Aug 29, 2019

၂၀၁၉ ခုနှစ် သြဂုတ်လ(၂၉)ရက်၊ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ

Updated: Aug 31, 2019

ရွမ္းေျမာက္ေဒသႏွင့္ ရခိုင္ေဒသအတြင္း ျမန္မာစစ္တပ္ႏွင့္မိမိတို႔အၾကား ၾသဂုတ္လလယ္မွစ၍ ျပန္လည္ျဖစ္ပြားေနေသာတိုက္ပြဲမ်ားမွာ ဆက္လက္ျပင္းထန္ေနခဲ့သည္။ ၾသဂုတ္လဆန္းတြင္ ႀကိဳးၾကားႀကိဳၾကားတိုက္ပြဲရွိခဲ့ေသာ္လည္းၾသဂုတ္လလယ္မွစ၍ တိုက္ပြဲမ်ားေနရာအႏွံ့ရက္ဆက္ျဖစ္ပြားခဲ့သည္။
 

(၁)ၾသဂုတ္(၂၉) ရက္၊ နံနက္(၀၇း၃၀)နာရီတြင္ ကြတ္ခိုင္ၿမိဳ႕နယ္၊"ဖေတာ့ရြာ"အနီးတြင္ ျမန္မာစစ္တပ္၊တပ္မ(၉၉) ၏ခမရ (၇၉) ႏွင့္လည္းေကာင္း၊
 

(၂) ၾသဂုတ္(၂၉)ရက္၊နံနက္ (၉း၅၄)နာရီအခ်ိန္တြင္ "နာဒီရြာအနီး" တြင္လည္းေကာင္း၊
 

(၃) ၾသဂုတ္(၂၉) ရက္၊ ေန႔လည္(၁၂း၁၀)နာရီမွ (၁၂း၃၅) နာရီအထိ ကြတ္ခိုင္ၿမိဳ႕နယ္၊"လံုေဆြရြာ" အနီးတြင္ ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္လည္းေကာင္း၊
 

(၄)ၾသဂုတ္(၂၉) ရက္၊ေန႔လည္(၁၄း၃၀)နာရီ မွ (၁၄:၅၄) နာရီအခ်ိန္အထိ"နန္႔စလပ္" ႏွင့္"သိႏၷီ" အၾကားတြင္လည္းေကာင္း၊
 

ရွမ္းေျမာက္ေဒသ၏ ေနရာ(၄) ခုတြင္တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။"ဖေတာ့ရြာ"အနီးတိုက္ပြဲတြင္ ျမန္မာစစ္တပ္ ၃ ဦးက်ဆံုး၍ ၂ ဦးဒဏ္ရာရရွိသည္။
 

ၾသဂုတ္(၂၉) ရက္၊ ည(၁၉း၁၉) နာရီတြင္ ျမန္မာစစ္တပ္သည္"႐ွီထုတ္ေတာင္ကုန္း ႏွင့္ ေ႐ွာက္ဟိုဗန္ေဒသ ၾကား႐ွိ မိမိတို႔ညီေနာင္မဟာမိတ္တပ္ဖြဲ႕ရွိရာေနရာသို႔ ရဟတ္ယာဥ္(၂) စီးျဖင့္လာေရာက္ဗံုးႀကဲတိုက္ခိုက္ခဲ့သည္။
 

ရခိုင္ေဒသအတြင္း၌လည္း ဘူးသီးေတာင္၊မင္းျပားၿမိဳ႕နယ္မ်ား၌တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။
 

(၁) ၾသဂုတ္(၂၉) ၊နံနက္ (၀၃:၄၀) အခ်ိန္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ “တင္းမရြာ" ႏွင့္ "ခေပၚရြာ" အၾကားတြင္ အင္အား (၁၅၀) ခန္႔ရွိေသာ ျမန္မာစစ္တပ္သည္ မိမိတို႔ ရွိရာေနရာသို႔က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္ မိမိတို႔အေနျဖင့္ မလြဲမေရွာင္သာတိုက္ခိုက္ခဲ့ရသည္။ ထို႔ေနာက္ရန္သူသည္ (၁) ကီလိုမီတာခန္႔ေနာက္ဆုတ္သြားခဲ့သည္။ သို႔ေသာ္လည္း ၎ေနရာတြင္ရွိေသာ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားႏွင့္ နံနက္(၀၇:၀၀) နာရီတြင္ထပ္မံတိုက္ပြဲျဖစ္ပြားခဲ့သည္။ ထို႔ေၾကာင့္ယခုတိုက္ပြဲျဖစ္ပြားခဲ့ေသာေနရာ(၂) ခုအတြင္း ရန္သူ႔ဖက္မွ (၂၆) ဦးေသဆံုးခဲ့သည္။
 

(၂) ၾသဂုတ္(၂၉) ရက္၊ ညေန(၁၅:၃၀) မွ (၁၆:၃၀) နာရီအခ်ိန္အထိ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဥယ်ာဉ္သာရြာအနီး၌ တစ္နာရီခန္႔ၾကာတိုက္ပြဲျဖစ္ပြားခသည္။ ျမန္မာစစ္တပ္(ရန္သူ)သည္ ခမရ ၅၅၁(ဒုံးသိမ္)တပ္ရင္း၊ "စကခ(၁၅)"၊"ထိပ္တူးေပါက္ေတာင္"၊" ၃၁ ဘုံဘုရား" ႏွင့္ "ရွပ္ရွားေတာင္ရြာ" စသည့္ေနရာ(၄) ခုမွ လက္နက္ႀကီး၊ RPG၊ MG-42(ငၾကင္းၿမီး)မ်ားျဖင့္ တစ္ေန႔လုံးေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ထို႔ေၾကာင့္ ရန္သူလက္နက္ႀကီး က်ည္အခ်ိဳ႕မွာ"ဆင္ေသျပင္(ကုလား)ရြာ" အတြင္းက်ေရာက္ေပါက္ကြဲခဲ့သည္။ တစ္နာရီခန္႔ၾကာအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈအတြင္းရန္သူ့ဖက္မွ မ်က္ျမင္ (၅)ဦးေသဆုံးၿပီး ထိခိုက္ဒဏ္ရာရသူမ်ားလည္းရွိခဲ့သည္။ မိမိတို႔ဖက္မွအလတ္စားဒဏ္ရာရသူအခ်ိဳ႕မွလြဲ၍ႀကီးႀကီးမားမားထိခိုက္ဒဏ္ရာရမႈမရွိခဲ့ေပ။
 

(၃) ၾသဂုတ္(၂၉) ရက္၊ ညေန(၁၇:၁၆)မွ (၁၈:၅၀) နာရီအခ်ိန္အထိ (၁)နာရီ (၃၄)မိနစ္ၾကာတိုက္ပြဲသည္ မင္းျပားၿမိဳ႕နယ္၊ ေရႊက်င္ရြာ အေရွ႕ေျမာက္ဘက္ (၁) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဤတိုက္ပြဲသည္လည္းရန္သူသည္မိမိတို႔ရွိရာေနရာသို႔က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္။ ရန္သူ့ဘက္မွ အထိအခိုက္အက်အဆုံးမ်ားကို မသိရွိရပါ။ ရန္သူသည္ ေျမာက္ဦးၿမိဳ႕ဖက္မွ လက္နက္ႀကီး (၁၀၀)ေက်ာ္ခန္႔ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။
 

ေနာက္ဆက္တြဲ တိုက္ပြဲသတင္းမ်ားအား အခိ်န္ႏွင့္တေျပးညီတင္ေပးသြားပါမည္။
 

ညီ​ေနာင္​မဟာမိတ္​ (၃) ဖြဲ႔
 
MNTJP/MNDAA, PSLF/TNLA, ULA/AA

Unicode

ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နှင့်မိမိတို့အကြား သြဂုတ်လလယ်မှစ၍ ပြန်လည်ဖြစ်ပွားနေသောတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ သြဂုတ်လဆန်းတွင် ကြိုးကြားကြိုကြားတိုက်ပွဲရှိခဲ့သော်လည်းသြဂုတ်လလယ်မှစ၍ တိုက်ပွဲများနေရာအနှံ့ရက်ဆက်ဖြစ်ပွားခဲ့သည်။

(၁)သြဂုတ်(၂၉) ရက်၊ နံနက်(ဝရး၃၀)နာရီတွင် ကွတ်ခိုင်မြို့နယ်၊"ဖတော့ရွာ"အနီးတွင် မြန်မာစစ်တပ်၊တပ်မ(၉၉) ၏ခမရ (၇၉) နှင့်လည်းကောင်း၊

(၂) သြဂုတ်(၂၉)ရက်၊နံနက် (၉း၅၄)နာရီအချိန်တွင် "နာဒီရွာအနီး" တွင်လည်းကောင်း၊

(၃) သြဂုတ်(၂၉) ရက်၊ နေ့လည်(၁၂း၁၀)နာရီမှ (၁၂း၃၅) နာရီအထိ ကွတ်ခိုင်မြို့နယ်၊"လုံဆွေရွာ" အနီးတွင် မြန်မာစစ်တပ် တပ်မ (၈၈) နှင့်လည်းကောင်း၊

(၄)သြဂုတ်(၂၉) ရက်၊နေ့လည်(၁၄း၃၀)နာရီ မှ (၁၄:၅၄) နာရီအချိန်အထိ"နန့်စလပ်" နှင့်"သိန္နီ" အကြားတွင်လည်းကောင်း၊

ရှမ်းမြောက်ဒေသ၏ နေရာ(၄) ခုတွင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။"ဖတော့ရွာ"အနီးတိုက်ပွဲတွင် မြန်မာစစ်တပ် ၃ ဦးကျဆုံး၍ ၂ ဦးဒဏ်ရာရရှိသည်။

သြဂုတ်(၂၉) ရက်၊ ည(၁၉း၁၉) နာရီတွင် မြန်မာစစ်တပ်သည်"ရှီထုတ်တောင်ကုန်း နှင့် ရှောက်ဟိုဗန်ဒေသ ကြားရှိ မိမိတို့ညီနောင်မဟာမိတ်တပ်ဖွဲ့ရှိရာနေရာသို့ ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရခိုင်ဒေသအတွင်း၌လည်း ဘူးသီးတောင်၊မင်းပြားမြို့နယ်များ၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။

(၁) သြဂုတ်(၂၉) ၊နံနက် (၀၃:၄၀) အချိန်တွင် ကျောက်တော်မြို့နယ်၊ “တင်းမရွာ" နှင့် "ခပေါ်ရွာ" အကြားတွင် အင်အား (၁၅၀) ခန့်ရှိသော မြန်မာစစ်တပ်သည် မိမိတို့ ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့် မိမိတို့အနေဖြင့် မလွဲမရှောင်သာတိုက်ခိုက်ခဲ့ရသည်။ ထို့နောက်ရန်သူသည် (၁) ကီလိုမီတာခန့်နောက်ဆုတ်သွားခဲ့သည်။ သို့သော်လည်း ၎င်းနေရာတွင်ရှိသော မိမိတို့တပ်ဖွဲ့ဝင်များနှင့် နံနက်(၀၇:၀၀) နာရီတွင်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့်ယခုတိုက်ပွဲဖြစ်ပွားခဲ့သောနေရာ(၂) ခုအတွင်း ရန်သူ့ဖက်မှ (၂၆) ဦးသေဆုံးခဲ့သည်။

(၂) သြဂုတ်(၂၉) ရက်၊ ညနေ(၁၅:၃၀) မှ (၁၆:၃၀) နာရီအချိန်အထိ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာအနီး၌ တစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခသည်။ မြန်မာစစ်တပ်(ရန်သူ)သည် ခမရ ၅၅၁(ဒုံးသိမ်)တပ်ရင်း၊ "စကခ(၁၅)"၊"ထိပ်တူးပေါက်တောင်"၊" ၃၁ ဘုံဘုရား" နှင့် "ရှပ်ရှားတောင်ရွာ" စသည့်နေရာ(၄) ခုမှ လက်နက်ကြီး၊ RPG၊ MG-42(ငကြင်းမြီး)များဖြင့် တစ်နေ့လုံးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် ရန်သူလက်နက်ကြီး ကျည်အချို့မှာ"ဆင်သေပြင်(ကုလား)ရွာ" အတွင်းကျရောက်ပေါက်ကွဲခဲ့သည်။ တစ်နာရီခန့်ကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်းရန်သူ့ဖက်မှ မျက်မြင် (၅)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။ မိမိတို့ဖက်မှအလတ်စားဒဏ်ရာရသူအချို့မှလွဲ၍ကြီးကြီးမားမားထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။

(၃) သြဂုတ်(၂၉) ရက်၊ ညနေ(၁၇:၁၆)မှ (၁၈:၅၀) နာရီအချိန်အထိ (၁)နာရီ (၃၄)မိနစ်ကြာတိုက်ပွဲသည် မင်းပြားမြို့နယ်၊ ရွှေကျင်ရွာ အရှေ့မြောက်ဘက် (၁) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲသည်လည်းရန်သူသည်မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။ ရန်သူ့ဘက်မှ အထိအခိုက်အကျအဆုံးများကို မသိရှိရပါ။ ရန်သူသည် မြောက်ဦးမြို့ဖက်မှ လက်နက်ကြီး (၁၀၀)ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။

ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

    157
    4