Feb 13, 2020

မြန်မာ့တပ်မတော်၏ဘူးသီးတောင်အခြေစိုက်စကခ(၁၅)မှလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ကျောင်းသား(၂၁)ဦးဒဏ်ရာရ

မြန်မာ့တပ်မတော်၏ဘူးသီးတောင် အခြေစိုက် စကခ (၁၅)မှ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ခမွေချောင်းကျေးရွာ၊အမက၊မူလွန်စာသင်ကျောင်းတစ်ခုထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျောင်းသား ၂၁ ဦး ဒဏ်ရာရ
 

 
၂၀၂ဝပြည့်နှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်၊

၂၀၂ဝပြည့်နှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်၊ နံနက်(၁၀) နာရီ(၀၃) မိနစ်၊ (၁၀) နာရီ(၁၀) မိနစ် နှင့် (၁၀) နာရီ(၁၃) မိနစ်တို့တွင် မြန်မာ့တပ်မတော်၏ဘူးသီးတောင်အခြေစိုက်စကခ(၁၅)မှ ခမွေချာင်းရွာအတွင်းသို့လက်နက်ကြီး(၃) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်သည့်သုံးကြိမ်အတွင်း တတိယအကြိမ်မြောက် လက်နက်ကြီးကျည်မှာ ဘူးသီးတောင်မြို့နယ်၊ခမွေချောင်းကျေးရွာ၊အမက၊မူလွန်စာသင်ကျောင်းတစ်ခုထဲ ကျရောက်ပေါက်ကွဲသောကြောင့် စာသင်နေသော ကျောင်းသား/သူ စုစုပေါင်း(၂၁)ဦးမှာ လက်နက်ကြီးကျည်စများထိမှန်ကာဒဏ်ရာရခဲ့သည်။ အချို့မှာ ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ ဒဏ်ရာရရှိထားသော ကျောင်းသား/သူများစာရင်းမှာ
 

 
၁။ မခိုင်မြတ်ဦး/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးထွန်းမောင်/အမိ ဒေါ်မဖြူ
 

 
၂။မအေးသန္တာ/အသက်(၈)နှစ်/(၂)တန်း/အဖ ဦးကျော်သာစိန်/အမိ ဒေါ်ဖြူဖြူဝင်း


 
၃။ မစံမန်း/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးအောင်သာထွန်း/အမိ ဒေါ်ဒါမဖြူ
 

 
၎။ မသန္တာခိုင်/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးအောင်လှ/အမိ ဒေါ်လှဦး
 

 
၅။ မလှလှသန်း/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးဝေတင်အောင်/အမိ ဒေါ်တင်ဝင်း
 

 
၆။မယွန်းနဒီထွန်း/အသက်(၈)နှစ်/(၂)တန်း/အဖ ဦးစိန်လှထွန်း/အမိ ဒေါ်မဒင်
 

 
၇။မောင်အောင်နိုင်ထွန်း/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးစိုးဦးထွန်း/အမိ ဒေါ်ပန်မန်း
 

 
၈။ မောင်နိုင်နိုင်ဝင်း/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးအောင်ထွန်းစိန်/အမိ ဒေါ်လှသာ
 

 
၉။ မောင်မောင်မြင့်အောင်/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးရွှေသာဖြူ/အမိ ဒေါ်ဝေမာဦး
 

 
၁၀။ မောင်ညီစိုး/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးရွှေသာဖြူ/အမိ ဒေါ်မကျြော့မိုင်
 

 
၁၁။ မောင်မောင်သန်း/အသက်(၁၀)နှစ်/(၄)တန်း/အဖ ဦးကျော်အေး/အမိ ဒေါ်စံဦးသာ
 

 
၁၂။မောင်ညီညီလင်း/အသက်(၇)နှစ်/(၁)တန်း/အဖ ဦးကံအောင်/အမိ ဒေါ်ဝေသာစိန်
 

 
၁၃။မောင်သူညွန့်အောင်/အသက်(၇)နှစ်/(၁)တန်း/အဖ ဦးကြာအံ/အမိ ဒေါ်ပန်မန်း
 

 
၁၄။မောင်ကျော်သိန်း/အသက်(၈)နှစ်/(၂)တန်း/အဖ ဦးဝေတင်အောင်/အမိ ဒေါ်စံဝင်း
 

 
၁၅။မောင်အန်းလွန်နော်ရိန်/အသက်(၉)နှစ်/(၃)တန်း/အဖ ဦးဝေမောင်/အမိ ဒေါ်မြဝင်း
 

 
၁၆။မောင်ဇော်ဇော်လင်း/အသက်(၈)နှစ်/(၂)တန်း/အဖ ဦးမောင်ကျော်ခိုင်/အမိ ဒေါ်လတန်း
 

 
၁၇။မောင်ဘုန်းလျှံ/အသက်(၈)နှစ်/(၂)တန်း/အဖ ဦးထွန်းစိန်အောင်/အမိ ဒေါ်ခင်သန်းနု
 

 
၁၈။မောင်သောထွန်း/အသက်(၈)နှစ်/(၂)တန်း/အဖ ဦးမောင်လှခိုင်/အမိ ဒေါ်ခိုင်သန်းနု
 

 
၁၉။မောင်အောင်နေဆန်း/အသက်(၇)နှစ်/(၁)တန်း/အဖ ဦးထွန်းမောင်/အမိ ဒေါ်မဖြူ
 

 
တို့ဖြစ်ကြပြီး အခြားနှစ်ဦးနာမည် အားမသိရသေးပါ။ အထက်ဖော်ပြပါ ကျောင်းသား/သူများထဲမှ ပြင်းထန်စွာဒဏ်ရာရရှိထားသူများအားဘူးသီးတောင်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်နေကြောင်းသိရှိရသည်။
 

 
သတင်းနှင့်ပြန်ကြားရေး
 
ရက္ခိုင့်တပ်တော်
 
၂၀၂ဝပြည့်နှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်၊

    461
    5