Sep 29, 2019

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်၊တနင်္ဂနွေနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊စက်တင်ဘာ(၂၉) ရက်နေ့တွင် ရခိုင်ပြည်၊ ကျောက်တော်၊ ဘူးသီးတောင် နှင့် မင်းပြားမြို့နယ်များ၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။
 

(၁) ကျောက်တော်မြို့နယ်၊ မီးဝရွာ နှင့် ဂျင်းခါးစေ့ရွာ အကြားတွင်လည်းကောင်း၊
 

(၂) ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာ နှင့် ကွမ်းတောင်ရွာအကြားတွင်လည်းကောင်း၊
 

(၃) မင်းပြားမြို့နယ်၊ ကျော်ကရွာ၊အရှေ့မြောက်ဖက်(၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်းကောင်း
 

တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။


 

သတင်းနှင့်ပြန်ကြားရေး
 
ရက္ခိုင့်တပ်တော်

    531
    0