Oct 21, 2019

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၁၉/၂၀)ရက္ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၁၉ ခုႏွစ္၊ေအာက္တိုဘာလ(၁၉/၂၀) ရက္မ်ားတြင္ ေျမာက္ဦးၿမိဳ႕နယ္၊ လကၠာရြာအတြင္း၊လကၠာရြာပတ္ဝန္းက်င္ ႏွင့္လကၠာရြာႏွင့္ေဝသာလီရြာအၾကား တြင္ ျမန္မာစစ္တပ္၏ နယ္လွည့္ေသာင္းက်န္းသူတပ္မ(၅၅) လက္ေအာက္ခံတပ္ရင္းမ်ားႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ ျပင္းထန္စြာတိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။ ႏွစ္ရက္တာကာလတိုက္ပြဲမ်ားအတြင္း တပ္မ(၅၅) လက္ေအာက္ခံတပ္ရင္းမ်ားမွ ေသဆံုးသူအေရအတြက္(၃၅) ဦးအထက္ရွိခဲ့ၿပီးေသဆံုးသူႏွင့္ဒဏ္ရာရရွိသူအေရအတြက္ျမင့္တက္လွ်က္ရွိသည္။ ထြက္ေျပးသူမ်ားလည္းမ်ားျပားလွ်က္ရွိသည္။
 

ထို႔အျပင္ မင္းျပားၿမိဳ႕နယ္ ႏွင့္ ပုဏၰားကြ်န္းၿမိဳ႕နယ္အတြင္း၌လည္းတိုက္ပြဲမ်ားဆက္လက္ရွိခဲ့သည္။
 

ရခိုင္ေဒသအတြင္းေနထိုင္ၾကေသာျပည္သူလူထုမ်ားကို စိတ္ပိုင္းဆိုင္ရာဒုကၡအမိ်ဳးမိ်ဳးေပးေနသည့္အျပင္ တရားလက္လြတ္သတ္ျဖတ္ေနေသာ တပ္မ(၅၅) လက္ေအာက္ခံတပ္ရင္းမ်ားအား ရကၡိဳင့္တပ္ေတာ္မွ လက္တံု႔ျပန္တိုက္ခိုက္ျခင္းျဖစ္သည္။
 

လကၠာရြာအတြင္းရွိ စာသင္ေက်ာင္း၊ လူေနအိမ္မ်ား၊ ကန္ေဘာင္နံေဘးကို ခံတပ္သဖြယ္အသံုးျပဳကာ ပစ္ခတ္တိုက္ခိုက္ေနေသာ တပ္မ(၅၅) လက္ေအာက္ခံတပ္ရင္း( အမည္စံုစမ္းဆဲ) အား ရကၡိဳင့္တပ္ေတာ္မွ ေအာက္တိုဘာလ(၁၉) ရက္၊ နံနက္(၆) နာရီမွစတင္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။
 

ေန႔လည္(၁၂) နာရီခန္႔အထိ (၆) နာရီနီးပါးၾကာအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္အတူ တိုက္ပြဲသည္ျပင္းထန္ခဲ့ၿပီး ရန္သူ႔ဖက္မွ အထိအခိုက္အက်အဆံုးမ်ားရွိခဲ့သကဲ့သို႔မိမိတို႔ဖက္ မွလည္း အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရေသာ အာရကၡစစ္သည္ေတာ္အခိ်ဳ႕၊ဒဏ္ရာရစစ္သည္ေတာ္အခိ်ဳ႕ရွိခဲ့သည္။
 

နံနက္(၈) နာရီ(၅၀) မိနစ္တြင္လည္း "သင္းက်စ္ေတာင္"ဖက္မွ စစ္ကူလာေသာ ျမန္မာစစ္တပ္အား စစ္ကူေပး၍မရေအာင္ ရကၡိဳင့္တပ္ေတာ္မွ "လကၠာရြာႏွင့္ေဝသာလီရြာ"အၾကား တြင္အေကာင္းဆံုးဟန္႔တားတိုက္ခိုက္ႏိုင္ခဲ့သည္။
 

ေအာက္တိုဘာလ(၁၉) ရက္ေန႔၏တိုက္ပြဲႏွစ္ပြဲအတြင္း ျမန္မာစစ္တပ္ဖက္မွ အနည္းဆံုး(၁၀) ဦးေသဆံုးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူမ်ားသည္ (၁၀) ေက်ာ္ရွိခဲ့သည္။
 

ဤတိုက္ပြဲမ်ားအတြင္း ရန္သူ၏ RPG-7 ဗံုးသီး( ၁၅) လံုး၊ ၆၀ မမဗံုးသီး(၂၀) လံုး၊ ဆက္သြယ္ေရးဆက္ႀကီး(၂) လံုး၊ မိုင္း၊ လက္နက္ခဲယမ္း၊ ေဆးဝါးပစၥည္း၊ MA က်ည္(၃၅၁၇ ေတာင့္)၊ အပါအဝင္ စစ္အသံုးအေဆာင္ပစၥည္းမ်ား၊ ဖုန္း ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ရိကၡာအခိ်ဳ႕ ႏွင့္ စာရြက္စာတမ္းအခိ်ဳ႕ကို ရကၡိဳင့္တပ္ေတာ္မွသိမ္းဆည္းရမိခဲ့သည္။
 

မင္းျပားၿမိဳ႕နယ္၊ ေက်ာ္ကရြာ အေရွ႕ေျမာက္ဖက္(၁.၇) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္လည္းေကာင္း၊ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ေအာင္မေက်ာ္ရြာေျမာက္ဖက္၊ မင္းမေခ်ာင္းထဲတြင္လည္းေကာင္း၊ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ အထက္ျမတ္လွဲ(ၿမိဳရြာ) အေနာက္ဖက္(၂) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္လည္းေကာင္း ေအာက္တိုဘာ(၁၉) ရက္ေန႔၌တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။
 

အထက္ျမတ္လွဲ(ၿမိဳရြာ) အေနာက္ဖက္ေတာင္တန္းေပၚတြင္ျဖစ္ပြားခဲ့ေသာတိုက္ပြဲအတြင္း၌လည္း ျမန္မာစစ္တပ္ဖက္မွ ေသဆံုးသူအေရအတြက္မ်ားျပားခဲ့သည္။ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားသတင္းေပးပို႔ခ်က္အရ ရန္သူ႔ဖက္မွ ေသဆံုးသူ(မ်က္ျမင္) ၁၀- ဦးအထက္ရွိခဲ့ေၾကာင္းသိရွိရသည္။
 

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၂၀) ရက္၊နံနက္(၈) နာရီ (၅၀) မိနစ္ခန္႔တြင္လည္း ေျမာက္ဦးၿမိဳ႕နယ္၊"လကၠာရြာတံတားအနီး"တြင္ အင္အား(၅၀) ခန္႔ပါတပ္မ(၅၅) လက္ေအာက္ခံစစ္ေၾကာင္းတစ္ခုအား ရကၡိဳင့္တပ္ေတာ္၊ ကြန္မန္ဒိုမ်ားမွျဖတ္ေတာက္တိုက္ခိုက္ခဲ့သည္။ ရန္သူ႔ဖက္မွ အနည္းဆံုး(၅) ဦးေသဆံုးၿပီး ဒဏ္ရာရသူအမ်ားအျပားထပ္မံရွိခဲ့သည္။ ရန္သူသည္ ေသဆံုးသူမ်ားႏွင့္ဒဏ္ရာရသူမ်ားကို ေက်ာက္တင္ကားျဖင့္ ေျမာက္ဦးၿမိဳ႕ဖက္သို႔သယ္ယူသြားခဲ့သည္။ မိမိတို႔အေနျဖင့္ ရန္သူ၏၎စစ္ေၾကာင္းပါေနာက္က်န္တပ္ဖြဲ႕ဝင္မ်ားကိုလိုက္လံရွင္းလင္းတိုက္ခိုက္လွ်က္ရွိသည္။


 
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၂၀) ရက္၊ ညေန(၄) နာရီခန္႔တြင္ အထိနာေနေသာ အင္အား(၂၀၀) ခန္႔ရွိေသာ တပ္မ(၅၅) သည္ လကၠာရြာအေရွ႕ဖက္ရွိေတာင္တန္းတြင္ထိုးစစ္ဆင္တိုက္ခိုက္မႈကိုျပဳလုပ္ခဲ့သည္။ မိနစ္(၉၀) ခန္႔ရန္သူ႔ထိုးစစ္အတြင္း ရန္သူ႔ဖက္မွထပ္မံ၍(၁၀) ဦးခန္႔က်ဆံုးၿပီး (၁၅) ဦးေက်ာ္ထပ္မံဒဏ္ရာရရွိခဲ့သည္။ ထို႔ေနာက္ရန္သူသည္ တပ္လန္သြားၿပီး အေဝးမွလက္နက္ႀကီးမ်ားျဖင့္သာပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။
 

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၂၀) ရက္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ အုတ္ေတာင္ရြာ အေရွ႕ေျမာက္ဖက္၊ "အ႐ိုးက်ေတာင္တန္း" ေပၚတြင္ နံနက္(၉) နာရီခန္႔တြင္လည္းေကာင္း၊ ပလက္ဝၿမိဳ႕နယ္၊ ခေမာင္းဝရြာေျမာက္ဖက္ေတာင္တန္းေပၚတြင္လည္းေကာင္း မိနစ္အနည္းၾကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။ ျမန္မာစစ္တပ္သည္ မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္ထိေတြ႕မႈျဖစ္ပြားရျခင္းျဖစ္သည္။ ရန္သူသည္ ထိေတြ႕မႈျဖစ္ၿပီးေနာက္ တပ္ဆုတ္သြားေသာေၾကာင့္ တိုက္ပြဲဆက္လက္မျဖစ္ပြားခဲ့ေသာ္လည္း လက္နက္ႀကီး၊ MG-42 မ်ားျဖင့္အေဝးမွပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။
 

တပ္မ(၅၅) လက္ေအာက္ခံတပ္ရင္းမ်ားသည္ ရခိုင္ေက်းရြာမ်ားရွိလူေနအိမ္မ်ားကို မီးရိႈ႕ဖ်က္ဆီးျခင္း၊ အရပ္သားျပည္သူလူထုမ်ားကို ဥပေဒမဲ့တရားလက္လြတ္ပစ္သတ္ျခင္း၊ ရြာအတြင္းရွိေနအိမ္မ်ားမွ ေရႊ၊ေငြအပါအဝင္ အသံုးအေဆာင္ပစၥည္းမ်ားကိုခိုးယူျခင္းအပါအဝင္ ဖ်က္ဆီးျခင္းမ်ားကိုဆက္လက္ျပဳလုပ္ေနပါက မိမိတို႔အေနျဖင့္ ထပ္မံတံု႔ျပန္တိုက္ခိုက္သြားမည္ျဖစ္သည္။
 

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၂၁) ရက္ေန႔တြင္လည္း ျမန္မာစစ္တပ္ဖက္မွ လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္တစ္ဖက္သတ္ပစ္ခတ္တိုက္ခိုက္ေနမႈမ်ား၊ ႏွစ္ဖက္အျပန္အလွန္တိုက္ပြဲမ်ားမွာဆက္လက္ရွိေနခဲ့သည္။
 

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၁၉)ရက္ မွ (၂၁) ရက္ေန႔အထိ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ားအတြင္း ျမန္မာစစ္တပ္၏တပ္မ(၅၅) လက္ေအာက္ခံတပ္ရင္းမ်ားမွ ေသဆံုးသူ(မ်က္ျမင္) (၃၅) ဦးအထက္ရွိခဲ့ၿပီး ဒဏ္ရာရရွိသူမ်ားမွာလည္း(၃၀) ဦးအထက္ရွိခဲ့သည္။
 

(( ရန္သူ႔ေထာက္ပို႔စခန္းငယ္ႏွင့္ လကၠာရြာအနီးတိုက္ပြဲအတြင္းသိမ္းဆည္းရမိေသာ ပစၥည္းမ်ား၏ ဓာတ္ပံုမ်ားကိုရရွိပါက ထပ္မံတင္ေပးသြားပါမည္))
 

သတင္းႏွင့္ျပန္ၾကားေရး
 
ရကၡိဳင့္တပ္ေတာ္

Unicode

၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၉/၂၀)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၁၉/၂၀) ရက်များတွင် မြောက်ဦးမြို့နယ်၊ လက္ကာရွာအတွင်း၊လက္ကာရွာပတ်ဝန်းကျင် နှင့်လက္ကာရွာနှင့်ဝေသာလီရွာအကြား တွင် မြန်မာစစ်တပ်၏ နယ်လှည့်သောင်းကျန်းသူတပ်မ(၅၅) လက်အောက်ခံတပ်ရင်းများနှင့် ရက္ခိုင့်တပ်တော်တို့ ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့သည်။ နှစ်ရက်တာကာလတိုက်ပွဲများအတွင်း တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများမှ သေဆုံးသူအရေအတွက်(၃၅) ဦးအထက်ရှိခဲ့ပြီးသေဆုံးသူနှင့်ဒဏ်ရာရရှိသူအရေအတွက်မြင့်တက်လျှက်ရှိသည်။ ထွက်ပြေးသူများလည်းများပြားလျှက်ရှိသည်။

ထို့အပြင် မင်းပြားမြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌လည်းတိုက်ပွဲများဆက်လက်ရှိခဲ့သည်။

ရခိုင်ဒေသအတွင်းနေထိုင်ကြသောပြည်သူလူထုများကို စိတ်ပိုင်းဆိုင်ရာဒုက္ခအမိုျးမိုျးပေးနေသည့်အပြင် တရားလက်လွတ်သတ်ဖြတ်နေသော တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများအား ရက္ခိုင့်တပ်တော်မှ လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။

လက္ကာရွာအတွင်းရှိ စာသင်ကျောင်း၊ လူနေအိမ်များ၊ ကန်ဘောင်နံဘေးကို ခံတပ်သဖွယ်အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေသော တပ်မ(၅၅) လက်အောက်ခံတပ်ရင်း( အမည်စုံစမ်းဆ) အား ရက္ခိုင့်တပ်တော်မှ အောက်တိုဘာလ(၁၉) ရက်၊ နံနက်(၆) နာရီမှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

နေ့လည်(၁၂) နာရီခန့်အထိ (၆) နာရီနီးပါးကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲသည်ပြင်းထန်ခဲ့ပြီး ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သကဲ့သို့မိမိတို့ဖက် မှလည်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်အခိုျ့၊ဒဏ်ရာရစစ်သည်တော်အခိုျ့ရှိခဲ့သည်။

နံနက်(၈) နာရီ(၅၀) မိနစ်တွင်လည်း "သခိုျင်းတောင်"ဖက်မှ စစ်ကူလာသော မြန်မာစစ်တပ်အား စစ်ကူပေး၍မရအောင် ရက္ခိုင့်တပ်တော်မှ "လက္ကာရွာနှင့်ဝေသာလီရွာ"အကြား တွင်အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။

အောက်တိုဘာလ(၁၉) ရက်နေ့၏တိုက်ပွဲနှစ်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ အနည်းဆုံး(၁၀) ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများသည် (၁၀) ကျော်ရှိခဲ့သည်။

ဤတိုက်ပွဲများအတွင်း ရန်သူ၏ RPG-7 ဗုံးသီး( ၁၅) လုံး၊ ၆၀ မမဗုံးသီး(၂၀) လုံး၊ ဆက်သွယ်ရေးဆက်ကြီး(၂) လုံး၊ မိုင်း၊ လက်နက်ခဲယမ်း၊ ဆေးဝါးပစ္စည်း၊ MA ကျည်(၃၅၁၇ တောင့်)၊ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ ဖုန်း နှင့် ဆက်စပ်ပစ္စည်းများ၊ရိက္ခာအခိုျ့ နှင့် စာရွက်စာတမ်းအခိုျ့ကို ရက္ခိုင့်တပ်တော်မှသိမ်းဆည်းရမိခဲ့သည်။

မင်းပြားမြို့နယ်၊ ကျော်ကရွာ အရှေ့မြောက်ဖက်(၁.၇) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာမြောက်ဖက်၊ မင်းမချောင်းထဲတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ(မြိုရွာ) အနောက်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်းကောင်း အောက်တိုဘာ(၁၉) ရက်နေ့၌တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အထက်မြတ်လှဲ(မြိုရွာ) အနောက်ဖက်တောင်တန်းပေါ်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း၌လည်း မြန်မာစစ်တပ်ဖက်မှ သေဆုံးသူအရေအတွက်များပြားခဲ့သည်။ မိမိတို့တပ်ဖွဲ့ဝင်များသတင်းပေးပို့ချက်အရ ရန်သူ့ဖက်မှ သေဆုံးသူ(မျက်မြင်) ၁၀- ဦးအထက်ရှိခဲ့ကြောင်းသိရှိရသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၀) ရက်၊နံနက်(၈) နာရီ (၅၀) မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့နယ်၊"လက္ကာရွာတံတားအနီး"တွင် အင်အား(၅၀) ခန့်ပါတပ်မ(၅၅) လက်အောက်ခံစစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်၊ ကွန်မန်ဒိုများမှဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အနည်းဆုံး(၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားထပ်မံရှိခဲ့သည်။ ရန်သူသည် သေဆုံးသူများနှင့်ဒဏ်ရာရသူများကို ကျောက်တင်ကားဖြင့် မြောက်ဦးမြို့ဖက်သို့သယ်ယူသွားခဲ့သည်။ မိမိတို့အနေဖြင့် ရန်သူ၏၎င်းစစ်ကြောင်းပါနောက်ကျန်တပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းတိုက်ခိုက်လျှက်ရှိသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၀) ရက်၊ ညနေ(၄) နာရီခန့်တွင် အထိနာနေသော အင်အား(၂၀၀) ခန့်ရှိသော တပ်မ(၅၅) သည် လက္ကာရွာအရှေ့ဖက်ရှိတောင်တန်းတွင်ထိုးစစ်ဆင်တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သည်။ မိနစ်(၉၀) ခန့်ရန်သူ့ထိုးစစ်အတွင်း ရန်သူ့ဖက်မှထပ်မံ၍(၁၀) ဦးခန့်ကျဆုံးပြီး (၁၅) ဦးကျော်ထပ်မံဒဏ်ရာရရှိခဲ့သည်။ ထို့နောက်ရန်သူသည် တပ်လန်သွားပြီး အဝေးမှလက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၀) ရက်၊ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာ အရှေ့မြောက်ဖက်၊ "အရိုးကျတောင်တန်း" ပေါ်တွင် နံနက်(၉) နာရီခန့်တွင်လည်းကောင်း၊ ပလက်ဝမြို့နယ်၊ ခမောင်းဝရွာမြောက်ဖက်တောင်တန်းပေါ်တွင်လည်းကောင်း မိနစ်အနည်းကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်ထိတွေ့မှုဖြစ်ပွားရခြင်းဖြစ်သည်။ ရန်သူသည် ထိတွေ့မှုဖြစ်ပြီးနောက် တပ်ဆုတ်သွားသောကြောင့် တိုက်ပွဲဆက်လက်မဖြစ်ပွားခဲ့သော်လည်း လက်နက်ကြီး၊ MG-42 များဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများသည် ရခိုင်ကျေးရွာများရှိလူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူလူထုများကို ဥပဒေမဲ့တရားလက်လွတ်ပစ်သတ်ခြင်း၊ ရွာအတွင်းရှိနေအိမ်များမှ ရွှေ၊ငွေအပါအဝင် အသုံးအဆောင်ပစ္စည်းများကိုခိုးယူခြင်းအပါအဝင် ဖျက်ဆီးခြင်းများကိုဆက်လက်ပြုလုပ်နေပါက မိမိတို့အနေဖြင့် ထပ်မံတုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့တွင်လည်း မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်နေမှုများ၊ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများမှာဆက်လက်ရှိနေခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၉)ရက် မှ (၂၁) ရက်နေ့အထိ ရခိုင်ပြည်တိုက်ပွဲသတင်းများအတွင်း မြန်မာစစ်တပ်၏တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများမှ သေဆုံးသူ(မျက်မြင်) (၃၅) ဦးအထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာလည်း(၃၀) ဦးအထက်ရှိခဲ့သည်။

(( ရန်သူ့ထောက်ပို့စခန်းငယ်နှင့် လက္ကာရွာအနီးတိုက်ပွဲအတွင်းသိမ်းဆည်းရမိသော ပစ္စည်းများ၏ ဓာတ်ပုံများကိုရရှိပါက ထပ်မံတင်ပေးသွားပါမည်))

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    506
    0