Aug 30, 2019

၂၀၁၉ ခုနှစ် သြဂုတ်လ(၃၀)ရက်၊ ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ

Updated: Aug 31, 2019

 

 

 

 

 

 

 

 

 

ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့
 

Unicode

ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နှင့်မိမိတို့အကြားတိုက်ပွဲများမှာဆက်လက်ပြင်းထန်နေခဲ့သည်။

(၁) ၂၀၁၉ ခု၊ သြဂုတ်(၃၀) ရက်၊နံနက်(၀၆:၄၀) နာရီအချိန်တွင် ပလက်ဝမြို့နယ်၊ သာယာကိုင်းရွာ၏ အရှေ့မြောက်ဘက် (၄.၂) ကီလိုမီတာအကွာအဝေးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နာရီဝက်ခန့်တိုက်ခိုက်မှုအပြီးတွင် ရန်သူသည်တပ်လန်သွားခဲ့ပြီး နံနက်(၉:၃၀) နာရီအချိန်တွင် ဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်းရန်သူ့ဖက်မှ မျက်မြင်(၆)ဦးသေဆုံးကာဒဏ်ရာရသူအချို့ထပ်မံရှိခဲ့သည်။ယခုတိုက်ပွဲဖြစ်ပွားနေသောနေရာသို့ ရန်သူသည် မီးချောင်းတံတားမှ နေ၍လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) သြဂုတ်(၃၀) ရက်၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်လည်း ပလက်ဝမြို့၏ အရှေ့တောင်ဖက်(၇) ကီလိုမီတာအကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။" စိမ့်စင်းဝရွာ" နှင့် "သူဋ္ဌေးကုန်းရွာ"အကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အင်အား (၂၀၀) ခန့်ရှိသော ရန်သူ့စစ်ကူစစ်ကြောင်းအား ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိနစ်(၂၀) အကြာလျှပ်တပြက်တိုက်ခိုက်မှုအတွင်း ရန်သူ့ဖက်မှ အနည်းဆုံး(၁၀) ဦးခန့်သေဆုံးနိုင်ပြီးဒဏ်ရာရသူများလည်းရှိခဲ့သည်။

ရှမ်းမြောက်ဒေသအတွင်း၌

(၁) သြဂုတ်(၃၀) ရက် နံနက် (၀၉:၄၀) နာရီအချိန်မှ(၁၀:၀၀) နာရီအချိန်အထိ တန်​့ယန်​းမြို့နယ်​၊ လွယ်​လမ်​​တောင်​ကုန်​းတွင်​ ရမခ/ခလရ-(၂၉၁) နှင်​့လည်​း​ကောင်​း

(၂) သြဂုတ်(၃၀) ရက်၊မွန်​းလွဲပိုင်​း(၁၃:၂၀) နာရီ မှ (၁၃:၅၀) နာရီအချိန်​တွင်​ ကွတ်​ခိုင်​မြို့နယ်​၊ လုံစိန်​နှင်​့မန်​ပန်​ရွာကြား တပ်​မ-၈၈/ခလရ-၁၃ နှင်​့လည်​း​ကောင်​း

တိုက်​ပွဲများဖြစ်ပွားခဲ့သည်။

အခြားသောတိုက်ပွဲများနှင့် နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။

ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

    271
    5