Aug 27, 2019

၂၀၁၉ ခုနှစ် သြဂုတ်လ(၂၇)ရက်ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းများ

Updated: Aug 31, 2019

ရွမ္းေျမာက္ေဒသႏွင့္ ရခိုင္ေဒသအတြင္း ျမန္မာစစ္တပ္ႏွင့္မိမိတို႔အၾကားတိုက္ပြဲမ်ားမွာဆက္လက္ရွိေနခဲ့သည္။
 

(၁) ၾသဂုတ္လ(၂၇) ရက္ေန႔၊နံနက္ (၀၈း၄၅)နာရီမွ (၀၉း၀၀)နာရီအခိ်န္အထိ ေက်ာက္မဲၿမိဳ႕နယ္၊မိုင္းေငါ့ၿမိဳ႕နယ္ခြဲ၊ေက်ာက္ျဖဴရြာအထက္ ၊လြယ္ဆိုင္ေတာင္ေပၚတြင္ ျမန္မာစစ္တပ္ တပ္မ (၉၉)ႏွင့္လည္းေကာင္း၊
 

(၂) ၾသဂုတ္လ(၂၇) ရက္ေန႔၊ မြန္းလြဲ(၁၂:၀၇) နာရီမွ (၁၂:၃၅) နာရီအထိ ကြတ္​ခုိင္​ၿမိဳ႕နယ္​၊ မန္​​ေနာင္​တြင္​ ခလရ-(၂၄၂)ႏွင္​့ လည္​း​ေကာင္​း၊
 

(၃) ၾသဂုတ္လ(၂၇) ရက္ေန႔၊ည​ေန(၁၆:၁၅) နာရီမွ (၁၇:၀၀) နာရီအခိ်န္အထိကြတ္​ခုိင္​ျမဳိ့နယ္​၊ မန္​ပန္​​ေတာင္​တြင္​ တပ္​မ(၉၉)ႏွင္​့လည္​း​ေကာင္​း၊
 

(၄)ၾသဂုတ္လ(၂၇) ရက္ေန႔၊ညေန (၁၆း၂၅)နာရီမွ (၁၇း၂၃) နာရီအခိ်န္အထိ၊ကြတ္ခိုင္ၿမိဳ႕နယ္၊ရႈခင္းသာအနီးတြင္လည္းေကာင္း
 

(၅) လားရိႈးအေရွ႕ဖက္ / သိႏၷီၿမိဳ႕ေတာင္ဖက္၊"မုန္ယန္း" အနီးတြင္ နံနက္(၀၈:၀၀) နာရီမွ (၁၀:၀၀) နာရီအထိလည္းေကာင္း တုိက္ပြဲမ်ားျဖစ္​ပြားခဲ့သည္​။
 

တၿပိဳင္နက္တည္းတြင္ျမန္မာစစ္တပ္၏လက္နက္ႀကီးျဖင့္ပစ္ခတ္တိုက္ခိုက္မႈအတြင္း အရပ္သားမ်ားေသဆံုးျခင္း၊ အရပ္သားအိမ္မ်ားထိမွန္သည့္အႀကိမ္အေရအတြက္မွာပိုမိုျမင့္တက္လွ်က္ရွိသည္။
 

ကြတ္ခုိင္ၿမိဳ႕နယ္၊ ကာလိုင္အုပ္စု၊ ပန္ေဆးေက်းရြာအတြင္းသုိ႔ ၾသဂုတ္လ၊ (၂၆) ရက္ ညေန (၆း၃၀) အခိ်န္တြင္ ကြတ္ခိုင္အေျခစိုက္ ျမန္မာစစ္တပ္ ခလရ (၄၅)လက္နက္ႀကီး (၇)လုံး ပစ္ခတ္ခဲ့သည္။ ျမန္မာစစ္တပ္ ပစ္ခတ္လုိက္ေသာ လက္နက္ႀကီးမ်ားသည္ ပန္ေဆးရြာအတြင္း (၆) လုံး က်ေရာက္ေပါက္ကြဲခဲ့ၿပီး ရြာသား (၂) ဦးအား ထိမွန္ခဲ့သည္။ လက္နက္ႀကီးထိမွန္ခံရသူမွာ ပန္ေဆးရြာေန တာကြန္ေဌး ႏွင့္ ယာမာေဌး တုိ႔ လင္မယား (၂) ဦးျဖစ္သည္။
 

ထုိ႔အျပင္ ၾသဂုတ္လ(၂၀)ရက္ နံနက္(၁၁:၅၀)နာရီအခိ်န္တြင္လည္း ခိုလုံအုပ္စု၊ေဟြအစ္ရြာႏွင့္ နမ့္ပါခီ်းရြာတြင္ ျမန္မာ့စစ္တပ္၊ကြတ္ခိုင္အေျခစိုက္ ခလရ (၄၅) တပ္စခန္းမွ ရြာမ်ားသုိ႔ ဦးတည္ကာ လက္နက္ႀကီးမ်ား ပစ္ခတ္မႈေၾကာင့္ ရြာသားမ်ားထြက္ေျပးခဲ့ရသည္။
 

ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၃ ရက္ ည (၇:၅၀) နာရီဝန္းက်င္ခန္႔တြင္လည္း ကြတ္ခိုင္အေျခစိုက္ ျမန္မာစစ္တပ္ ခလရ (၄၅)မွ မာန္ေအာင္စုစည္းရြာထဲကို လက္နက္ႀကီးမ်ား ပစ္ခတ္ခဲ့မႈေၾကာင့္ ရြာသား (၃)ဦးျပင္ထန္းစြာဒဏ္ရာရခဲ့ပါသည္။
 

၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၈) ရက္ေန႔မွ (၂၆) ရက္ေန႔အထိ ကြတ္ခုိင္ၿမဳိ႕နယ္ အနီးတစ္၀ုိက္ရွိ ရြာမ်ားသုိ႔ လက္နက္ႀကီး ပစ္ခတ္ေနသည္မွာ (၈) ႀကိမ္အထိရွိခဲ့ၿပီျဖစ္သည္။
 

"ရခိုင္ေဒသအတြင္းတိုက္ပြဲမ်ား"
 

ရခိုင္ေဒသအတြင္း၌ မင္းျပားၿမိဳ႕နယ္၊ ပန္းေျမာင္းရြာအေရွ႕ေျမာက္ဖက္(၂.၈) ကီလိုမီတာအကြာအေဝး( ပြိဳင့္ ၂၀၃) ေတာင္ကုန္း႐ွိ မိမိတို႔ တပ္ဖြဲ႕အား လက္နက္ႀကီးပစ္ကူမ်ားအျပင္ ရဟတ္ယာဥ္မ်ားမွေပၚမွ စက္ေသနတ္၊ ေရာ့ကတ္မ်ားျဖင့္ပါ တိုက္ခိုက္ေနခဲ့သည္။ ၾသဂုတ္(၂၃) ရက္မွစတင္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္ေနခဲ့သည္မွာ ေလးရက္ခန္႔ရွွိခဲ့ၿပီျဖစ္သည္။
 

ၾသဂုတ္(၂၄) ေန႔၌ ျမန္မာစစ္တပ္၏ ပန္းေျမာင္းေက်းရြာအလယ္ရွိ ဘုရားေတာင္တြင္ တပ္စဲြထားသည့္ လက္နက္ႀကီးစခန္းမွပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေက်းရြာအတြင္းရွိလူေနအိမ္ႏွစ္အိမ္အား လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့သည္။ ထို႔ေၾကာင့္ (၆) ႏွစ္ ႏွင့္(၉) ႏွစ္ အရြယ္ေက်ာင္းသားႏွစ္ဦး၊ အသက္(၁၆) ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးေသဆံုးခဲ့ၿပီး (၄) ဦး ဒဏ္ရာ ရရွိခဲ့သည္။
 

ၾသဂုတ္လ(၂၇) ရက္၊ နံနက္ (၁၀:၄၀) နာရီမွစတင္ၿပီး Point-203 (ပြိဳင့္-၂၀၃) ေတာင္ကုန္းအား ေျမျပင္မွထိုးစစ္ဆင္တိုက္ခိုက္ခဲ့သကဲ့သို႔ရဟတ္ယာဥ္ ႏွစ္စင္းျဖင့္လည္း လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ျမန္မာစစ္တပ္၏ ထိုးစစ္ကိုမိမိတို႔အေနျဖင့္အေကာင္းဆံုးခုခံတိုက္ခိုက္ႏိုင္ခဲ့သည္။ ယေန႔ရန္သူ႔ထိုးစစ္အတြင္း မိမိတို႔ဖက္မွ စစ္သည္ေတာ္ႏွစ္ဦး အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။
 

ေနာက္ဆက္တြဲ တိုက္ပြဲသတင္းမ်ားအား အခိ်န္ႏွင့္တေျပးညီတင္ေပးသြားပါမည္။
 

ညီ​ေနာင္​မဟာမိတ္​ (၃) ဖြဲ႔
 
MNTJP/MNDAA, PSLF/TNLA, ULA/AA

Unicode

ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နှင့်မိမိတို့အကြားတိုက်ပွဲများမှာဆက်လက်ရှိနေခဲ့သည်။

(၁) သြဂုတ်လ(၂၇) ရက်နေ့၊နံနက် (၀၈း၄၅)နာရီမှ (၀၉းဝ၀)နာရီအချိန်အထိ ကျောက်မဲမြို့နယ်၊မိုင်းငေါ့မြို့နယ်ခွဲ၊ကျောက်ဖြူရွာအထက် ၊လွယ်ဆိုင်တောင်ပေါ်တွင် မြန်မာစစ်တပ် တပ်မ (၉၉)နှင့်လည်းကောင်း၊

(၂) သြဂုတ်လ(၂၇) ရက်နေ့၊ မွန်းလွဲ(၁၂:၀၇) နာရီမှ (၁၂:၃၅) နာရီအထိ ကွတ်​ခိုင်​မြို့နယ်​၊ မန်​​နောင်​တွင်​ ခလရ-(၂၄၂)နှင်​့ လည်​း​ကောင်​း၊

(၃) သြဂုတ်လ(၂၇) ရက်နေ့၊ည​နေ(၁၆:၁၅) နာရီမှ (၁၇:၀၀) နာရီအချိန်အထိကွတ်​ခိုင်​မြို့နယ်​၊ မန်​ပန်​​တောင်​တွင်​ တပ်​မ(၉၉)နှင်​့လည်​း​ကောင်​း၊

(၄)သြဂုတ်လ(၂၇) ရက်နေ့၊ညနေ (၁၆း၂၅)နာရီမှ (၁ရး၂၃) နာရီအချိန်အထိ၊ကွတ်ခိုင်မြို့နယ်၊ရှုခင်းသာအနီးတွင်လည်းကောင်း

(၅) လားရှိုးအရှေ့ဖက် / သိန္နီမြို့တောင်ဖက်၊"မုန်ယန်း" အနီးတွင် နံနက်(၀၈:၀၀) နာရီမှ (၁၀:၀၀) နာရီအထိလည်းကောင်း တိုက်ပွဲများဖြစ်​ပွားခဲ့သည်​။

တပြိုင်နက်တည်းတွင်မြန်မာစစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သားများသေဆုံးခြင်း၊ အရပ်သားအိမ်များထိမှန်သည့်အကြိမ်အရေအတွက်မှာပိုမိုမြင့်တက်လျှက်ရှိသည်။

ကွတ်ခိုင်မြို့နယ်၊ ကာလိုင်အုပ်စု၊ ပန်ဆေးကျေးရွာအတွင်းသို့ သြဂုတ်လ၊ (၂၆) ရက် ညနေ (၆း၃၀) အချိန်တွင် ကွတ်ခိုင်အခြေစိုက် မြန်မာစစ်တပ် ခလရ (၄၅)လက်နက်ကြီး (၇)လုံး ပစ်ခတ်ခဲ့သည်။ မြန်မာစစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ပန်ဆေးရွာအတွင်း (၆) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသား (၂) ဦးအား ထိမှန်ခဲ့သည်။ လက်နက်ကြီးထိမှန်ခံရသူမှာ ပန်ဆေးရွာနေ တာကွန်ဌေး နှင့် ယာမာဌေး တို့ လင်မယား (၂) ဦးဖြစ်သည်။

ထို့အပြင် သြဂုတ်လ(၂၀)ရက် နံနက်(၁၁:၅၀)နာရီအချိန်တွင်လည်း ခိုလုံအုပ်စု၊ဟွေအစ်ရွာနှင့် နမ့်ပါချီးရွာတွင် မြန်မာ့စစ်တပ်၊ကွတ်ခိုင်အခြေစိုက် ခလရ (၄၅) တပ်စခန်းမှ ရွာများသို့ ဦးတည်ကာ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ရွာသားများထွက်ပြေးခဲ့ရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက် ည (၇:၅၀) နာရီဝန်းကျင်ခန့်တွင်လည်း ကွတ်ခိုင်အခြေစိုက် မြန်မာစစ်တပ် ခလရ (၄၅)မှ မာန်အောင်စုစည်းရွာထဲကို လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် ရွာသား (၃)ဦးပြင်ထန်းစွာဒဏ်ရာရခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကွတ်ခိုင်မြို့နယ် အနီးတစ်ဝိုက်ရှိ ရွာများသို့ လက်နက်ကြီး ပစ်ခတ်နေသည်မှာ (၈) ကြိမ်အထိရှိခဲ့ပြီဖြစ်သည်။

"ရခိုင်ဒေသအတွင်းတိုက်ပွဲများ"

ရခိုင်ဒေသအတွင်း၌ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာအရှေ့မြောက်ဖက်(၂.၈) ကီလိုမီတာအကွာအဝေး( ပွိုင့် ၂၀၃) တောင်ကုန်းရှိ မိမိတို့ တပ်ဖွဲ့အား လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များမှပေါ်မှ စက်သေနတ်၊ ရော့ကတ်များဖြင့်ပါ တိုက်ခိုက်နေခဲ့သည်။ သြဂုတ်(၂၃) ရက်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ လေးရက်ခန့်ရှှိခဲ့ပြီဖြစ်သည်။

သြဂုတ်(၂၄) နေ့၌ မြန်မာစစ်တပ်၏ ပန်းမြောင်းကျေးရွာအလယ်ရှိ ဘုရားတောင်တွင် တပ်စွဲထားသည့် လက်နက်ကြီးစခန်းမှပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိလူနေအိမ်နှစ်အိမ်အား လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် (၆) နှစ် နှင့်(၉) နှစ် အရွယ်ကျောင်းသားနှစ်ဦး၊ အသက်(၁၆) နှစ်အရွယ် ကျောင်းသူတစ်ဦးသေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာ ရရှိခဲ့သည်။

သြဂုတ်လ(၂၇) ရက်၊ နံနက် (၁၀:၄၀) နာရီမှစတင်ပြီး Point-203 (ပွိုင့်-၂၀၃) တောင်ကုန်းအား မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့သကဲ့သို့ရဟတ်ယာဉ် နှစ်စင်းဖြင့်လည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်၏ ထိုးစစ်ကိုမိမိတို့အနေဖြင့်အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ယနေ့ရန်သူ့ထိုးစစ်အတွင်း မိမိတို့ဖက်မှ စစ်သည်တော်နှစ်ဦး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။

ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

    411
    15