Mar 16, 2020

ဗုံးမိုး႐ြာေန တဲ့အခ်ိန္မွာေတာ့တိုက္ပြဲ ေလွ်ာ့ခ် ဖို႔ဆိုတာ ဆန္႔က်င္ဘက္ လိုျဖစ္ေနပါတယ္

Updated: Sep 29, 2020

Zawgyi

အခုရက္ပိုင္းမွာ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ပလက္ဝေဒသမွာ တပ္မေတာ္နဲ႔ ေအေအ တပ္ဖြဲ႕ ေတြအၾကား တိုက္ပြဲေတြအရွိန္ျမင့္တက္လာတာနဲ႔အမွ် တိုက္ပြဲအသြင္သ႑န္လည္း ေျပာင္းလဲလာတယ္လို႔ သိရပါတယ္။ တပ္မေတာ္က ေျမျပင္တပ္ေတြေရွ႕တန္းမွာထိုးေဖာက္ဝင္ ေရာက္တိုက္ခိုက္ႏိုင္ဖို႔အတြက္ ေလယာဥ္နဲ႔ပစ္ကူေပးတာ၊ အစားအေသာက္ေတြ ပစ္ခ်ေပး ေနရသလို ေအေအတပ္ဖြဲ႕ကလည္း ေျမျပင္ကလာတဲ့ တပ္မေတာ္တပ္ဖြဲ႕ေတြကို အႀကီးအက်ယ္ တိုက္ပြဲဆင္ႏႊဲေနတာ၊ ဖမ္းဆီးရမိေတြရွိတယ္လို႔ ဆိုပါတယ္။

တိုက္ပြဲေၾကာင့္ လူေနအိမ္၊ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း၊ ေတာင္ယာေတြလည္း မီးေလာင္ၿပီး ထိခိုက္ပ်က္စီး ေနတာရွိသလို တခ်ိဳ႕႐ြာေတြမွာလည္း သက္ႀကီး႐ြယ္အို၊ အမ်ိဳးသမီး၊ ကေလးငယ္ ေတြပါမက်န္ ႐ြာလုံးကႊၽတ္ထြက္ေျပးေနၾကရပါတယ္။ ျပင္းထန္လာတဲ့ တိုက္ပြဲအေျခ အေနနဲ႔ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ ကို ဘီဘီစီအႀကီးတန္းသတင္းေထာက္ ေစာရန္ႏိုင္ က ဆက္သြယ္ေမးျမန္း ထားပါတယ္။

ေျဖ။ ။ ေလတပ္ကို အရင္တိုက္ပြဲေတြထက္ ပိုၿပီးမွ အဓိကထားၿပီးအလုပ္လုပ္တာေတြ႕တယ္ ၊ဒါေပမယ့္ ေျမျပင္မွာ လည္း သူတို႔ ေတာ္ေတာ္ေလး အကုန္လုံးအားစိုက္ၿပီးမွ လုပ္ပါတယ္။ ေလတပ္ တခုတည္းရယ္ မဟုတ္ပါဘူး ၊ အေျမာက္ႀကီးေတြ ေရာ အကုန္ပါပါ တယ္ ။

ေမး။ ။ ဘယ္လိုေလယာဥ္ေတြသုံးလဲ ၊တစ္ရက္ ဘယ္ႏွစ္စီးေလာက္ သုံးေနလဲ ။

ေျဖ။ ။ ကြၽန္ေတာ္ တို႔ေလယာဥ္ေတြကို ေအာက္ကေန ၾကည့္ၿပီး အမ်ိဳး အစားမခြဲတတ္ပါဘူး။ပုံစံကေတာ့ စုံေနတာပဲ ရဟတ္ယာဥ္ လည္းစုံပါတယ္၊ ရိကၡာ ေတြလည္း အေပၚကေန ပစ္ခ်တဲ့ ဟာေတြေရာ၊ တိုက္ခိုက္ေရး ရဟတ္ယာဥ္ေတြေရာ အစုံသုံးပါတယ္။ အခု ရက္ပိုင္းကေတာ့ ေန႔ေကာ ညေကာ အၿမဲတန္းဗုံးႀကဲတယ္၊ ဗုံးလည္းအမ်ိဳးစုံပါတယ္။မီးေလာင္တဲ့ဗုံးေတြေရာ ၊ တခ်ိဳ႕ ဗုံးႀကီးေတြခ်ထားတဲ့ေန ရာဆိုရင္ ဆယ္ေပေလာက္နက္ၿပီးမွ ေတာ္ေတာ္က်ယ္တယ္၊ အဲဒါေတြလည္း ေတြ႕ပါတယ္။မီးခိုးဗုံးေတြလည္း သုံးပါတယ္။ အရင္ ရဟတ္ယာဥ္ ေတြနဲ႔ လူခ်တဲ့ အခ်ိန္မွာ ဒီဖက္ ကအေတာ္ ပစ္လိုက္တယ္။ ေနာက္ပိုင္းရဟတ္ယာဥ္နဲ႔ မခ်ေတာ့ဘူး ၊ ပုံစံ တမ်ိဳးေပါ့ ၊ဂ်က္ေလယာဥ္ေတြနဲ႔ ကားဝင္တဲ့ လမ္းေၾကာင္းေတာက္ေလွ်ာက္ပစ္ေပးတယ္ ၊မီးခိုးဗုံးေတြခ်လိုက္တဲ့ အဲ့ဒီ အခ်ိန္မွာ သူတို႔ ကားေတြဝင္လို႔ရ သြားတယ္၊ ပို႔လို႔ရသြားတယ္ ။ပုံစံေတြအမ်ိဳးမ်ိဳးပါပဲ၊ တိုက္ပုံ တိုက္နည္းေတြက။

ေမး။ ။ ရခိုင္ျပည္နယ္မွာ အခုျဖစ္တဲ့ တိုက္ပြဲကေျမျပင္မွာ စစ္ရွိန္ျမင့္ၿပီး အဆင့္တက္သြားတဲ့ သေဘာလား ၊ ဘယ္ပုံစံ အထိေရာက္ေနလဲ။

ေျဖ။ ။အဲဒီဂြင္မွာ ေတာ့ မီးေခ်ာင္းဗ်ဳဟာကုန္းလို႔ ႐ိုး႐ိုးေျပာၾကေပမယ့္ ၊ တကယ္က ေက်ာက္ေတာ္ၿမိဳ႕နယ္ကေန ပလက္ဝ ၿမိဳ႕နယ္ အထိ ကီလိုမီ တာ ၃၀ ေလာက္ ေတာင္ေျမာက္ ေပါ့ ၊ ၁၅ မိုင္ ပတ္လည္ေလာက္ေပါ့ အဲဒီဝန္းက်င္ေလာက္ေပါ့ ၊တိုက္ပြဲ ကေတာ့ အစုံပါ ပဲ ၊လက္နက္ႀကီးလက္နက္ငယ္ အစုံပဲ၊ ဒီတစ္ဂြင္လုံးေတာ့ လူေထာင္ခ်ီၿပီးမွ ရန္သူအင္အားလည္းမ်ားတယ္၊ အတြဲလိုက္ပစ္တဲ့ဒုံးေတြလည္းပစ္ပပါတယ္။ ဆိုေတာ့ေတာ္ေတာ္ေလးကိုျပင္းထန္တဲ့ တိုက္ပြဲလို႔ေျပာလို႔ရတယ္။

ေမး။ ။ သူတို႔ ကဘယ္ေနရာ ကိုအဓီကတိုက္တာလဲ၊ ဘာေၾကာင့္လဲ။

ေျဖ။ ။ ဗုံးက်ဲတာ အေျမာက္ပစ္ကူေပးတယ္ဆိုတာကေတာ့ သူ႔ရဲ႕ပိတ္မိေနတဲ့ တပ္ေတြကို ကယ္တင္ဖို႔အတြက္အသည္းအသန္ႀကိဳးစားေနတာပါပဲ ၊နံပတ္တစ္ကေတာ့ ပိတ္ဝိုင္းခံထားရတဲ့ ဗ်ဳဟာကုန္းကို ကယ္တင္ေရးေပါ့ ။သူတို႔ ရိကၡာနဲ႔ ေရကျပတ္ေနတာ ၾကာၿပီ အဲေတာ့ေလယာဥ္ေပၚကေန ေရသန္႔ဗူးေတြ ေရခဲတုံးေတြေပးတယ္၊ ဆန္ျပဳတ္ထုပ္ ေတြ အဲဒါေတြကို ပစ္ခ်တယ္။ေရာက္တဲ့ ဟာလည္း ေရာက္၊ မေရာက္တဲ့ ဟာလည္း မေရာက္ေပါ့၊ လက္နက္ခဲယမ္းလည္းဒီအတိုင္းပါပဲ အဲဒါကို ကယ္တင္ဖို႔ အသည္းအသန္ႀကိဳး စားေနၾကတာပါ ။ပို႔လိုက္တဲ့ စစ္ကူေတြလည္းေခ်မူန္းခံလိုက္ရတာရွိတယ္ေလ ၊ ခမရ ၇ ဆိုရင္ တစ္ရင္းလုံးေခ်မူန္းခံရတယ္၊ တပ္ရင္းမႉးကိုယ္တိုင္နဲ႔ အရာရွိေတြ အေျမာက္အမ်ားဖမ္းခံထိတယ္ေပါ့။

"ဘယ္လူမ်ိဳးကိုမွ မုန္းၿပီးမွ ကြၽန္ေတာ္တို႔ရဲ႕ လြတ္ေျမာက္မႈကို လိုခ်င္တာမဟုတ္ဘူး"

ေမး။ ။ ဗုံးေတြက အရပ္ဘက္ေတြထိခိုက္ေနတယ္ ၊စာသင္ေက်ာင္းေတြ ဘုန္းႀကီးေက်ာင္းေတြပါ အပါေပါ့ ျပည္သူေတြနစ္နာမူကိုၾကည့္ၿပီးတိုက္ပြဲ အရွိန္ေလွ်ာ့ခ်ဖို႔ မရွိဘူးလား ။

ေျဖ။ ။ ဒီေလာက္ႀကီး ဗုံးမိုး႐ြာ ေနတဲ့အခ်ိန္မွာ ေတာ့တိုက္ပြဲ ေလွ်ာ့ခ် ဖို႔ဆိုတာ ဆန္႔က်င္ဘက္ လိုျဖစ္ေနပါတယ္။ႏိုင္ငံေရးအုပ္စုေတြလည္းေစာေစာ ပိုင္းကတည္း က ျပည္သူေတြကို အကာကြယ္ေပးဖို႔ လႊတ္ေတာ္မွာေရာအ ျခားေနရာအသီးသီးမွာ ေျပာဆိုတာရွိပါတယ္။ဒါေပမဲ့ျပည္ေထာင္စု အစိုးရေသာ္လည္းေကာင္းလႊတ္ေတာ္ အေန နဲ႔လည္းေကာင္း ဒါကိုအဖက္လုပ္ၿပီးစဥ္းစားတာကိုေတာ့မေတြ႕ရပါဘူး။ဒီထက္ပိုၿပီးမွ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ ပါဝင္ဖို႔လိုတယ္ ။ကြၽန္ေတာ္တို႔မွာ မဟာမိတ္ အဖြဲ႕ရွိတယ္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕ရွိတယ္။ ညီေနာင္အဖြဲ႕ေတြရွိတယ္ FPNCC ရွိတယ္ ၊ကြၽန္ေတာ္တို႔ခ်ဥ္းကပ္ေနတဲ့ မဟာဗ်ဳဟာ တစ္ခုလုံးကိုၾကည့္ၿပီးမွေျပာရမယ္။ရခိုင္ျပည္နယ္မွာ ဒီအပစ္အခတ္ေတြကို ထိန္းသိမ္းဖို႔ဆိုရင္ေတာ့ ပြင့္ပြင့္လင္းလင္းနဲ႔ ႐ိုး႐ိုး သားသားေတာ့ေျပာဖို႔လိုတာေပါ့။ၿငိမ္းခ်မ္းေရးလို႔ ပါးစပ္ကေျပာေနၿပီးမွ တစ္ဘက္ က အျပတ္ႀကိတ္ေနတဲ့ ေျခလွမ္းမ်ိဳးေတြလွမ္းေနလို႔ေတာ့ မျဖစ္ဘူးေပါ့ ၊

ေမး။ ။ အခုလို တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲ ျပင္းထန္ေနခ်ိန္ အျခားတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕စည္းေတြကေရာ ၾကားဝင္ေျဖရွင္းတာ ပဲျဖစ္ျဖစ္ ၊ကမ္းလွမ္းတာ ေျပာဆိုတာေတြ မရွိဘူးလား၊

ေျဖ။ ။ ေလာေလာ ဆယ္ေတာ့ ကႊၽန္ေတာ္တို႔ မၾကားမိေသးပါဘူး။

ေမး။ ။ ေအေအ ကလက္နက္စက္႐ုံေဆာက္လုပ္ဖို႔ အဆင့္အထိရည္မွန္းထားေတာ့ ဘယ္လို လက္နက္ေတြ ထုတ္လုပ္ဖို႔ အထိ ရည္မွန္းထား သလဲ ။

ေျဖ။ ။ ဘယ္စစ္တပ္ မဆို သူရဲ႕ အမွီအခို ကင္းမဲ့ေသာ ရပ္တည္ႏိုင္ဖို႔ ခြန္အားႀကီးမားဖို႔ အတြက္ ႀကိဳးစားၾကမွာပဲ ရကၡိဳင့္ တပ္ေတာ္ အေနနဲ႔ ေတာ့အခုလို မ်ိဳး သာလြန္ အင္အား လက္နက္အင္ အားနဲ႔အႏိုင္က်င့္တာ မခံရဖို႔ ကိုယ့္ျပည္သူ အိုးအိမ္ေတြကို ကာကြယ္ဖို႔ လုံၿခဳံေရးနဲ႔ အခ်ဳပ္ အျခာအာဏာကို ထိန္းဖို႔ အတြက္ ဒီထက္အင္အားႀကီးေအာင္ႀကိဳးစားရမွာပဲ၊အင္အားႀကီးေအာင္ႀကိဳးစားမယ္ဆိုရင္ ဒါက မရွိမျဖစ္ လိုအပ္တဲ့ အစိတ္အပိုင္းျဖစ္တယ္။

ေမး။ ။ လက္နက္ အင္အား လူအင္ အားေတာင့္တင္းမွ ႏိုင္ငံေရးမွာ ေျပာအားရွိတယ္ ေျပာခြင့္ရွိတယ္ဆိုတဲ့ သေဘာမ်ိဳး ျပင္ဆင္ဖို႔ လိုအပ္ေနတဲ့ အေျခအေန လား၊

ေျဖ။ ။စကားေျပာ႐ုံ သက္သက္ဆိုရင္ေတာ့ လက္နက္စက္႐ုံမလိုပါဘူး ၊ကႊၽန္ေတာ္တို႔ မွာ ဒီထက္က်ယ္ျပန္႔တဲ့ အေတြးရွိပါတယ္။ကႊၽန္ေတာ္တို႔ ျပည္သူေတြ အသက္ အိုးအိမ္စည္းစိမ္ လုံၿခဳံဖို႔ အခ်ဳပ္ အျခာအာဏာ အက်ိဳးစီးပြားေတြအကုန္လုံးထိပါးမခံရဖို႔ power balance လုပ္ႏိုင္တဲ့ အေန အထားကို အခိုင္ အမာ တည္ေဆာက္ထားဖို႔ေတာ့ လိုအပ္ ပါ တယ္။

ေမး။ ။ ပလက္ဝ တိုက္ပြဲအေျခအေန က ဘယ္လိုေတြ႕ရလဲ။ ေအေအတပ္ဖြဲ႕ေတြလႈပ္ရွားလို႔မရေအာင္ တပ္မေတာ္က တိုက္ထုတ္ေနတယ္လို႔ တခ်ိဳ႕က သုံးသပ္တယ္။ အဲဒီလိုေတြ႕ေနရလား။

ေျဖ။ ။ အေစာပိုင္းမွာ က သူတို႔ ရည္၇ႊယ္ခ်က္က ကႊၽန္ေတာ္တို႔ ရပ္တည္လို႔ မရေအာင္ေပါ့ ၊ဒါေပမယ့္ အခု လက္ရွိအေျခအေနမွာ ကေတာ့ သူတို႔ သိကၡာမက်ေအာင္ အသည္းအသန္ကာကြယ္ေနရတဲ့ သေဘာ၊ အျပင္ပန္း က ၾကည့္ရင္ေတာ့ သူကထိုးစစ္ဆင္ ေနတယ္လို႔ျမင္ရ မွာေပါ့ ။ၾကည္းေရေလ အကုန္သုံးၿပီးမွ ကႊၽန္ေတာ္တို႔ကိုထိုး စစ္ဆင္ေနတာလို႔ ျမင္ရမွာပဲ ၊ဒါေပမဲ့ ျမင္ေအာင္ၾကည့္မယ္ဆိုရင္ေတာ့ သူ႔ရဲ႕ဂုဏ္သိကၡာ ကိုမက်ေအာင္ အကာအကြယ္ အဖတ္ဆည္ဖို႔ အေသအလဲ လုပ္ေနရတဲ့ သေဘာပဲ၊

ေမး။ ။ လက္နက္ နဲ႔ လူအင္အား အရမ္းကြာေတာ့ ေအေအ ကဘယ္အတိုင္းအတာထိေတာင့္ ခံႏိုင္မလဲ။

ေျဖ။ ။ လြန္ခဲ့တဲ့ ဆယ္ႏွစ္ ကဆိုရင္ ကႊၽန္ေတာ္တို႔မွာ အားလုံးေပါင္းလို႔ ေသနတ္တစ္လက္ ပဲရွိတယ္။ေနာက္နည္းနည္းၾကာ လာေတာ့ ေသနတ္ဆယ္လက္ ေလာက္နဲ႔ ေသနတ္မွာ က်ည္ဆန္ ငါးဆယ္ေလာက္စီရွိတယ္၊ လူက လူေလးငါးဆယ္ေလာက္ပဲရွိတယ္၊ အဲေတာ့ ဘာမွ မရွိတဲ့ အဲ့ဒီအခ်ိန္ကေတာင္ တစ္စက္မွ မေၾကာက္ခဲ့ဘူး အခုလို အခ်ိန္မွာ ဆိုရင္ေတာ့ ပိုၿပီးေတာင္မွ မေၾကာက္ဘူးေပါ့၊ဒီလိုမ်ိဳးစိုးရီမ္စိတ္ေတြရွိရင္ ေတာ္လွန္ေရးဆိုတာ ရွိလာမွာ မဟုတ္ဘူး၊ ကမာၻမွာ အင္အားႀကီးတိုင္းအႏိုင္ရ တာ မဟုတ္ပါဘူး၊ဥပမာေျပာရမယ္ဆိုရင္ ဆိုဗီယက္ႏိုင္ငံ ဆိုတာ ကမာၻမွာ အင္အား အရ ထိပ္တန္း အႀကီးဆုံးႏိုင္ငံ ပဲ ၁၉၉၁ မွာ တရားမွ်တတဲ့ ျပည္ေထာင္စုကို မတည္ေဆာက္ထားေတာ့ သူဘာျဖစ္သြားသလဲ အဲဒါေတြက သင္ခန္းစာေတြ အမ်ားႀကီးရွိပါတယ္။ ကႊၽန္ေတာ္တို႔ ပတ္ဝန္းက်င္ကိုၾကည့္လိုက္မယ္ဆိုရင္ ကိုယ့္တိုင္းျပည္ကိုယ့္လူမ်ိဳးလြတ္ေျမာက္ဖို႔ အတြက္ ဘယ္ေလာက္ႀကီးတဲ့ႏိုင္ငံ ကိုမဆို အံတုၿပီးမွ လြတ္ေျမာက္သြားၾက တာခ်ည္းပါဘဲ ။ဒါေၾကာင့္ကြၽန္ေတာ္တို႔ ကေနာက္ကို မ်က္ႏွာမလွည့္ဘဲ ေရွ႕ကိုဆက္လက္ ခ်ီတက္သြားမယ္။

အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝဒေသမှာ တပ်မတော်နဲ့ အေအေ တပ်ဖွဲ့ တွေအကြား တိုက်ပွဲတွေအရှိန်မြင့်တက်လာတာနဲ့အမျှ တိုက်ပွဲအသွင်သဏ္ဍန်လည်း ပြောင်းလဲလာတယ်လို့ သိရပါတယ်။ တပ်မတော်က မြေပြင်တပ်တွေရှေ့တန်းမှာထိုးဖောက်ဝင် ရောက်တိုက်ခိုက်နိုင်ဖို့အတွက် လေယာဉ်နဲ့ပစ်ကူပေးတာ၊ အစားအသောက်တွေ ပစ်ချပေး နေရသလို အေအေတပ်ဖွဲ့ကလည်း မြေပြင်ကလာတဲ့ တပ်မတော်တပ်ဖွဲ့တွေကို အကြီးအကျယ် တိုက်ပွဲဆင်နွှဲနေတာ၊ ဖမ်းဆီးရမိတွေရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ တောင်ယာတွေလည်း မီးလောင်ပြီး ထိခိုက်ပျက်စီး နေတာရှိသလို တချို့ရွာတွေမှာလည်း သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးငယ် တွေပါမကျန် ရွာလုံးကျွှတ်ထွက်ပြေးနေကြရပါတယ်။ ပြင်းထန်လာတဲ့ တိုက်ပွဲအခြေ အနေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကို ဘီဘီစီအကြီးတန်းသတင်းထောက် စောရန်နိုင် က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဖြေ။ ။ လေတပ်ကို အရင်တိုက်ပွဲတွေထက် ပိုပြီးမှ အဓိကထားပြီးအလုပ်လုပ်တာတွေ့တယ် ၊ဒါပေမယ့် မြေပြင်မှာ လည်း သူတို့ တော်တော်လေး အကုန်လုံးအားစိုက်ပြီးမှ လုပ်ပါတယ်။ လေတပ် တခုတည်းရယ် မဟုတ်ပါဘူး ၊ အမြောက်ကြီးတွေ ရော အကုန်ပါပါ တယ် ။

မေး။ ။ ဘယ်လိုလေယာဉ်တွေသုံးလဲ ၊တစ်ရက် ဘယ်နှစ်စီးလောက် သုံးနေလဲ ။

ဖြေ။ ။ ကျွန်တော် တို့လေယာဉ်တွေကို အောက်ကနေ ကြည့်ပြီး အမျိုး အစားမခွဲတတ်ပါဘူး။ပုံစံကတော့ စုံနေတာပဲ ရဟတ်ယာဉ် လည်းစုံပါတယ်၊ ရိက္ခာ တွေလည်း အပေါ်ကနေ ပစ်ချတဲ့ ဟာတွေရော၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရော အစုံသုံးပါတယ်။ အခု ရက်ပိုင်းကတော့ နေ့ကော ညကော အမြဲတန်းဗုံးကြဲတယ်၊ ဗုံးလည်းအမျိုးစုံပါတယ်။မီးလောင်တဲ့ဗုံးတွေရော ၊ တချို့ ဗုံးကြီးတွေချထားတဲ့နေ ရာဆိုရင် ဆယ်ပေလောက်နက်ပြီးမှ တော်တော်ကျယ်တယ်၊ အဲဒါတွေလည်း တွေ့ပါတယ်။မီးခိုးဗုံးတွေလည်း သုံးပါတယ်။ အရင် ရဟတ်ယာဉ် တွေနဲ့ လူချတဲ့ အချိန်မှာ ဒီဖက် ကအတော် ပစ်လိုက်တယ်။ နောက်ပိုင်းရဟတ်ယာဉ်နဲ့ မချတော့ဘူး ၊ ပုံစံ တမျိုးပေါ့ ၊ဂျက်လေယာဉ်တွေနဲ့ ကားဝင်တဲ့ လမ်းကြောင်းတောက်လျှောက်ပစ်ပေးတယ် ၊မီးခိုးဗုံးတွေချလိုက်တဲ့ အဲ့ဒီ အချိန်မှာ သူတို့ ကားတွေဝင်လို့ရ သွားတယ်၊ ပို့လို့ရသွားတယ် ။ပုံစံတွေအမျိုးမျိုးပါပဲ၊ တိုက်ပုံ တိုက်နည်းတွေက။

မေး။ ။ ရခိုင်ပြည်နယ်မှာ အခုဖြစ်တဲ့ တိုက်ပွဲကမြေပြင်မှာ စစ်ရှိန်မြင့်ပြီး အဆင့်တက်သွားတဲ့ သဘောလား ၊ ဘယ်ပုံစံ အထိရောက်နေလဲ။

ဖြေ။ ။အဲဒီဂွင်မှာ တော့ မီးချောင်းဗျုဟာကုန်းလို့ ရိုးရိုးပြောကြပေမယ့် ၊ တကယ်က ကျောက်တော်မြို့နယ်ကနေ ပလက်ဝ မြို့နယ် အထိ ကီလိုမီ တာ ၃၀ လောက် တောင်မြောက် ပေါ့ ၊ ၁၅ မိုင် ပတ်လည်လောက်ပေါ့ အဲဒီဝန်းကျင်လောက်ပေါ့ ၊တိုက်ပွဲ ကတော့ အစုံပါ ပဲ ၊လက်နက်ကြီးလက်နက်ငယ် အစုံပဲ၊ ဒီတစ်ဂွင်လုံးတော့ လူထောင်ချီပြီးမှ ရန်သူအင်အားလည်းများတယ်၊ အတွဲလိုက်ပစ်တဲ့ဒုံးတွေလည်းပစ်ပပါတယ်။ ဆိုတော့တော်တော်လေးကိုပြင်းထန်တဲ့ တိုက်ပွဲလို့ပြောလို့ရတယ်။

မေး။ ။ သူတို့ ကဘယ်နေရာ ကိုအဓီကတိုက်တာလဲ၊ ဘာကြောင့်လဲ။

ဖြေ။ ။ ဗုံးကျဲတာ အမြောက်ပစ်ကူပေးတယ်ဆိုတာကတော့ သူ့ရဲ့ပိတ်မိနေတဲ့ တပ်တွေကို ကယ်တင်ဖို့အတွက်အသည်းအသန်ကြိုးစားနေတာပါပဲ ၊နံပတ်တစ်ကတော့ ပိတ်ဝိုင်းခံထားရတဲ့ ဗျုဟာကုန်းကို ကယ်တင်ရေးပေါ့ ။သူတို့ ရိက္ခာနဲ့ ရေကပြတ်နေတာ ကြာပြီ အဲတော့လေယာဉ်ပေါ်ကနေ ရေသန့်ဗူးတွေ ရေခဲတုံးတွေပေးတယ်၊ ဆန်ပြုတ်ထုပ် တွေ အဲဒါတွေကို ပစ်ချတယ်။ရောက်တဲ့ ဟာလည်း ရောက်၊ မရောက်တဲ့ ဟာလည်း မရောက်ပေါ့၊ လက်နက်ခဲယမ်းလည်းဒီအတိုင်းပါပဲ အဲဒါကို ကယ်တင်ဖို့ အသည်းအသန်ကြိုး စားနေကြတာပါ ။ပို့လိုက်တဲ့ စစ်ကူတွေလည်းချေမူန်းခံလိုက်ရတာရှိတယ်လေ ၊ ခမရ ၇ ဆိုရင် တစ်ရင်းလုံးချေမူန်းခံရတယ်၊ တပ်ရင်းမှူးကိုယ်တိုင်နဲ့ အရာရှိတွေ အမြောက်အများဖမ်းခံထိတယ်ပေါ့။

"ဘယ်လူမျိုးကိုမှ မုန်းပြီးမှ ကျွန်တော်တို့ရဲ့ လွတ်မြောက်မှုကို လိုချင်တာမဟုတ်ဘူး"

မေး။ ။ ဗုံးတွေက အရပ်ဘက်တွေထိခိုက်နေတယ် ၊စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေပါ အပါပေါ့ ပြည်သူတွေနစ်နာမူကိုကြည့်ပြီးတိုက်ပွဲ အရှိန်လျှော့ချဖို့ မရှိဘူးလား ။

ဖြေ။ ။ ဒီလောက်ကြီး ဗုံးမိုးရွာ နေတဲ့အချိန်မှာ တော့တိုက်ပွဲ လျှော့ချ ဖို့ဆိုတာ ဆန့်ကျင်ဘက် လိုဖြစ်နေပါတယ်။နိုင်ငံရေးအုပ်စုတွေလည်းစောစော ပိုင်းကတည်း က ပြည်သူတွေကို အကာကွယ်ပေးဖို့ လွှတ်တော်မှာရောအ ခြားနေရာအသီးသီးမှာ ပြောဆိုတာရှိပါတယ်။ဒါပေမဲ့ပြည်ထောင်စု အစိုးရသော်လည်းကောင်းလွှတ်တော် အနေ နဲ့လည်းကောင်း ဒါကိုအဖက်လုပ်ပြီးစဉ်းစားတာကိုတော့မတွေ့ရပါဘူး။ဒီထက်ပိုပြီးမှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပါဝင်ဖို့လိုတယ် ။ကျွန်တော်တို့မှာ မဟာမိတ် အဖွဲ့ရှိတယ် မြောက်ပိုင်း မဟာမိတ် အဖွဲ့ရှိတယ်။ ညီနောင်အဖွဲ့တွေရှိတယ် FPNCC ရှိတယ် ၊ကျွန်တော်တို့ချဉ်းကပ်နေတဲ့ မဟာဗျုဟာ တစ်ခုလုံးကိုကြည့်ပြီးမှပြောရမယ်။ရခိုင်ပြည်နယ်မှာ ဒီအပစ်အခတ်တွေကို ထိန်းသိမ်းဖို့ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုး သားသားတော့ပြောဖို့လိုတာပေါ့။ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောနေပြီးမှ တစ်ဘက် က အပြတ်ကြိတ်နေတဲ့ ခြေလှမ်းမျိုးတွေလှမ်းနေလို့တော့ မဖြစ်ဘူးပေါ့ ၊

မေး။ ။ အခုလို တပ်မတော်နဲ့ အေအေ တိုက်ပွဲ ပြင်းထန်နေချိန် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေကရော ကြားဝင်ဖြေရှင်းတာ ပဲဖြစ်ဖြစ် ၊ကမ်းလှမ်းတာ ပြောဆိုတာတွေ မရှိဘူးလား၊

ဖြေ။ ။ လောလော ဆယ်တော့ ကျွှန်တော်တို့ မကြားမိသေးပါဘူး။

မေး။ ။ အေအေ ကလက်နက်စက်ရုံဆောက်လုပ်ဖို့ အဆင့်အထိရည်မှန်းထားတော့ ဘယ်လို လက်နက်တွေ ထုတ်လုပ်ဖို့ အထိ ရည်မှန်းထား သလဲ ။

ဖြေ။ ။ ဘယ်စစ်တပ် မဆို သူရဲ့ အမှီအခို ကင်းမဲ့သော ရပ်တည်နိုင်ဖို့ ခွန်အားကြီးမားဖို့ အတွက် ကြိုးစားကြမှာပဲ ရက္ခိုင့် တပ်တော် အနေနဲ့ တော့အခုလို မျိုး သာလွန် အင်အား လက်နက်အင် အားနဲ့အနိုင်ကျင့်တာ မခံရဖို့ ကိုယ့်ပြည်သူ အိုးအိမ်တွေကို ကာကွယ်ဖို့ လုံခြုံရေးနဲ့ အချုပ် အခြာအာဏာကို ထိန်းဖို့ အတွက် ဒီထက်အင်အားကြီးအောင်ကြိုးစားရမှာပဲ၊အင်အားကြီးအောင်ကြိုးစားမယ်ဆိုရင် ဒါက မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းဖြစ်တယ်။

မေး။ ။ လက်နက် အင်အား လူအင် အားတောင့်တင်းမှ နိုင်ငံရေးမှာ ပြောအားရှိတယ် ပြောခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အခြေအနေ လား၊

ဖြေ။ ။စကားပြောရုံ သက်သက်ဆိုရင်တော့ လက်နက်စက်ရုံမလိုပါဘူး ၊ကျွှန်တော်တို့ မှာ ဒီထက်ကျယ်ပြန့်တဲ့ အတွေးရှိပါတယ်။ကျွှန်တော်တို့ ပြည်သူတွေ အသက် အိုးအိမ်စည်းစိမ် လုံခြုံဖို့ အချုပ် အခြာအာဏာ အကျိုးစီးပွားတွေအကုန်လုံးထိပါးမခံရဖို့ power balance လုပ်နိုင်တဲ့ အနေ အထားကို အခိုင် အမာ တည်ဆောက်ထားဖို့တော့ လိုအပ် ပါ တယ်။

မေး။ ။ ပလက်ဝ တိုက်ပွဲအခြေအနေ က ဘယ်လိုတွေ့ရလဲ။ အေအေတပ်ဖွဲ့တွေလှုပ်ရှားလို့မရအောင် တပ်မတော်က တိုက်ထုတ်နေတယ်လို့ တချို့က သုံးသပ်တယ်။ အဲဒီလိုတွေ့နေရလား။

ဖြေ။ ။ အစောပိုင်းမှာ က သူတို့ ရည်၇ွှယ်ချက်က ကျွှန်တော်တို့ ရပ်တည်လို့ မရအောင်ပေါ့ ၊ဒါပေမယ့် အခု လက်ရှိအခြေအနေမှာ ကတော့ သူတို့ သိက္ခာမကျအောင် အသည်းအသန်ကာကွယ်နေရတဲ့ သဘော၊ အပြင်ပန်း က ကြည့်ရင်တော့ သူကထိုးစစ်ဆင် နေတယ်လို့မြင်ရ မှာပေါ့ ။ကြည်းရေလေ အကုန်သုံးပြီးမှ ကျွှန်တော်တို့ကိုထိုး စစ်ဆင်နေတာလို့ မြင်ရမှာပဲ ၊ဒါပေမဲ့ မြင်အောင်ကြည့်မယ်ဆိုရင်တော့ သူ့ရဲ့ဂုဏ်သိက္ခာ ကိုမကျအောင် အကာအကွယ် အဖတ်ဆည်ဖို့ အသေအလဲ လုပ်နေရတဲ့ သဘောပဲ၊

မေး။ ။ လက်နက် နဲ့ လူအင်အား အရမ်းကွာတော့ အေအေ ကဘယ်အတိုင်းအတာထိတောင့် ခံနိုင်မလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ ဆယ်နှစ် ကဆိုရင် ကျွှန်တော်တို့မှာ အားလုံးပေါင်းလို့ သေနတ်တစ်လက် ပဲရှိတယ်။နောက်နည်းနည်းကြာ လာတော့ သေနတ်ဆယ်လက် လောက်နဲ့ သေနတ်မှာ ကျည်ဆန် ငါးဆယ်လောက်စီရှိတယ်၊ လူက လူလေးငါးဆယ်လောက်ပဲရှိတယ်၊ အဲတော့ ဘာမှ မရှိတဲ့ အဲ့ဒီအချိန်ကတောင် တစ်စက်မှ မကြောက်ခဲ့ဘူး အခုလို အချိန်မှာ ဆိုရင်တော့ ပိုပြီးတောင်မှ မကြောက်ဘူးပေါ့၊ဒီလိုမျိုးစိုးရီမ်စိတ်တွေရှိရင် တော်လှန်ရေးဆိုတာ ရှိလာမှာ မဟုတ်ဘူး၊ ကမ္ဘာမှာ အင်အားကြီးတိုင်းအနိုင်ရ တာ မဟုတ်ပါဘူး၊ဥပမာပြောရမယ်ဆိုရင် ဆိုဗီယက်နိုင်ငံ ဆိုတာ ကမ္ဘာမှာ အင်အား အရ ထိပ်တန်း အကြီးဆုံးနိုင်ငံ ပဲ ၁၉၉၁ မှာ တရားမျှတတဲ့ ပြည်ထောင်စုကို မတည်ဆောက်ထားတော့ သူဘာဖြစ်သွားသလဲ အဲဒါတွေက သင်ခန်းစာတွေ အများကြီးရှိပါတယ်။ ကျွှန်တော်တို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးလွတ်မြောက်ဖို့ အတွက် ဘယ်လောက်ကြီးတဲ့နိုင်ငံ ကိုမဆို အံတုပြီးမှ လွတ်မြောက်သွားကြ တာချည်းပါဘဲ ။ဒါကြောင့်ကျွန်တော်တို့ ကနောက်ကို မျက်နှာမလှည့်ဘဲ ရှေ့ကိုဆက်လက် ချီတက်သွားမယ်။

    2155
    144