ်ပါသည်။

(၄) စစ်ရာဇဝတ်အမှုများကို ဗြောင်ကျကျကျူးလွန်နေသော မြန်မာ့တပ်မတော်သည် မိမိတို့အဖွဲ့အစည်း၏အမည်အား ၎င်းတို့ကျူးလွန်ထားသောဖြစ်စဉ်၌ ရောနှောကာထည့်ရေးထားခြင်းမှာ ယုတ်မာပက်စက်သောလုပ်ရပ်၊ ရိုးသားမှုမရှိသောလုပ်ရပ်တစ်ခုသာဖြစ်သည်။

(၅) မြန်မာ့တပ်မတော်မှ ဖွဲ့စည်းထားသော အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့တွင် ပါရှိသူများကိုကြည့်ခြင်းအားဖြင့် ၎င်းတို့ကျူးလွန်သောအမှုကို ၎င်းတို့ကိုယ်တိုင်တရားသူကြီးလုပ်ကာ ပြဇာတ်ကနေခြင်းနှင့်တူပေသည်။ထို့အတူ ၎င်းတို့ကျူးလွန်ထားသောပြစ်မှုများကို ဖုံးကွယ်ရန်ကြိုးစားခြင်းလည်းဖြစ်သည်။

(၆) အဆိုပါဖြစ်စဉ်ထဲမှ ငြင်းချက်ထုတ်၍မရသည်များကိုစွဲချက်တင်ခြင်း၊ အပြစ်လျော့ပေါ့အောင်ပြုလုပ်ခြင်းများဖြင့် လူကြားကောင်းအောင် လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်များကိုလုပ်ဆောင်ခဲ့ကြသည်။

(၇) မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်သည် မိမိတို့အဖွဲ့အစည်းအား မတရားအသင်း၊ အကြမ်းဖက်အသင်း အဖြစ်ကြေညာထားပြီး နိုင်ငံရေးအရတိုက်ခိုက်ခြင်းမှာ အမှန်တရားနှင့် ဝေးကွာစေပါသည်။

(၈) မြန်မာ့တပ်မတော် နှင့် မြန်မာအစိုးရတို့သည် " နိုင်ငံတကာ အကြမ်းဖက်ဥပဒေ" အားလွဲမှားစွာအသုံးချလျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာမိသားစုများအား လက်တစ်လုံးခြားအသုံးချပြီး အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်အား လွဲမှားစွာအသုံးပြုလျက်ရှိသည်။

အချုပ်ဆိုသော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ယခုကဲ့သို့ သတင်းအမှားများဖြင့် ထုတ်ပြန်ခြင်းသည် မိမိတို့အဖွဲ့အစည်းအား နိုင်ငံတကာမှအထင်အမြင်လွဲမှားစေရန်တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအရလုပ်ကြံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်(၆) ရက်နေ့ထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့် "လုံးဝ" ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    475
    6