Jun 23, 2020

ျမန္မာ့တပ္မေတာ္၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ပူးေပါင္းစစ္ေၾကာင္းႏွင့္ရကၡိဳင့္တပ္ေတာ္တို႔ထိေတြ႕မႈျဖစ္

#Zawgyi

ျမန္မာ့တပ္မေတာ္၏ ဘူးသီးေတာင္အေျခစိုက္၊ ခလရ(၂၃၃) တပ္ရင္း၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ပူးေပါင္းစစ္ေၾကာင္း ႏွင့္ ရကၡိဳင့္တပ္ေတာ္ တို႔ ထိေတြ႕မႈျဖစ္

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၂၃) ရက္

ရကၡိဳင့္တပ္ေတာ္သည္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကိုေရွး႐ွဳ၍ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ညီေနာင္မဟာမိတ္မ်ားႏွင့္ အႀကိမ္ႀကိမ္ေၾကညာခဲ့ၿပီးျဖစ္သည္။ ထုတ္ျပန္ထားသည့္အတိုင္းတိုက္ပြဲမ်ားမျဖစ္ပြားေစရန္ ထိန္းသိမ္းခဲ့ေသာ္လည္း ျမန္မာ့တပ္မေတာ္၏ ရကၡိဳင့္တပ္ေတာ္အေပၚၾကည္း၊ေရ၊ေလ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားေၾကာင့္တိုက္ပြဲမ်ားဆက္လက္ရွိေနရျခင္းျဖစ္သည္။

တစ္ၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင့္တပ္ေတာ္အား ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားကို ကို႐ိုနာကူးစက္ေရာဂါ ကာကြယ္ေရး၊ထိန္းခ်ဳပ္ေရး၊ တိုက္ဖ်က္ေရးကာလ၌ပင္ဆက္လက္ျပဳလုပ္ေနဆဲျဖစ္သည္။

ထို႔ေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၂၂) ရက္၊ ညေန(၅) နာရီ(၁၇) မိနစ္တြင္ ျမန္မာ့တပ္မေတာ္၏ ဘူးသီးေတာင္အေျခစိုက္၊ ခလရ(၂၃၃) တပ္ရင္း၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ပူးေပါင္းစစ္ေၾကာင္း ႏွင့္ ရကၡိဳင့္တပ္ေတာ္ တို႔သည္ အငူေမာ္-ေမာင္ေတာ ကားလမ္းမအနီး၌ တစ္နာရီခန္႔ၾကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။

ရန္သူသည္ ၎တို႔၏ နယ္ေျမရွင္းလင္းေရးကိစၥရပ္မ်ားအား စစ္တပ္ႏွင့္ရဲ ပူးေပါင္းေဆာင္ရြက္ေနစဥ္ကာလအတြင္း ရကၡိဳင့္တပ္ေတာ္၊လႈပ္ရွားစစ္ေၾကာင္းမ်ားႏွင့္ႏွစ္ဖက္ရင္ဆိုင္ထိေတြ႕မႈျဖစ္၍ယခုကဲ့သို႔တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္။

ရန္သူ(၁၀) ဦး နီးပါးအားရကၡိဳင့္တပ္ေတာ္မွသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။

မိမိတို႔ဖက္မွလည္း အလတ္စား၊ အျပင္းစား ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

မြန်မာ့တပ်မတော်၏ ဘူးသီးတောင်အခြေစိုက်၊ ခလရ(၂၃၃) တပ်ရင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော် တို့ ထိတွေ့မှုဖြစ်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၃) ရက်

ရက္ခိုင့်တပ်တော်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု၍ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ညီနောင်မဟာမိတ်များနှင့် အကြိမ်ကြိမ်ကြေညာခဲ့ပြီးဖြစ်သည်။ ထုတ်ပြန်ထားသည့်အတိုင်းတိုက်ပွဲများမဖြစ်ပွားစေရန် ထိန်းသိမ်းခဲ့သော်လည်း မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ်ကြည်း၊ရေ၊လေ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့်တိုက်ပွဲများဆက်လက်ရှိနေရခြင်းဖြစ်သည်။

တစ်ပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ကိုရိုနာကူးစက်ရောဂါ ကာကွယ်ရေး၊ထိန်းချုပ်ရေး၊ တိုက်ဖျက်ရေးကာလ၌ပင်ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၂) ရက်၊ ညနေ(၅) နာရီ(၁၇) မိနစ်တွင် မြန်မာ့တပ်မတော်၏ ဘူးသီးတောင်အခြေစိုက်၊ ခလရ(၂၃၃) တပ်ရင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော် တို့သည် အငူမော်-မောင်တော ကားလမ်းမအနီး၌ တစ်နာရီခန့်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။

ရန်သူသည် ၎င်းတို့၏ နယ်မြေရှင်းလင်းရေးကိစ္စရပ်များအား စစ်တပ်နှင့်ရဲ ပူးပေါင်းဆောင်ရွက်နေစဉ်ကာလအတွင်း ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းများနှင့်နှစ်ဖက်ရင်ဆိုင်ထိတွေ့မှုဖြစ်၍ယခုကဲ့သို့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။

ရန်သူ(၁၀) ဦး နီးပါးအားရက္ခိုင့်တပ်တော်မှသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

မိမိတို့ဖက်မှလည်း အလတ်စား၊ အပြင်းစား ဒဏ်ရာရသူအချို့ရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    769
    10