Jan 18, 2020
"ရခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်း စစ်ရာဇဝတ်မြန်မာ့တပ်မတော်မှ အရပ်သား(၄) ဦးအားသတ်ဖြတ်သည့်သတင်း"
Updated: Jan 21, 2020
မြန်မာ့တပ်မတော်မှ သတ်ဖြတ်ခဲ့သောကြောင့်သေဆုံးခဲ့ရသူ (ကမ်းနီရွာ၊ အထက်ငှက်ပျောချောင်းရွာ၊ စညှင်းရွ)ရွာ(၃) ရွာ မှ ရွာသား(၄) ဦး၏အလောင်းကိုတွေ့ရှိရသည့်နေရာ
နယ်ချဲ့အစွန်းရောက် စစ်ရာဇဝတ်တပ်ဖွဲ့သည် စစ်မြေပြင်တွင် တစ်ရက်ထက်တစ်ရက်အထိနာလျှက်ရှိနေဆဲဖြစ်သောကြောင့် လူမျိုးရေးအမုန်းတရားများဖြင့် ရခိုင်ပြည်သူလူထုများအားသတ်ဖြတ်ခြင်း၊ ရခိုင်ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်တိုက်ခိုက်ခြင်းများကို ထပ်မံလုပ်ဆောင်လျှက်ရှိသည်။
ရခိုင်ပြည်သူလူထုများကို ဤကဲ့သို့သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်းများကို သေဆုံးသူကာယကံရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက်လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။
ရက္ခိုင့်တပ်တော်
Unicode
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၈) ရက်နေ့။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၇) ရက်၊ ညဉ့် တွင်သေဆုံးလျှက်တွေ့ရှိရသော (ကမ်းနီရွာ၊ အထက်ငှက်ပျောချောင်းရွာ၊ စညှင်းရွာ) စသည့် ရွာ(၃) ရွာမှ ရွာသား(၄) ဦး၏အလောင်းအား မင်းပြားမြို့နယ်၊ ဖားပြို(ချင်း)ရွာအနီးတွင် တွေ့ရှိရပါသည်။ ၎င်းသေဆုံးလျှက်တွေ့ရှိရသည့်ရွာသား ၄ ဦးမှာ မြန်မာ့တပ်မတော်မှ ရက်စက်စွာသတ်ဖြတ်ခဲ့၍သေဆုံးရခြင်းပင်ဖြစ်သည်။ စစ်ရာဇဝတ်အမှုကိူထပ်မံကျူးလွန်ခြင်းပင်ဖြစ်သည်။
ယခုသေဆုံးလျှက်တွေ့ရှိရသည့်နေရာအနီးတွင် မြန်မာ့တပ်မတော်၏ အင်အား(၁၆၀) ခန့်မှ စစ်ကြောင်းတစ်ခုစခန်းချပြီးလှုပ်ရှားနေသည့်နေရာဖြစ်သည်။
ထို့အတူ ကမ်းနီရွာမှ ဆိုင်ကယ်ဖြင့် ထွက်သွားသည့် လူငယ်(၁) ဦး၏ ဆိုင်ကယ်ကိုသာတွေ့ရှိရပြီး ဆိုင်ကယ်ပိုင်ရှင်မှာလည်းပျောက်ဆုံးလျှက်ရှိနေသေးကြောင်းသိရှိရပါသည်။
နယ်ခဲျ့အစွန်းရောက် စစ်ရာဇဝတ်တပ်ဖွဲ့သည် စစ်မြေပြင်တွင် တစ်ရက်ထက်တစ်ရက်အထိနာလျှက်ရှိနေဆဲဖြစ်သောကြောင့် လူမျိုးရေးအမုန်းတရားများဖြင့် ရခိုင်ပြည်သူလူထုများအားသတ်ဖြတ်ခြင်း၊ ရခိုင်ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်တိုက်ခိုက်ခြင်းများကို ထပ်မံလုပ်ဆောင်လျှက်ရှိသည်။
ရခိုင်ပြည်သူလူထုများကို ဤကဲ့သို့သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်းများကို သေဆုံးသူကာကယံရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက်လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
English Edition
News of the killing of four civilians by the war criminal Myanmar Army in Minbya Township of Arakan
18 January 2020
The bodies of four villagers from the three villages such as Kan Nee, the upper Ngapyaw Chaung and Sanyinn were found near Farbyo (Chin) village in Minbya Township on the night of the 17 January 2020.
The four villagers who were found dead were brutally murdered by the Myanmar Army. It is a repeat of their war crimes.
Near the site where the dead were found now, about 160 Burmese troops camped for ground operations earlier.
Besides, it has known that only the motorbike of a youth who had left Kan Nee village was found and the owner of the motorcycle is still missing.
The colonialist extremist war criminal Myanmar Tatmadaw troops are facing serious defeats on the battlefields every day. Now they are engaged in murdering and conducting massacres of the ethnic people of Arakan with racial hatred and attacking the villages of Arakan with big and small guns and artillery.
We are resolved at taking befitting retaliatory actions against such cowardly attacks on behalf of the unarmed and innocent civilians of Arakan.
AA Info Desk
    592
    6