Jun 10, 2020

ျမန္မာ့တပ္မေတာ္၏စစ္သေဘၤာမွပစ္ခတ္မႈေၾကာင့္အျမင့္ကြ်န္းေက်းရြာမွအရပ္သားမ်ားေသဆံုးဒဏ္ရာရမႈျဖစ္ပြား

Updated: Nov 12, 2020

#Zawgyi

ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာေပၚမွ မည္သည့္တိုက္ပြဲမွ်ျဖစ္ပြားခဲ့ျခင္းမရွိဘဲ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အျပစ္မဲ့ သက္ႀကီးပိုင္းအရပ္သား (၁) ဦးေသဆုံး၊ (၄) ဦးဒဏ္ရာရရွိခဲ့သည္သာမက အျမင့္ကြၽန္း ရဲစခန္းမွ စခန္းမႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ဒဏ္ရာရရွိ

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၀) ရက္

ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသအတြင္း စစ္ဆင္ေရးမ်ားကို Covid-19 ထိန္းခ်ဳပ္ေရး၊ ႀကိဳတင္ကာကြယ္ေရး၊ တိုက္ဖ်က္ေရးကာလအတြင္း၌ ဆက္လက္ျပဳလုပ္ေနဆဲျဖစ္သည္။

ညအခ်ိန္မ်ားတြင္ ကုန္းလမ္းမွ မသြားရဲေသာေၾကာင့္ ေရလမ္းမ်ားမွ စစ္သေဘၤာမ်ားျဖင့္ ခိုးေၾကာင္ခိုးဝွက္သြားလာေနၾကသည္။ တစ္ၿပိဳင္နက္တည္းတြင္ ေရလမ္းေၾကာင္းျဖင့္သြားလာရာတြင္ ျမစ္၊ ေခ်ာင္း ဝဲယာနံေဘးတစ္ေလွ်ာက္ရွိ ရခိုင္ေက်း႐ြာမ်ားအား ျမန္မာ့တပ္မေတာ္သည္ က်ဴးေက်ာ္သူနယ္ခ်ဲ႕တပ္တို႔၏ စိတ္ေနစိတ္ထားတို႔ႏွင့္အတူ လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ ေန႔၊ ည အခ်ိန္မေ႐ြး လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ စစ္သေဘာမ်ၤားေပၚမွ ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ ႀကိမ္ဖန္မ်ားစြာရွိခဲ့ၿပီျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၀) ရက္၊ နံနက္ (၀၀) နာရီ (၂၆) မိနစ္တြင္ ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာေပၚမွ လူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္ မိနစ္သုံးဆယ္ခန႔္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ရခိုင္ျပည္၊ စစ္ေတြၿမိဳ႕နယ္၊ အျမင့္ကြၽန္းေက်း႐ြာအတြင္း လက္နက္ႀကီးထိမွန္မႈေၾကာင့္ အသက္ (၈၅) ႏွစ္အ႐ြယ္ အဖြားအိုတစ္ဦးေသဆုံးကာ၊ အမ်ိဳးသမီး (၃) ဦး၊ အမ်ိဳးသား (၁) ဦး လက္နက္ႀကီးစထိမွန္၍ ဒဏ္ရာရသည့္အျပင္ အျမင့္ကြၽန္း ရဲစခန္းအတြင္း၌ပါ လက္နက္ႀကီးထိမွန္၍ ရဲစခန္းမွ စခန္းမႉး-ဗိုလ္ မ်ိဳးသက္ထြန္းအပါအဝင္ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕လက္နက္ႀကီးစထိမွန္၍ ဒဏ္ရာရရွိခဲ့သည္။ အျမင့္ကြၽန္း႐ြာမွ လူေနအိမ္အခ်ိဳ႕ထိခိုက္ပ်က္စီးခဲ့သည္။

အသက္ (၈၅) ႏွစ္အ႐ြယ္၊ ေဒၚေဂ်ာ္ဂ်ီမ မွာ ၎ေနအိမ္၌ပင္ ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာေပၚမွ ပစ္ခတ္ေသာ လက္နက္ႀကီးထိမွန္၍ ေသဆုံးခဲ့သည္။

ေဒၚဆန္းဆန္းယဥ္၊ အသက္ (၄၄) ႏွစ္၊ ေဒၚမိုးႏုစိန္၊ အသက္ (၆၅) ႏွစ္၊ မနႏၵာဝင္း၊ အသက္ (၁၃) ႏွစ္ႏွင့္ ဦးေက်ာ္ျမင့္၊ အသက္ (၄၂) ႏွစ္တို႔ ေလးဦးမွာ စစ္သေဘၤာေပၚမွ ပစ္ခတ္လိုက္ေသာ လက္နက္ႀကီးထိမွန္၍ ဒဏ္ရာရရွိခဲ့သည္။

ထို႔အတူ ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာေပၚမွ ညသန္းေခါင္အခ်ိန္၌ ရမ္းသန္းပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အျမင့္ကြၽန္းရဲစခန္းမွ စခန္းမႉး ဗိုလ္ မ်ိဳးသက္ထြန္းမွာ ျပင္းထန္ဒဏ္ရာရရွိခဲ့သည့္အျပင္ အျခားရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕မွာလည္း လက္နက္ႀကီးစထိမွန္ဒဏ္ရာရရွိခဲ့သည္။

ရခိုင္ျပည္သူလူထုအား ပစ္မွတ္ထားတိုက္ခိုက္ေနေသာ စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္အား ရခိုင္ျပည္သူမ်ားမွ ရခိုင္ျပည္အတြင္းရွိေနသည္ကိုမလိုလားၾကေခ်။ ထို႔ေၾကာင့္ ULA/AA မွ ျမန္မာ့တပ္မေတာ္ အပါအဝင္ ျမန္မာအစိုးရ၏လက္နက္ကိုင္တပ္ဖြဲ႕မ်ားအားလုံး၊ ျမန္မာအစိုးရ၏ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားအားလုံး ရခိုင္ျပည္အတြင္းမွ အျမန္ဆုံးထြက္ခြာရန္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၂၉) ရက္ေန႔ရက္စြဲျဖင့္ သတိေပးခဲ့ၿပီးျဖစ္သည္။ ရခိုင္ျပည္သူလူထုအား သတ္ျဖတ္ေနေသာ ျမန္မာ့တပ္မေတာ္၏ တပ္ရင္း၊ စစ္ေၾကာင္းမ်ားကို လက္စားေခ်တုံ႔ျပန္သြားမည္ျဖစ္သည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ မည်သည့်တိုက်ပွဲမျှဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ သက်ကြီးပိုင်းအရပ်သား (၁) ဦးသေဆုံး၊ (၄) ဦးဒဏ်ရာရရှိခဲ့သည်သာမက အမြင့်ကျွန်း ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရရှိ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်

မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း စစ်ဆင်ရေးများကို Covid-19 ထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တိုက်ဖျက်ရေးကာလအတွင်း၌ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

ညအချိန်များတွင် ကုန်းလမ်းမှ မသွားရဲသောကြောင့် ရေလမ်းများမှ စစ်သင်္ဘောများဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေကြသည်။ တစ်ပြိုင်နက်တည်းတွင် ရေလမ်းကြောင်းဖြင့်သွားလာရာတွင် မြစ်၊ ချောင်း ဝဲယာနံဘေးတစ်လျှောက်ရှိ ရခိုင်ကျေးရွာများအား မြန်မာ့တပ်မတော်သည် ကျူးကျော်သူနယ်ချဲ့တပ်တို့၏ စိတ်နေစိတ်ထားတို့နှင့်အတူ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ နေ့၊ ည အချိန်မရွေး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်သဘောင်္များပေါ်မှ ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်၊ နံနက် (၀၀) နာရီ (၂၆) မိနစ်တွင် မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ လူမျိုးရေးအမုန်းတရားများဖြင့် မိနစ်သုံးဆယ်ခန့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၈၅) နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးကာ၊ အမျိုးသမီး (၃) ဦး၊ အမျိုးသား (၁) ဦး လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရသည့်အပြင် အမြင့်ကျွန်း ရဲစခန်းအတွင်း၌ပါ လက်နက်ကြီးထိမှန်၍ ရဲစခန်းမှ စခန်းမှူး-ဗိုလ် မျိုးသက်ထွန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ အမြင့်ကျွန်းရွာမှ လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။

အသက် (၈၅) နှစ်အရွယ်၊ ဒေါ်ဂျော်ဂျီမ မှာ ၎င်းနေအိမ်၌ပင် မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည်။

ဒေါ်ဆန်းဆန်းယဉ်၊ အသက် (၄၄) နှစ်၊ ဒေါ်မိုးနုစိန်၊ အသက် (၆၅) နှစ်၊ မနန္ဒာဝင်း၊ အသက် (၁၃) နှစ်နှင့် ဦးကျော်မြင့်၊ အသက် (၄၂) နှစ်တို့ လေးဦးမှာ စစ်သင်္ဘောပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ ညသန်းခေါင်အချိန်၌ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြင့်ကျွန်းရဲစခန်းမှ စခန်းမှူး ဗိုလ် မျိုးသက်ထွန်းမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် အခြားရဲတပ်ဖွဲ့ဝင်အချို့မှာလည်း လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်အား ရခိုင်ပြည်သူများမှ ရခိုင်ပြည်အတွင်းရှိနေသည်ကိုမလိုလားကြချေ။ ထို့ကြောင့် ULA/AA မှ မြန်မာ့တပ်မတော် အပါအဝင် မြန်မာအစိုးရ၏လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၊ မြန်မာအစိုးရ၏ အုပ်ချုပ်ရေးယန္တရားများအားလုံး ရခိုင်ပြည်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၉) ရက်နေ့ရက်စွဲဖြင့် သတိပေးခဲ့ပြီးဖြစ်သည်။ ရခိုင်ပြည်သူလူထုအား သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်း၊ စစ်ကြောင်းများကို လက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    556
    6