May 10, 2019

၂၀၁၉ ခုနှစ်၊ မေလ (၉) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

မေလ(၉) ရက်နေ့၊ ညနေ(၄) နာရီ (၅၀) မိနစ်တွင်ကျောက်တော်မြို့နယ်၊ "ဒေးဝန်းရွာ" နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ "မော်ရွာ" ကြားတွင် စစ်အင်အားဖြည့်တင်းနေသောရန်သူ့စစ်ကြောင်းအား ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။သွေးပျက်နေသောရန်သူ့စစ်ကြောင်းသည်လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမကတိုက်ပွဲနှင့်အလှမ်းဝေးသောနေရာ(ကျေးရွာ)ပတ်ဝန်းကျင်အနီး၌လက်နက်ကြီး၊လက်နက်ငယ်ကျည်များကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်။

ထို့အပြင် မေလ(၉) ရက်၊ နေ့လည် (၁၂) နာရီ(၂၅) မိနစ်တွင်လည်း ရန်သူသည် မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာခဲ့သောကြောင့် မြောက်ဦးမြို့နယ်၊ "အုတ်ဖုတ်ကန် ရွာ" အရှေ့ဖက်တောင်တန်းပေါ်တွင် ကြိုကြားကြိုကြားထိတွေ့မှုသုံးကြိမ်ဖြစ်ပွားခဲ့သည်။ ဤကဲ့သို့ ထိတွေ့မှုအတွင်းတွင်လည်း ရန်သူ့ဖက်မှထိခိုက်ဒဏ်ရာရမှုများရှိနိုင်သည်။

ရက္ခိုင့်တပ်တော်

သတင်းနှင့်ပြန်ကြားရေး

    299
    11